by အလင်း ရှင် on Saturday, 27 October 2012 at 09:20 ·
ကမ္ဘာအတွက် ဘုရားအသစ်တစ်ဆူလောက်ပွင့်စေချင်ပါတယ်။
အီးဒ်ပွဲတော်မလုပ်ဖို့ရန် မွတ်ဆလင်အဖွဲ့မှ တားမြစ်ထားတဲ့ ကြော်ငြာချက်တွေကို
ကျွန်တော်တို့သိရလို့ ဘာသာရေးပွဲတော်အတွက်စိတ်မကောင်းဖြစ်မိပါတယ်။
အကယ်၍ မွတ်ဆလင်ဘာသာရေးပွဲတော်မှာ နွားတွေကျွဲတွေသိုးဆိတ်တွေမသတ်ဘဲအလွန်ကြီးမားတဲ့
ပွဲတော်ကြီးတစ်ခုဖြစ်မယ်ဆိုရင် ဒီအစိုးရကို ကျွန်တော်ကိုယ်တိုင်တောင်းဆိုချင်ပါတယ်။
လူ့အခွင့်အရေးဖြစ်တဲ့ လွပ်လပ်မှုကိုပေးပါလို့ပေါ့။ ဘာသာရေးလွပ်လပ်မှုတွေပေးပါဆိုပြီး၊
ကျွန်တော်ကိုယ်တိုင် အစိုးရကို ဆန္ဒပြတောင်းဆိုချင်ပါတယ်။
အခုတော့ မွတ်ဆလင်ဘာသာရေးပွဲတော်ဟာတိရိစ္ဆာန်တွေသွေးချောင်းစီးတဲ့ ပွဲတော်ဖြစ်တဲ့အတွက်
ကျွန်တော်မထောက်ခံရဲ့ပါဘူး/မထောက်ခံချင်ပါဘူး။ ကျွဲနွားသိုးဆိတ်တို့ရဲ့သေဘေးကိုကျွန်တော့် အသက်ချင်းကိုယ်ချင်းစာပါတယ်။
တကယ်တော့ ဘာသာရေးဆိုတာဘောင်တစ်ခုပါပဲ။ ကိုယ်ကမွတ်ဆလင်ဘာသာကိုယုံကြည်သက် ၀င်လိုက်မယ်ဆိုရင် မိမိသက်ဝင်ယုံကြည်လိုက်တဲ့ ဘာသာရဲ့အဆုံးအမတွေကိုလိုက်နာရတော့ တာပါပဲ။
အကယ်၍ မိတ်ဆွေဟာသခင်ရေရှု့ ကိုသက်ဝင်ယုံကြည်မိတာနဲ့ သူ့ရဲ့အဆုံးအမတွေကိုလိုက်နာရတော့တာပါပဲ။
အဲဒီတော့ ဘာသာရေးဆိုတာ ̏လူသားကျုံး˝တစ်မျိုးပါပဲ။
̏ဒီဟာလေးဟာ ဘုရားဝါဒနဲ့ကိုက်ပါ့မလား˝ ̏ ဟိုဟာလေးဟာ ဘုရားဝါဒနဲ့ညီပါ့မလား˝ စသည်ဖြင့် တိုင်းထွာဝေဖန်ပြီးလုပ်ရပါတယ်။
ကျွန်တော်ကတော့ဒီလိုပဲတွေးတယ်။ ̏ ဒီဟာလေးဟာအများအတွက်ဒုက္ခရောက်သွားမလား˝ ̏ဟိုဟာလေးဟာသူအတွက်ဆင်းရဲဒုက္ခဖြစ်စေလား˝ စသည် ဖြင့် ဒီလိုပဲ တိုင်းထွာဝေဖေန်ပြီးလုပ်တယ်။
ကြာလာတော့ ̏ကျွန်တော့ရင်ဘတ်ထဲမှာဘုရားပျောက်ပြီးတရားတွေရောက်လာတယ်˝ ဒါ့ကြောင့် ကျွန်တော်ဟာကမ္ဘာဘာသာကြီးလေးခုနဲ့အစဉ်ပြေနေတယ်။ အဲဒီဘာသာတရားအဆုံးအမတွေထဲ က အများသုခဖြစ်စေတဲ့ အချက်အလက်တွေဟာ ကျွန်တော့အတွက် နှလုံးသားလှလှနဲ့ လိုက်ဖက် စေပါတယ်။
ဒါ့ကြောင့် ကျွန်တော်နဲ့စကားပြောဖြစ်တိုင်း ̏ဘုရားဆိုတဲ့ ခေါင်းစဉ်ထက် လူသားပဓာနဆိုတဲ့ စကားလုံးတွေကရေပန်းစားနေပါတယ်˝။ဘယ်နေရာမှာဘယ်သူတွေဒုက္ခရောက်နေလဲအဲလူတွေကို ကျွန်တော်ကူညီဖို့ လုံ့လပြုခဲ့ပါတယ်။
ဒါ့ကြောင့် လူသားဟာ ဘာသာကိုသက်ဝင်ယုံကြည်မှုထက် ထိုဘာသာရဲ့အဆုံးအမတွေကိုလေ့လာဆည်းပူးဖို့အရေးပါပါတယ်။
̏အမေမှာတဲ့ဆန်တစ်ပြည်၊တစ်တင်းနဲ့မလဲ˝ဆိုတဲ့ မျက်ကန်းဆန်ဆန် တွေကိုရှောင်ရှားတက်ဖို့လိုပါတယ်။ ဒါမှ ̏လည်းလူသားဖြစ်တည်မှုရသကိုခံစားခွင့်ရမှာပေါ့။˝ ကျွန်တော်တို့ဟာကိုယ်မမြင်တွေ့ခဲ့ရတဲ့ဘုရားဆိုသူတွေကိုဇွတ်အတင်းမယုံကြည်သင့်ပါဘူး။ ̏စကော့ဈေးခေါ်ဗိုလ်ချုပ် ဈေးထဲမှာ၁၅ပဲရွှေအစစ်တစ်ကျပ်သားကို တစ်ဆယ်˝ဆိုတဲ့စကားနဲ့ သိန်းတစ်ရာဆိုတဲ့ စကားရပ်နှစ်ခုစလုံးကိုဇွတ်အတင်းမယုံကြည်သင့်ပါဘူး။
ဘယ်ဘာသာရေးပွဲတော်မဆို နွားသတ်ကျွဲသတ်ဆိတ်သတ်ကြက်ဘဲသတ်စတဲ့ သတ္တ၀ါတွေကို ကိုယ်ချင်းစာနာစိတ်မထားဘဲသတ်ဖြတ်နေတဲ့ဘာသာမှန်သမျှ ကျွန်တော်ရှုတ်ချပါတယ်။ ဗုဒ္ဓဘာသာတွေ မှာလည်းအလှူတွေမှာ ၀တ်သတ်ကျွေးတာတွေကို မြင်တွေ့ဖူးပါတယ်။ သူတို့ကိုလည်း ကျွန်တော် ရှုတ်ချပါတယ်။ ဗုဒ္ဓက (သံ၊၁၊၇၆) မှာ ̏အဇေဋ္ဌကစ ဂါဝေါစ ၊ ၀ိဝိဒါ ယတ္ထ ဟညရေ . . . .။ဆိုပြီးဟောကြားထားပါတယ်။ ဒါကိုဗုဒ္ဓဘာသာဝင်ဘုန်းကြီးအချို့က မသိကြလေတော့ ဒယကာဒါယိကမတွေသတ်ဖြတ်လှူဒါန်းတာတွေကို မြိန်ရည်ရှက်ရည်ဘုန်းပေးနေကြတာပါ။ ဒီအကြောင်းတွေ ကိုသုတ္တနိပါတ်ပါဠိတော်-၃၂၃/၃၂၄ တို့မှာ ̏ယထာမာတာပိတာဘာတာ . . . . ဆိုပြီးဟောထားတာရှိပါတယ်။
ဒါတွေကိုအချို့သောဘာသာရေးခေါင်းဆောင်တွေကလစ်လျူရှု့ပြီးအရသာခံစားနေကြတာပါ။
ဒီလိုဘာသာတွေ ရဲ့စကားလုံးတွေကိုအတွင်းကျကျလေ့လာထားမိတဲ့ ကျွန်တော့်မှာ
ကြီးမားတဲ့ ပြဿနာတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။ အဲဒါကဘာလဲဆိုရင်
(ဘုရားပြောအများပြောတိုင်းကိုခေါင်းညိတ် ခေါင်းခါမလုပ်တက်တော့တာပါပဲ)
ဒါ့ကြောင့် ကမ္ဘာမှာနောက်ထပ်ဘုရားတစ်ဆူလောက်ပွင့်စေချင်ပါတယ်။ သတ္တ၀ါတွေကို သတ်ဖြတ် ညှင်းဆဲတာတွေကိုထားမြစ်တဲ့ဘုရားတစ်ဆူပေါ့။ ဂေါတမကတော့ထားမြစ်ထားပါတယ်။ ဒါပေမယ့် သူကအရမ်းကြာခဲ့ပြီမို့ အဟောင်းကြိုက်တွေမဟုတ်ကြတဲ့ ကမ္ဘာမှာလူဦးရေကအရမ်းများနေတဲ့အပြင် ကမ္ဘာကလည်းအရမ်းကို (IT) ကျနဲ့ လှချင်တိုင်းလှနေတော့ ဘုရားသစ်လေးတစ်ဆူလောက်လိုချင်ပါ တယ်။
အဲဒီဘုရားကလူသားတွေကိုဘာမှအထူးမဟောာကြားဖို့မလိုပါဘူး။
မင်းအမေကိုချစ်ပါ။ အဲလိုပဲ သတ္တ၀ါတိုင်းကိုအမေလိုချစ်ပါ။
မင်းအဖေကိုချစ်ပါ။ အဲလိုပဲ သတ္တ၀ါတိုင်းကိုအမေလိုချစ်ပါ။
မင်းချစ်သူကိုချစ်ပါ။ အဲလိုပဲ သတ္တ၀ါတိုင်းကိုအမေလိုချစ်ပါ။
မင်းမှာသေနပ်တစ်လက်ရှိရင် သူများလက်သီးတစ်ချက်ထိုးတာကိုခံလိုက်ပါ စိတ်မဆိုးပါနဲ့။
မင်းမှာအာဏာတစ်ဆုတ်ချုပ်ကိုင်လို့ရရင် သူများတွေရဲ့လွတ်လပ်မှုအတွက် စတေးပစ်ပါ။
ပြည်သူပိုင်ပစ္စည်းတွေကိုမတရားမယူပါနဲ့။ (ခရိုနီမလုပ်ပါနဲ့)
နျူကလီးယားဆယ်တောင့်ရှိရင် အတောင့်နှစ်ဆယ်လောက်လွှတ်ပစ်ဖို့စိတ်ကူးပါ။
နိုင်ငံတွေကိုကျူးကျော်ဖို့နေနေသာသာကိုယ့်နိုင်ငံကပြည်သူတွေကိုတောင်
ကျူးကျော်စော်ကားဖို့ မစဉ်းစားပါနဲ့။ . . . .. . . . . . . . . . စတဲ့တရားကိုပဲဟောခိုင်းမှာပါ။
ဒါ့ကြောင့် ဘယ်ဘုရားပဲပွင့်ပွင့်၊ ဘုရားပွဲတွေပဲလုပ်လုပ် ဘယ်သတ္တ၀ါတစ်ကောင်တစ်လေမှ မသတ်တဲ့ မသေတဲ့ ဘုရားပွဲများကို ကျွန်တော်တစ်ယောက်ထဲတင်မကကမ္ဘာအယဉ်ကျေးဆုံးလူသားများကလည်း ကျွန်တော်နဲ့ထပ်တူထောက်ခံအားပေးနေမှာပါ။
ဘာဖြစ်လို့လည်းဆိုတော့ ဒီကနေ့ကမ္ဘာ့ရာသီဥတုတွေဟာ တစ်ဖြေးဖြေးဆိုးဝါးလာတာကိုတွေ့ မြင်ခံစာနေရပါပြီ။
အင်္ဂလန်နိုင်ငံမှာဖွံ့ဖြိုးဆဲနိုင်ငံပေါင်း(၂၀)ကျော်နဲ့ ပြုလုပ်ခဲ့တဲ့ ညီလာခံမှာကမ္ဘာ့ရာသီဥတုလျော့လာတာကိုတွေ့ရကြောင်း . . . (၂၀၃၀)ခုနှစ်တွင် ရာသီဥတုအခြေအနေဟာ အထူးဆိုးဝါးသက်ရောက်လာမှုကြောင့် လူပေါင်းသန်းတစ်ရာကျော်ခန့်သေဆုံးနိုင်ဖွယ်ရာရှိပြီးကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်း(GDP)မှာလည်း၃ဒဿမ၂ရာခိုင်နှုန်းလျော့ကျသွားဖွယ်ရာရှိပါတယ်။ နောက် ပြီး ကမ္ဘာနဲ့အ၀ှမ်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမြင့်တက်လာတဲ့အတွက် ရေခဲတောင် တွေအရေပျော်ကျမှု နှစ်စဉ်လေထုညစ်ညမ်းမှု၊အစာရေစာပြတ်လပ်မှုတွေကြောင့် ရောဂါဘယတွေ တိုးပွားလာပြီးသေဆုံးမှုလူဦးရေငါးသန်းခန့်ရှိနိုင်တယ်လို့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ အဲဒီလိုဖြစ်ပျက်မှုတွေဟာဖွံ့ဖြိုးဆဲနိုင်ငံများမှာ (၉၀%)မို့ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် စိုးရိမ် ရပါလိမ့် မယ်။
ဖေါ်ပြပါအစီရင်ခံစာကိုကြည့်ရင် ကျွန်တော်တို့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူသားအပါအ၀င် တိရိစ္ဆာန်ပေါင်းများစွာတို့ဟာဘေးဒုက္ခအမျိုးမျိုးကြောင့် သေဆုံးရမယ့်အရေးမှာဘာသာရေးပွဲတော်များမှာ ကျွဲနွား ၀က်သိုးဆိတ်ကြက်စတဲ့ တိရိစ္ဆာန်တွေကိုသတ်ဖြတ်စားသောက်တဲ့အမူအကျင့်တွေကိုအခုကတည်း က ဖြတ်ဆီးသင့်နေပါပြီ။ ကျွန်တော်တို့တစ်တွေဟာကျွဲနွားဝက်သိုးဆိတ်ကြက်တွေနဲ့အတူရင်ဘောင် တန်းပြီးကမ္ဘာ့ရာသီဥတုကိုဆိုးတူကောင်းဖက် ရင်ဆိုင်ကြရမှာမို့ လူသားချင်းစာနာသင့်တဲ့ အချိန်အခါကိုရောက်နေပါပြီ. . . ဘုရားပြောတဲ့စကားဟာ သတ္တ၀ါတွေသနားဖို့မဟုတ်ရင် အဲဒီဘုရားကိုအာဏာရှင်ဒုစရိုက်သမားအဖြစ်သတ်မှတ်ပြီး သူ့ဝါဒကို အပြီးတိုင်ချေမှုန်းသင့်နေပါပြီ။ ဒီကနေ့မျက် မှောက်ကာလဟာအလင်းနဲ့တစ်ပြေးညီဆိုသလိုကမ္ဘာပေါ်ရှိနိုင်ငံအသီးအသီးရဲ့ဖြစ်မှုပျက်မှုတွေကိုသိ နေရတာမို့ ဘုရားဝါဒတွေကို သေချာလေ့လာဆန်းစစ်ဖို့လိုအပ်လာပါပြီ။ ဘုရားပြောမှန်းမသိသူတစ်ပါးပြောမှန်းမသိဆိုတဲ့စကားတွေကိုစာရွက်ပေါ်ချတေးအမှားအမှန်ရွေးတက်ဖို့လိုအပ်လာပါပြီ။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့ သက်မဲ့ဖြစ်တဲ့ မြန်မာနိုင်ငံလေးဟာနှစ်ထမ်းအတော်ကြာအောင်ကိုအာဏာရှင်စနစ်ဆိုးဒါဏ်ကိုခံနေရာတာအခုအချိန်အထိဆိုတာကိုဘယ်သူမှ မငြင်းဆန်ရဲကြပါဘူး။ ဒီလိုစစ်အာဏာရူးများရဲ့ လူမဆန်လုပ်ရပ်တွေကြောင့် ဒီကနေ့အထိ မြန်မာနိုင်ငံမှာအစာရေစာပြတ်လပ်မှုတွေကြောင့် အဟာရချို့တဲ့ပြီးလူတွေဟာအမျိုးအမည်မဖေါ်ပြ နိုင်သောရောဂါဘယများနဲ့သေနေကြရပါပြီ။ ဒါကိုဘယ်သူငြင်းရဲသလဲ။
သန်းချီသေဆုံးနေကြတဲ့ ကျွန်တော်တို့လူသားတွင်မကတိရိစ္ဆာန်လေးတွေပါ ဒီအဖြစ်ဆိုးကြီးနဲ့ကြုံ တွေ့နေရပါတယ်။ ဒါ့အပြင် တစ်နိုင်ငံနဲ့တစ်နိုင်ငံစစ်မက်ဖြစ်ပွားနေမှုတွေကြောင့် အပြစ်မဲ့ပြည် သူလူထုနဲ့တကွတိရိစ္ဆာန်တွေရဲ့ အသက်အိုးအိမ်တွေဆုံးပါးနေမှုကိုလည်းလစ်လျူမရူ့သင့်တော့ပါ ဘူး။ နွားသတ်ဖို့ဓားသွေးနေမယ့်အစားမေတ္တာပွားတဲ့ ပွဲတော်ကြီးတစ်ရပ်ဖြစ်လာရင် မကောင်းဘူးလားခင်ဗျာ။
ဆိတ်နွားကျက်ဝက်အစရှိတဲ့တိရိစ္ဆာန်လေးတွေသတ်မှ ဘာသာရေးပွဲတော်တစ်ခုဖြစ်တယ်ဆိုရင် အဲဒီဘာသာဟာကမ္ဘာမှာ ကြာကြာအဓွန့်ရှည်မှာမဟုတ်ပါဘူး။ လူသားဟာတစ်စနဲ့တစ်စအသိဉာဏ် တွေရင့်သန်လာတာမို့ အသားသတ်ဝါဒဟာ ပျက်သုံန်းသွားစေမှာပါ။ ဒါ့ကြောင့်ပဲဒီကနေ့ကမ္ဘာ့စစ် တွေကိုကြည့်လိုက်ရင် ခရစ်ယာန်စစ်သားတွေကကုလားစစ်သားတွေကို ၀ိုင်းသတ်နေတာ ပဲမဟုတ် လား။ မိမိဘာသာထူထောင်ဖို့အတွက် တစ်ခြားဘာသာကိုဖျက်ဆီးလိုစိတ်ထားတဲ့ ဘာသာဟာအဲဒီစိတ်ဓာတ်ဆိုးညဉ်ဆိုးကြောင့်ပဲပျက်ဆီးစေပါတယ်။ သံကိုဖျက်တာဘယ်သူမှမဟုတ်ပါဘူးသံချေးပါ။
အိုစမာဘင်လာဒင်ဟာအမေရိကန်ပျက်ဆီးဖို့ကိုလုံ့လပြုကြိုးစားခဲ့တယ်။ နောက်ဆုံးသူ့ဘ၀ခွေးသေ ၀က်သေသေရတယ်။ ဒါကိုဘာသာရေးအစွန်းထွက်သူတွေကဂုဏ်ပြုချီးကျူးထောမနာပြုကြတယ်။ ဘာပဲဖြစ်ဖြစ် ဘင်လာဒင်အတွက်တော့ ရင်ထဲမှာ . . . . . ။
ခရစ်ယာန်ပဲသေသေဗမာပဲသေသေကုလားပဲသေသေတရုပ်ပဲသေသေအားလုံးဟာချစ်ခြင်းမေတ္တာတရားတွေနဲ့နှောင်ဖွဲ့ထားမိကြတဲ့သူတွေမို့ ဘယ်သူ့ကိုမှ ကျွန်တော်မသေစေလိုပါဘူး။ ရခိုင်ပြည်မှာသေကျေနေတဲ့အဖြစ်မျိုးတွေမှာဘယ်သူ့ကိုမှမသေစေချင်ပါဘူး။ ကျွန်တော်ကဗမာဖြစ်လို့ ကုလားကိုသေစေချင်တဲ့စိတ်ထားရှိနေရင် ဘယ်ကောင်းပါ့မလဲ။ ကျွန်တော်ကဗမာဖြစ်လို့ ကုလားကိုလည်းမသေစေချင်မှသာလျှင် ကမ္ဘာမှာငြိမ်းချမ်းရေးကိုလိုလားတောင်းဆိုလို့ရမှာပေါ။့ ကျွန်တော်ဟာဘာသာရေးကိုအကြောင်း ပြုပြီးအသက်စွန့်တာထက် နိုင်ငံရေးကိုအကြောင်းပြုပြီးအသက်စွန့်စေချင်ပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့တစ်တွေ သတ္တ၀ါတွေကိုအသတ်ဖြတ်တဲ့ဘာသာကိုအားပေးကြမလား . . . . နောက်ဘုရားတစ်ဆူကိုပွင့်ဖို့အားပေးကြမလား . . . ဆိုတာကို နှဖူးပေါ်လက်တင်စဉ်းစားရင်း . . . .။

By:အလင်းရှင် http://aungminkhoung.blogspot.com
No comments :
Post a Comment