.

AlinShin

Monday, February 4, 2013

မြန်မာပြည်မှာမြေကိုင်တက်တယ်


by အလင်း ရှင် on Tuesday, 28 February 2012 at 23:19 ·

(၂)          































 အဲဒီနေ့ နံက်စာကောက်ညှင်းစားကော်ဖီသောက်အပြီးကျွန်တော့ဇနီးချော ရဲ့အမေ့ဘက်က ဘကြီးတော်သူ  ဘုန်းကြီးကို ရန်ကုန်ကပါလာတဲ့ အားဆေး၊ မိုင်လို စတဲ့ သက်ကြီးများနဲ့ သင့်တော်တဲ့ ပစ္စည်းလေးတွေနဲ့လှူဒါန်းဖို့ အိမ်ကထွက်ခဲ့ရပါတယ်။ မိုး အကုန်ဆေင်းအကူးမို့ ကျွန်တော့ပြတင်းနားတံခါးကို ဖွင့်ဝင်လိုက်တာက နွေတေးရှင် ကိုဥသြပါပဲ။ဘာ့ကြောင့်မှန်းမသိကျွန်တော်တို့မြန်မာတွေဟာ ဥသြငှက်တို့တေးဆိုသံကြား ပြီဆို လွမ်းစရာတွေရောက်ရောက်လာတယ်။ ကိုယ့်မျက်စေ့ရှေ့မှာ သံပုရာသီးတို့ ရှောက် သီးတို့စားကြည့် မြင်လိုက်တာနဲ့ ဝေးဝေးနီးနီး သွားရည်ယိုတော့တာပါပဲ။ အဲဒီခံစားမှု တွေဟာ နေရာဒေသနိုင်ငံလူမျိုးနဲ့သာသက်ဆိုင်တဲ့သဘောရှိတယ်နော်။ မြန်မာ့ဓလေ့ မြန်မာ့အထာကို မသိတဲ့ နိုင်ငံခြားသားတစ်ယောက်က ဥသြငှက်သံကိုကြားလို့ ဘယ်လွမ်း တက်ပါ့မလဲ။ အခုတော့ မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ ကျွန်တော်ဟာ ဥသြတို့ သီချင်းဆိုတိုင်း အလွမ်းသမိုင်းတွေပဲ ရေးနေခဲ့ရပါတယ်။
                   အခုလဲ ဘုန်းတော်ကြီးကျောင်းရှိရာ တောစပ်ကွင်းကို ဖြတ်လျှောက်မယ် ဆိုတာနဲ့ထန်းပင်မြင့်မြင့်ကြီးပေါ်ကနေနွေတေးရှင်ကလွမ်းပြနေပါပြီ။ကျွန်တော့လက် ထဲက ဆွဲခြင်းထဲမှာ ဆရာတော်ဘုရားကို လှူဒါန်းဖွယ်ရာတွေကို ကြည့်ပြီး ကျွန်တော့အလွမ်းက အကုသိုလ်ရဲ့တစ်ဘက်တစ်ချက်ဆီက ကုသိုလ်အလွမ်းရယ်ပါ။ ဒါနဲ့ပဲ ကုသိုလ်အလွမ်း ဆိုပြီးဆောင်းပါး တစ်ပုဒ်ရေးဖို့စိတ်ကူးမိပြန်ပါတယ်။ ဘုန်းကြီးကျောင်း ဟာရွာနဲ့ မိုင်ဝက် လောက် ဝေးတဲ့တဲ့ ခေါင်တောစပ်မှာပါ။လယ်ကန်သင်းရိုးဘောင်အတိုင်း လမ်းလျှောက် ရင်း ရည်းစားဦးဘ၀တုန်းက ကျွန်တော့ဇနီးနဲ့ အင်းယားကန်အင်းယားရေပြင်ကြီးကို သတိရမိပြီး သြော်. . . .  ဟိုအချိန်တုန်းက ကျောင်းတစ်ဘက်နဲ့ အခြေအနေပုံ မပေါ် သေးမီ ဒီလိုနှစ်ယောက်ထဲရှိ၊ နှစ်ယောက်ထဲအတူသွားခွင့်သွင့်တွေဟာ ကုသိုလ်ကံတို့ မြူးရွှင်သောနေ့ပေါ့ နောက်၊ “ကမ္ဘာသည် ကျယ်သော်လည်း ကျွန်တော့အတွက်တော့ ချစ်သူရင်ခွင်နဲ့ ချစ်သူနှုတ်ခမ်းတွေလောက်မကျယ်”။ လို့အတွေးတွေ သီချင်းဆိုလိုက် ချိန်မယ် ငိုက်ခနဲဆို နွားခြေရာခွက်ထဲ့ ခြေတစ်ဘက် ကျသွားပါတယ်။ ကျွန်တော့ဇနီးဟာ တောသူပီပီ လယ်ကန်သင်းရဲ့ မာယာ၊ နွားခြေရာခွက်ရဲ့ အထာ ကိုသိနေတာမို့ ဟန်ချက် ပျက်သွားတဲ့ ကျွန်တော့ခန္ဓာကိုယ်ကို ထိန်းနိုင်ဖို့ တရုပ်ရုပ်ရှင်ဇာတ်လမ်းထဲကလို ဟန် မပျက်လှမ်းဆွဲလိုက်ပေမယ့် ၊ ပါးစပ်ကနေ …
“အောက်မလေး” “လန့်လိုက်တာမောင်ရယ်” . . . . .
“အခုလိုတောစပ်တောင်စပ်တွေမှာ ချော်လဲရင်း မြေကိုင် တက်တယ်” “သတိထားပြီး လျှောက်နော်”
ကျွန်တော်ဟာ ချော်လဲလုကိုယ်ကိုယ်ပြန်ထိန်းမတ်ရင်းက ကျွန်တော့ဇနီးပြော လိုက်တဲ့  စကားလုံး အသစ်ကိုစိတ်ဝင်စားရပြန်ပါတယ်။ ရွာရောက်တဲ့ နေ့ စရောက် ရောက်ခြင်း ညနေပိုင်းလောက် ဇနီးရဲ့အမျိုး တွေက ငါတို့အမျိုးတွေက သရဲအခြောက် မခံရဘူးတဲ့ ။ အခုလဲ မြေကိုင်တက်တယ်တဲ့။ စကားလုံးတွေဟာ  Google ရဲ့ dictionary  မှာ Downloads လုပ်လို့တောင်ရနိုင်ပါ့မလား။ ဒါဆို ကျွန်တော့ မိန်းမရွာလေးဟာ Google ထက် မြင့်တဲ့ program ရှိနေတဲ့သဘောပဲ။
“မြေကိုင်တက်တယ်”
“မြေကိုင်တက်တယ်”    တဲ့။
အေးလေ . . . . . .  “မြေကိုင်တယ်ဆိုတာဘာကိုပြောတာလဲ”
ကျွန်တော်နားမလည်တဲ့ မြန်မာစကားတွေဟာ ဒီရွာမှာရောက်နေပါရော့လားဗျာ။ ကျွန်တော့အလုပ်ဟာပြည်ပမှာမို့ အင်္ဂလိပ်စာမတက်လို့မဖြစ်တာမို့ ကိုယ့်ဝမ်းစာရေး အ- တွက် meaning ကျက်ရတာအရမ်းပျင်းတယ် အခုလဲ ကျွန်တော့ ဇနီးသည်တို့ရွာက ဓလေ့စကားလုံးmeaning တွေကို ကျက်ရမယ်သဘောဖြစ်နေတယ်။ သိချင်လွန်းတာမို့ ကျွန်တော့ဇနီးရဲ့ မျက်နှာနဲ့အသံအနေအထားဟာ ထိန့်လှန့်မှုကို ပြဆိုနေပေမယ့် မြေကိုင် တယ်ဆိုတဲ့စကားကတော့ ကျွန်တော့အတွက် ကလေးတစ်ယောက်ရဲ့ မုန့်လိုဖြစ်နေတယ်။ ဒါ့ကြောင့် နွားခြေရာခွက်ထဲ ကျသွားလို့ နဲနဲနာသွားတဲ့ခြေထောက်ကိုတောင် ဂရုမစိုက် တော့ဘဲ ဇနီးကိုအခုလိုမေးလိုက်ပါတယ်။
“သဲ . . .  မြေကိုင်တယ်ဆိုတာ ဘာလဲ”
“မောင်ရယ် . . .  မောင်ကရန်ကုန်သားဆိုတော့ ဘယ်သမှာလဲ”
“အခုလို လယ်ကွင်းတောထဲရောက်မှ ဒီစကားကို ရှင်းပြရင် ပိုအန္တရာယ်ရှိတယ် ရွာပြန် ရောက်မှ ရှင်းပြမယ်နော်”
           ဇနီးသည် ဖြူဖြူက . . .
                               “မမေးကောင်းဘူး၊”
“လယ်တောယာတောထဲမှာ မပြောကောင်းဘူး”
တဲ့ခင်ဗျာ။ အင်း ကျွန်တော့်အဖြစ်ကလဲ ဆိုးလှပါကလား။ မြန်မာပြည်ဟာ အဲလို မသိဒုက္ခ မရှိဒုက္ခတွေ အလွန်ပေါတယ်ဗျာ။ မြန်ပြည်သူတွေခမျာ စားသောက်ဖွယ်ရာကုန်ပစ္စည်းတွေ ရှားတယ် . . . . ရှားတယ်နဲ့ . . . . တကယ်တမ်းကြတော့ မရှားပါဘူး။
ဘာဆိုဘာမှ မသိဘူးတွေ. . . . . မရှိဘူးတွေ . . . . .
အလွန်ပေါတဲ့နိုင်ငံပါ လူသားဖြစ်တည်မှုဘ၀မှာ ပြည်ပနိုင်ငံကလူတွေ မြန်မာပြည်မှာ လူဝင်စား မဖြစ်မိဖို့လိုမယ်။ မရှိမသိဆိုတဲ့ ဦးနှောက်ကင်းမဲ့ကာ လူ့အခွင့်အရေးမှန်သမျှ ဆုံးရှုံးနေတဲ့ နိုင်ငံမို့ပါ။ ချမ်းသာကြွယ်ဝသူ တွေမှသာ လူ့အခွင့်အရေးကို ရရှာကြတာ။  ချမ်းသာကြွယ်ဝသူ ဆိုသူတွေကလဲ တေဇတို့ ခင်ရွှေတို့ ဆိုတဲ့ အကောင်တွေကို ကြောက်ရသေး တယ် မြန်မာနိုင်ငံမှာ ဆိုက္ကားနင်းတဲ့အလုပ်ကလွဲလို့ ကျန်တာတွေအားလုံး အဲဒီအကောင်တွေကပဲ အုပ်စုဖွဲ့ပြီးလုပ်စား နေကြတာလေ။ အခုလဲမြန်မာပြည်အခြေအနေကို လှမ်းကြည့်ကြပါဦး လက်ကိုင်ဖုန်းတစ်လုံးကို ပြည်ပတွေမှာ ထောင်ဂဃန်းပဲရှိတယ်။ ဒီမှာက သိန်းဂဃန်းနဲ့ ဂျာနယ်ထဲမှာ ပြဿနာတွေဖြစ် နေကြတယ်။ ပြည်သူတွေခမျာ ကြာနီကန်ဆရာတော်တရားထဲကလို ၀မ်းနည်းရမှာ လားဝမ်း သာရမှာလား မိသိန်းကြည် လိုဖြစ်နေပြီ။ အဲတစ်ခုတော့ရှိမယ်အခုတော့ အာဏာရူးရူးတဲ့ အကောင်တွေ စစ်ဘောင်းဘီတွေမ၀တ်ကြတော့ဘူးခင်ဗျာ။ စပြီးဘောင်းဘီချွတ်ကုန်ကြပြီဆိုတော့ အခြေအနေတွေပြောင်းနိုင်ကောင်းပါရဲ့။
ကဲ . . . . .ကျွန်တော့စကားတွေ ဂီယာပြောင်းကိုပြီ၊ အခုလက်ရှိမှာ ကျွန်တော်ဖြစ်နေတာက  လယ်ကန်ရိုးပေါ်မှာ မြန်မာစကားပြန်သင်ရသလိုအူလည်လည်ဖြစနေပြီ။ အခု အူလည်လည်ဖြစ် နေပုံဟာ ဟိုး .. လွန်ခဲ့တဲ့ ခြောက်နှစ် လောက်ဆီက မြေမကိုင်တက်တဲ့ သြစတေလျှမှာ အူကြောင်ကြောင်နဲ့ သွားခဲ့ရသလို မြေကိုင်တက်တဲ့မြန်မာပြည်လဲပြန်ရောက်ရော မြေကိုင်တက် တယ်ဆိုတဲ့စကားက ကျွန်တော့အတွက်တော့ အူကြောင်ကြောင်ပါပဲခင်ဗျာ”။


က်ာဖီသောက်အပြီးကျွန်တော့ဇနီးချော ရဲ့အမေ့ဘက်က ဘကြီးတော်သူ  ဘုန်းကြီးကို ရန်ကုန်ကပါလာတဲ့ အားဆေး၊ မိုင်လို စတဲ့ သက်ကြီးများနဲ့ သင့်တော်တဲ့ ပစ္စည်းလေးတွေနဲ့လှူဒါန်းဖို့ အိမ်ကထွက်ခဲ့ရပါတယ်။ မိုး အကုန်ဆေင်းအကူးမို့ ကျွန်တော့ပြတင်းနားတံခါးကို ဖွင့်ဝင်လိုက်တာက နွေတေးရှင် ကိုဥသြပါပဲ။ဘာ့ကြောင့်မှန်းမသိကျွန်တော်တို့မြန်မာတွေဟာ ဥသြငှက်တို့တေးဆိုသံကြား ပြီဆို လွမ်းစရာတွေရောက်ရောက်လာတယ်။ ကိုယ့်မျက်စေ့ရှေ့မှာ သံပုရာသီးတို့ ရှောက် သီးတို့စားကြည့် မြင်လိုက်တာနဲ့ ဝေးဝေးနီးနီး သွားရည်ယိုတော့တာပါပဲ။ အဲဒီခံစားမှု တွေဟာ နေရာဒေသနိုင်ငံလူမျိုးနဲ့သာသက်ဆိုင်တဲ့သဘောရှိတယ်နော်။ မြန်မာ့ဓလေ့ မြန်မာ့အထာကို မသိတဲ့ နိုင်ငံခြားသားတစ်ယောက်က ဥသြငှက်သံကိုကြားလို့ ဘယ်လွမ်း တက်ပါ့မလဲ။ အခုတော့ မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ ကျွန်တော်ဟာ ဥသြတို့ သီချင်းဆိုတိုင်း အလွမ်းသမိုင်းတွေပဲ ရေးနေခဲ့ရပါတယ်။
                   အခုလဲ ဘုန်းတော်ကြီးကျောင်းရှိရာ တောစပ်ကွင်းကို ဖြတ်လျှောက်မယ် ဆိုတာနဲ့ထန်းပင်မြင့်မြင့်ကြီးပေါ်ကနေနွေတေးရှင်ကလွမ်းပြနေပါပြီ။ကျွန်တော့လက် ထဲက ဆွဲခြင်းထဲမှာ ဆရာတော်ဘုရားကို လှူဒါန်းဖွယ်ရာတွေကို ကြည့်ပြီး ကျွန်တော့အလွမ်းက အကုသိုလ်ရဲ့တစ်ဘက်တစ်ချက်ဆီက ကုသိုလ်အလွမ်းရယ်ပါ။ ဒါနဲ့ပဲ ကုသိုလ်အလွမ်း ဆိုပြီးဆောင်းပါး တစ်ပုဒ်ရေးဖို့စိတ်ကူးမိပြန်ပါတယ်။ ဘုန်းကြီးကျောင်း ဟာရွာနဲ့ မိုင်ဝက် လောက် ဝေးတဲ့တဲ့ ခေါင်တောစပ်မှာပါ။လယ်ကန်သင်းရိုးဘောင်အတိုင်း လမ်းလျှောက် ရင်း ရည်းစားဦးဘ၀တုန်းက ကျွန်တော့ဇနီးနဲ့ အင်းယားကန်အင်းယားရေပြင်ကြီးကို သတိရမိပြီး သြော်. . . .  ဟိုအချိန်တုန်းက ကျောင်းတစ်ဘက်နဲ့ အခြေအနေပုံ မပေါ် သေးမီ ဒီလိုနှစ်ယောက်ထဲရှိ၊ နှစ်ယောက်ထဲအတူသွားခွင့်သွင့်တွေဟာ ကုသိုလ်ကံတို့ မြူးရွှင်သောနေ့ပေါ့ နောက်၊ “ကမ္ဘာသည် ကျယ်သော်လည်း ကျွန်တော့အတွက်တော့ ချစ်သူရင်ခွင်နဲ့ ချစ်သူနှုတ်ခမ်းတွေလောက်မကျယ်”။ လို့အတွေးတွေ သီချင်းဆိုလိုက် ချိန်မယ် ငိုက်ခနဲဆို နွားခြေရာခွက်ထဲ့ ခြေတစ်ဘက် ကျသွားပါတယ်။ ကျွန်တော့ဇနီးဟာ တောသူပီပီ လယ်ကန်သင်းရဲ့ မာယာ၊ နွားခြေရာခွက်ရဲ့ အထာ ကိုသိနေတာမို့ ဟန်ချက် ပျက်သွားတဲ့ ကျွန်တော့ခန္ဓာကိုယ်ကို ထိန်းနိုင်ဖို့ တရုပ်ရုပ်ရှင်ဇာတ်လမ်းထဲကလို ဟန် မပျက်လှမ်းဆွဲလိုက်ပေမယ့် ၊ ပါးစပ်ကနေ …
“အောက်မလေး” “လန့်လိုက်တာမောင်ရယ်” . . . . .
“အခုလိုတောစပ်တောင်စပ်တွေမှာ ချော်လဲရင်း မြေကိုင် တက်တယ်” “သတိထားပြီး လျှောက်နော်”
ကျွန်တော်ဟာ ချော်လဲလုကိုယ်ကိုယ်ပြန်ထိန်းမတ်ရင်းက ကျွန်တော့ဇနီးပြော လိုက်တဲ့  စကားလုံး အသစ်ကိုစိတ်ဝင်စားရပြန်ပါတယ်။ ရွာရောက်တဲ့ နေ့ စရောက် ရောက်ခြင်း ညနေပိုင်းလောက် ဇနီးရဲ့အမျိုး တွေက ငါတို့အမျိုးတွေက သရဲအခြောက် မခံရဘူးတဲ့ ။ အခုလဲ မြေကိုင်တက်တယ်တဲ့။ စကားလုံးတွေဟာ  Google ရဲ့ dictionary  မှာ Downloads လုပ်လို့တောင်ရနိုင်ပါ့မလား။ ဒါဆို ကျွန်တော့ မိန်းမရွာလေးဟာ Google ထက် မြင့်တဲ့ program ရှိနေတဲ့သဘောပဲ။
“မြေကိုင်တက်တယ်”
“မြေကိုင်တက်တယ်”    တဲ့။
အေးလေ . . . . . .  “မြေကိုင်တယ်ဆိုတာဘာကိုပြောတာလဲ”
ကျွန်တော်နားမလည်တဲ့ မြန်မာစကားတွေဟာ ဒီရွာမှာရောက်နေပါရော့လားဗျာ။ ကျွန်တော့အလုပ်ဟာပြည်ပမှာမို့ အင်္ဂလိပ်စာမတက်လို့မဖြစ်တာမို့ ကိုယ့်ဝမ်းစာရေး အ- တွက် meaning ကျက်ရတာအရမ်းပျင်းတယ် အခုလဲ ကျွန်တော့ ဇနီးသည်တို့ရွာက ဓလေ့စကားလုံးmeaning တွေကို ကျက်ရမယ်သဘောဖြစ်နေတယ်။ သိချင်လွန်းတာမို့ ကျွန်တော့ဇနီးရဲ့ မျက်နှာနဲ့အသံအနေအထားဟာ ထိန့်လှန့်မှုကို ပြဆိုနေပေမယ့် မြေကိုင် တယ်ဆိုတဲ့စကားကတော့ ကျွန်တော့အတွက် ကလေးတစ်ယောက်ရဲ့ မုန့်လိုဖြစ်နေတယ်။ ဒါ့ကြောင့် နွားခြေရာခွက်ထဲ ကျသွားလို့ နဲနဲနာသွားတဲ့ခြေထောက်ကိုတောင် ဂရုမစိုက် တော့ဘဲ ဇနီးကိုအခုလိုမေးလိုက်ပါတယ်။
“သဲ . . .  မြေကိုင်တယ်ဆိုတာ ဘာလဲ”
“မောင်ရယ် . . .  မောင်ကရန်ကုန်သားဆိုတော့ ဘယ်သမှာလဲ”
“အခုလို လယ်ကွင်းတောထဲရောက်မှ ဒီစကားကို ရှင်းပြရင် ပိုအန္တရာယ်ရှိတယ် ရွာပြန် ရောက်မှ ရှင်းပြမယ်နော်”
           ဇနီးသည် ဖြူဖြူက . . .
                               “မမေးကောင်းဘူး၊”
“လယ်တောယာတောထဲမှာ မပြောကောင်းဘူး”
တဲ့ခင်ဗျာ။ အင်း ကျွန်တော့်အဖြစ်ကလဲ ဆိုးလှပါကလား။ မြန်မာပြည်ဟာ အဲလို မသိဒုက္ခ မရှိဒုက္ခတွေ အလွန်ပေါတယ်ဗျာ။ မြန်ပြည်သူတွေခမျာ စားသောက်ဖွယ်ရာကုန်ပစ္စည်းတွေ ရှားတယ် . . . . ရှားတယ်နဲ့ . . . . တကယ်တမ်းကြတော့ မရှားပါဘူး။
ဘာဆိုဘာမှ မသိဘူးတွေ. . . . . မရှိဘူးတွေ . . . . .
အလွန်ပေါတဲ့နိုင်ငံပါ လူသားဖြစ်တည်မှုဘ၀မှာ ပြည်ပနိုင်ငံကလူတွေ မြန်မာပြည်မှာ လူဝင်စား မဖြစ်မိဖို့လိုမယ်။ မရှိမသိဆိုတဲ့ ဦးနှောက်ကင်းမဲ့ကာ လူ့အခွင့်အရေးမှန်သမျှ ဆုံးရှုံးနေတဲ့ နိုင်ငံမို့ပါ။ ချမ်းသာကြွယ်ဝသူ တွေမှသာ လူ့အခွင့်အရေးကို ရရှာကြတာ။  ချမ်းသာကြွယ်ဝသူ ဆိုသူတွေကလဲ တေဇတို့ ခင်ရွှေတို့ ဆိုတဲ့ အကောင်တွေကို ကြောက်ရသေး တယ် မြန်မာနိုင်ငံမှာ ဆိုက္ကားနင်းတဲ့အလုပ်ကလွဲလို့ ကျန်တာတွေအားလုံး အဲဒီအကောင်တွေကပဲ အုပ်စုဖွဲ့ပြီးလုပ်စား နေကြတာလေ။ အခုလဲမြန်မာပြည်အခြေအနေကို လှမ်းကြည့်ကြပါဦး လက်ကိုင်ဖုန်းတစ်လုံးကို ပြည်ပတွေမှာ ထောင်ဂဃန်းပဲရှိတယ်။ ဒီမှာက သိန်းဂဃန်းနဲ့ ဂျာနယ်ထဲမှာ ပြဿနာတွေဖြစ် နေကြတယ်။ ပြည်သူတွေခမျာ ကြာနီကန်ဆရာတော်တရားထဲကလို ၀မ်းနည်းရမှာ လားဝမ်း သာရမှာလား မိသိန်းကြည် လိုဖြစ်နေပြီ။ အဲတစ်ခုတော့ရှိမယ်အခုတော့ အာဏာရူးရူးတဲ့ အကောင်တွေ စစ်ဘောင်းဘီတွေမ၀တ်ကြတော့ဘူးခင်ဗျာ။ စပြီးဘောင်းဘီချွတ်ကုန်ကြပြီဆိုတော့ အခြေအနေတွေပြောင်းနိုင်ကောင်းပါရဲ့။
ကဲ . . . . .ကျွန်တော့စကားတွေ ဂီယာပြောင်းကိုပြီ၊ အခုလက်ရှိမှာ ကျွန်တော်ဖြစ်နေတာက  လယ်ကန်ရိုးပေါ်မှာ မြန်မာစကားပြန်သင်ရသလိုအူလည်လည်ဖြစနေပြီ။ အခု အူလည်လည်ဖြစ် နေပုံဟာ ဟိုး .. လွန်ခဲ့တဲ့ ခြောက်နှစ် လောက်ဆီက မြေမကိုင်တက်တဲ့ သြစတေလျှမှာ အူကြောင်ကြောင်နဲ့ သွားခဲ့ရသလို မြေကိုင်တက်တဲ့မြန်မာပြည်လဲပြန်ရောက်ရော မြေကိုင်တက် တယ်ဆိုတဲ့စကားက ကျွန်တော့အတွက်တော့ အူကြောင်ကြောင်ပါပဲခင်ဗျာ”။
By:အလင်းရှင် http://aungminkhoung.blogspot.com

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget