ငိုတက်တဲ့ကလေးတိုင်း နို့စို့ခွင့်မရတဲ့ မြန်မာပြည်
ခေါင်းစဉ်အနေနဲ့တော့ မကြာခင်ကွယ်ပျောက်တော့မည့် အဓမ္မ၀ါဒီ မိုးပြာဂိုဏ်းအကြောင်း လို့ပေးထားပါတယ်။ ဖြစ်စဉ်တစ်ခုဆိုတာ အကြောင်းကင်းမဲ့ပြီး မဖြစ်နိုင် ကြေင်းကို ဗုဒ္ဓရှင်တော်မြတ်က လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ငါးရာငါးဆယ်ကျော်လောက်ကတည်း ကသိပြီးဖြစ်ခဲ့သလို နှောင်းခေတ်အနောက်တိုင်းသိပ္ပံပညာရှင်ကြီးများကလည်း သိရှိသဘောတူ လာခဲ့တာကို ဘာသာစွဲမထားတဲ့ စာပေလေ့လာသူများ လက်ခံယုံကြည်ကြပါတယ်၊ သူငယ်ချင်းတို့ လဲ ဒါတွေကို ကျွန်တော်နဲ့အတူ တစ်ထပ်တည်းမတူညီနိုင်ရင်တောင်မှ လုံးလုံးဆန့်ကျင်ဘက်တစ်ခု တော့မဖြစ်နိုင်လောက်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံးဟာ ဖြစ်စဉ်တွေကိုလက်ခံနေကြပြီလေ။ အဝေးက လမ်းလျှောက်လာတဲ့သူတစ်ယောက်ကို မြင်လိုက်ရ ပြီဆိုတာနဲ့ ဒီလူဟာ ယောက်ျားလားမိန်းမလားဆိုတာတော့ ကွဲပြားနေပြီးသားပါ၊ နီးလာမှ ငါနဲ့သိတဲ့ သူလားမသိတဲ့သူလားဆိုတာကို ခွဲခြားတက်သွားသလို ကျွန်တော်တို့အားလုံးဟာ အဝေးကနေမြင် နေကြပါပြီ . . . . ဆက်ကြည့်ဖို့သာလိုတော့တယ် . . . . . ဆက်ဖတ်ဖို့သာလိုတော့တယ် . . . . ပြီးသွားတာနဲ့ ဒီဖြစ်စဉ်စကားလုံးတွေဟာ ဘယ်ကသန္ဓေခလာရတာလဲ . . . .ဆိုတာကို သိကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဟာ ဒီဖြစ်စဉ်တွေ လုပ်ကြံဖန်တည်းပြီး ရလာခဲ့တာမဟုတ် ပါဘူး၊ တစ်ခုတော့ ကျွန်တော် ပေးခဲ့ရပါတယ် ခင်ဗျာ . . . ။ ဘယ်လောက်တန်တွေကို ပေးခဲ့ရလဲ . . . ဘ၀ဆိုတာတွေ . . . . ပါပဲ။ လူသားတစ်ယောက်ရဲ့ လူဖြစ်ခွင့်ရတဲ့ အခိုက်မှာ တစ်ခုကိုလိုချင်လို့ ကိုယ့်မှာရှိတဲ့ တစ်ခု မဖြစ်မနေ ပေးလိုက်ရတာရှိပါတယ်။ အလကားရသွားတဲ့သူ ဘယ်သူမှမရှိပါဘူး။ လူဖြစ်စကိုပြန်တွေးယူကြည့်ပါ။ အမေ့ဆီင်္က နိုချိုချိုလေးသောက်ရဖို့အတွက် အူဝဲ ဆိုတဲ့ အပေးတစ်ခုကို စခဲ့ရတာပဲမဟုတ်လား . . . ဗျာ။ ဒါ့ကြောင့် ဒီစာတွေဖြစ်ဖို့ ကျွန်တော် ပေးခဲ့ရတာပေါ့။ အထူကြီး . . . အများကြီး . . . လို့ သုံးရင် ပေါ့လွန်းလို့ပါခင်ဗျာ။ ကျွန်တော့ စကား လုံးတိုင်းအတွက် တစ်လုံးရေးခွင့်ရလိုက်တိုင်း ကျွန်တော်ဟာ ကျွန်တော်မြတ်နိုးတဲ့ ဘ၀တစ်ခုတစ်ခု ကိုပေးလိုက်ရစမြဲပါ။ ဒါ့ကြောင့် ကျွန်တော့ စကားလုံးတွေဟာ ကျွန်တော့ဘ၀တွေ ပဲလားလို့မေးရင် မဟုတ်ပြန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့စကားလုံးတိုင်းမှာ မြန်မာပြည် ကမွန်းကြပ်နေတဲ့ ပြည်သူပြည်သားတွေပါနေကြပါတယ်။ ပြည်သူတွေရဲ့ မျက်ရည်တွေ . . . . ပြည်သူတွေရဲ့ သွေးစက်တွေ . . . . . ပြည်သူတွေရဲ့အသက်တွေ . . . . . ပါပါနေလို့ပါပဲ။ ဒါကြောင့် ချစ်ဖော်ရေ . . . . ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေရဲ့ မျက်ရည်တွေ . . . သွေး တွေ . . . အသက်တွေ . . . ပုံစပ်ထားတဲ့ စာပန်းချီကို ဖတ်ရင်း ကျွန်တော့အတွက် မြန်မာပြည်သူ ပြည်သားတွေအတွက် ကရုဏာသက်သောအားဖြင့် စကားလုံးပြန်ပေးခဲ့ပါဦးနော်။ နဲနဲလေးပဲ ပေးခဲ့ ချင်တယ်ဆိုလဲ ရရမှာပါပဲ။ ကျွန်တော်တို့ ပြည်သူတွေဟာ ဥပဒေတွေ အာဏာတွေ လက်နက်တွေ အောက်မှာ ပြားပြားဝတ်ခဲ့ရတဲ့ အချိန်တွေက ယဉ်ကျေးနေပြီးသားလေ . . . . ။ မခံနိုင်လဲ ခံခဲ့ရတဲ့ ကျွန်တော်တို့ပြည်သူတွေ . . . ငတ်ရင် ရေသောက် ဗိုက်မှောက်နေရုံကလွဲပြီး ဘာမပြန်ပြောပိုင်ခွင့် မရတဲ့ ကျွန်တော်တို့ ပြည်သူတွေ . . . . ဒါကို တစ်ချို့က မြန်မာတွေက ရောင့်ရဲလွယ်တက်တယ်တဲ့ ငိုလိုမစို့ရတဲ့ အမေ့နို့ချိုရေကို ဆာလောင်မွတ်သိပ့်သူကလေးအတွက် ဘာတွေဆွဲကိုင်ပြီး တော်လှန် တိုက်ခိုက်လို့ရမှာလဲ . . . ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာတော့ ဗုဒ္ဓဟောတဲ့ ဒုက္ခသစ္စာဟာ အထူးရှာ စရာမလိုပါဘူး။ နံက်အိပ်ယာထတာနဲ့ စတွေ့ပြီ . . . . ကျွန်တော်တို့ကို အဲဒီဒုက္ခတွေကြားထဲက အခု လိုချပြခွင့်ရတဲ့ ကလေးတစ်ယောက်ရဲ့ အော်ဟစ်ငိုယိုသံတွေကို ပုခက်လွှဲ သီချင်းတစ်ပုဒ်နဲ့ ချော့ သိပ့်ခဲ့ပါလို တောင်းပန်ပါရစေ ခင်ဗျာ။ ။

By:အလင်းရှင် http://aungminkhoung.blogspot.com
No comments :
Post a Comment