(၇)ရက်အတွင်းထွက် . . ပိုစ့်ရဲ့အဆက်လို့ပြောရင်ရတယ် ကွာ။
အလင်းရှင်ပြောရင် ငါတွေ့တွေချည်းပဲနော် . .
စာတွေ့တွေပြောနေတာမဟုတ်ဘူး . . ကိုယ်တိုင်သုဿန်တစ်စသင်္ချိုင်းဝမှာ
ဘာညာသာဓကာလုပ်ဖူးတယ် (မီးလွတ်ဘာလွတ်ညာလွတ်)ဆိုပြီးတော့ပေါ့လေ။
နှစ်လုံးဂဃန်းဘာညာဆိုတာ အလင်းရှင်မျက်လုံးနဲ့ကိုတွေ့ဖူးတယ်။
ကဲ . .ကဲ . .ဒါတွေထားလိုက်တော့ . .
ပြောချင်တာက မြွေအရမ်းပေါတဲ့နေရာတွေမှာ မြွေသိပ့်ကြောရင်
မြွေသားမစားနဲ့ လတစ်လရဲ့ စနေဆန်းစနေဆုတ်တဲ့လမှာ ခန္ဓသုတ်ကို
အဲဒီနေ့ကစသာရွတ် အဓိဋ္ဌာန်ပေါ့ကွာ။ ဒီလောက်တော့လုပ်တက်ကြပါတယ်
မလုပ်တက်ရင် နီးစပ်ရာဆရာတော်သာမေးကြ။
ဘယ်အထိအစွမ်းထက်သလဲဆိုရင် မြွေမှန်သမျှကိုယ့်ရှေ့ရောက်ရင်
နှုတ်မဟနိုင်တော့ဘူး။ ဒါပေမယ့်မသတ်ရဘူးနော် . .
သတ်ရင်အာဏာပျက်တယ်။
ဒီအကြောင်းကို အကျယ်သိချင်ရင် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် တောကြီးကျေးရွာ
အနီးရှိ အင်းရွာကြီးတစ်ရွာက ဘုန်းတော်ကြီးတစ်ပါးဟာ ဒီနည်းနဲ့ အစွမ်းထက်တာကို
အလင်းရှင်ရဲ့ ဦးကြီးဆရာတော်မိန့်ကြားလို့သိတာ . . ကွ။
အလင်းရှင်