မြေသားကိုလိုက်၍ ငလျင်အရှိန်တိုးခြင်းလျော့ခြင်း-၂-
Local Site Effect on Ground Motion-2-
မြေလွှာကို လိုက်၍ ပြောင်းလဲသော ငလျင်အရှိန်
၁၉၈၉ အောက်တိုဘာ ၁၇ အမေရိကန်ပြည်အနောက်ပိုင်း လိုမာပရီတာ အရပ်၌ လှုပ်ခဲ့သော ငလျင်၏ ငလျင်အရှိန် မှတ်တမ်းများအား လေ့လာခဲ့ကြပြီးနောက် အောက်ခံ ကျောက်စိုင်ထုမှ မြေသားထုသို့ ငလျင်လှိုင်း ဖြတ်သောအခါ ငလျင်အရှိန် ဆတိုးမှု ရှိကြောင်း ဖေါ်ပြခဲ့ကြသည်။ ပုံ (၇) ၌ လိုမာပရီတာ ငလျင်အရှိန်အား ကျောက်နှင့် မြေသားတို့၌ တပ်ဆင်ထားသော ငလျင်အရှိန်တိုင်းစက် များက ဖမ်းယူရရှိသည့် အရှိန်စဉ်ဆက် မှတ်တမ်းများကို ပြထားသည်။
အစပိုင်း ၀ (သုည) စက္ကန့်၌ ဖြစ်သော ငလျင်အရှိန်ကို (စဦး)အမြင့်ဆုံးငလျင်အရှိန် peak acceleration or peak ground acceleration (PGA) ဟု ခေါ်သည်။
၁၉၈၉ အောက်တိုဘာ ၁၇ အမေရိကန်ပြည်အနောက်ပိုင်း လိုမာပရီတာ အရပ်၌ လှုပ်ခဲ့သော ငလျင်၏ ငလျင်အရှိန် မှတ်တမ်းများအား လေ့လာခဲ့ကြပြီးနောက် အောက်ခံ ကျောက်စိုင်ထုမှ မြေသားထုသို့ ငလျင်လှိုင်း ဖြတ်သောအခါ ငလျင်အရှိန် ဆတိုးမှု ရှိကြောင်း ဖေါ်ပြခဲ့ကြသည်။ ပုံ (၇) ၌ လိုမာပရီတာ ငလျင်အရှိန်အား ကျောက်နှင့် မြေသားတို့၌ တပ်ဆင်ထားသော ငလျင်အရှိန်တိုင်းစက် များက ဖမ်းယူရရှိသည့် အရှိန်စဉ်ဆက် မှတ်တမ်းများကို ပြထားသည်။
ပုံ (၇) လိုမာပရီတာ ငလျင်အရှိန်အစဉ်အတန်းအား ကျောက်သားနှင့် မြေသားတို့၌
တပ်ဆင်ထားသော ငလျင်အရှိန်တိုင်းစက် များက ဖမ်းယူရရှိထားသော မှတ်တမ်းများ
|
ပုံ (၇)အရ ထို အမြင့်ဆုံး အရှိန်သည် ကျောက်၌ ၀.၈ မှ ၀.၁ g (g = မြေဆွဲအားအရှိန်) ခန့် ရှိပြီး မြေပျော့၌ ၀.၂ မှ ၀.၃ထိ ရှိသည်။ ကျောက်မှ မြေသို့ငလျင်လှိုင်း အကူးတွင် အရှိန် ၂ဆ၊ ၃ဆ လောက်ထိ တိုးသွားသည်ကို တွေ့ရသည်။ ထို့အပြင် ကာလရှည် ဖြစ်သော ၀.၅စက္ကန့်၊ ၁.၅ နှင့် ၂ စက္ကန့်များ၌ ငလျင်အရှိန်သည် မြေသား၌ ကျောက်စိုင်ထုထက် ၃ဆမှ ၆ဆခန့်ထိ တိုးသွားသည်။ ရူပဗေဒ၌ ကြိမ်နှုန်း frequency (f) နှင့် ကြာချိန် (သို့) ကာလ period (t) ဆက်နွယ်ချက်ကို ပြောင်းပြန် အချိုးကျကြောင်း ပြသည်။ ထို့ကြောင့် f= 1/t ဖြစ်သည်။ ဆိုလိုသည်မှာ အချိန်တိုလျှင် ကြိမ်နှုန်းမြင့်ပြီး အချိန်ကြာလျှင် ကြိမ်နှုန်းနိမ့်သွားသည်။ အချိန် (ကာလ)တိုကို ၀.၂ သို့မဟုတ် ၀.၃ စက္ကန့်ထိ သတ်မှတ်ပြီး ထိုမှ နောက်ပိုင်းကို အချိန်ကြာ (ကာလရှည်) သတ်မှတ်သည်။
ထိုကဲ့သို့ အောက်ခံ ကျောက်လွှာပြင်မှတဆင့် လက်ရှိ မြေပြင်ထိ ငလျင်လှိုင်းအရှိန် ဆတိုးမှု amplification သည် မြေလွှာအထူ အပါး၊ ထိုမြေသားထုအတွင်း ငလျင်လှိုင်း ဖြတ်သန်းလှုပ်ရှားမှု စသည့် အချက်အလက်များအပေါ် တည်သည်။ ထိုသဘောများအား ဖြတ်ထိုးလှိုင်းအလျင် shear wave velocity (Vs) ကို တိုင်း၍ လည်းကောင်း၊ မြေပြင်လှုပ်မှုကို လိုက်၍ ပြောင်းလဲတတ်သော ကျစ်လျစ်မှုကိန်း shear modulus ကို တိုင်း၍လည်းကောင်း ခန့်မှန်းနိုင်သည်။ ယေဘုယျအားဖြင့် မြေပျော့သည် မြေကျစ်နှင့် စာလျှင် ဖြတ်ထိုးလှိုင်း အလျင်ပမာဏ လျော့တတ်သောကြောင့် ငလျင်အရှိန်ဆတိုးမှု ပိုများသည်။ ထို့အပြင် မြေသားထူလျှင် ငလျင်အရှိန် ဆတိုးမှု သည် နှောင်းပိုင်း၌ ပိုလေ့ရှိသည်။ များသောအားဖြင့် ငလျင်အရှိန် မှတ်တမ်းနှင့် လေ့လာချက်များသည် ကျောက်လွှာပြင်ကို ဖြတ်သွားသည့် ငလျင်အရှိန်ကိုသာ ယူလေ့ရှိသောကြောင့် မြေလွှာအတွင်း ဖြစ်သော ငလျင်အရှိန်ကို ကာလတိုနှင့် ကာလရှည် အရှိန်ပြောင်းလဲပုံကို လိုက်၍ မြှောက်ဖေါ်ကိန်းများ ဖြစ်သော Fa နှင့် Fv နှင့် ခန့်မှန်းတွက်ချက်ရန် အဆိုပြုထားသည်။ ပုံ (၈) သည် ထို မြောက်ဖေါ်ကိန်းများ ကောက်ယူပုံကို ရှင်းပြထားသည်။
့
ပုံ (၈) တွင် Aa (PGA ဟုလည်း သုံးသည်။) သည် အမြင့်ဆုံးငလျင်အရှိန် ဖြစ်ပြီး Sa နှင့် S1 တို့သည် ကျောက်လွှာပြင်၌ ဖြစ်သော ကာလတိုနှင့် ကာလရှည် အရှိန်တန်ဘိုးများ ဖြစ်သည်။ ထို ကျောက်လွှာပြင်၌ ဖြစ်သော (သို့) တိုင်းယူရရှိသော ကာလတို ကာလရှည် အရှိန်များအား Fa Fv တို့နှင့် မြှောက်သောအခါ မိမိသိလိုသော နေရာရှိ မြေသားတွင်း၌ ဖြစ်သော ငလျင်အရှိန်တန်ဖိုးများအား ရရှိသည်။ မြန်မာအဆောက်အအုံ ဆောက်လုပ်ပုံ စဉ်းမျဉ်း (၂၀၁၂ မူကြမ်း)၌ ဤအချက်ကို ထည့်သွင်း ထားသည်။ ဆက်သွယ်ချက်ကို အောက်ပါအတိုင်း ဖေါ်ပြသည်။
Sms = Fa Ss (၁)
Sm1 = Fv S1 (၂)
ဤနေရာ၌ သင်္ကေတများကို ရှင်းလင်းပေးရန် လိုအပ်သည်။
Sms = တွက်ချက်ရာတွင်သုံးရန် ထည့်သွင်းစဉ်းစားရမည့် အမြင့်ဆုံး ငလျင် Maximum considered earthquake (MCE) ၏ ကာလတို အရှိန်တန်ဖိုး
Sm1 = တွက်ချက်ရာတွင်သုံးရန် ထည့်သွင်းစဉ်းစားရမည့် အမြင့်ဆုံး ငလျင် Maximum considered earthquake (MCE) ၏ ၁ စက္ကန့်ရှိ အရှိန်တန်ဖိုး
Ss = ငလျင်အရှိန်ပြ မြေပုံမှ ရရှိသော (သို့) ခန့်မှန်းတွက်ချက်ထားသော ကာလတို (၀.၂ စက္ကန့်) အရှိန်တန်ဖိုး။
S1 = ငလျင်အရှိန်ပြ မြေပုံမှ ရရှိသော (သို့) ခန့်မှန်းတွက်ချက်ထားသော ၁ စက္ကန့်ရှိ အရှိန်တန်ဖိုး။
မြောက်ဖေါ်ကန်းများ အတွက်မူ အောက်ဖေါ်ပြပါ ဇယားများမှ ကောက်ယူနိုင်သည်။
ဇယား (၁)
မြေလွှာအလိုက် ငလျင်အရှိန်တန်ဖိုး တွက်ချက်ရန် မြောက်ဖေါ်ကိန်းများ။
အထက်၌ ပြထားသော ဇယားများ၌ မြေအတန်းအစားများကို လိုက်၍ Fa, Fv မြောက်ဖေါ်ကိန်းများကို ကောက်ယူရန် ဖြစ်ရာ အင်ဂျင်နီယာသည် အဆောက်အအုံ ဆောက်လုပ်မည့် နေရာ၏ မြေအတန်းအစားကို ခွဲခြားသတ်မှတ်ထားရန် လိုအပ်သည်။ မြေအတန်းအစားကို A,B,C,D,E,F ဟူ၍ ၆မျိုး ခွဲထားသည်။ မြေ၏ ကျစ်လျစ်သိပ်သည်းမှု အခြေခံ၍ ခွဲခြားထား ခြင်း ဖြစ်သည်။ မြေလွှာ၏ ဖြတ်ထိုးလှိုင်းအလျင် shear wave velocity ကို သုံး၍လည်းကောင်း၊ စံထားမြေဝင်စမ်းသပ်နည်း SPTကို သုံး၍လည်းကောင်း၊ ပြတ်အားခံနိုင်ရည် undrained shear strength ကို သုံး၍ လည်းကောင်း ခွဲခြားနိုင်သည်။ များသောအားဖြင့် ငလျင်အရှိန်ပြမြေပုံများသည် ကျောက်လွှာ B Class ကို ဦးတည်၍ ရေးဆွဲထုတ်ပြန်လေ့ ရှိရာ ထိုမှတဆင့် ပို၍ ပျော့သည့် C,D,E,F အတန်းအစားများအတွက် ပြန်လည် စီစစ်ပေးရပေမည်။ Site Class E,F တို့အတွက် သီးခြား စစ်ဆေးရမည်။ ထို မြေအတန်းအစားများ ခွဲခြားရန်အတွက် အောက်ပါဇယားကို သုံးနိုင်သည်။
ဇယား (၂)
မြေအတန်းအစား ခွဲခြားရန် ရှင်းလင်းချက်။
မြေသားတွင်း ငလျင်အရှိန် ဆတိုးပုံ ခန့်မှန်းတွက်မှုတခုကို နမူနာတင်ပြလိုက်ပါသည်။ တွက်ချက်လိုသည့်နေရာသည် ငလျင်ပမာဏ ၇.၃ ထုတ်လွှတ်သည့် အလျားလိုက်ပြတ်ရွေ့တခုမှ ၄၀ ကီလိုမီတာအကွာ၌ တည်ရှိသည်။ ကျောက်သားအောက်ခံသည် မြေအတန်းအစား B ၌ ဖြစ်ပြီး ဆတိုးငလျင်အရှိန် တွက်လိုသော နေရာ၏ မြေအမျိုးအစားသည် D ဖြစ်သည်ဆိုပါစို့။ ထိုအခါ မြေသားအမျိုးအစား D အတွင်း မြေငလျင် ဆတိုးအရှိန်ကို ပုံ (၉)အတိုင်း ရရှိသည်။
ပုံ (၉) မြေအတန်းအစား D မှ အတန်းအစား B သို့ ငလျင်အရှိန် ဆတိုးပုံ။

ပုံ (၈) အရှိန်ဆတိုး မြှောက်ဖေါ်ကိန်းများ |

No comments :
Post a Comment