မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်းအကြောင်း ပြောဆိုပြုစုရန်
“မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာ ဘယ်အချိန်က စတင်ရောက်
ရှိခဲ့သလဲ” ဟူသော မေးခွန်းကို ရာဇ၀င်များ၊ ဘုရားသမိုင်း
များသက်သက်ဖြင့် ဖြေကြားခြင်းမဟုတ်ပဲ ခေတ်ပြိုင်အ
ထောက်အထားများဖြင့် ဖြေဆိုပေးရန် လိုအပ်ပါသည်။
ထို့ပြင် အထက်ပါမေးခွန်းကို ဖြေဆိုနိုင်ရန် နောက်ထပ်မေး
ခွန်းတစ်ချို့ကိုပါ ထပ်မံဖြေဆိုပေးရန် လိုအပ်ပါသည်။
၁။(က) မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာ မည်သည့်အချိန်က စ
တင်ရောက်ရှိခဲ့သည် ဆိုသော ဂျီအိပ်ခ်ျလုစ်နှင့် ချားနူ
ဂွိုင်ဆယ် တို့၏ ပြောကြားချက် မှန်ရဲ့လား ?
(ခ) ၎င်းတို့ ၂ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ
စတင်ရောက်ရှိသည့်အချိန်ကို ပြောဖို့ရန် သုတေသန
လုံလောက်စွာ လုပ်ခဲ့ပါသလား ?
(ဂ) ၎င်းတို့ခေတ်(ကိုလိုနီခေတ်) မြန်မာနိုင်ငံတွင် တွေ့ရှိ
ပြီးဖြစ်သော ခေတ်ပြိုင်အထောက်အထားများကို စုံစုံလင်
လင် ပြောဆိုခဲ့ပါသလား ?
(ဃ) မြန်မာနိုင်ငံတွင် ရှိနေသော ဗုဒ္ဓသာသနာဆိုင်ရာ
ခေတ်ပြိုင်အထောက်အထားများကို မချွင်းမချန် စုံစုံလင်
လင်ဖော်ပြခြင်းမပြုပဲ ပြောသော မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ
သမိုင်း မှန်ကန်နိုင်ပါ့မလား?
(င) ဘာကြောင့် သူတို့သည် မြန်မာနိုင်ငံတွင် ရှိနေ တွေ့
မြင်နေရသော ဗုဒ္ဓသာသနာဆိုင်ရာ ခေတ်ပြိုင်အထောက်
အထားများကို စုံလင်စွာ မဖော်ပြခဲ့သည်မှာ မည်သည့်
သဘောနည်း ?
၂။ မြန်မာနိုင်ငံတွင် မည်သည့်အချိန်ကစ၍ လူသားသမိုင်း
စတင်ခဲ့ပါသနည်း ?
၃။ ဗုဒ္ဓ-အသောက ခေတ်ပြိုင် မြန်မာနိုင်ငံတွင် လူသားသ
မိုင်းအရ မည်သည့် လူသားခေတ်နေ လူနေဒေသများ
ထွန်းကားခဲ့ပါသနည်း ?
၎။ ထိုလူနေဒေသများတွင် မည်သည့်လူမျိုး ယဉ်ကျေးမှု
အထောက်အထားများ တွေ့မြင်ရသနည်း ?
၅။ မြန်မာနိုင်ငံတည်နေရာသည် ဂေါတမမြတ်စွာဘုရား
တရားဟောသာသနာပြုရန် ဒေထစာရီကြွချီသော ခရီး
အကွာအဝေးအတွင်းမှာ ပါဝင်တည်ရှိပါသလော ?
၆။ မြန်မာနိုင်ငံသို့ ဗုဒ္ဓခေတ်-အသောကခေတ် သာသနာ
ရောက်ကြောင်း အထောက်အထားများ ရှိပါသလား ?
၇။ အနော်ရထာမင်းမတိုင်ခင် မြန်မာပြည်မပုဂံဒေသကြီး၌
ထေရ၀ါဒဗုဒ္ဓသာသနာမရှိဟူသော ရာဇ၀င်စကား မှန်
ကန်ရဲ့လား ?
၈။ ပုဂံသရေခေတ္တရာပြည်က ထေရ၀ါဒဗုဒ္ဓသာသနာ ရရှိ
ခြင်းဖြစ်ကြောင်း အထောက်အထားများ ရှိသလော။
(သို့မဟုတ်) ပုဂံမှာ ဒွါရာဝတီ၊ သထုံနှင့် ကျောက်ဆည်
မွန်တို့ထံက ထေရ၀ါဒဗုဒ္ဓသာသနာ ရရှိခြင်းဟူသော
အထောက်အထားများ ရှိပါသလား ?
၉။ ပထမမြန်မာနိုင်ငံသည် သရေခေတ္တရာလော ?
ပုဂံလော ?
၁၀။ ပထမမြန်မာနိုင်ငံတွင် မည်သည့်သာသနာ ထွန်းကား
ခဲ့ပါသနည်း ?
မေးခွန်း (၁-က) မှ (င)အထိ သက်ဆိုင်ရာအဖြေများကို
ပေါင်းစု၍ ဖြေဆိုကြည့်ပါမည်။
--------------------------------------------------------
မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာသည် အေဒီ ၄ ရာစု ရှင်မဟာ
ဗုဒ္ဓဃောသ ခေတ်မှ မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်း
ဒေသနှင့် အနောက်ဘက်ကမ်းရိုးတန်းဒေသများကို စတင်
ရောက်ရှိကြောင်း၊ သို့တိုင်အောင် ကုန်းတွင်းပိုင်း မြန်မာ
ပြည်မ (အညာ)သို့ ဗုဒ္ဓသာသနာမရောက်ရှိသေးဟု ဆိုခဲ့
ကြသော ဂျီအိပ်ခ်ျလုစ် နှင့် ချားနူဂွိုင်ဆယ်လ် တို့ ပြော
ကြားချက်များ မမှန်ကန်ပါ။
သူတို့နှစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ စတင်
ရောက်ရှိသည့်အချိန်ကို ပြောနိုင်ဖို့ရန် ဗုဒ္ဓသာသနာသမိုင်း
သုတေသန လုံလောက်စွာ လုပ်ခဲ့သည်ဟူသော သုတေ
သနလုပ်ငန်း မပြနိုင်ခဲ့ပါ။ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်း
စတင်ရောက်ရှိသည့်အချိန်နှင့်ပက်သက်၍ သူတို့နှစ်ဦး၏
သုတေသနစာတမ်း မတွေ့မြင်ရပါ။ အခြားသောစာတမ်း
များရေးစဉ် အနည်းငယ် ကြားညှပ်ရေးခြင်းမျိုးသာ တွေ့
ရပါသည်။
၎င်းတို့ခေတ်(ကိုလိုနီခေတ်) မြန်မာနိုင်ငံတွင် တွေ့ရှိပြီး
ဖြစ်သော ဗုဒ္ဓသာသနာဆိုင်ရာ ခေတ်ပြိုင်အထောက်
အထားအချို့ကို ပြည့်စုံစွာပင် ဖော်ပြပြောဆိုခြင်း မပြု
ခဲ့ပါ။ ယင်း ဗုဒ္ဓဘာသာအထောက်အထားတို့မှာ သရေ
ခေတ္တရာမြို့ဟောင်း၊ ဟန်လင်းမြို့ဟောင်းနှင့် ဓည၀တီ
မြို့ဟောင်းတို့တွင် တွေ့ရှိပြီးဖြစ်သော ဘီစီ ၆ ရာစု- ၃
ရာစု ဗြဟ္မီအက္ခရာစာ အရေးအသားများဖြစ်သည်။
(နောက်ပိုင်းတွင် အကျယ်ဖော်ပြပါမည်)
မြန်မာနိုင်ငံတွင်၎င်းတို့ခေတ်၌ တွေ့ရှိထားပြီးဖြစ်သော
ဘီစီ ၆ရာစု-၃ ရာစု ဗြဟ္မီအက္ခရာ စာအရေးအသား
အထောက်အထားများကို ပြည့်စုံ စုံလင်စွာဖော်ပြခြင်း
မပြုပဲ ၎င်းတို့နှစ်ဦး ပြောခဲ့သော မြန်မာနိုင်ငံဗုဒ္ဓသာသ
နာသမိုင်းသည် အမှန်ကိုဖော်ပြနိုင်စွမ်းမရှိပဲ မှားယွင်း
နေကြောင်းတွေ့မြင်ရပါသည်။
အဘယ့်ကြောင့် ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံတွေ့
ဗုဒ္ဓ-အသောကခေတ် ဗုဒ္ဓသာသနာ ရောက်ကြောင်း
အထောက်အထားများဖြစ်သော ဘီစီ ၆ရာစု-၃ ရာစု
ဗြဟ္မီအက္ခရာ စာအရေးအသား အထောက်အထား
များကို ဖော်ပြသုံသပ်ပြောဆိုခြင်းမပြုခဲ့ပါသနည်း။
အဘယ်သို့သော စိတ်နေသဘောထားပါနည်း။ သ
မိုင်းပညာ ရှေးဟောင်းသုတေသန အနုပညာများ
တွင် ခေတ်ပြိုင်အထောက်အထားများသည် အဓိ
ကကျ အရေးကြီးလှကြောင်း သူတို့မသိဟုဆိုလျှင်
မည်သို့ယုံရမည်နည်း။
“ခေတ်ပြိုင်အထောက်အထားကို အလေးထားရမည်။
ခေတ်ပြိုင်အထောက်အထားအပေါ် သစ္စာရှိရမည်။
ခေတ်ပြိုင်အထောက်အထား တွေ့ရှိသည့်အတိုင်း
မှန်ကန်စွာပြောရမည်” ဟု ဆရာကြီး ဒေါက်တာ
သန်းထွန်း (အရေးကြီးသဖြင့်) ပြောလေ့ရေးလေ့
ရှိပါသည်။ လုစ်နှင့် ဒူဂွိုင်ဆယ်လ် တို့ နှစ်ဦးသည်
ခေတ်ပြိုင်အထောက်အထားပေါ် အဘယ့်ကြောင့်
သစ္စာမရှိခဲ့ကြသနည်း။ မည်သို့သော သဘောနည်း။
ဗြိတိန်ကျွန်းအပါအ၀င် အနောက်ဥရောပနိုင်ငံအချို့မှ
လူများသည် အေဒီ (၂)ရာစုအထိ မိမိနယ်မြေအတွင်း
ဝင်ရောက်လာသော သူစိမ်းတို့ကို ၀ိုင်းဝန်းဖမ်းဆီးပြီး
ဝက်သစ်ချပင်ကြီးရှေ့ ကျောက်တုံးကြီးပေါ်တင်ကာ
ခေါင်းဖြတ်သတ်ဖြတ်နေဆဲပင်ဖြစ်သည်။ ယင်းနှင့်ကွဲ
ပြားစွာ ရှေးဟောင်းခေတ် မြန်မာနိုင်ငံမှ မြန်မာတို့သည်
ဘီစီ ၆ရာစု-၃ ရာစု ကာလတည်းက ဗုဒ္ဓဘာသာဝင်များ
ဖြစ်ကာ စေတီပုထိုး၊ တရားဓမ္မတို့ဖြင့် လူယဉ်ကျေးများ
ဖြစ်နေပြီဆိုသော *ယဉ်ကျေးမှုသမိုင်း စောလှခြင်း အ
ကြောင်းကို သူတို့ မနာလိုဝန်တိုခဲ့ကြသလော*
ထိုသို့ မနာလို၍ မဟုတ်ပါဆိုလျှင် ကိုလိုနီနိုင်ငံရေးအရ
အကျိုးအမြတ်ထုတ်ရန် (ဘီစီခေတ်)ဗုဒ္ဓ-အသောကခေတ်
ှဗုဒ္ဓသာသနာမှတ်တမ်းများကို ဗုဒ္ဓဘာသာဝင်ပြည်သူများ
အထင်လွဲ အထင်သေးကာ ယုံကြည်လေးစားမှု တစ်ဖြည်း
ဖြည်းလျော့ပါးလျှက် ပညာတတ်လူငယ် မျိုးဆက်သစ်များ
ကြားတွင် ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းမှုယုတ်လျော့ကာ ဗုဒ္ဓ
ဘာသာတိမ်ကောရန်၊ သူတို့ဘာသာသို့ သိမ်းသွင်းတပည့်
ခံစေရန် ဗုဒ္ဓ-အသောကခေတ် ဘီစီ ၆ရာစု-၃ ရာစု ဗြဟ္မီ
အက္ခရာ အထောက်အထားများကို သမိုင်းအဓိပ္ပယ်မဖွင့်
ပြောကြခြင်းလော။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*
မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်း (၂)
------------------------------------
ထိုသို့ ခေတ်ပြိုင်အထောက်အထားများကို ချန်လှပ်ထားခဲ့
သော လုစ် နှင့် ဒူဂွိုင်ဆယ်လ် တို့သည် ဘီစီ (၆ ရာစု-
၃ ရာစု) ဗုဒ္ဓခေတ် - အသောကခေတ် သာသနာရောက်
ကြောင်းအထောက်အထားဖြစ်သော ဗြဟ္မီစာအက္ခရာအ
ရေးအသားများ၏ သမိုင်းအဓိပ္ပာယ်ကို မဖွင့်ဆိုပြခဲ့ပဲ ဆန့်
ကျင်ဘက်အားဖြင့် -
မြန်မာနိုင်ငံသားတို့သည် ဗုဒ္ဓခေတ်-အသောကခေတ်
ကိုလည်းမမှီခဲ့၊
ဘီစီ ၁ ရာစု သီဟိုဠ်တွင် စတုတ္ထသင်္ဂါယနာတင်သော
ခေတ်ကိုလည်း မမီခဲ့၊
အေဒီ ၄ ရာစုမှ ဗုဒ္ဓသာသနာ စတင်ရောက်သည်။
အေဒီ ၁၁ရာစု ဗမာတို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ
ဖြစ်လာသောအခါ ကျမှ မြန်မာနိုင်ငံတွင် စေတီပုထိုးများ
ကို အလွန်စိတ်ဓါတ်ကြွစွာဖြင့် တည်ဆောက်ကြကာ
ဘယ်ဘုရားကတော့ ဗုဒ္ဓခေတ်ဆံတော်ရှင်စေတီ၊ ဘယ်
ဘုရားကတော့ အသောကခေတ် ဆံတော်ရှင်စေတီ ဟူ၍
ဘုရားသမိုင်းများ ဖန်တီးရေးသားခဲ့ခြင်းဖြစ်ကြောင်း
(ဆိုလိုသည်မှာ ဗုဒ္ဓခေတ်ဘုရား သမိုင်းအတုများ၊
အသောကခေတ်ဘုရားသမိုင်းအတုများကို မဟုတ်ပဲ
ရေးခဲ့ကြကြောင်း) ပြောဆိုရေးသားခဲ့ကြပါသနည်း။
ရွှေတိဂုံဘုရားသမိုင်း၊ မင်းဘူးစက်တော်ရာသမိုင်းတို့ကို
လည်း နောက်ခေတ်ရေး ဘုရားသမိုင်းအတုများ ဟူ
သော ဆိုလိုရေးသားချက်မျိုးတို့ကို ဗြဟ္မီစာအထောက်
အထားရှိပါလျှက်နှင့် အဘယ်စိတ်ထားဖြင့် ရေးသားခဲ့
ကြပါသနည်း။ ရှေးဘုရားသမိုင်း ရေးသားခဲ့သူများကို
လူလိမ်များဟု သွယ်ဝိုက်ပါးနပ်စွာ ရေးခဲ့ခြင်းဖြစ်ပါ
သည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလတွင် ခေတ်ပညာ
တတ်လူငယ်အချို့သည် လုစ်နှင့် ဒူဂွိုင်ဆယ်လ် တို့၏
စာများကိုဖတ်ပြီး ထိုသူတို့ကို လွန်စွာယုံကြည်လေးစား
ခဲ့မိသဖြင့် ဆံတော်ရှင်ဘုရားသမိုင်း မှန်သမျှကို လုံးဝ
လက်မခံပဲ ပစ်ပယ်ခဲ့ကြပါသည်။ ရွှေတိဂုံစေတီတော်
ကြီးကို မရှိခိုး မပူဇော်သူများ ရှိလာခဲ့ပါသည်။
“လုစ်တို့ပြောထားသားပဲ ရွှေတိဂုံထဲမှာ ဘာဆံတော်
ဘာမွေတော်မှ မရှိတာ” ဟု ထိုခေတ် ပညာတတ်
မြန်မာလူငယ်တို့ ပြောလေ့ရှိပါသည်။
ထိုသို့သော မြန်မာလူငယ်များ တစ်ဖြည်းဖြည်း အ
မြောက်အများရှိလာလျှင် ဗုဒ္ဓ-အသောကခေတ် ဆံ
တော်ရှင် ဘုရားသမိုင်းများ တိမ်ကောလာခြင်း၊ ဆံ
တော်ရှင်စေတီများကို ရှိခိုးကော်ရော် ပူဇော်သူများ
လျော့ပါးလာခြင်း၊ ရှေးဘုရားသမိုင်း မှတ်တမ်းအ
ရှည်သဖြင့် ကျန်အောင်ရေးသားမှတ်တမ်းတင်လာ
ခဲ့သော ရှေးဗုဒ္ဓဘာသာလူကြီးသူမများကို လူလိမ်
များဟု ထင်မှတ်မှားခြင်းတို့ဖြင့် ဗုဒ္ဓဘာသာ အား
နည်းတိမ်ကောလာနိုင်ခြေ ရှိပါသည်။
ကိုလိုနီခေတ်တွင် ဗုဒ္ဓဘာသာဝင်များ အနေဖြင့်
ဗုဒ္ဓဘာသာမှတ်တမ်းများ၊ ဘုရားသမိုင်းများကို
မလေးမစားဖြစ်လျှင် သူတို့ဘာသာသို့ စည်းရုံး
သိမ်းသွင်းရန် လွယ်ကူလာပေလိမ့်မည်။ ဗုဒ္ဓဘာ
သာဝင်မြန်မာများသည် ဗုဒ္ဓဘာသာကို ကျောခိုင်း
ကာ သူတို့ဘာသာသို့ ကူးပြောင်းဝင်ရောက်ခဲ့လျှင်
သူတို့က ဆရာ၊ ကိုယ်တွေက တပည့်အဖြစ် ကျေ
ကျေနပ်နပ်ကြီး တပည့်ခံကာ လွတ်လပ်ရေးအထူး
တောင်းချင်စိတ် ရှိတော့မည်မဟုတ်ပါ။ ထိုသို့ မြန်
မာတို့ လွတ်လပ်ရေးမတောင်းတော့လျှင် ပထ၀ီနိုင်
ငံရေးအရ အာရှတိုက်၏ အရေးပါသောနေရာတွင်
တည်ရှိနေခြင်းကြောင့်လည်းကောင်း၊ သယံဇာတ
မျိုးစုံ ပေါကြွယ်ဝခြင်းကြောင့်လည်းကောင်း ဗြိတိ
သျှတို့အဖို့ ရေရှည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး
အတွက် အလွန်ကောင်းကျိုးရှိပေလိမ့်မည်။
ထိုသို့ ဗြိတိသျှကိုလိုနီ နိုင်ငံကြီး ကောင်းစားဖို့
အတွက် သစ္စာထားရှိသဖြင့် မြန်မာနိုင်ငံတွေ့ ဗုဒ္ဓ-
အသောကခေတ်ရောက် ဗြဟ္မီအက္ခရာအထောက်
အထားများအပေါ် သူတို့ ၂ဦး သစ္စာမထားရှိနိုင်
ခဲ့ခြင်းလော။
ဗုဒ္ဓ-အသောကခေတ် ဗုဒ္ဓသာသနာ ရောက်ကြောင်း
အထောက်အထားများဖြစ်သော ဘီစီ ၆ရာစု-၃ ရာစု
ဗြဟ္မီအက္ခရာ စာအရေးအသား အထောက်အထား
များကို သမိုင်းအဓိပ္ပာယ်မဖွင့်ဆိုခြင်း၊ ရှေးအိန္ဒိယ
သားတို့က သရေခေတ္တရာနိုင်ငံ နှင့် လူမျိုးတို့ကို
ဗရမ္မာနိုင်ငံ၊ ဗရမ္မာလူမျိုး(ဗမာ) ဟုသိရှိမှတ်တမ်း
တင်ထားချက်၊ ဘီစီ (၂)ရာစှု အေဒီ (၃)ရာစု ရှေး
တရုတ်တို့က ၎င်းတို့နှင့်ခေတ်ပြိုင် သရေခေတ္တရာ
နှင့်လူမျိုး၊ ပုဂံနိုင်ငံနှင့် လူမျိုးတို့ကို ပျူ ခေါ် ဗရမ္မာ-
ဗမာ ဟု ကောင်းစွာသိရှိ မှတ်တမ်းတင်ချက်၊ ဘီစီ
(၂)ရာစု မှ အေဒီ (၁၅)ရာစုထိ ယူနန်နှင့် ပင်လယ်
ကြားရှိ နိုင်ငံနှင့်လူမျိုးသည် ပျူ ခေါ် ဗရမ္မာ ခေါ်
မြန်မာဖြစ်ကြောင်း တရုတ်နန်းတော် မှတ်တမ်း
အဆက်ဆက်က လေ့လာစုံစမ်း သိရှိမှတ်တမ်းတင်
ထားချက်တို့ကို အလေးမထားခြင်းဟူသော လုစ်
လုပ်ရပ်တို့က လုစ်၏အတွင်းသဘော ဘယ်လိုနည်း
ဟု အတွေးပွားစေခြင်းဖြစ်ပါသည်။
ဘီစီ ၂ ရာစု မှ အေဒီ ၆ ရာစုထိ ဗရမ္မာ ခေါ် ပျူ
နိုင်ငံဟု ရှေးတရုတ်တို့သိရှိမှတ်တမ်းတင်ထား
သော ပျူနိုင်ငံသည် အေဒီ ၈၃၂ ခုနှစ် တွင်
နန်းစောရန်ကြောင့် မျိုးတုံးပျက်သုန်းခြင်း လုံးဝ
မရှိပဲ အေဒီ ၈၆၄ ခုနှစ်ရေး မန်ရှုကျမ်းတွင်
အေဒီ ၈၆၄ ၌ တရုတ်၊ နန်စော တို့နှင့် အပြိုင်
ထွန်းကားတည်ရှိလျှက် ရှိကြောင်းဖော်ပြချက်ကို
ထိန်ချန်ပြီး၊
အေဒီ ၈၃၂ ခုနှစ်တွင် ပျူနိုင်ငံ ပျူလူမျိုးတို့ မျိုး
သုန်းပျောက်ကွယ် သွားသည်ဟု မမှန်မကန်
ရေးသားခြင်း၊
ဘီစီခေတ်ကတည်းက ထွန်းကားတည်ရှိနေသော
သရေခေတ္တရာ ဗရမ္မာ-ဗမာတို့ကို အေဒီ (၉) ရာစု
တ၀က်ကျိုးခန့် အခါမှ အခြား လူမျိုးများထက်
နောက်ကျစွာ ကျောက်ဆည်ဒေသသို့ ရောက်လာ
သူများဟု လုပ်ဇာတ်ရေးသားခြင်း၊
ဗမာတို့သည် သူများတကာထက် နောက်ကျမှ ရောက်
ရှိလာသူများ ဖြစ်သော်လည်း စစ်တော်တိုင်း၊ စစ်အင်
အားကောင်းတိုင်း အခြားလူမျိုးစုများ နေထိုင်ရာ
နယ်မြေများကို အနော်ရထာမင်းခေတ်တွင် တိုက်ခိုက်
သိမ်းသွင်းပြီး ဗမာနိုင်ငံ စတင်တည်ထောင်သူများဟု
အခြားတိုင်းရင်းသားများက ဗမာတို့ကို အထင်လွဲစိတ်
ဝမ်းကွဲစရာ လုပ်ဇာတ်ရေးသားခဲ့ခြင်း ဟူသော လုစ်၏
လုပ်ရပ်တို့သည်လည်း လုစ်၏ မြန်မာနှင့်ပက်သက်သည့်
အတွင်းစိတ်သဘောထားကို သံသယပွားရာပွားကြောင်း
ဖြစ်စေခဲ့ပါသည်။
အလားတူပင် ရှေးအိန္ဒိယမှ သရေခေတ္တရာကို ဗရမ္မာ-
ဗမာ ဟုသိရှိဖော်ပြခြင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံ
တွေ့ ဗုဒ္ဓ-အသောကခေတ် ဗုဒ္ဓသာသနာရောက်ကြောင်း
အထောက်အထားများဖြစ်သော ဘီစီ ၆ရာစု-၃ ရာစု
ဗြဟ္မီအက္ခရာ စာအရေးအသား အထောက်အထား
များကိုလည်းကောင်း သမိုင်းသဘော သမိုင်းအဓိပ္ပာယ်
ဖွင့်ဆိုဖော်ပြခြင်း မပြုခဲ့သော ချားဒူဂွိုင်ဆယ်၏ အ
တွင်းသဘောသည်လည်း သံသယ ပွားရာပွားကြောင်း
များဖြစ်ပေါ်စေခဲ့ပါသည်။
ခေတ်ပြိုင်အထောက်အထားများ အပေါ်တွင် သစ္စာ
မရှိကြသော ကိုလိုနီခေတ်သမိုင်းပညာရှင်၊ ရှေးဟောင်း
သုတေသနပညာရှင်ဆိုသူတို့ ရေးသားခဲ့ကြသော မြန်
မာလူမျိုးသမိုင်း၊ မြန်မာနိုင်ငံသမိုင်း၊ မြန်မာနိုင်ငံ ဗုဒ္ဓ
သာသနာသမိုင်း ဆိုသည်တို့ကို ခေတ်ပြိုင်အထောက်
အထားများနှင့် မစစ်ဆေးပဲ ယုံကြည် လက်ခံလျှင်
အမှန်သမိုင်းကို သိနိုင်ဖွယ်ရာ မရှိပေ။ ၎င်းတို့ရေး
သားထားသော မြန်မာအကြောင်းစာတမ်းများသည်
နိုင်ငံတကာ စာကြည့်တိုက်များတွင် ပျံ့နှံ့လျှက်ရှိ
သောကြောင့် ယင်းတို့ကို ဖတ်ရှုပြီးမှ မြန်မာနိုင်ငံသို့
ရောက်လာသော နိုင်ငံခြားသားများသည် မြန်မာအ
ကြောင်း၊ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာအကြောင်း၊ ဗုဒ္ဓ-
အသောကခေတ် ဆံတော်ရှင်စေတီများသမိုင်းတို့ကို
အမှန်အတိုင်း သိမြင်နိုင်စွမ်းမရှိကြပါ။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*
မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်း (၃)
------------------------------------
၂။ မြန်မာနိုင်ငံတွင် မည်သည့်အချိန်ကာလမှစတင်၍
လူသားသမိုင်း စတင်ခဲ့ပါသနည်း။
----------------------------------------------------
လူသားဖြစ်ပေါ်လာပုံသမိုင်း နှင့်ပက်သက်၍ မြန်မာနိုင်
ငံတွင် ပရိုင်းမိတ်ခေတ်ကတည်းက ရှေးဦးလူတူသတ္တ၀ါ
တို့နေထိုင်ခဲ့ကြကြောင်းကို ကမ္ဘာ့ပညာရှင်များက သိရှိ
လက်ခံခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင်-
၁။ ပရိုင်းမိတ်ခေတ်
၂။ ကျောက်ကြမ်းခေတ်(အညာသားကျောက်ခေတ်ဦး)
၃။ ကျောက်ချောခေတ် (ကျောက်ခေတ်သစ်)
၎။ ကြေးခေတ်
၅။ သံခေတ်
ဟူ၍ လူသားနေထိုင်မှု့သမိုင်းကို တွေ့ရှိရပါသည်။
အိန္ဒိယဘူမိဗေဒလေ့လာရေးအဖွဲ့မှ မြန်မာနိုင်ငံ ပရိုင်းမိတ်
ကျောက်ဖြစ်ရုပ်ကြွင်းကို မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖန်းကန်
ရွာအနီးတွင် ၁၉၁၄ ခုနှစ်၌ စတင်တွေ့ရှိခဲ့သည်။
မြန်မာနိုင်ငံ မန္တလေးတက္ကသိုလ်၊ ဘူမိဗေဒဌာန မှ ဆရာ
ဦးဘမော်သည် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မိုးကောင်းရွာ
အနီးတွင် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းကို ထပ်မံရှာဖွေ
လေ့လာတွေ့ရှိခဲ့ပြီး နိုင်ငံတကာ ပညာရှင်လောကတွင်
ဂယက်ရိုက်ခဲ့ပါသည်။
၁၉၉၇ ခုနျစ်မှ ၂၀၀၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ ရှေးဟောင်း
သုတေသနနှင့် ပြင်သစ်၊ ဂျပန် ပညာရှင်များ ပူးပေါင်းလေ့
လာမှုပြုကြရာ ပုံဆောင်တောင်တန်းဒေသရှိ မြိုင်မြို့နယ်၊
(ပေါက်ကျစ်ချောင်)၊ မြိုင်မြို့နယ် (ဗလင်းရွာ)၊ ပုလဲမြို့နယ်
(မိုးကောင်းရွာ) များတွင် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း
အထောက်အထားမျိုးစုံကို ခိုင်ခိုင်မာမာ ထပ်မံတွေ့ရှိခဲ့သည်။
ယင်း ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများ၏ သက်တမ်းမှာ
သိပ္ပံနည်းကျ စစ်ဆေးတွေ့၇ှိချက်အရ နှစ်သန်း (၄၀) ရှိပြီဖြစ်
ကြောင်း သိရှိရပါသည်။
*မြန်မာနိုင်ငံကျောက်ကြမ်းခေတ်*
-----------------------------------
စတီးဘုရားသား ရေနံကုမ္ပဏီမှ ဘူမိဗေဒအရာရှိ T.O Morries
သည် မြန်မာနိုင်ငံ ကျောက်ခေတ်နှင့်ပက်သက်၍ ကချင်ပြည်နယ်
နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွေ့ ကျောက်လက်နက်
ကိရိယာများကို လေ့လာသကဲ့သို့ မြန်မာနိုင်ငံ အလယ်ပိုင်းမြစ်
ကမ်းဆင့်များကို အဆင့်(၅)ဆင့်ခွဲ၍ လေ့လာခဲ့သည်။ အဆင့်
့(၃) ကုန်းပြင်မြင့်တွင် ကျောက်ခေတ်ဟောင်း လက်နက်များကို
လည်းကောင်း၊ အဆင့် (၄)တွင် ကျောက်ခေတ်သစ်လက်နက်
များကိုလည်းကောင်း လေ့လာဖော်ထုတ်ခဲ့သည်။
၁၉၃၇-၃၈ ခုနှစ်တွင် အမေရိကန်ပညာရှင်အဖွဲ့သည် မြန်မာ
နိုင်ငံအလယ်ပိုင်းရှိ ကျောက်ခေတ်ဟောင်း ယဉ်ကျေးမှုကို
လေ့လာတွေ့ရှိခဲ့ကြသည်။ ယင်းမြန်မာကျောက်ခေတ်ဟောင်း
ယဉ်ကျေးမှုကို ၎င်းပညာရှင်များက အညာသားယဉ်ကျေးမှု
(Anyathian Culture) ဟူ၍ အမည်ပေးခဲ့ကြသည်။
ယင်း အညာသားကျောက်ခေတ်ဟောင်းလက်နက် ကိရိယာ
များကို -
၁။ မကွေး ငချင်းအောင်မကုန်း
၂။ ချောက်
၃။ ရေနံချောင်း
၎။ စလေ
၅။ ညောင်ဦး
၆။ ၀ါးတောချောင်း
၇။ မင်းဘူး
၈။ ဆီးချိုပင်
၉။ ပုဂံ
၁၀။ ပခုက္ကူ
၁၁။ စဥ့်ကူး
၁၂။ ပေါက်
၁၃။ မကွေး မြသလွန်ဘုရား အရှေ့ဘက်ရှိဒေသများ
၁၄။ မင်းကွန်း
၁၅။ မန္တလေးဝန်းကျင်ဒေသများ
စသည့်ဒေသတို့တွင် လေ့လာတွေ့ရှိခဲ့ကြပါသည်။
ကျောက်ခေတ်ယဉ်ကျေးမှုနှင့် ပက်သက်၍ မြန်မာနိုင်ငံ မြောက်
ဘက်စွန်း ကချင်ပြည်နယ်မှ တောင်ဘက်စွန်း ရေး၊ မြိတ်၊ ထား
ဝယ် အထိ ကျောက်ခေတ်လူသားများ ထွန်းကားနေထိုင်ခဲ့ကြောင်း
ဆရာကြီး ဦးသော်တင့် (ပါမောက္ခ၊ ဘူမိဗေဒဌာန) က မှတ်တမ်း
တင်ခဲ့ပါသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်ရှိ ပြဒါးလင်းဂူကျောက်
ခေတ်ယဉ်ကျေးမှုသည် ကျောက်ကြမ်းခေတ်မှ ကျောက်ချောခေတ်
သို့ ကူးပြောင်းဆဲဖြစ်သော ယဉ်ကျေးမှုဖြစ်စဉ်ဟု တူးဖော်သုတေသ
နပြုခဲ့သော ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်ကြီး ဦးအောင်
သော်က သုံးသပ်ဖော်ပြခဲ့သည်။
*မြန်မာနိုင်ငံကျောက်ခေတ်သစ်*
---------------------------------
မြန်မာနိုင်ငံမြောက်ဘက် နာဂတောင်တန်းများမှ တောင်ဘက်
ထားဝယ်၊ တနင်္သာရီဒေသ ထိလည်းကောင်း၊ အရှေ့ဘက်ကုန်းပြင်
မြင့်မှ အနောက်ဘက် ရခိုင်ဒေသထိလည်းကောင်း ကျောက်ချော
ခေတ် လူနေမှုအထောက်အထားများ အများအပြားတွေ့ရှိရပါသည်။
ကျောက်ချောခေတ် လူနေဒေသများကို -
၁။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြိးမြို့နယ်ပိုင်တောင်ကြီးရွာ ထောက်
မကုန်း၊ ကန္နီမြို့နယ်လည်ရွှေရွာ၊ တောင်မြောက်ရွာ၊ အိုင်တောင်းရွာ၊
သူဌေးကုန်း၊ ဘုတလင်မြို့နယ် ရွှေစာရေးရွာ၊ ကြက်ဖြူကုန်း၊ ချောင်း
ဦးမြို့နယ် နွယ်ခွေရွာ၊ ဒင်္ဂါးကုန်း၊ မုံရွာမြို့နယ် လှည်းဒါးရွာ၊ ဗောဓိ
တစ်ထောင်၊ ကျောက္ကာရွာ၊ အရာတော်မြို့နယ် စပါးတွင်းရွာ၊ ဆိပ်ဖူး
ကြီးရွာ၊ ရွှေဘိုမြို့နယ် ရေရင်းရွာ။
၂။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ခေါင်းပေါင်းရွာ၊ မုဆိုးကုန်း၊ ချိုင်
ဆောက်ရွာ၊ စံဖဲရွာ၊ ရေစကြိုမြို့နယ် ပခန်းကြီးရွာ၊ ကြေးရိုးကုန်း၊
မင်းတုန်းမြို့နယ် ပန်းတောရွာ။
၃။ မန္တလေးတိုင်း တောင်သာမြို့နယ်၊ အင်းတဲရွာအိမ်ကုန်း၊ ကျောက်
ပန်းတောင်းမြို့နယ် ပုပါးဆုံကုန်းရွာ၊ သပိတ်ကျင်းမြို့နယ် ကြဲညပ်ရွာ၊
တကောင်း အမရပူရမြို့နယ် တောင်သမန်၊ ပုသိမ်ကြီးမြို့နယ် တောင်
ကိုင်းရွာ၊ စဥ့်ကိုင်းမြို့နယ် မက္ခရာမြို့ဟောင်း၊ အမရပူရမြို့နယ်တောင်
ပိုင်း။
၎။ ပဲခူးတိုင်း (အနောက်ပိုင်း) ပေါက်ခေါင်းမြို့နယ်၊ တောင်လယ်ရွာ။
၅။ မွန်ပြည်နယ် သထုံ၊ သုဝဏ္ဏဘုမိမြို့ဟောင်း။
၆။ တနင်္သာရီတိုင်း-မြိတ်မြို့နယ်-လယ်ပုတ်ချောင်း၊ သပေါ့လိပ်။ ကြိမ်
ချောင်းရွာ၊ ကြိမ်ချောင်း၊ မော်တုံရွာ မော်တုံ။ တို့သည် ကျောက်ခေတ်
သစ်နေရာဒေသများဖြစ်ကြောင်း “မြန်မာ့ကျောက်ခေတ်သစ်နေရာဒေ
သများနှင့် ကျေးရွာစာရင်း (စန်းဝင်း၊ ဦး)” စာအုပ်တွင် ဖော်ပြပါရှိပါသည်။
ရှေးဟောင်းသုတေသနဌာနမှ တူးဖော်လေ့လာခဲ့သော ကျောက်ခေတ်
သစ်လူနေဒေသများမှာ-
၁။ ဆားလင်းလင်းကြီးမြို့နယ်-ထောက်မကုန်း။
၂။ အမရပူရမြို့နယ်၊ တောင်သမန်အင်းဒေသ။
၃။ ပုသိမ်ကြီးမြို့နယ် ၊ ရွှေစာရံ။
၎။ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်။
၅။ ရေစကြိုမြို့နယ်၊ ပုခန်းကြီးဒေသ၊ ကြေးရိုးကုန်း တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံ ပျူခေတ်ယဉ်ကျေးမှုထွန်းကားခဲ့သော မြို့ဟောင်းကြီးများကို
တူးဖော်လေ့လာရာတွင်လည်း ကျောက်ချောခေတ်လက်နက်ကိရိယာများ
တူးဖော်တွေ့ရှိရကြောင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုအစီရင်
ခံစာများက ဖော်ပြလျက်ရှိကြောင်း သိရှိရပါသည်။
ကျောက်ခေတ်လူနေဒေသတစ်ချို့ကို တူးဖော်လေ့လာရာတွင် -
၁။ ကျောက်ပုဆိန်များ
၂။ ကျောက်ပဲခွပ်များ
၃။ သပ်
၎။ ကျောက်ပြားဝိုင်းများ
၅။ အဆင်တန်ဆာအဖြစ် အ၀ိုင်းပုံ၊ သုံးမြှောင့်ပုံ၊ လေးထောင့်ပုံ
ကျောက်ပြားကွင်းများ
၆။ ကျောက်လက်နက်သွေးခုံ
၇။ ကျောက်လက်ရိုက်များ
၈။ အမင်းတပ်ကျောက်လက်နက်များ
၉။ ကျောက်ကျည်ပွေ့၊ ကြိတ်ဆုံများ
၁၀။ ကျောက်ပုတီးစေ့များ
၁၁။ တိရိစ္ဆာန်အရိုးဖြင့်ပြုလုပ်သော လက်နက်ကိရိယာများ
၁၂။ တိရိစ္ဆာန်အရိုးများ
၁၃။ ဦးချိုများ
၁၄။ လူရုပ်ကလာပ်များ
၁၅။ သံဓါး
၁၆။ အိုးထိန်းစက်လှည့်အိုးများ
၁၇။ မြေထည်ကစားစရာများ
၁၈။ အမိနတ်သမီးရုပ်များ စသည်တို့ကို လေ့လာတွေ့ရှိခဲ့ပါသည်။
*မြန်မာနိုင်ငံ ကြေးခေတ်*
---------------------------
မြန်မာနိုင်ငံရှေးဟောင်းသုတေသနဌာနသည် မြန်မာနိုင်ငံအတွင်း
မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကြေးခေတ်ယဉ်ကျေးမှုကို
၁၉၉၈ ခုနှစ်၌ စနစ်တကျတူးဖော်လေ့လာခဲ့သည်။
အရှေ့တောင်အာရှဆိုင်ရာ ကြေးခေတ်များကျွမ်းကျင်သူ ပညာရှင်
Dr.C.F.W. Hinghan က မြန်မာနိုင်ငံ ညောင်ကန်ဒေသတွင်း တူးဖော်
တွေ့ရှိရသော ကြေးခေတ်အထောက်အထားများအရ ညောင်ကန်ကြေး
ခေတ်ယဉ်ကျေးမှုသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ မှ ၃၀၀၀ အတွင်း
ထွန်းကားခဲ့သော မြန်မာနိုင်ငံညောင်ကန်ကြေးခေတ် ယဉ်ကျေးမှုတစ်
ရပ်ဖြစ်ကြောင်း အတိအလင်းပြောကြားခဲ့သည်။
၂၀၀၁ ခုနှစ်မှစ၍ ပြင်သစ်နိုင်ငံ ဗဟိုအမျိုးသားသိပ္ပံနှင့် သုတေသနဌာန
(National Center of Scientific University in French : CNRS) ပညာ
ရှင်အဖွဲ့သည် တူးဖော်လေ့လာမှုပြုရာတွင် မြန်မာနိုင်ငံရှေးဟောင်း သုတေ
သနဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံကြေးခေတ်ဒေသပေါင်း (၁၆) နေရာကို တူးဖော်လေ့လာခဲ့ပြီး
ယင်းတို့မှာ -
၁။ ဘုတလင်မြို့နယ် - ညောင်ကန်ဒေသ
၂။ ဘုတလင်မြို့နယ် - ပုံထူးဒေသ
၃။ တောင်သာမြို့နယ် - အင်းတဲဒေသ
၎။ မလှို်င်မြို့နယ် - မြင်းဦးလှည့်ဒေသ
၅။ ၀မ်းတွင်းမြို့နယ် - ကုက္ကိုခါးလှဒေသ
၆။ မလှိုင်မြို့နယ် - နှောကန်ဒေသ
၇။ ပျော်ဘွယ်မြို့နယ် - ရွာထင်ကုန်းဒေသ
၈။ ရမည်းသင်းမြို့နယ် - မြို့လှဒေသ
၉။ ပျော်ဘွယ်မြို့နယ် - ဥမင်ဒေသ
၁၀။ ပျော်ဘွယ်မြို့နယ် - ထန်းတစ်ပင်ဒေသ
၁၁။ မိတ္ထီလာမြို့နယ် - ညောင်ကုန်းဒေသ
၁၂။ ပျော်ဘွယ်မြို့နယ် - ထုံးဘိုဒေသ
၁၃။ သာစည်မြို့နယ် - ကန်သစ်ကုန်းဒေသ
၁၄။ မိတ္ထီလာမြို့နယ် - ဖြာရဝေဒေသ
၁၅။ သာစည်မြို့နယ် - ရွာကုန်းကြီးဒေသ
၁၆။ မလှိုင်မြို့နယ် - မြောက်လည်ဒေသ များဖြစ်ကြပါသည်။
အထက်ပါကြေးခေတ်ဒေသ (၁၆)ခုကို တုးဖော်လေ့လာရာတွင်-
ကြေးပုဆိန်၊ ကြေးပဲခွပ်၊ ကြေးလှံသွား၊ ကြေးဓါး၊ ကြေးမြှားသွား၊ကြေး
တူရွန်းငန်းပြား၊ ကြေးခလောက်၊ ကြေးခြူ၊ ကြေးလက်ကောက်၊ ကြေး
ခြေကွင်း၊ ကြေးဆံစွပ်၊ ကြေးလက်စွပ်၊ ကြေးချောင်း၊ ကြေးနန်းစည်း
ထုပ်များ၊ ကြေးပန်းခတ်များ၊ အချောသွေးထားသော ကျောက်ပုဆိန်၊
ကျောက်ပဲခွပ်များ၊ သံဓါး၊ သံလှံ၊ သံတူရွင်းများ၊ သံတံစဉ်ချွန်များ၊
အချောသွေးထားသော (အဆင်တန်ဆာ) အ၀ိုင်းပုံ-သုံးမြှောင့်ပုံ-
လေးထောင့်ပုံ ကျောက်ကွင်းများ၊ ယင်းကျောက်ကွင်းများနှင့် ပုံစံတူ
ဖလ်ကွင်းများ၊ ရောင်စုံကျောက်ပုတီးစေ့များ၊ ဖလ်ပုတီးစေ့များ၊ အိုး
ထိန်းစက်သုံ အိုးများနှင့် အခြားမြေထည် ခွက်ယောက်များ၊ မြေမီးဖုတ်
ချည်ငင်လွန်းဆံများ၊ အ၀တ်ပိတ်သားအစအနများ၊ လူရုပ်ကလာပ်များ၊
တိရိစ္ဆာန်အရိုးများ၊ လိပ်ခွံများ၊ သင်္ချိုင်းကျောက်တိုင် ၁ ခု အစရှိသဖြင့်
တွေ့ရှိခဲ့ပါသည်။
ထူးခြားချက်တစ်ခုအဖြစ် ဥမင်ကြေးခေတ်ဒေသ တူးဖော်လေ့လာရာတွင်
ကျင်းအမှတ် (၄)နှင့် (၅)တို့၌ မြေမီးဖုတ်အုတ်များကို တွေ့ရှိရသည်။ ကျင်း
အမှတ် (၅) အနက် ၈၀ စင်တီမီတာ၊ တတိယမြေလွှာတွင် စပါးခွံပါသော
မြေမီးဖုတ် အုတ်အပိုင်းအစများကို တွေ့ရှိရပါသည်။* ဥမင်ကြေးခေတ်လူ
သားတို့သည် မြေမီးအုတ်ဖုတ်ကို ပြုလုပ်သုံးစွဲကြောင်း တွေ့မြင်ရပါသည်။*
၂၀၀၀ ပြည့်နှစ်အတွင်း ရန်ကုန်မြို့တွင် နိုင်ငံတကာပညာရှင်များ ပါဝင်
လျှက် ကျင်းပခဲ့သည့် မြန်မာ့ကြေးခေတ် သုတေသနဆိုင်ရာ ဆွေးနွေး
ပွဲတွင် ဘုတလင်မြို့နယ်၊ ညောင်ကန်နှင့် မုံထူးဒေသအပါအ၀င် ကြေး
ခေတ်ဒေသများသည် သက်တမ်းအားဖြင့် *ဘီစီ ၁၅၀၀ မှ ၆၀၀ အတွင်း
တည်ရှိမည်ဟု ပညာရှင်တို့မှ ခန့်မှန်းခဲ့ကြပါသည်။
ရေဒီယိုကာဗွန်သက်တမ်းစစ်ဆေးချက်အရ စမုံမြစ်ဝှမ်းမှ ကြေးခေတ်
အထောက်အထား ပစ္စည်းများသည် *ဘီစီ ၇၀၀ မှ ၁၀၀* အတွင်း ကြာ
ရင့်သောသက်တမ်းရှိကြောင်း ပေါ်ပေါက်ခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*
မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်း (၄)
------------------------------------
*ကြေးခေတ်၊ သံခေတ်နှင့် ပျူခေတ်ယဉ်ကျေးမှု သုတေသန
တွေ့ရှိချက်များ*
-------------------------------------------------------------
ကြေးခေတ်သဲလွန်စများ တွေ့ရှိ၍ လောလောဆယ်တူးဖော်လေ့လာ
ခဲ့သော ကြေးခေတ်ဒေသများသည် မြေပြန့်ဒေသများ အထူးသဖြင့်
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ (စမုံမြစ်ဝှမ်းဒေသအတွင်း) ဖြစ်
ောကာင်းတွေ့ရှိရသည်။ ယင်းအပြင် မြန်မာနိုင်ငံအခြားဒေသများမှ
လည်း ကြေးလက်နက်တစ်ချို့ မြေသားအတွင်းမှ တွေ့ရှိကြောင်း
သတင်းများကြားသိရပါသည်။ ဥပမာ - တကောင်းမြစ်ဒေသ၊ ဧရာ
ဝတီမြစ်အတွင်း ပြည်တော်သာကျွန်း၊ ထားဝယ်၊ ရှမ်းပြည်တောင်
ပိုင်းဒေသ အချို့တွင်လည်း ကြေးလက်နက်ကိရိယာများ တွေ့ရှိရ
ကြောင်း ကြားသိရပါသည်။ တောင်ကြီးမြို့ ပအိုင်ပြတိုက်တွင် ကြေး
ထယ်သွားကြီးများ၊ အဖုံးပါကြေးအိုးကြီးများ ပြသထားပါသည်။
ကျောက်လက်နက်နှင့် ကြေးလက်နက်ရောနှောတွေ့ရှိရသော ကြေး
ခေတ်ဒေသများမှာ ညောင်ကန်ဒေသ၊ မုံထူးဒေသ၊ အင်းတဲဒေသ
များဖြစ်ပြီး၊ ကြေးလက်နက်နှင့် သံလက်နက်ရောနှောတွေ့ရှိရသော
ကြေးခေတ်ဒေသများမှာ မြင်းဦးလှည့်၊ ထုံးဘို၊ ကန်သစ်ကုန်း၊ ဖြာ-
ရဝေ၊ မြောက်လည်ကြေး၊ ကုက္ကိုခါးလှ ဒေသများဖြစ်သည်။ ကြေး
ခေတ်နှောင်း သံခေတ်ဦးဒေသများဟု သုံးသပ်ကြသည်။
ကြေးလက်နက်၊ ကျောက်အသုံးအဆောင်နှင့် သံလက်နက်များ
ရောနှောတွေ့ရှိရသော ကြေးခေတ်ဒေသမှာ နှောကန်ကြေးခေတ်
ဒေသ၊ ရွာထင်ကြေးခေတ်ဒေသ၊ ဥမင်ကြေးခေတ်ဒေသများ ဖြစ်
ကြသည်။ ကျောက်ခေတ်-ကြေးခေတ်-သံခေတ် အဆင့်ဆင့်ကူး
ပြောင်းခဲ့သောဒေသများဟု သုံးသပ်ကြသည်။
သံခေတ်ဒေသအဖြစ် မြို့လှ၊ ကျောက်ခေတ်မှ သံခေတ်သို့ကူး
ပြောင်းသွားသောဒေသအဖြစ် တောင်သမန်၊ ရွာကုန်းကြီး၊ ကု
က္ကိုခါးလှ ဒေသများဟု သိရှိရပါသည်။
*အရေးကြီးသော လေ့လာတွေ့ရှိချက်မှာ ကျောက်ခေတ်ယဉ်
ကျေးမှု ကာလများမှတဆင့် ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှု
ကာလများကို ပိုင်ဆိုင် ဖြတ်သန်းခဲ့ကြသော ဒေသခံတို့သည်
ရှေးကတည်းက မြန်မာနိုင်ငံအတွင်းမှာ တည်ရှိခဲ့ကြောင်း၊
ယင်းသူတို့သည် မြန်မာနိုင်ငံပြင်ပမှ ရွှေ့ပြောင်းလာသူများ
မဟုတ်ကြောင်း၊ ယင်းသူတို့သည် မြန်မာနိုင်ငံ ကျောက်ခေတ်
ကတည်းက နေထိုင်လာခဲ့ကြသော မြန်မာနိုင်ငံဘွား ဇာတိ
သားများဖြစ်ကြောင်း ဟူသောအချက်ပင်ဖြစ်သည်။*
သမိုင်းနှင့် ယဉ်ကျေးမှုသဘောသာဝများ ဖြစ်တည်ထွန်းကားဆဲ
ခေတ်တစ်ခေတ်အတွင်းမှာပင် ပြောင်းလဲဖြစ်ပေါ်လာမည့် ခေတ်
သစ်၏ ယဉ်ကျေးမှုလက္ခဏာများ တစ်ဖြည်းဖြည်း ဖြစ်ထွန်းပေါ်
ပေါက်လာခြင်းနှင့် ခေတ်သစ်၏စရိုက်လက္ခဏာများ အားကောင်း
ရှင်သန် ဖွံ့ဖြိုးတိုးပွားလာသောအခါတွင် ခေတ်ဟောင်းမှ စရိုက်
လက္ခဏာများ တစ်စတစ်စ တိမ်ကောပျောက်ကွယ် ချုပ်ငြိမ်းသွား
ခြင်းတို့ဖြစ်သည်။ ခေတ်နှစ်ခေတ်၏ အကူးအပြောင်းကာလတွင်မူ
အဆိုပါခေတ်နှစ်ခေတ်၏ ယဉ်ကျေးမှုစရိုက်လက္ခဏာ နှစ်မျိုးကို
အတူယှဉ်တွဲ ဖြစ်ထွန်းနေလေ့ရှိကာ ခေတ်ခြင်းမတူသော အ
ထောက်အထားပစ္စည်း နှစ်မျိုးလုံးကို အတူယှဉ်တွဲတွေ့ရလေ့
ရှိသည်။
မြန်မာနိုင်ငံကြေးခေတ် ယဉ်ကျေးမှုဒေသများကို တူးဖော်လေ့လာ
ကြည့်သောအခါ ကြေးခေတ်ရှေ့မှ ထွန်းကားခဲ့သော ကျောက်
ခေတ်သစ်အထောက်အထားများကိုလည်းကောင်း၊ ကြေးခေတ်
နောက်မှဖြစ်ထွန်းမည့် သံခေတ်အထောက်အထားများကို လည်း
ကောင်း အတူယှဉ်တွဲလျှက် တွေ့ရှိရသော ကြေးခေတ်ဒေသများ
ဖြစ်ပါသည်။ ယင်းအချက်မှာ *ပရိုင်းမိတ်မှစတင်ကာ မြန်မာနိုင်ငံ
ရှေးဦးလူသားတို့၏ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ခေတ်
စဉ်မပြတ် ဆက်စပ်ဖွံ့ဖြိုးထွန်းကားခဲ့ပုံ (၀ါ) မြန်မာ့လူသားယဉ်ကျေး
မှု၏ ခေတ်စဉ်မပြတ်ဆက်စပ်ဖွံ့ဖြိုးထွန်းကားခဲ့ပုံကို သမိုင်းတန်ဖိုး
ကြီးစွာ တွေ့ရမြင်ရသည့် ဖြစ်ရပ်သာဓကများဖြစ်ပါသည်။*
သံခေတ်ယဉ်ကျေးမှုဒေသများကို မြန်မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းကုန်း
ပြင်မြင့်နှင့် ပဲခူးရိုးမကြားရှိ စမုံမြစ်ဝှမ်းလွင်ပြင်တစ်လျှောက် တွေ့ရှိ
ထားပါသည်။ မိတ္ထီလာခရိုင်အတွင်းရှိ ကုက္ကိုခါးလှ၊ မြင်းဦးလှည့်၊
ရွာထင်ကုန်း၊ ဥမင်၊ ကန်သစ်ကုန်းဒေသများ၊ မြင်းခြံခရိုင်အတွင်းရှိ
အင်းတဲ၊ ရမည်းသင်းခရိုင်အတွင်းရှိ မြို့လှ၊ သာဂရ စသည့်ဒေသ
များတွင် သံခေတ်လူ့အဖွဲ့အစည်းများ အခြေချနေထိုင်ခဲ့မှုနှင့် ယင်း
တို့၏ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများကို တွေ့ရှိခဲ့ပြီးဖြစ်
ပါသည်။
အဆိုပါ သံခေတ်ယဉ်ကျေးမှုအထောက်အထားများနှင့် ပျူခေတ်ဦး
ဒေသများဖြစ်သည့် ဗိဿနိုး၊ ဟန်လင်း၊ ပင်လယ် ဒေသတို့တွင်
တွေ့ရှိရသော အထောက်အထားများသည် တစ်ခုနှင့်တစ်ခု တစ်
နေရာနှင့်တစ်နေရာ ယဉ်ကျေးမှုခြင်း ဆက်နွယ်လျှက်ရှိကြောင်း
အထင်အရှားတွေ့မြင်ရပါသည်။
ပမာအားဖြင့်ဆိုသော် -
ပျူခေတ်၏ နေ့စဉ်အသုံးအဆောင် ပစ္စည်းများဖြစ်သော အိုးခွက်
များ၏ ပုံပန်းသဏ္ဍန်များ သုံးစွဲမှုတူညီမှုရှိခြင်း၊ ကုန်ထုတ်ကိရိယာ
များနှင့် ကာကွယ်ရေးလက်နက်ပစ္စည်းများ ပုံသ္ဌန်တူညီမှု ရှိနေ
ခြင်း၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မဟာ
ယနဗုဒ္ဓဘာသာ ရုတ်တုများ ဆက်စပ်တူညီနေမှုရှိနေခြင်း စသည့်
ယဉ်ကျေးမှု ဆက်နွယ်ဆင်တူမှုကို လေ့လာတွေ့မြင်နေရပါသည်။
ခေတ်မတူသော်လည်း ရှေးဟောင်းဝတ္တုပစ္စည်းခြင်း ဆက်နွယ်
ဆင်တူမှု (၀ါ) ဆက်စပ်မှုရှိခြင်းသည် လူ့အဖွဲ့အစည်းတစ်ခု၏
ယဉ်ကျေးမှုဆိုင်ရာ၊ ဓလေ့ဆိုင်ရာ အဆင့်ဆင့်ဆက်ခံလာမှုရှိ
ခြင်းကို ဖော်ပြနေခြင်း ဖြစ်ပါသည်။ အဆိုပါဆက်နွယ်မှု အ
ထောက်အထားများအပေါ် အခြေခံ၍ *ရှေးဦး သံခေတ်လူ့
အဖွဲ့အစည်မှ တစ်ဆင့် ပျူယဉ်ကျေးမှုအခြေခံများ ပေါ်ပေါက်
လာသည်ဟု လေ့လာတွေ့ရှိရပါသည်။*
*ရှေးဟောင်းသုတေသန ဌာနအတွင်းမှပညာရှင်များ၊ ပြင်ပ
ပညာရှင် ဦးဝင်းမောင် (တမ္ပ၀တီ)၊ သြစတြေးလျနိုင်ငံ ဆစ်
ဒနီတက္ကသိုလ်မှ Phd ဘော့ဟတ်ဆင် (Phd.Bob Hadson)၊
အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ခ်ျတက္ကသိုလ်မှ ဂျက်နက်စတားဂတ်
(Phd. Janic Star Gard)၊ လန်ဒန်တက္ကသိုလ်မှ Phd အဲလစ်
ဇဘက်မိုး (Phd.Elizabeth Moor) တို့က ပျူယဉ်ကျေးမှု မြစ်
ဖျားခံရာသည် စမုံမြစ်ဝှမ်းရှိ သံခေတ်ဒေသများ ဖြစ်သည် ဟု
အဆိုပြုခဲ့ကြပါသည်။
ဂျက်နက်စတားဂတ် (Phd. Janic Star Gard) သည် သူ၏
(The Ancient Pyu of Burma) သမိုင်းကျမ်းကြီးတွင်
“ပျူတို့သည် သူတို့၏ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ
ဟူသော မြို့ကြီး(၃)မြို့ကို ထူထောင်နိုင်ရန်မှာ (အနည်းဆုံး)
ဘီစီ ၁၀၀၀ ၀န်းကျင်ကတည်းက စိုက်ပျိုးရေး၊ မွေးမြူရေး
လုပ်ငန်းများ လုပ်ကိုင်လျှက် ရွာပေါင်းမြောက်မြားစွာ ပေါ်
ထွန်းခဲ့ပြီး ဖြစ်မည်” ဟု သုံးသပ်ပြောဆိုပါသည်။
စမုံမြစ်ဝှမ်းကြေးခေတ်ယဉ်ကျေးမှု လူနေဒေသများ
(ဘီစီ ၇၀၀-၄၀၀)တို့ကို တူးဖော်လေ့လာတွေ့ရှိခြင်း၊ ကြေး
ခေတ်နှောင်း သံခေတ်ဦးရွာများကို တူးဖော်လေ့လာတွေ့ရှိ
ခြင်းများသည် ဂျက်နက်စတားဂတ်၏ မြော်မြင်သုံးသပ်ပြော
ဆိုချက်ကို ထောက်ခံလျှက် ရှိပါသည်။
ရှေးဟောင်းသုတေသနဌာနမှ ဟန်လင်းမြို့ဟောင်း တူးဖော်
ကုန်းအမှတ် (၃၀)ကို တူးဖော်လေ့လာရာတွင် မြေအနက် ၁၀
ပေ-၁၂ ပေတွင် ကျောက်ချောခေတ်၊ ယင်းအထက် ၁၀ပေ
ခန့်တွင် ကြေးခေတ်၊ ယင်းအထက်တွင် သံခေတ်၊ သံခေတ်
အထက်တွင် ပျူခေတ်၊ အပေါ်ယံတွင် ယခုခေတ် အသုံးအ
ဆောင်များ တွေ့ရှိခဲ့ရာ မြန်မာနိုင်ငံ၌ လူသားတို့သည်
ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် တစ်ခုမှနောက်တစ်
ခုသို့ တိုးတက်ဖွံ့ဖြိုးကာ ဤနေရာ ဤဒေသတွင်ပင် တစ်
ဆက်တည်း နေထိုင်ခဲ့ကြကြောင်း ထင်ရှားခိုင်မာစွာ ပေါ်
ပေါက်တွေ့ရှိရသော သက်သေသာဓကများပင် ဖြစ်ပါ
သည်။ ထိုသို့ အစဉ်တစ်စိုက် အခြေချနေထိုင်ခဲ့ကြသူ
များမှာ အခြားသူများမဟုတ်ပျူလူမျိုးတို့ပင် ဖြစ်ကြောင်း
လေ့လာတွေ့မြင်ရပါသည်။
ဟန်လင်းမြို့ဟောင်း တူးဖော်ကုန်းတွင် ကျောက်တည်
လက်စ (Semi Fossil) လူရုပ်ကလာပ်များကို တွေ့ရှိခဲ့
ပါသည်။ ကျောက်ဖြစ်ရုပ်ကြွင်း ဘူမိဗေဒပညာအရ ထို
ရုပ်ကလာပ်များသည် အနည်းဆုံး သက်တမ်း အနှစ်
(၄၅၀၀ မှ ၅၀၀၀)ခန့်ရှိကြောင်း သိရပါသည်။ သို့ဖြစ်
ရကား ဟန်လင်းပျူလူနေဒေသသည် အနည်းဆုံး
အနှစ် (၄၅၀၀ မှ ၅၀၀၀)ကြား သက်တမ်းရှိနေပြီဖြစ်
ကြောင်း တွေ့ရပါသည်။
ဤကမ္ဘာတွင် “လူမျိုး၏အစကား ပျူ ၊ မြစ်၏အစကား
ဧရာဝတီ ၊ ပြည်၏အစကား ဟံသာဝတီ ဟန်လင်းပြည်”
ဟု ဖော်ပြမှတ်တမ်းတင်ခဲ့သော ရှေးမြန်မာ ခေါ် ပျူတို့၏
ဟန်လင်းရာဇ၀င်လာ မှတ်တမ်းစကားသည် တော်ရမ်း
မယ်ဘွဲ့စကားမျိုးမဟုတ်ကြောင်း ဗုဒ္ဓမပွင့်ခင် နှစ်ထောင်
ပေါင်းများစွာ အကြာက ဗရမ္မာ ခေါ် ပျူလူမျိုးတို့သည်
ဟံသာဝတီ ဟန်လင်းပြည်ကြီးကို တည်ထောင်နေထိုင်
ခဲ့ဖူးကြောင်း ဖော်ပြထားသော ဟန်လင်းရာဇ၀င် နှင့်
စေတိယကထာ ခေါ် ရာဇ၀င်ချုပ်တို့၏ မှတ်တမ်းစကား
များ မမှားကြောင်း၊ မှန်ကန်ကြောင်းတို့ကို ဟန်လင်းမြို့
ဟောင်း ပျူသင်္ချိုင်းတွေ့ နှစ် ၄၅၀၀-၅၀၀၀ ရှေးလူရုပ်
ကလာပ်တို့က သက်သေတည်နေသည်ဟု ဆိုလျှင်
လွန်အံ့မည်မထင်ပါ။
ယင်း ဟန်လင်းပျူသင်္ချိုင်း၏ အောက်ခြေ ပေ ၁၉ပေ-
ပေ ၂၀ အနက်တွင် ရှိသော ကမ္ဘာ့ကျောက်သား အပေါ်ယံ
မျက်နှာပြင်နှင့် ကပ်လျက်တွင် အစောဆုံးဟန်လင်းလူသား
ရုပ်ကလာပ်ကို မြုပ်နှံတည်ရှိလျှက် ရှိပါသည်။ ယင်းရုပ်က
လာပ်ရှင်လူသားတို့ မကွယ်လွန်မှီ ရှင်သန်နေထိုင်စဉ်ကာလ
ဟန်လင်းဒေသသည် လွန်းခဲ့သော နှစ် ၅၀၀၀ ခန့်က ဟန်
လင်းကျောက်ချောခေတ်၏ ပထမဦးဆုံး လူနေဒေသဟု
ယူဆရန် အကြောင်းတရားရှိပါသည်။ တစ်နည်းဆိုရသော်
ဟန်လင်းပျူသင်္ချိုင်း၏ အနက်ဆုံးအောက်ခြေမှ ရုပ်ကလာပ်
များ၏ပိုင်ရှင် ကျောက်ချောခေတ်လူသားများသည် ဟန်လင်း
ကျောက်ချောခေတ် လူနေဒေသတွင် ပထမဦးဆုံး အခြေချ
နေထိုင်ခဲ့သူများ ဖြစ်ကြောင်း သိသာထင်ရှားနေပေသည်။
၂၀ ရာစုအစပိုင်း ကိုလိုနီခေတ်တွင် အိန္ဒိယဘူမိဗေဒလေ့
လာရေးအဖွဲ့သည် မြန်မာနိုင်ငံ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်
ကြွင်းကို မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖန်းကန်ရွာ အနီး၌
၁၉၁၄ ခုနှစ်ကတည်းက စတင်တွေ့ရှိခဲ့ပါသည်။ ၁၉၃၇-၃၈
ခုနှစ်တွင် ဒေါက်တာဒီတားရားနှင့် ဒေါက်တာမိုးဗီးယက်တို့
ခေါင်းဆောင်သော အမေရိကန်ပညာရှင်အဖွဲ့သည် မြန်မာ
နိုင်ငံအလယ်ပိုင်းဒေသ၌ မြန်မာကျောက်ခေတ်ဟောင်းယဉ်
ကျေးမှု ခေါ် အညာသားကျောက်ကြမ်းခေတ် ယဉ်ကျေးမှု
အထောက်အထားများကို တွေ့ရှိဖော်ထုတ်ခဲ့ကြပါသည်။
ကိုလိုနီခေတ်တွင်ပင် မြန်မာနိုင်ငံအတွင်း ကျောက်ချော
လက်နက်များ၊ ကြေးလက်နက်များ စတင်တွေ့ရှိနေပြီဖြစ်
ပါသည်။ သို့သော်လည်း ကိုလိုနီခေတ်သမိုင်းဆရာတို့သည်
မြန်မာနိုင်ငံ ကျောက်ခေတ်၊ ကြေးခေတ်လူသားများသည်
ယနေ့ခေတ် မည်သူတွေဖြစ်လာသနည်း ဆိုသော သမိုင်း
အချက်ကို လေ့လာစူးစမ်းရန် သတိလစ်ခဲ့ကြပြီး အာရှအ
လယ်ပိုင်းလွင်ပြင်မှ ယူနန်ကိုဖြတ်၍ ရှေးခေတ်မြန်မာနိုင်
ငံအတွင်းသို့ တစ်ဖြည်းဖြည်းရွှေ့ပြောင်းဝင်ရောက်လာ
သော ပြင်ပလူမျိုးစုများ အကြောင်းကိုသာ အလေးပေး
ပြောဆို ရေးသားမှုများ ပြုခဲ့ကြပါသည်။ လူမျိုးများရွှေ့
ပြောင်းနေထိုင်မှု အယူအဆကိုသာ ဆုပ်ကိုင်လျှက် အ
လုပ်လုပ်ခဲ့ကြသည်။ ရှေးခေတ်မြန်မာနိုင်ငံတွင်းသို့ မည်
သည့်လူမျိုးစုတို့သည် မည်သည့်မြစ်လမ်းကြောင်းမှ ဘယ်
အချိန်ရာစုခန့်တွင် ၀င်ရောက်လာခြင်းဖြစ်မည် ထင်ကြောင်း
ဖြင့် အထောက်အထားမရှိသော မှန်းဆချက် (Conjecture)
များ ဖန်တီးရေးသားခဲ့ကြပါသည်။
ဥပမာအားဖြင့်ဆိုရသော် ဂျီအိပ်ခ်လုစ်သည် ရှေးခေတ်မြန်မာ
နိုင်ငံအတွင်းသို့ အစောဆုံးဝင်ရောက်လာသူတို့မှာ မွန်နှင့်
လ၀ များဟု ထင်မြင်ယူဆကြောင်း၊ မွန် နှင့် လ၀ တို့သည်
လွန်ခဲ့သော နှစ်ပေါင်း (၄၀၀၀)၀န်းကျင်၊ ဘီစီ (၂၀၀၀)ခန့်
တွင် ယင်းသို့ဝင်ရောက်လာခြင်းဖြစ်မည်ဟု အလွတ်သဘော
မှန်းဆခဲ့သည်။ အလွတ်သဘော မှန်းဆပြောဆိုခြင်း ဆိုသည်
မှာ အထောက်အထား မပြနိုင်သော ထင်ကြေးစကား၊
အထောက်အထားမရှိသော စိတ်ထင် ရောရမ်း မှန်းဆချက်
စကား သက်သက်မျှပင် ဖြစ်သည်။ မွန်တို့ ရှေးခေတ်မြန်မာ
နိုင်ငံတွင်းသို့ မည်သည့်ခုနှစ်တွင် စတင်ရွှေ့ပြောင်းဝင်
ရောက်လာသည် ဆိုသည်ကို အထောက်အထားဖြင့်သက်
သေပြရန် ကျန်ရှိနေပါသည်။
သို့သော် ဟန်လင်းပျူသင်္ချိုင်းတွေ့ လွန်ခဲ့သော နှစ် ၅၀၀၀
ကျောက်တည်လက်စလူရုပ်ကလာပ်တို့က လုစ်၏အထက်ပါ
အထောက်အထားမဲ့ ထင်ကြေးစကား မှားနေကြောင်း၊ မွန်
လ၀ တို့ရွှေ့ပြောင်းမလာမှီကတည်းက မြန်မာနိုင်ငံတွင်အ
စောဆုံးနေထိုင်သူတို့မှာ ပရိုင်းမိတ်ခေတ်-ကျောက်ခေတ်ဦး
ခေတ်-ကျောက်ခေတ်လယ်ခေတ် တို့မှ ဆင်းသက်လာသော
ဟန်လင်းကျောက်ခေတ်သစ် (ခေါ်) ကျောက်ချောခေတ်လူ
သားများရှိနေကြောင်းကို အကောင်အထည် ထင်ရှားစွာဖြင့်
သက်သေတည်လျှက်ရှိပါသည်။
ပြဒါးလင်းဂူကျောက်ခေတ်ဟောင်းမှ ကျောက်ခေတ်သစ်သို့
ကူးပြောင်းဆဲခေတ် အထောက်အထားများ၏ ကာဗွန်သက်
တမ်းမှာ လွန်ခဲ့သောနှစ် (၁၃၄၀၀ မှ ၆၆၇၀) ခုနှစ်အတွင်း
ဖြစ်သည်။ မြန်မာနိုင်ငံ ကျောက်ခေတ်သစ် ထွန်းကားခဲ့ချိန်
သည် လွန်ခဲ့သော နှစ် (၆၅၀၀ မှ ၂၈၀၀) ကြားဖြစ်သည်ဟု
ဆိုကြပါသည်။ ဘူမိဗေဒဌာနမှ ဆရာဦးဘမော်သည် ၁၉၇၈
ခုနှစ်တွင် ချောင်းဦးမြို့နယ်၊ နွယ်ခွေရွာ၏ အနောက်မြောက်
(၁)မိုင်ခွဲခန့်အကွာ ရွှေမြင်တင် တောင်တန်းတောင်ဘက်စွန်း
ဒင်္ဂါးကုန်းတည်နေရာမှ လွန်ခဲ့သောနှစ် (၃)သိန်းက နွယ်ခွေ
လူသား(မြန်မာလူ) ၏ ဘယ်ဘက်အံသွား ၂ ချောင်းနှင့်
မေးရိုးကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံအ
လယ်ပိုင်း နေရာပေါင်း (၂၅)နေရာခန့်မှ ရှာဖွေတွေ့ရှိ ခဲ့ကြ
ပါသည်။
*လွန်ခဲ့သောနှစ် (၆၅၀၀) ကျောက်ခေတ်သစ်မှ ဖွံ့ဖြိုး
ဖြစ်ပေါ်လာသော ပျု (ခေါ်) မြန်မာတို့သည် မြန်မာနိုင်ငံ
အတွင်း ရှေးဦးလူသားများနှင့် မြန်မာနိုင်ငံသား ဇာတိ
သားများအဖြစ် ကျောက်ချောခေတ်ရွာများ၊ ကြေးခေတ်
ရွာများ တည်ဆောက်ကာမည်သည့် “မွန် ၊ လ၀”မှ
ရွှေ့ပြောင်းမလာခင်ကတည်းက ဦးစွာပထမ နေထိုင်
လျှက် ရှိပါသည်။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်* (
မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်း (၅)
-------------------------------------
၃။ ဗုဒ္ဓ-အသောက ခေတ်ပြိုင်မြန်မာနိုင်ငံတွင် မည်သည့်
လူသားခေတ် လူနေဒေသများထွန်းကားတည်ရှိခဲ့ပါသနည်း။
------------------------------------------------------------
ဗုဒ္ဓ-အသောကခေတ်သည် ဘီစီ ၆ ရာစု - ၃ ရာစု လွန်ခဲ့သော
နှစ် (၂၆၀၀-၂၃၀၀) ကာလဖြစ်ပါသည်။ ယင်းကာလ ခေတ်ပြိုင်
မြန်မာနိုင်ငံတွင် ကြေးခေတ်နှောင်း-သံခေတ်ဦး လူနေဒေသ
များ (ဘီစီ ၇၀၀-၄၀၀)၊ သံခေတ်လူနေဒေသများ (ဘီစီ-၄၀၀)၊
ကျောက်ခေတ်နှောင်းမှ သံခေတ်ဦးသို့ ကူးပြောင်းသော လူနေ
ဒေသများ (ဘီစီ ၇၀၀)၊ ပျူခေတ်လူနေဒေသများ ထွန်းကား
တည်ရှိနေပါသည်။
အဆိုပါ မြန်မာနိုင်ငံလူနေဒေသများသည် ကျောက်ကြမ်းခေတ်
(ခေါ်) မုဆိုးခေတ်ကို ကျော်လွန်ခဲ့ပြီး ရပ်ရွာများ တည်ထောင်
ကာ အခြေတကျနေထိုင်သောခေတ်၊ အဆင်တန်ဆာအနုပညာ
များ၊ အိုးထိန်းစက်များ၊ ချည်ငင်ယက္ကန်းယက်ခြင်းများ၊ စိုက်ပျိုး
မွေးမြူရေးလုပ်ငန်းများ၊ အကြီးအကဲတင်မြှောက်သော ဓလေ့
များ ထွန်းကားနေပြီးသော ခေတ်များလည်း ဖြစ်ပါသည်။
ဥမင်ကြေးခေတ်ဒေသတွင်မြေမီးဖုတ်အုတ်များ သုံးစွဲနေကြပြီ
ဖြစ်သည်။ ယင်းဒေသတွင် စပါးခွံပါအုတ်များကိုပါ တွေ့ရှိရသည်။
ယင်းအပြင် ဗုဒ္ဓ-အသောကခေတ်ပြိုင် မြန်မာနိုင်ငံတွင် ဗုဒ္ဓ-
အသောကခေတ် ဗြဟ္မီအက္ခရာစာ တတ်မြောက်သုံးစွဲသော
လူ့အဖွဲ့အစည်းများ၏ လူနေဒေသ အများအပြားရှိကြောင်း
လည်း လေ့လာတွေ့မြင်ရပါသည်။
မဇ္ဈိမဒေသ (ဘီစီ ၈ ရာစု- ၃ ရာစု သုံး ဗြဟ္မီအက္ခရာများ တွေ့
ရှိရသောရပ်ရွာဒေသများမှာ)
၁။ အင်းတော်ကြီး ၂။ မိုးညှင်း
၃။ တကောင်း ၄။ ဟန်လင်း
၅။ ရှိမ်းမကား ၆။ စစ်ကိုင်း
၇။ အင်းဝ ၈။ မန္တလေး
၉။ မက္ခရာ ၁၀။ မြစ်သားသပြေကုန်း
၁၁။ မိုင်းမော(ကျောက်ဆည်) ၁၂။ ပုဂံ
၁၃။ ညောင်ဦး ၁၄။ မကွေး
၁၅။ ဗိဿနိုး ၁၆။ သရေခေတ္တရာ
၁၇။ ပန်းတောင်း ၁၈။ ကျီးသည်း
၁၉။ ရွှေတောင် ၂၀။ သာယာဝတီမြို့ပောင်း
၂၁။ အင်္ဂပူမြို့ဟောင်း ၂၂။ ပဲခူး
၂၃။ ထုံးကြီး ၂၄။ အင်းတကော်
၂၅။ လှည်းကူး ၂၆။ ရန်ကုန်
၂၇။ ပေါက္ခရ၀တီ ၂၈။ ဒလ (တွံတေး)
၂၉။ ကွမ်းခြံကုန်း ၃၀။ ကျိုက်ထို
၃၁။ ဘီးလင်း ၃၂။ သထုံ
၃၃။ ပေါင် ၃၄။ မုတ္တမ
၃၅။ ကျိုက်မရော ၃၆။ ကော့ကရိတ်
၃၇။ မော်လမြိုင် ၃၈။ မုဒုံ
၃၉။ ဘီလူးကျွန်း ၄၀။ ထားဝယ်
၄၁။ မြိတ် ၄၂။ မွေတော်ကက္ကူ
၄၃။ ဓည၀တီ ၄၄။ တောင်ကုတ်
ခြုံ၍ ဆိုရသော် ဗုဒ္ဓခေတ်-အသောကခေတ်ပြိုင် မြန်မာနိုင်ငံတွင်
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ချည်ငင်ယက်
လုပ်ခြင်း၊ အိုးထိန်းစက်သုံးစွဲခြင်း၊ ကြေးသတ္တု၊ သံသတ္တုကြိုချက်
ခြင်း၊ ဖလ်ကိုကြိုချက်ခြင်း၊ မြေမီးဖုတ်အိုးများ ပြုလုပ်ခြင်း၊ အကြီး
အကဲကိုတင်မြှောက်ပြီး အခြေတကျရပ်ရွာ တည်ထောင်နေခြင်း၊
ရွှေကိုအသုံးပြုခြင်း၊ အ၀ါ၊ အပြာ၊ အစိမ်း၊ အဖြူနက်ကျား၊ အညို
ရောင်စုံ ကျောက်ပုတီးစေ့များ ပြုလုပ်ခြင်း၊ ဖလ်ပုတီးစေ့များ၊ ဖလ်
ကွင်းများ ပြုလုပ်သုံးစွဲခြင်း၊ အနုပညာဒီဇိုင်းများ ဖန်တီးသုံးစွဲခြင်း၊
ဘီစီ ၆ ရာစု- ၃ ရာစု ဗြဟ္မီအက္ခရာများ သုံးစွဲရေးထိုးခြင်း၊ သင်္ချိုင်း
နေရာသတ်မှတ်ပြီး ကွယ်လွန်သူတို့ကို စနစ်တကျ မြှုပ်နှံခြင်း အစ
ရှသော ယဉ်ကျေးမှုလက္ခဏာများပါရှိသော အဆင့်မြင့်ယဉ်ကျေးမှု
လူ့အဖွဲ့အစည်းများ ထွန်းကားတည်ရှိ နေပါသည်။
၎။မေးခွန်း (၃)၏ ဖြေကြားချက်တွင် ဖော်ထုတ်တင်ပြခဲ့သော ဗုဒ္ဓ
ခေတ်-အသောကခေတ်ပြိုင် မြန်မာနိုင်ငံတွင်း ဘီစီ ၆ ရာစု-၃ရာစု
ဗြဟ္မီအက္ခရာများ သုံးစွဲမှုထင်ရှားစွာတွေ့ရသော လူနေရပ်ရွာများ
နှင့် ကြေးခေတ်-သံခေတ် လူနေဒေသတစ်ချို့တွင် ပျူယဉ်ကျေး
မှုအထောက်အထားများကို ထင်ရှားစွာပူးတွဲတွေ့မြင်ရပါသည်။
ဓည၀တီနှင့် တောင်ကုတ်မှအပ ဗြဟ္မီအက္ခရာများတွေ့မြင်ရ
သော ဒေသတိုင်းတွင် ပျူအက္ခရာများနှင့် ပျူယဉ်ကျေးမှု အ
ထောက်အထားများကို ပူးတွဲတွေ့မြင်ရသည်မှာ အနော်ရထာ
မင်း (အေဒီ ၁၀)ရာစုမတိုင်ခင် ရျေးဟောင်းခေတ် မြန်မာနိုင်ငံ
၏ သတိပြုစရာထူးခြားချက်တစ်ခုဖြစ်ပါသည်။
ဓည၀တီနှင့် တောင်ကုပ်တို့တွင် ပျူယဉ်ကျေးမှုအထောက်အ
ထားများ အများအပြား မတွေ့ရှိရသေးသော်လည်း ဘီစီ (၆-၃)
ရာစု ဗြဟ္မီအက္ခရာ စာအရေးအသားများကို တွေ့မြင်ရပြီး ရခိုင်
ပြည်နယ်ဒေသတွင်း သံတွဲမြို့နယ်တွင် သာလူချောင်း (ခေါ်)
စလူချောင်း ပျူကျောက်စာကို တွေ့ရှိထားပါသည်။
ဗြဟ္မီအက္ခရာများတွေ့မြင်ရသော အခြားဒေသ (၄၄)နယ်တွင်
ပျူခေတ်ဗုဒ္ဓရုပ်ပွားတော်များ ၊ ပျူခေတ်အုတ်ခွက်ဘုရားများ ၊
ပျူခေတ်စေတီများ ၊ ပျူခေတ်လှိုဏ်ဘုရားများ ၊ ပျူခေတ်သိမ်များ၊
ပျူခေတ်ဘုရားအရံ မြို့ရိုးတံတိုင်းများ၊ ပျူခေတ်အုတ်ရေကန် ၊
ပျူခေတ်အုတ်ရေတွင်း ၊ ပျူခေတ် အုတ်လှေကား ၊ ပျူခေတ် အုတ်
ကုန်းများ၊ ပျူခေတ်စဥ့်ဖိုများ၊ ပျူခေတ်စဥ့်ထည်များ၊ ပျူခေတ်
စဥ့်ဖိုများ၊ ပျူခေတ်ရွှေပေချပ်များ၊ ပျူပုတီးစေ့များ၊ ပျူဒင်္ဂါးဖိုများ၊
ပျူဒင်္ဂါးများ(ပဲ၊ဖတ်၊ဖူး၊ကျပ်)၊ ပျူဆေးတံများ၊ ပျူရွှေထည်ပစ္စည်း
များ၊ ပျူခေတ်အလေးတုံးများ၊ ပျူဆေးတံများ၊ ပျူကြေးလက်
ကောက်များ၊ ပျူကြေးချူများ၊ ပျူရွှေလက်ကြပ်များ၊ ပျူကြေး
လက်စွပ်၊ ပျူရွှေလက်စွပ် / ငွေလက်စွပ် / ကြေးလက်စွပ်များ၊
ပျူခေတ်အိုးများ၊ ပျူရွှေပြားစာ၊ ပျူအက္ခရာအုတ်ခဲစာ၊ ပျူအက္ခ
ရာစဥ့်စာ၊ ပျူအက္ခရာ ကြေးစာ၊ ပျူကျောက်စာ၊ ပျူကျောက်အ
ရိုးအိုးစာ၊ ပျူဂဏန်းများ၊ ပျူအရိုးအိုးများ၊ ပျူလက်စင်းအုတ်များ၊
ပျူစပါးခွံအုတ်များ၊ ပျုသင်္ချိုင်းများ အစရှိသော ပျူလူမျိုးတို့၏
ပျူယဉ်ကျေးမှုပစ္စည်းများ အနည်းနှင့်အများ ဆိုသလို တွေ့မြင်
ရပါသည်။
ဗြဟ္မီအက္ခရာများ တွေ့မြင်ရသကဲ့သို့ ပျူခေတ်ယဉ်ကျေးမှု အ
ထောက်အထားများ တွေ့မြင်ရသော အထက်ဖော်ပြပါ (၄၄)
နယ်တွင် အင်းတော်ကြီး၊ မိုးညှင်း၊ မွေတော်ကက္ကူ၊ ဒလ၊ ပါဒ၊
လှည်းကူး၊ ပဲခူး၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ မုတ္တမ၊ မော်
လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ဘီလူးကျွန်း၊ ကော့ကရိတ်၊ ထားဝယ်၊
မြိတ် မြို့နယ်များပါဝင်ပါသည်။ ယင်းနယ်များတွင် ဗုဒ္ဓခေတ် (ဘီ
စီ ၆)ရာစုနှင့် ပုဂံမင်း အနော်ရထာ (အေဒီ ၁၀၄၄) တို့ကြားကာလ
တွင် အခြားလူမျိုးယဉ်ကျေးမှု အထောက်အထားများ ယနေ့တိုင်
တွေ့မြင်ရခြင်းမရှိသေးပဲ ပျူယဉ်ကျေးမှု အထောက်အထားများ
ကိုမူ အထင်အရှားတွေ့မြင်ရပါသည်။
ဗုဒ္ဓကာလခေတ်ပြိုင် မြန်မာနိုင်ငံရှိ ပျူမြို့ပြနိုင်ငံများတွင် ပျူပြည်
ထောင် ၁၂ ပြည်ထောင်ကို ပျူရာဇ၀င် ၁၂ စောင်တွဲတွင် အောက်
ပါအတိုင်း ဖော်ပြထားပါသည်။
၁။ အေလိုပျူ (တကောင်း၊ ငဆောင်ချမ်း)
၂။ ဟန်လင်းပျူ (ဟန်လင်း)
၃။ ကချင်ပျူ (ငမန္တာ ၊ မိုးကောင်း)
၎။ ချင်းပျူ (ဖလမ်း ၊ တီးတိန်)
၅။ အစီရီပျူ (ဓည၀တီမြို့တော်)
၆။ မြန်မာပျူ ( တောင်တွင်းဂေး၊ ကျောက်ပန်း
တောင်း ၊ယုန်လွှတ်၊ သီရိပစ္စယာ၊ ပုဂံ)
၇။ ကံဖိုစပျူ ( မိုဃ်းနှဲ)
၈။ ကိုင်းရယ်ပျူ ( ကိုင်းရယ် ၊ ကိုင်းတုံ)
၉။ ဂလောက်ကေးပျူ ( ဂလောက်ကေး၊ သထုံ)
၁၀။ တိမ်မယ်ပျူ (တိမ်မယ်၊ ပဲခူး)
၁၁။ မော်ဇာပျူ (မော်ဇာ)
၁၂။ တနင်္သာပျူ (ထားဝယ်) တို့ဖြစ်ပါသည်။
ပျူရာဇ၀င် ၁၂ စောင်တွဲတွင် ကချင်ပျူအုပ်စု မြို့တော်မိုးကောင်း၊
အစီရီပျူ(မြို့တော် ဓည၀တီ)၊ ကံဖိုစပျူ/ကဗ္ဗောဇပျူ (မြို့တော်
မိုဃ်းနှဲ)၊ ကိုင်းရယ်ပျူ (မြို့တော် ကိုင်းရယ်၊ ကျိုင်းတုံ)၊ ကလောက်
ဂေးပျူ (မြို့တော် သထုံ)၊ တိမ်မယ်ပျူ (မြို့တော် ပဲခူး)၊ တနင်္သာရီ
ပျူ (မြို့တော် ထားဝယ်) ဟု ဖော်ပြထားခြင်းမှာ ယင်းပြည်ထောင်
မြို့ပြအုပ်စုများသည် အနော်ရထာမင်း မတိုင်ခင်နှင့် ဗုဒ္ဓခေတ်ကြား
ပျူယဉ်ကျေးမှု ဒေသများများဟု ဖော်ပြထားခြင်းဖြစ်ပါသည်။
ယင်းကဲ့သို့ ပျူရာဇ၀င်မှတ်တမ်းစကား မှန်ကန်သလား၊ မှားသ
လား ဆိုသည်ကို ယင်းနယ်များတွင် တွေ့ရှိရသော ခေတ်ပြိုင်အ
ထောက်အထားများနှင့် စစ်ဆေးကြည့်ရမည်ဖြစ်ပါသည်။ အထက်
ပါနယ်များ (ယနေ့ခေတ် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်
နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း) များတွင် မည်သည့်
ယဉ်ကျေးမှုအထောက်အထား တွေ့မြင်ရသနည်းဟု စစ်ဆေးကြည့်
သော် ပျူအက္ခရာအုတ်ခဲစာများ၊ ပျူစဥ့်စာများ၊ ပျူခေတ်စေတီများ၊
ပျူဒင်္ဂါးများ၊ ပျူဆေးတံများ၊ ပျူပုတီးစေ့များ အစရှိသော ပျူလူမျိုး
တို့၏ ယဉ်ကျေးမှုအထောက်အထားများ တွေ့မြင်ရပါသည်။
အထက်ပါနယ်မြေများတွင် အနော်ရထာမင်းမတိုင်မီ အခြားလူမျိုး
တို့၏ ယဉ်ကျေးမှုပစ္စည်းအထောက်အထား တစ်စုံတစ်ရာမတွေ့မြင်
ရပဲ ပျူယဉ်ကျေးမှုပစ္စည်းများကို အထင်အရှားတွေ့မြင်ရသော ဖြစ်
ရပ်မှန်အချက်အရ အထက်ပါနယ်မြေများသည် အနော်ရထာမင်း
မတိုင်ခင် ပျူနယ်ကြီးများဖြစ်ခဲ့ကြောင်း ဖော်ပြသည့် ပျူရာဇ၀င်
၁၂ စောင်တွဲ မှတ်တမ်းတင်ချက် မှန်ကန်ပါသည်။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*
မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်း (၆)
-------------------------------------
ကလောက်ဂေးပျူအုပ်စု (မြို့တော်သထုံ)၊ တိမ်မယ်ပျူအုပ်စု (မြို့တော်
ပဲခူး)ဟူသော ရာဇ၀င်မှတ်တမ်းတင်ချက် မှန်ကန်ကြောင်းကို သထုံရာ
ဇ၀င်ပေါင်းချုပ်ကြီး (ဦးပညာ) ၊ မွန်ပြည်နယ် သာသနာအစ သထုံက
(ဦးအောင်သိမ်း)နှင့် ပါဒနိုင်ငံတော်ရာဇ၀င် (ဦးထွန်းရီ)၊ မုတ္တမရာဇ၀င်
ပေါင်းချုပ်၊ ပဲခူး ကိုးသိန်းကိုးသန်း ဘုရားသမိုင်းဟူသော ရာဇ၀င်များ
ကလည်း ထောက်ခံလျှက်ရှိပါသည်။
သထုံရာဇ၀င်ပေါင်းချုပ် ကျမ်းကြီးတွင် ပထမသထုံမြို့ သုဓမ္မာစေတီပြည်
ကို ထူထောင်သောမင်းကြီးသည် တိဿဓမ္မသီဟရာဇာ (ခေါ်) သူရိယစ
န္ဒာ (ခေါ်) ဒွတ္တပေါင်မင်းကြီး ဖြစ်ကြောင်း၊ ယင်းပထမ သထုံမင်း တိဿ
ဓမ္မသီဟရာဇာမင်း၊ ဒွတ္တပေါင်မင်းကြီး၏ တူတော်၊ တွတ်တော်၊ ကျွတ်
တော်၊ မျှော့်တော် (ပျူ)များသည် ပထမသထုံကြီး ပျက်ပြီးသည့် နောက်
၌ ဒုတိယသထုံ၊ တတိယသထုံ၊ စတုတ္ထသထုံ၊ ပဉ္စမသထုံမြို့များကိုတည်
ထောင်ခဲ့ကြောင်း၊ ယင်းသထုံမင်း ဒွတ္တပေါင်၏ တွတ်တော်မင်းသား
ဥဒိန္နရာဇာသံဝေ သည် ပထမသထုံကြီး ပျက်သုန်းပြီးနောက် ရမ္မာပူရ
မြို့နှင့် မုတ္တမမြို့တို့ကို တည်ထောင်ကြောင်း ဖော်ပြမှတ်တမ်းတင်ထား
ပါသည်။
မွန်ပြည်နယ်သယသနာအစ သထုံကကျမ်းတွင်လည်း ပထမသထုံမြို့
တည် နန်းတည်မင်းကြီးသည် “သူရိယစန္ဒာ မဟာဒွတ္တပေါင်မင်းကြီး”
ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
မုတ္တမရာဇ၀င်ပေါင်းချုပ်ကျမ်းတွင် ပထမ “ရေးမြို့”ကို တနင်္သာရီ ပျူ
ဘုရင်မ တည်ထာင်ခဲ့ကြောင်း ဖော်ပြပါရှိပါသည်။
ပါဒနိုင်ငံတော်ရာဇ၀င်ကျမ်းတွင် ပထမသထုံပြည်မှ သထုံမင်းကြီး တိ
ဿဓမ္မသီဟရာဇာ (ခေါ်) ဒွတ္တဘောင်၏သားတော် ၃ပါးနှင့် သမီးတော်
တစ်ပါးတို့သည် နောက်ပါ လူ ၃သောင်းနှင့် သထုံပြည်မှ ထွက်ခွါလာပြီး
ပါဒမြို့သစ်ကို တညထောင်ကြောင်း ဖော်ပြပါရှိသည့်အပြင် ယင်းပါဒ
မင်းဆက်အမည်စာရင်းကို ဖော်ပြထားရာတွင် “မြစောနောင်မင်း၊ ရာဇာ
စောနောင်မင်း၊ သုခမုနနန်းစောရှင်၊ နရကျော်ထင်မင်း၊ အောင်ဇေယျ
မင်း၊ ဒွတ္တဘာဂဒွတ္တဘောင်မင်း၊ စောရဟံမင်း၊ ဇေယျာကျော်ထင်မင်း၊
အောင်ဇေယျမင်း၊ နေသူရမင်း၊ စောဖွားကျော်မင်း၊ စောဘုန်းကြွယ်မင်း၊
စောစောနောင်မင်း” ဟူသော ပျူမြန်မာမင်းများကို အတိအလင်းဖော်ပြ
ထားပါသည်။
မင်းလှတန်ဆောင်ရေးသားပြုစုသော တွံတေးဆံတော်ရှင် ဘုရားသမိုင်း
တွင် ပေါက္ခရ၀တီမြို့ကို မှော်ဇာပျူအုပ်စုမှ ကင်တွန်ဆူရ်၊ ဆူဆွန်တေမင်း
သား သားအဖ ယင်းတို့မှ ဆင်းက်သော ပျူမင်းသားများ၊ မြို့စားမင်းများ
အဖြစ် စိုးစံခဲ့သည်ဟု ဖော်ပြပါရှိကြောင်း ဆရာဦးသက်တင်၏ တွံတေး
ဆံတော်ရှင်ဘုရားသမိုင်းတွင် ဖော်ပြထားပါသည်။
သထုံရာဇ၀င်ပေါင်းချုပ်ကျမ်း၊ မွန်ပြည်နယ်သာသနာအစ သထုံကျမ်း၊
ပါဒနိုင်ငံတော်ရာဇ၀င်၊ မုတ္တမရာဇ၀င်ပေါင်းချုပ်ကျမ်း၊ ပဲခူး ကိုးသိန်း
ကိုးသန်းဘုရားနှင့် ပဲခူး တိမ်မယ်ပျူစေတီ ၆ ဆူဘုရားသမိုင်းများ၊
တွံတေးဆံတော်ရှင် ဘုရားသမိုင်းတို့တွင် ဗုဒ္ဓ-သထုံပျူမင်းနှင့် သထုံ
ပျူမြို့၊ ပါဒပျူမင်း ပါဒပျူမြို့၊ ပဲခူးတိမ်မယ်ပျူမင်းများ၊ မုတ္တမပျူမြို့၊
ရေးပျူမြို့၊ ပေါက္ခရ၀တီ(တွံတေး)ပျူမြို့တို့ကို မှတ်တမ်းတင်ဖော်ပြ
ချက်များက ပျူရာဇ၀င် ၁၂ စောင်တွဲပါ ကလောက်ဂေးပျူအုပ်စု (မြို့
တော် သထုံ)၊ တိမ်မယ်ပျူအုပ်စု (မြို့တော်ပဲခူး)၊ တနင်္သာရီပျူအုပ်စု
(မြို့တော်ထားဝယ်) ဟု ဖော်ပြချက်မှန်ကန်ကြောင်း ထောက်ခံလျှက်
ရှိကြပါသည်။
ပေါက္ခရ၀တီ (တွံတေး)အကြောင်း ထပ်ဖြည့်ပြောစရာရှိပါသည်။ ယနေ့
တိုင် ရွှေဆံတော်ဘုရား တောင်ဘက် ကိုက် ၁၀၀ ကျော်ခန့် တွံတေး
တောကြီးတန်း ဥယျာဉ်ခြံများအကြားတွင် ပေါက္ခရ၀တီနန်းတော်ကုန်း၊
အတွင်းကျုံး၊ အပြင်ကျုံး၊ အုတ်ကုန်းပျက်များ၊ စေတီကုန်းများ၊ တံတိုင်း
ပျက်များ ကျန်ရှိနေပါသည်။ တွံတေးမြို့နယ်တစ်ခွင်ရွာများတွင် တပုဿ၊
ဘလ္လိကနှင့် ဒွတ္တဘောင်မင်း၊ ဒွတ္တဘောင်မင်း စားသုံးသော ဒွတ္တဗက်သီး၊
ဒွတ္တပင်တို့အကြောင်း သမိုင်းမစ်(သ်)နှင့် ပါးစပ်ရာဇ၀င်များကို ဒေသခံ
ပြည်သူများ ယနေ့တိုင် ပြောဆိုနေကြဆဲ ဖြစ်ပါသည်။
ပေါက္ခရ၀တီမင်းသည် “ဒွတ္တပေါင်မင်း” သာဖြစ်ပြီး “သမိန်ဗညားမင်း”
မဟုတ်ပါ။ “ဒွတ္တပေါင်” ဟူသောအမည်မှာ ပျူမင်းအမည်သာဖြစ်ပြီး
မွန်အမည်မဟုတ်ကြောင်း သမိုင်းစာဖတ်ပရိသတ်နှင့် သမိုင်းဘွဲ့ရများ၊
သမိုင်းဆရာများ သိကြပါသည်။
ပျူရာဇ၀င် ၁၂ စောင်တွဲတွင် ရှေးခေတ် သရေခေတ္တရာနိုင်ငံ၊ ပုဂံနိုင်ငံ
တို့တွင် မွန် မရောက်သေးကြောင်း၊ စတုတ္ထပုဂံမြို့တည်ထောင်သော
ပျဉ်ပြားမင်းလက်ထက် (AD ၈၄၉ ခုနှစ်) တွင် တစ်ကြိမ်၊ ပုဂံအနော်
ရထာမင်းလက်ထက် (AD ၁၀၄၄ ခုနှစ်) တွင် တစ်ကြိမ် အခြားဒေသ
မှ မွန်တို့ ပုဂံနိုင်ငံအတွင်းသို့ အမြောက်အမြားပြောင်းရွှေ့ရောက်ရှိ
လာကြောင်း ဖော်ပြထားသည်ဟု ဆရာဦးသက်တင် ကောက်နုတ်
ဖော်ပြခဲ့ပါသည်။
ယနေ့တိုင်အောင်လည်း မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသ
တစ်လျှောက် သထုံ၊ ပဲခူး၊ မုတ္တမ၊ ရန်ကုန်တို့အပါအ၀င် ကမ်းရိုးတန်း
မြို့များတွင် အနော်ရထာမင်းမတိုင်ခင် မွန်ယဉ်ကျေးမှုအထောက်အ
ထားများ ပြောပလောက်အောင် တွေ့မြင်ရခြင်းမရှိသေးပဲ ပျူခေတ်၊
ပျူယဉ်ကျေးမှု အထောက်အထားမျိုးစုံကိုသာ မြေပေါ်မြေအောက်တို့
မှ တွေ့ရှိနေရပါသည်။ တွေ့ရှိနေရသော ပျူယဉ်ကျေးမှု အထောက်အ
ထားမျိုးစုံတို့က အနော်ရထာမင်းမတိုင်ခင် တောင်ပိုင်းကမ်းရိုးတန်းမြို့
ပြဒေသများသည် ပျူယဉ်ကျေးမှု ထွန်းကားသော ပျူမြို့ပြများ ဖြစ်
ကြောင်း သက်သေရှိနေပြီး သထုံမင်းဒွတ္တဘောင်၊ ပဲခူးတိမ်မယ်ပျူ
မင်း၊ ပါဒဒွတ္တဘောင်မင်း၊ ပေါက္ခရ၀တီ (တွံတေး) ဒွတ္တဘောင်မင်း
ဟူသော ရှေ့ပိုင်းတွင် ဖော်ပြခဲ့သည့် သထုံရာဇ၀င်၊ မုတ္တမရာဇ၀င်၊
ပါဒရာဇ၀င်၊ ပဲခူးတိမ်မယ်ပျူဘုရားသမိုင်း ထွက်ဆိုချက်များနှင့်လည်း
ကိုက်ညီနေပါသည်။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*
မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်း (၇)
-------------------------------------
ရှမ်းရာဇ၀င်တွင် ရှမ်းတို့သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ပုံရှမ်းယဉ်
ကျေးမှုကို ယခုခေတ်ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ တုံမိုင်းဆက်ဒေ
သတွင် စတင်ထူထောင်ခဲ့ကြောင်း ဖော်ပြချက်အရ အေဒီ ၈ ရာစုအထိ
ရှေးခေတ် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မရှိသေးကြောင်း သိရပါသည်။
ကဖိုစ (ခေါ်) ကဗ္ဗောဇပျူ၊ ကိုင်းရယ်ပျူတို့သာ မိုးကောင်း၊ ကိုင်းရယ်၊
ကျိုင်းတုံတို့တွင် ရှိနေကြောင်း ပျူရာဇ၀င် ၁၂စောင်တွဲက ဖော်ပြထား
ပါသည်။
ယနေ့ခေတ် ရှမ်းပြည်နယ် ညောင်ရွှေဒေသတွင် ဗောဓိသတ်ပျူမြို့
ဟောင်းကို ပြန်လည်တွေ့ရှိဖော်ထုတ်ခဲ့ပါသည်။ ရပ်စောက်၊ ကလော၊
ပင်းတယ၊ ဆီဆိုင်၊ မွေတော်ကက္ကူ၊ မေမြို့ဒေသများတွင် ပျူယဉ်ကျေး
မှုပစ္စည်းများ ပေါ်ပေါက်လျှက်ရှိနေပါသည်။ ပင်လုံနှင့် ကျိုင်းတုံဒေသ
များတွင် လက်ရေးစင်းရှေးအုတ်များ တွေ့ရှိရကြောင်း သတင်းကြားသိ
ရပါသည်။
ကချင်မြို့နယ်အတွင်း မိုးညှင်း၊ အင်းတော်ကြီးဒေသများတွင် ဗြဟ္မီအ
က္ခရာ အုတ်ခဲစာများနှင့်အတူ ပျုအက္ခရာ အုတ်ခဲစာများကို အထင်အ
ရှားတွေ့ရှိရပါသည်။
တွေ့ရှိရသော ပျူယဉ်ကျေးမှုအထောက်အထားများက ရှေးခေတ်မြန်
မာနိုင်ငံ အနှံ့အပြားတွင် ပျူတို့နေထိုင်ခဲ့ကြောင်း၊ ပျူများ မြန်မာနိုင်ငံ
အနှံ့အပြား ထွန်းကားခဲ့ကြောင်းဖော်ပြထောက်ခံနေပါသည်။
အဘယ့်ကြောင့် ရှေးခေတ်ပျူတို့ မြန်မာနိုင်ငံအနှံ့အပြား နေထိုင်ခဲ့ပါ
သနည်း။
ရှေ့ပိုင်းတွင် တင်ပြခဲ့ပြီးသည့်အတိုင်း မြန်မာနိုင်ငံမြောက်ပိုင်း ကချင်
ပြည်နယ်မှ တောင်ပိုင်း တနင်္သာရီအထိ၊ အရှေ့ဘက်ရှမ်းပြည်နယ်မှ
အနောက်ဘက်ရခိုင်ပြည်နယ်အထိ ကျောက်ခေတ်လူ နေဒေသများ
ထွန်းကားခဲ့ကြောင်းကို ဘူမိဗေဒပညာရှင်များ တွေ့ရှိဖော်ထုတ်ခဲ့ပြီး
ဖြစ်ပါသည်။
ရှေးဟောင်းသုတေသနဌာနမှ တူးဖော်လေ့လာ သုတေသနပြုရာတွင်
ကျောက်ကြမ်းခေတ် မှ ကျောက်ချောခေတ် ၊ ကျောက်ချောခေတ်
(ကျောက်ခေတ်သစ်) မှ ကြေးခေတ် ၊ ကြေးခေတ် မှ သံခေတ် ၊ သံ
ခေတ် မှ ပျူခေတ်သို့ မြန်မာနိုင်ငံ လူသားစဉ်ဆက်မပြတ် ကူးပြောင်း
ဖွံ့ဖြိုးတိုးတက် ဖြစ်ပေါ်ခြင်းကို ချင်းတွင်းမြစ်ဝှမ်း၊ စမုံမြစ်ဝှမ်း၊ ဧရာ
ဝတီမြစ်ဝှမ်း၊ ဟန်လင်း တို့တွင် တွေ့ရှိခဲ့ကြောင်း ဖော်ထုတ်တင်ပြ
ခဲ့ပါသည်။
ထို့ကြောင့် ကျောက်ခေတ်မှသည် ပျူခေတ် မြန်မာရှေးဦးလူသားတို့
ဖွံ့ဖြိုးတိုးတက်ထွန်းကားနေထိုင်ခဲ့ကြောင်း သိနားလည်နိုင်ပါသည်။
နောင်တွင် တိုင်းရင်းသားဖြစ်လာမည့် တစ်ခြားလူမျိုးစုများ သရေ
ခေတ္တရာ ပျူနိုင်ငံခေတ်ကာလတွင် ရွှေ့ပြောင်းရောက်ရှိလာကြောင်း
အထောက်အထားများ မတွေ့ရသေးပါ။
ကျောက်ခေတ်-ကြေးခေတ်-သံခေတ်မှ ရှေးဦးလူသားများသည် ပျူ
ခေတ်သို့ တိုးတက်ရောက်ရှိကာ မြန်မာနိုင်ငံအနှံ့အပြား ကျောက်
ခေတ်လူနေဒေသများ တွေ့ရှိခဲ့ရသည့်အတိုင်း မြန်မာနိုင်ငံအနှံ့အပြား
ပျူခေတ်လူနေဒေသများ ထွန်းကားနေထိုင်ခဲ့သည်မှာ မှန်ကန်ကြောင်း
ကို သရေခေတ္တရာ ဘုရင့်ကျောက်အရိုးအိုးစာ (အတိတျာမင်း ကျောက်
အိုးဟု အမည်ပေးထားသော ဘုရင့်ကျောက်အိုးစာ)က ထောက်ခံလျှက်
ရှိပါသည်။
ယင်းဘုရင့်ကျောက်အရိုးအိုးစာတွင် -
တ္ဒဗံး (ဒွတ္တဘောင်မင်း)
ကံနုဎေါဗံး (ကံနုမင်း)
သာဃဗံး (သာခမင်း)
သြီတ္ဒဗံးသြီ (သီရိရာဇာထီရိ-သီရိရာဇ်မင်း)
ဘိပ္ပဇ္ဇယံဗံး ( ပိဇ္ဇမင်း)
သြီအဒိတျာ (အတိတျာမင်း) ဟူသော သရေခေတ္တရာ ရာဇ၀င်ပါ မင်းအ
မည်များ ရေးထိုးပါရှိကာ ကံနုမင်း၊ သာခမင်း၊ သိရိရာဇ်မင်း၊ ပိဇ္ဇာမင်း၊
အတိတျာမင်း ဟု သရေခေတ္တရာ ရာဇ၀င်ပါမင်းများ မှန်ကန်ကြောင်း
တွေ့မြင်သိရှိရပါသည်။
ထို့အပြင် ယင်းကျောက်အိုးစာတွင် ဗရမ္မာဎေါ်ဗံး-ဗရမ္မာတော်(ဘုရား)
မင်း ဟူသောရေးထိုးစာလည်းပါရှိရာ သရေခေတ္တရာ ဗမာမင်းဟု အဓိ
ပ္ပါယ်ထွက်ပါသည်။ သရေခေတ္တရာမင်းတို့သည် ပျူ (ခေါ်) ဗရမ္မာဖြစ်
ကြောင်း ဖော်ပြထားသော သရေခေတ္တရာ ရာဇ၀င်တစ်ချို့နှင့်အချို့
သော ရှေးဗမာရာဇ၀င်များ မှန်ကန်ကြောင်းတွေ့မြင်ရပါသည်။
အဆိုပါ အတိတျာမင်း ကျောက်အိုးစာတွင်
ကဗောတိုင်း (ကဗော်နယ်)
စောတိုင်း (စောနယ်)
ကတုတိုင်း (ကဒူနယ်)
ကနံးတိုင်း (ကနံးနယ်)
တမတိုင်း (တမ်ပနယ်)
ကလေတိုင်း (ကလောနယ်)
ကက္ကူတိုင်း (မွေတော်က္ကူနယ်)
ဝတိုင်း (၀နယ်)
က္ဃံ (ကမ်းယံနယ်-ရခိုင်နယ်)
စသည်ဖြင့် သရေခေတ္တရာနိုင်ငံခေတ် သရေခေတ္တရာနိုင်ငံ၏ တိုင်း
များကို ရေးထိုးဖော်ပြထားသကဲ့သို့
ဎလတိုင်း (ဒလ)
ပဒ (ပါဒ-ကျောက်တန်းမြို့နယ်)
ဥဂုဟိတိုင်း (လှည်းကူးမြို့နယ်)
က၀တိုင်း (က၀မြို့နယ်)
ဘုရားတိုင်း (ဘုရားကြီးနယ်)
ပဂေါတိုင်း (ပဲခူးမြို့နယ်)
တက္ကလခ္ဃတိုင်း (တိုက်ကုလားကျေး သထုံနယ်)
ယက္ဂတိုင်း (ယက္ခတိုင်း-ဘီလူးကျွန်း)
တက္ဗောတိုင်း (တကွာပါမြို့နယ်၊ ယခုခေတ် မလေးရှားဧရိယာ)
တို့ကိုလည်း ရေးထိုးဖော်ပြထားပါသည်။
အတိတျာကျောက်အရိုးအိုးစာတွင် တိုင်းပေါင်းတစ်ရာကျော် ရေးထိုး
ဖော်ပြရာ၌ ပါဝင်သည့် မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသများ
ဖြစ်သော ဒလတိုင်း၊ ပါဒတိုင်း၊ လှည်းကူးတိုင်း၊ က၀တိုင်း၊ ပဲခူးတိုင်း၊
တိုင်ကုလားတိုင်း၊ တကွာတိုင်းတို့သည် ပျူနိုင်ငံအ၀င် ပျူတိုင်းများဖြစ်
ကြောင်း ပေါ်ပေါက်နေကာ ယင်းမြို့နယ်များတွင် တွေ့ရှိရသော ပျူယဉ်
ကျေးမှု အထောက်အထားများကလည်း ယင်းတို့သည် ပျူတိုင်းများ
ဖြစ်ကြောင်း ထောက်ခံလျှက်ရှိရာ ရာမညတိုင်း ရာမညနိုင်ငံသည်
အင်းဝခေတ် ကာလမှပေါ်ပေါက်၍ ပုဂံခေတ်နှင့် သရေခေတ္တရာခေတ်
တို့တွင် မပေါ်ပေါက်သေးကြောင်း ထင်ရှားလျှက်ရှိပါသည်။
အတိတျာမင်းကျောက်အိုးစာ အက္ခရာရေးဆွဲပုံများသည် အေဒီ ၄ ရာစု
ရဃ္တအက္ခရာများ၊ အေဒီ ၅ ရာစု-၆ ရာစု ကဒ္ဗမိဗအက္ခရာများ၊ ပလ္လဝ
အက္ခရာများနှင့် ဆင်တူခြင်းမရှိပဲ ယင်းတို့ထက်စောသော ဘီစီ ၂ ရာစု-
၃ ရာစု ဗြဟ္မီပွားအက္ခရာတို့ကို အခြေခံတီထွင်ထားသော အေဒီ ၁ ရာစု
၂ ရာစု ပျူဟန်အက္ခရာများဟု ယူဆရပါသည်။
အထက်တွင် တင်ပြဆွေးနွေးခဲ့သည့် ခေတ်ပြိုင်အထောက်အထားများ
အရ ဗုဒ္ဓ-အသောက ခေတ်ပြိုင် ရှေးခေတ်မြန်မာနိုင်ငံတွင် ပျူလူနေ
ဒေသများနှင့် ပျူယဉ်ကျေးမှု ထွန်းကားနေကြာင်း ပေါ်ပေါက်တွေ့
မြင်ရပါသည်။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*
မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်း (၈)
-------------------------------------
ပျူသည်မည်သူနည်း ?
-----------------------
အိန္ဒိယအထောက်အထား၊ တရုတ်အထောက်အထား၊ သရေခေတ္တရာ၊
ကျောက်စာနှင့် ခင်ဘငွေဗောဓိကြုတ်စာ အထောက်အထား၊ ပုဂံခေတ်
ဗမာကျောက်စာ အထောက်အထားများအရ “ ပျူသည် ဗြဟ္မာ (ခေါ်)
ဗရမ္မာ-ဗမာလူမျိုး” ဖြစ်ကြောင်း တွေ့မြင်ရပါသည်။
ရှေးအိန္ဒိယသားတို့သည် သရေခေတ္တရာနိုင်ငံနှင့် လူမျိုးကို ဗရမ္မာနိုင်ငံ၊
ဗရမ္မာလူမျိုး ဟု သိရှိခေါ်ဝေါ်ခဲ့ကြကြောင်း ဆရာကြီး တော်စိန်ခို က
ဖော်ထုတ်ခဲ့ပါသည်။
၁၉၄၆-၄၇ ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခဆရာကြီး (W.S Desai)
က အိန္ဒိယသားတို့သည် ဗမာနိုင်ငံကို ရှေးကတည်းက အစဉ်အလာအား
ဖြင့် “ဗရမ္မာ” ဟုသာ ခေါ်ဆိုခဲ့ကြကြောင်း ရေးသားဖော်ပြခဲ့ပါသည်။
ဘီစီ ၂ ရာစု - အေဒီ ၃ ရာစု ရှေးခေတ်တရုတ်တို့သည် ရှေးခေတ်မြန်
မာနိုင်ငံကို ပျူ ဟုလည်းကောင်း၊ ဗရမ္မာ ဟု လည်းကောင်း သိရှိခေါ်ဆို
ကြောင်း၊ ယင်းနာမည်ရ နိုင်ငံကို အေဒီ ၆ ရာစု လျန်ခေတ်တရုတ်တို့က
ဗရမ္မာ ဟုခေါ်ကြောင်း၊ အေဒီ ၇ ရာစု- ၁၀ ရာစု ထန်ခေတ်တရုတ်တို့က
ပျူ ဟု ခေါ်ကြောင်း၊ အေဒီ ၁၁ - ၁၃ ရာစု ဆုန့်ခေတ်တရုတ်တို့က မြန်
မာ ဟုခေါ်သကဲ့သို့ ပျူဟုလည်း ခေါ်ကြောင်း ဆရာကြီးဦးရည်စိန်က
ဖော်ထုတ်ခဲ့ပါသည်။ အေဒီ ၁၃ - ၁၄ ရာစု ယွန်ရှိခေတ် တရုတ်တို့
သည်လည်း မြန်မာတို့ကို မြန်မာဟုလည်းကောင်း၊ ပျူဟုလည်းကောင်း
သိရှိခေါ်ဆိုကြပါသည်။ အေဒီ ၁၅ ရာစု မင်ခေတ် တရုတ်တို့က မြန်မာ
ဟူသည်မှာ အေဒီ ၇-၁၀ ရာစု ထန်ခေတ်တွင် ပျူ ဟုခေါ်ဆိုခဲ့သော
သူများပင်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
သရေခေတ္တရာ ခင်ဘကုန်းတွေ့ ငွေဗောတိကြုတ်စာတွင် ပုဗရမိပြည်
တော် (ပျူဗရမ္မာပြည်တော်) ဟု ရေးထိုးဖော်ပြထားပါသည်။
သရေခေတ္တရာတွေ့ အတိတျာမင်းကျောက်အိုးစာတွင် ဗရမ္မာဎေါ်ဗံး
ရေးထိုးထားသည်မှာ ဗရမ္မာတော်ဘုရား ဗရမ္မာမင်း ဟု အဓိပ္ပါယ်ရှိပါ
သည်။ သရေခေတ္တရာခေတ် ဗရမ္မာမင်း-ဗမာမင်း ဟုအဓိပ္ပါယ်ရပါသည်။
ပုဂံခေတ် ရှေးဗမာကျောက်စာများတွင် ပျူလူမျိုးအမည်၊ နိုင်ငံအမည်ကို
မြန်မာဟု ရေးထိုးခြင်းများ ရှိသကဲ့သို့ လူမျိုးအမည်ကို ဗြဟ္မာ-ဗြုမ်မာ
(ဗရုမ်မာ) ဟု ရေးထိုးခြင်းများလည်း ရှိပါသည်။ နတ်ဗြဟ္မာကိုလည်း
နတ်ဗြဟ္မာဟု ရေးထိုးခြင်းများရှိပါသည်။
*ပုဂံခေတ် သက်ဆိုးတောင်ကျောက်စာ (သက္ကရာဇ် ၄၀၀ ကျော်၊ တိုင်း
ရင်းစာ-၃၀၃)တွင် “ဗြဟ္မာ”ကို “ဗြုဟ္မာ” ဟုလည်းကောင်း*
*တိုင်းရင်း - တ-၂၄၇ ကျောက်စာ (၆၃၆ ခုနှစ်)တွင် “ဗြဟ္မာလယ်”
(ဗရမ္မာလူမျိုးပိုင်လယ်) ကို “ဗြုံမှာလယ်”(ဗရုမ်မှာလယ်) ဟု လည်း
ကောင်း*
*တိုင်းရင်း- ပ-၇၇ (၅၉၄ ခုနှစ်) ကျောက်စာတွင် “ဗမာလယ်” ကို
(ဗြုမ်)“ဗရုမ်”လယ် ဟု လည်းကောင်း ရေးထိုးကြပါသည်။*
*တိုင်းရင်း-စ-၄၃၈ က ခေါ် ရာဇသင်္ကြန်မျောက်သားကျောက်စာ
(၆၈၈ ခုနှစ်)တွင် “ဗြဟ္မာ” ကို “ပြုမ်မှာ”(ပရုမာ) ဟု ရေးထိုးခဲ့ပါသည်။*
*တိုင်းရင်း-စ-၄၀၈ ခေါ် မင်းမတ်ကြီးသုံယောက် နှမကျောက်စာ
(၆၇၀ ခုနှစ်)တွင် ဗြဟ္မာ” ကို “ပြုမှာ”(ပရုမှာ) ဟု ရေးထိုးခဲ့ပါသည်။*
*ဗြဟ္မာ ဟူသောဝေါဟာရကို “ဗြုဟ္မာ ၊ ဗြုံမှာ ၊ ဗရုမ် ၊ ပြုမ်မှာ ၊ ပြုမှာ”
ဟု အနက်တူ အသံကွဲ ဝေါဟာရများဖြင့် ရေးထိုးခဲ့ကြောင်း ထင်ရှားစွာ
တွေ့မြင်ရပါသည်။*
*“ပြုမ်မှာ” (အသံထွက် - ပရုမ်မှာ)၏ အတိုကောက်အခေါ်မှာ “ပြုမ်”
(ပရုမ်) ဖြစ်ပြီး သရေခေတ္တရာမြို့ကြီးကို “ပရုမ်”မြို့ဟု ခေါ်ဆိုခြင်းမှာ
“ဗြဟ္မာ (ဗရမ္မာ-ဗမာ) မြို့ဟု ခေါ်ဆိုကြခြင်းဖြစ်ပါသည်။*
*ပြုမှာ(ပရုမှာ)၏ အတိုကောက်မှာ “ပြု နှင့် ပြူ” ဖြစ်ပါသည်။ ဘီစီ ၂
ရာစု - အေဒီ ၆ ရာစု တရုတ်တို့က ဗြဟုန် ဗရမ္မာလူမျိုးကို ပြူံ ဟု
ခေါ်ခြင်း၌ ပြူံ (၀ါ) ပြူ ၏ အဓိပ္ပါယ်မှာ ပြုမာ ခေါ် ဗြဟ္မာ-ဗရမ္မာ ပင်
ဖြစ်ပါသည်။*
ဗြဟ္မာ-ဗရမ္မာလူမျိုးနှင့် နိုင်ငံကို ပုဂံခေတ်တွင် ဗရမ္မ ဟုလည်းကောင်း၊
မြန်မာ ဟုလည်းကောင်း အနက်တူအသံကွဲ ရေးထိုးပါသည်။
*ပုဂံခေတ် နရပတိစည်သူမင်းလက်ထက် ဆရာတော်အရှင် အဂ္ဂ
ဝံသာဘိဓါနေန ရေးသားပြီး သီဟိုဠ်အထိကျော်ကြားသော “သန္ဒမာ
လိနိ” ပါဠိသဒ္ဒါကျမ်းတွင် မြန်မာနိုင်ငံကို “မရမ္မ” ဟု ရေးထိုးသုံးနှုန်း
ပါသည်။ အင်းဝခေတ် ရှင်မဟာရဌသာရ၊ ရှင်မဟာသီလ၀ံသ တို့၏
စာများတွင် “မရမ္မ” ကို “ဗြမ္မာ” ဟု ရေးသားကြပါသည်။*
ပုဂံအမည် ၁၃ မျိုးတွင် “ပရမ” ဟု ပါရှိကြောင်း ဒူဂွိုင်ဆယ်နှင့် လုစ်တို့
ဖော်ပြဖူးပါသည်။ ဗရမ္မာ-မရမ္မ ကို “ပရမ” ဟု ရေးထိုးခြင်းဖြစ်ပါသည်။
*တိုင်းရင်း တ-၂၂၆ ခေါ် သုလဖရစ်သားကျောက်စာ (၆၂၁ ခုနှစ်)တွင်
“ပုဂံမြို့” ကို “ပုရာဂမ္မ” ဟု လည်းကောင်း၊ “ပူကံ” ဟု လည်းကောင်း
(၂)မျိုး ရေးထိုးခဲ့ကြောင်း တွေ့ရပါသည်။ “ပုရာဂမ္မ” သည် “ပြူဂါမ”
စာလုံးပါ ရရစ်သံကို အမှန်ပေါ်အောင် ရေးသားခြင်းဖြစ်ပြီး “ပုဂံ ခေါ်
ပုဂါမ”သည် “ပြုဂါမ” , ပြုမှာဂါမ , ပြုမ်မှာဂါမ , ဗရမ္မာဂါမ , ဗြဟ္မာ
ဂါမ , ဗရမ္မာ-ဗမာဂါမမြို့” ဟူသော အဓိပ္ပါယ်ကို ပေးပါသည်။ ပုဂါမ-
ုဂံမြို့သည် ဗမာမြို့သာဖြစ်ပါသည်။*
*ဗုဒ္ဓဂါယာတွေ့ ပုဂံခေတ်ဗမာကျောက်စာ (၆၆၁ ခုနှစ်) တိုင်းရင်း-တ-
၂၂၉ ခေါ် သုဇာတာနို့ဆွမ်းကပ် ကျောက်စာတွင် ပုဂံမင်းကြီးကို
“ပုတသိန်းမင်း” ဟု ရေးထိုးဖော်ပြပါသည်။ “ပုတသိန်းမင်း” ဟူသည်
မှာ “ပြူတသိန်းမင်း” ဖြစ်ပြီး “ပြူမာတသိန်းမင်း , ဗရမ္မာတသိန်းမင်း”
ဟူသော အဓိပ္ပါယ်နှင့် အတူတူပင်ဖြစ်ပါသည်။ သက္ကရာဇ် ၆၆၁ ခုနှစ်
အထိ ဗရမ္မာ-ဗမာ ခေါ် ပြု,ပု ဟု ခေါ်ဆိုကြောင်း အထောက်အထား
ဖြစ်ပါသည်။
*ရခိုင်အမတ် အဒူမင်းညိုရေးသားသော “ရခိုင်မင်းသမီးဧချင်း” တွင်
ပုဂံပြည် အလောင်းစည်သူမင်းကြီးကို ပုတသိန်းမင်း ဟု ခေါ်ဆိုရေး
သားထားပါသည်။*
ထင်ရှားသော ရခိုင်ရာဇ၀င်များတွင် သရေခေတ္တရာခေတ်ဗမာ၊ ပုဂံ
ခေတ်ဗမာ၊ ပင်းယခေတ်ဗမာ၊ အင်းဝခေတ်ဗမာ၊ ကုန်းဘောင်ခေတ်
ဗမာ တို့ကို ပြူများဟုသာ သိရှိခေါ်ဆို ရေးသားကြပြီး ရခိုင်မင်းနှင့်
လူမျိုးအမည်ကို ဗြဟ္မာ-ဗရမ္မာ-မရမ္မာ-မြန်မာ ဟု ခေတ်အဆက်ဆက်
ရေးသားဖော်ပြ ခဲ့ကြပါသည်။
*၁၉ ရာစု သံတွဲမြို့၊ က၀ိသာရာဘိ သီရိပ၀ရ အဂ္ဂမဟာဓမ္မရာဇာ
ဓိရာဇဂုရု ရခိုင်ဆရာတော်ကြီး ရေးသားပြုစုသည့် “ဓည၀တီ”အရေး
တော်ပုံကျမ်းတွင်လည်း ခေတ်အဆက်ဆက် ပြည်မမြန်မာမင်းများနှင့်
ပြည်သူတို့ကို ပျူများဟုသာ ခေါ်ဆိုဖော်ပြသည်။ ရခိုင်မင်းနှင့် ပြည်သူ
များကို မြန်မာများဟု ခေါ်ဆိုဖော်ပြသည်။ ထို ဓည၀တီအရေးတော်ပုံ
ကျမ်းပါ ၁၉ ရာစု ခေတ်ကာလအကြောင်းအရာ မှတ်တမ်းများသည်
၁၉ ရာစုခေတ်ပြိုင်မှတ်တမ်း အထောက်အထားများဖြစ်သည်။
ယင်းခေတ်ပြိုင်မှတ်တမ်းကဏ္ဍတွင်-
“ကုလားက ဖိ ၊ ပျူက အိ ၊ မချိမြန်မာ အနောက်မှာ” ဟူသော တဘောင်
ပေါ်ထွက်၍ ရက္ခိတပူရမင်းသည် ပညာရှိတို့ကို မေးသောအခါ ယင်းတ
ဘောင်ပါ “မြန်မာ”ဟူသည်မှာ ရက္ခိတပူရတိုင်းသားများဖြစ်ကြောင်း
ပညာရှိအမတ်တို့ ပြန်လည်ဖြေကြားရာတွင် ပါရှိပါသည်။*
ရခိုင်ရာဇ၀င်ဆရာတို့သည် ရက္ခိတပူရတိုင်းမင်းနှင့် ပြည်သူတို့၏ လူမျိုး
အမည်သည် ဗရမ္မာ-မရမ္မာ-မြန်မာ ဖြစ်ကြောင်း အတိအလင်းရေးသား
ဖော်ပြခဲ့ကြပါသည်။ ထို့ကြောင့် ရခိုင်ဟူသည်မှာ နောက်ပေါ်အမည်ဖြစ်
ပြီး ရခိုင်လူမျိုးတို့၏ မူလအမည်မှာ ဗရမ္မာ-မရမ္မာ-မြန်မာ ဖြစ်ကြောင်း
ရခိုင်ရာဇ၀င်များအရ သိရှိရပါသည်။ ထိုသို့ ရခိုင်သည် ဗရမ္မာ-မြန်မာ
ဟုဆိုလျှင် “ပျူ” ဖြစ်ကြောင်း ထင်ရှားနေပါသည်။ ထို့ကြောင့် ပျူရာ
ဇ၀င် ၁၂ စောင်တွဲပါ “အစီရီပျူ (မြို့တော်-ဓည၀တီ)ဟု ခေါ်ဆိုဖော်ပြ
ခဲ့ခြင်းမှာ မှန်ကန်ကြောင်း တွေ့မြင်ရပါသည်။
ဗြဟ္မာ(ဗရမ္မာ) ဟူသောအမည်မှ - ဗြုဟ္မာ , ဗြုမ်မာ , ဗြုံ ,ဗရုမ်ဗြဟ္မာ မှ
ဗရမ , ပြုမ်မှာ , ပြုမှာ , ပြု , ပု , ဗြဟ္မာ မှ ဗရမ္မာ , ဗြမ္မာ , မြန်မာ ဟူ၍
အနက်တူ အသံကွဲ အမည်ပွားများ ပြောင်းလဲခေးဆိုခဲ့ကြခြင်း ဖြစ်သည်။
၁၆ ရာစု ၊ ၁၇ ရာစု ၊ ၁၈ ရာစု မှ ယနေ့တိုင်ထိ ပြင်သစ်၊ အီတလီ၊ စပိန်
တို့သည် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးကို “ဗရမ္မာ-Brema , Brama” ဟု
သာ သိရှိခေါ်ဆိုရေးသား ပြောဆိုကြပါသည်။ ပါဠိအသံထွက်နည်းဖြင့်
ခေါ်ဆိုပုံဖြစ်သည်။
အင်္ဂလိပ်တို့သည် ဗမာ-မြန်မာ-ဗရမ္မာလူမျိုးကို “ဘားရ်မား-Burma”
ဟု ခေါ်ခြင်း၌ ပါရှိသော (r) ဗျည်းသည် ဗရမ္မာ မှ (ရ) ဗျည်းကို
ကိုယ်စားပြုထားခြင်းဖြစ်သည်။
၁၆ ရာစုထက် နောက်မကျပဲ ဗမာ-မြန်မာကို သိရှိလာသော ဂျပန်
တို့သည် “ဗီရုမာ” ဟု ခေါ်ဆိုကြသည်မှာ ဗမာကို “ဗရမ္မာ” ဟု သိရှိ
ခေါ်ဆိုခြင်းဖြစ်ပါသည်။
အထက်တွင်တင်ပြခဲ့သော အိန္ဒိယအထောက်အထား၊ တရုတ်အ
ထောက်အထား၊ သရေခေတ္တရာကျောက်စာ၊ ငွေဗောဓိကြုတ်စာ၊
ပုဂံခေတ်ဗမာကျောက်စာများ၊ ပြင်သစ်. အီတလီ . စပိန်တို့ မြန်မာ
နိုင်ငံ မြန်မာလူမျိုးကို ”ဗရမ္မာ” ဟု ခေါ်ဆိုသောအထောက်အထား၊
ဂျပန်တို့က ဗမာကို “ဗီရုမာ”ဟု ခေါ်သောအထောက်အထားများ
အားလုံး နှိုင်းယှဉ်တိုက်ဆိုင် လေ့လာကြည့်လျှင် “ပြူလူမျိုး၊ ပုလူမျိုး”
ဆိုသည်မှာ “ဗြဟ္မာ-ဗရမ္မာ-ဗမာ-မြန်မာ”လူမျိုးဖြစ်ကြောင်း ကလပ်
ပေါ်တွင်ကြည့်သော ပတ္တမြားကဲ့သို့ အလွန်ထင်ရှား သိသာစွာ ပေါ်
ပေါက်နေပါသည်။
ပျူသည် မြန်မာဖြစ်သောကြောင့် ပုဂံခေတ်၊ အင်းဝခေတ်၊ ညောင်
ရမ်းခေတ်ကျောက်စာတို့ပါ ပြူမင်း၊ ပြူထင်းသည်၊ ပြူမောင်းမအိုး
ပြည်သင်၊ ပုဏ္ဏားသမီးပြူသမီး စသောအရေးအသားတို့ပါ ပြူမှန်
သမျှသည် မြန်မာများဖြစ်ကြပါသည်။
ပါရှန်မှတ်တမ်း (အေဒီ ၈၈၀)ပါ“တိသူလ်” နှင့် အာဖဂန်မှတ်တမ်း
(အေဒီ ၉၈၂)ပါ “တသူလ်” အမည်တို့သည် စတုတ္ထပုဂံခေတ် ဗမာ
လူမျိုးတို့ကို ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း မှတ်တမ်းတင်ရေးသားထား
သော ခုနှစ်သက္ကရာဇ်တို့အရ သိသာထင်ရှားလှပါသည်။ လုစ်က
တိသူလ်နှင့် တသူလ် အမည်တို့မှာ ပြူကိုခေါ်သောအမည်ဟု ရေး
သားခဲ့ရာ အေဒီ - ၉၈၂ ပုဂံဗမာတို့ကို ပျူဟု လုစ်ပြောရာရောက်
ပါသည်။
ကျန်စစ်သားမင်းကျောက်စာပါ “တိရ်စူ” မှာ မွန်စကား မွန်ဘာသာ
အသံထွက်စနစ်အရ “တိရ်ဂျူ” ဟု အသံထွက်ရမည်ဖြစ်၍ ထို
“တိရ်သူလ် ၊ တသူလ်” နှင့် မတူကွဲပြားကြောင်း ထင်ရှားနေပြီး
“တိလ်ဂူ (၀ါ) စောရ်ဂူ (၀ါ) တေလ်ဂူ” ကုလားကို ဖော်ပြခြင်း ဖြစ်
ဟန်ရှိပါသည်။ ကျန်စစ်သားမင်းကျောက်စာတွင် မြန်မာကို မွန်သံ
စွဲလျှက် “မိရ်မာ” ဟု ဖော်ပြထားရာ မိရ်မာ-မြန်မာ သည် ပျူ ဖြစ်ပြီး
“တိရ်စူ-(အသံထွက်-တိရ်ဂူ)” သည် စောရ်ဂူ-စောလဂူကုလားကို
ဖော်ပြခြင်းဟု ယူဆရပါသည်။
ဗလက်ဒင်သည် ပျူကို မြန်မာမဟုတ်ဟု ထင်မြင်ယူဆရေးသား
သော်လည်း သက်သေပြနိုင်ခြင်းလုံးဝ မရှိခဲ့ပါ။ ထို့ကြောင့် သရေ
ခေတ္တရာမြို့၊ ယင်းမြို့နေပြည်သူများ၊ ယင်းမြို့တွေ့ ရှေးဟောင်း
အက္ခရာများ၊ ရှေးဟောင်းကျောက်စာများ၊ သရေခေတ္တရာအက္ခ
ရာမျိုး ရေးသားထားသော ပုဂံမြစေတီကျောက်စာ စတုတ္ထတစ်မျက်
နှာ ခေါ် အမျိုးအမည်မသိမျက်နှာတို့ကို ခေါ်ဝေါ်ပြောဆိုရလွယ်ကူ
အောင် “အမျိုးအမည်မသိ”(Unknown) အစား “ပျူ” ဟု လောလော
ဆယ်ယာယီအမည်တပ်ခေါ်ကြောင်း၊ ယင်းတို့ကို မြန်မာမဟုတ်သော
ပျူဟု သူယာယီအမည်ပေးထားခြင်းကို နောင်သုတေသနများဖြင့်
အမည်ပြန်ပြင်ပါဟုရေးသားမှာကြားခဲ့ပါသည်။ အကြောင်းမှာ ပျူကို
မြန်မာမဟုတ်ဟု ဗလက်ဒင်အထောက်အထားမပေးနိုင်၊ သက်သေ
မပြနိုင်ခြင်းကြောင့်ဖြစ်ပါသည်။
ဗလက်ဒင်သည် ထိုသို့ သရေခေတ္တရာမြို့၊ ပြည်သူ၊ အက္ခရာကျောက်
စာများနှင့် ပုဂံမြစေတီ အမျိုးအမည်မသိ ကျောက်စာ စာမျက်နှာတို့ကို
ဗလက်ဒင်က အတည်မပြုကြောင်း ရေးသားထားခြင်းကို ထိန်ချန်ပြီး
လုစ်နှင့် ဒူဂွိုင်ဆယ်တို့သည် သရေခေတ္တရာမြို့၊ ယင်း၏ပြည်သူ၊ယင်း
၏ယဉ်ကျေးမှု၊ ယင်းမြို့တွေ့အက္ခရာကျောက်စာများနှင့် ပုဂံမြစေတီ
ကျောက်စာ အမျိုးအမည်မသိမျက်နှာတို့ကို ဗလက်ဒင် အမည်ကို
အသုံးချ၍
“အဲ့ဒါတွေက မြန်မာမဟုတ် ပျူစာတွေ ပျူအက္ခရာတွေ ပျူတွေလို့
ဗလက်ဒင်က ပြောတယ်။ ဗလက်ဒင်က ပျူလို့ပြောလို့ ကျွန်တော်
တို့လဲ ပျူလို့ပြောတာ” ဟု လုပ်ကြံရေးသားခဲ့ကြပါသည်။
ပျူကို မြန်မာမဟုတ်ဟု ၀ါဒဖြန့်နိုင်ရန်အတွက် အထက်ပါ ပျူသည်
မြန်မာဖြစ်ကြောင်း အိန္ဒိယ၊ တရုတ်၊ သရေခေတ္တရာ၊ ပုဂံကျောက်စာ
အထောက်အထား အများအပြားကို (G.H Luce) လုစ် သိလျှက်နှင့်
မဖော်ပြပဲ တစ်သက်လုံးထိန်ချန် သွားခဲ့ပါသည်။
https://www.facebook.com/photo.php?fbid=308116062724112&set=pcb.308116559390729&type=1(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*
No comments :
Post a Comment