ပြန် ဆုံ ချင် သေး တယ်
မျှော်နေမိရဲ့
သူရောက်လာမယ့်နေ့
ဘူတာအိုရဲ့ မျက်ရည်။
မျှော်လင့်ဆဲ
သူရောက်လာရင်တော့
ပြင်ဆင်လက်ပြခြင်းရဲ့ရပ်တန့်မှုက
သံလမ်းပေါ်က ဥသြငိုသံတွေ။
မမျှော်လည်း
သူကလာနေဦးမှာပဲ
မခေါ်လည်း
သူကလာခွင့်ရှိသူလေ။
မနှင်နဲ့
တို့များခရီးသည်တွေလေ . . . ။
ပြန်ရမယ့်တစ်စက္ကန့်မှာ
သံလမ်းတို့တစ်လျှောက် မျက်ရည်တွေနဲ့
နှုတ်ဆက်ခဲ့ ဘူတာအို
ရှေ့မှာ ခရီးတစ်ထောက်နားရဦးမယ်လေ။
မောင်ဇရာ
No comments :
Post a Comment