ကု သိုလ် အ လွမ်း
အမေ့ကိုလွမ်း၊ အဖေ့ကိုတမ်းတ
ငယ်ဘ၀ကအဖြစ်တွေ။
အမေ့မေတ္တာ၊ ယုယလာခဲ့
ခွန်အားမျှတဲ့သူကအဖေ။
လူငယ်အရွယ်၊ သိမကြွယ်လို့
ဆိုးခဲ့မိုက်ခဲ့အပြစ်ဘွေ။
သိလာချိန်မျာ၊အဝေးရောက်လို့
ရင်ထဲကပဲကတော့ဖြေ။
ဘ၀အတောင်၊ဆေးရောင်လှကြောင့်
ချစ်သောသူနဲ့တစ်ဝေေ၀။
ချစ်လိုသူကို၊ ချစ်နေရလို့
အမေနဲ့အဖေ့ကို မလွမ်းမိပေ။
ဘ၀ဆိုတာ၊ တိမ်ခိုးရာမို့
ပေါ်လိုက် ပျောက်လိုက်အသင်္ချေ။
လောကဓံဟုန်၊လေ၀င်ကြုံတော့
ချစ်သောသူနဲ့ ခွဲရပေ။
အဲဒီအချိန်မှာ ဘ၀မှန်သိရ
ကျေးဇူးရှင်ကအမေနဲ့အဖေ။
မေတ္တာရှင်ကို ရော်ရည်မှန်းလို့
ပြုခဲ့သမျှအပြစ်တွေ။
ကျေပါစေလို တောင်းဆိုပို၍
ကုသိုလ်ရေနဲ့ဆေးခဲ့ပေ။
အမေ့ကိုလွမ်း၊ အဖေ့ကိုတမ်းတရင်း
ကုသိုလ်အလွမ်းနဲ့ အလွမ်းတွေ။
တစ်ထောင့်ငါးရာ ချစ်ကမ္ဘာထဲက၊
ချစ်သောသူတို့ အလွမ်းတွေ။
ဒါန၊သီလ၊သမထနဲ့၊
ဖြစ်ပျက်မြင်တဲ့ ၀ိပဿနာတွေ။
ဤသို့ပါရမီ၊ ကုသိုလ်စီလို့၊
လွမ်းလိုက်ပါတော့အလွမ်းတွေ။
ကုသိုလ်ပါရမီ၊ ဂုဏ်ပေါင်းဆီမို့၊
ကုသိုလ်လွမ်းရင်း အလွမ်းပြေ။
အလွမ်းဖြေ အလွမ်းပြေ။ ။
မောင်ဇရာ
No comments :
Post a Comment