ကောင်မလေး . . . ရေ . . .
ငါပိုင်တဲ့
ငါ့ရပ်ကွက်ထဲမှာ
ငါတစ်ယောက်တည်းနဲ့ ငါစကားများနေရဲ့ . . . . .
ငါဟာ ငါနဲ့
ငါကိုယ်တိုင်ပဲ စကားများနေတယ်ဆိုတာ
ဘယ်သူယုံမှာလည်း
မယုံရင် ပုံပြင်ဆိုတာ . . . .
လက်ပံတောင်းတောင်မှာလည်းရှိတယ်
ရခိုင်မှာလည်းရှိတယ်
စစ်အာဏာရူးတွေဆီမှာလည်းရှိတယ်
လောကီခရိုနီတွေဆီမှာလည်းရှိတယ်
လောကုတ္တရာ ခရိုနီတွေဆီမှာလည်းရှီတယ်
ကုန်ကုန်ပြောရရင်
မိစ္ဆာတွေ ရင်ဘတ်ထဲမှာရှိတယ်။
www.alinshin.com အရိုးမပါသော စာများကိုဖတ်ပါ။
မှကူးယူဖေါ်ပြပါသည်
No comments :
Post a Comment