တိုးထွက်လာတုန်းက
မြူတွေ . . . နှင်းတွေ . . .
တောင်ကမ်းပါးယံ . . . ခပ်မြင့်မြင့်ကြီးတွေ
ချွေးသံရဲရဲနဲ့၊
ငါတစ်ကောင်တည်း၊
လမ်းလျှောက်လာရတယ်။
နှင်းကွဲပြိုတဲ့နေ့၊
အမှောင်တို့က
ငါ့ကို
ထိုးသုတ်ကုတ်ဖဲ့စားခဲ့ကြတယ်။
ကမ္ဘာလည်နေတာက
ရပ်ဖို့။
အမှောင်ဖြစ်ဖို့က အလင်းငွေ့တွေ
ကျမ်းစာအုပ်အပြင်က ကဗျာများ . . . . ။
ငါဖြတ်လာပြီး
တောင်စွယ်ကြားမှာ မကွယ်လို။
သြော် . . . .
ကိုယ်စီ
နေအိုညတွေဖြတ်ရင်း . . . . ။
မောင်ဇရာ
No comments :
Post a Comment