.

AlinShin

Monday, March 18, 2013

သ တိ


တိ
အကြောင်းအကျိုး
ပေါင်းတိုး၍
ဖြစ်တည်နေသောကမ္ဘာအတွက်
လာခြင်းကောင်းခဲ့သလို
အပြန်လည်းမပြောင်းစေချင်။

သင်တို့
ရဲရင့်စေဖို့အလင်းရောင်
ခန္ဓာခွန်အား
ရေစင်များနဲ့ အဟာရ။
အပြင်းပြေသံစဉ်တွေနဲ့
ချစ်သူရဲ့
ရင်ပြင်ဆီမှာ
ဘယ်တော့မှမေ့လို့မရတဲ့
အထိအတွေ့ တစ်သက်ငွေ့။

မပြန်ခင်
ကျေးဇူးတစ်ဆုတ်အတွက်
ဘာထားခဲ့မလည်း?
တို့
ဘာပြန်ယူသွားမလည်း?
ရှင်းပါတယ်
“အပ္ပမဒ” မမေ့ကြနဲ့ပေါ့။
                           မောင်ဇရာ
       
       

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget