ဘာ သာ ပြန်
လူစဖြစ်ခါစက
နေလတို့ကို လက်ချိုး
(ရေ)
ခဲ့ဖူးတယ်
လူကြီးတစ်ယောက်ဟန်နဲ့ပေါ့။
သြော် . . . .
ဇာတ်ပွဲဆို
ရုံခါ (ဖွင့်) ကိုစောင့်လိုက်ရတာ
ငါ့မှာ
နှင်းတွေတောင် စိုလို့ရွှဲပေါ့။
မောင်းနှင်ခံရာသီတွေကြောင့်
ကိုယ့်သက္ကရာဇ်ကို
တုတ်နှောင်ချင်လာတယ်
“ယမမင်း”ဆိုသူကို လှည့်စားလိုတဲ့ဟန်နဲ့ပေါ့။
သြော် . . . .
ဘ၀ပွဲဆို
ရုံခါ (ဖွင့်) ခွင့်မရ
ရာသီသုံးခုက
လက်ကိုးချောင်းနဲ့မြှောက်လိုက်ကြတာ
ငါမှာ
ချွေးတွေတောင်နီလို့ရဲပေါ့။
ဘယ်သူမှမသြိကဘူး
ဘယ်သူကိုမှလည်းမပြောမိခဲ့ဘူး
ငါတစ်ကောင်တည်;
လက်လုပ်လက်စားဘ၀ကို
ကုတ်ခြစ်ရင်း
ပုံစံရမ္မက်ခွက်မှာ . . . . ထုံရီမူးမေ့ခဲ့ရတယ်။
မောင်ဇရာ
No comments :
Post a Comment