.

AlinShin

Wednesday, November 19, 2014

Passport သုံးခုနှင့်မြန်မာပြည်ရဲ့အနာဂါတ်

ဗိုလ်ချုပ်အောင်ဆန်းသာ အင်္ဂလိပ်ကိုမတိုက်ခဲ့ရင် တို့နိုင်ငံသား
တွေဟာကမ္ဘာနိုင်ငံပေါင်း ၁၃၇ နိုင်ငံကို VISA မလိုပဲ  Passport
ပါရုံနဲ့ သွားလာနိုင်လို့ရတာပေါ့ ဆိုသောအတွေးကို ငါတွေးမိတယ်။


ဒီအတွေးဟာအလုံးစုံမှန်သည်ဟုမဆိုပါ။ရုတ်ချည်းစိတ်ကူးထဲပေါ်
လာလို့ချရေးမိပါတယ်။ တွေးမိတဲ့အကြောင်းကလည်း …
The world most powerful passport လို့ဆိုတဲ့ ကမ္ဘာပေါ်မှာ
သြဇာအာဏာ အကြီးဆုံး၊ ပါဝါအကြီးဆုံး ပိတ်စ်ပို့ သုံးခုကို အ
ကြောင်းပြုပြီးစိတ်ကူးပေါ်လာတာပါ။
ကမ္ဘာပေါ်မှာ  ဗြိတိသျှနိုင်ငံသား၊ ဆွီဒင်နိုင်ငံသား၊ နဲ့ ဖင်လန်နိုင်
ငံသားတို့ ကိုင်တဲ့ ပတ်စ်ပို့တွေဟာ The World most powerful
Passport အဖြစ် ကမ္ဘာ့နိုင်ငံကြီးတွေကအသိအမှတ်ပြုထားကြပါ
တယ်။ ဒီအထဲမှာ အမေရီကန်လိုနိုင်ငံတောင်မပါဝင်သေးပါဘူး။
အမေရိကန်က ၁၇၂ နိုင်ငံပဲ သွားနိုင်တာကြောင့် ထိပ်ဆုံး ၃ခုစာရင်း
မှာ မပါဝင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ VISA ဆိုတာ Passport ပြီးရင်
နိုင်ငံအသီးသီးရဲ့ ဒေသတွင်းက သံရုံးက ထုတ်ပေးတဲ့ ထောက်ခံ
ချက် (endorsement) စာရွက်တစ်ခုဆိုလည်း မမှား ပါဘူး။ ကမ္ဘာ့
ပါဝါ အကြီးဆုံး ပတ်စ်ပို့လို့ ထုတ်ပြန်တဲ့နေရာမှာ ထားခဲ့လို့ မရတဲ့
နောက်ထပ် ပတ်စ်ပို့ တစ်ခုကတော့ ဟောင်ကောင် ပတ်စ်ပို့ပဲဖြစ်ပါ
တယ်။
ဟောင်ကောင် ပတ်စ်ပို့ကိုလည်း ကမ္ဘာပေါ်မှာ ပါဝါအကြီးဆုံး ဖြစ်
ကြောင်းလည်း အချို့က လက်ခံထားပါတယ်။ အကြောင်းကတော့
ဟောင်ကောင်ပတ်စ်ပို့ကိုင်ဆောင်သူဟာ နိုင်ငံအားဖြင့် ၁၅၂ နိုင်ငံ
သာ visa-free သွားနိုင်ပေမယ့် သူသွားနိုင်တဲ့ နိုင်ငံ ဧရိယာဟာ
ပိုကျယ်ပြီး သူလည်ပတ်တဲ့နိုင်ငံများရဲ့ လူဦးရေကို ပေါင်းလိုက်ရင်
ကမ္ဘာမှာ အများဆုံးမို့ ဖြစ်နေတာကြောင့်ပါပဲ။
စုစုပေါင်း လူဦးရေ ၃.၈ ဘီလျံရှိတဲ့ နိုင်ငံပေါင်း ၁၅၂ နိုင်ငံကို ဗီဇာမ
လို လည်ရမှာ ဖြစ်ပါတယ်။ အဓိကကတာ့ တရုတ်ပြည်မ ပါ ပါဝင်
သွားခြင်းကြောင့် ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်က ဗြိတိန်သျှ ကိုလိုနီလက်အောက်ကနေ တရုတ်ပြည်
မကိုလွဲပြောင်းပေးခဲ့ပေမယ့် ဟောင်ကောင်က ကိုယ်ပိုင် ပတ်စ်ပို့ကို
ကိုင်ဆောင်ထားဆဲ မို့ ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့ အာဏာအကြီးဆုံး
ပတ်စ်ပို့ လေးခုကို ပြပါ ဆိုရင် ဗြိတိန်သျှ၊၊ ဆွီဒင်၊ ဖင်လန်နဲ့ ဟောင်
ကောင်တို့ ဖြစ်ပါတယ်။
ဒါကိုထောက်ရှု့ခြင်းအားဖြင့် ကိုယ့်အတွေးလေးထဲမှာ ထပ်ပြီးတွေး
နေမိတာကို အခုလိုချရေးလိုက်တာပါ။ ဟောင်ကောင်ကိုအနီးစပ်ဆုံး
အားကျမိပါတယ်။ အင်္ဂလိပ်ကိုလိုနီလက်အောက်ခံဖြစ်ခဲ့သော်လည်း
လူ့အခွင့်အရေးကိုအပြည့်အ၀ရရှိခဲ့တာကြောင့်ပါပဲ။
ဒါ့ကြောင့် ကိုယ့်အတွေးထဲမှာ ဗိုလ်ချုပ်အောင်ဆန်းသာ အင်္ဂလိပ်ကို
မတိုက်ထုတ်ခဲ့ရင် တို့လည်း ဟောင်ကောင်လို ကမ္ဘာ့အလည်မှာမျက်
နှာပန်းပွင့်ပြီး The world most powerful passport နဲ့ တို့ပြည်သူ
တွေ Good နေကြမှာပေါ့နော်။
အခုတော့ဖြင့် The world most powerful passport ကိုကိုင်ဖို့နေ
နေသာသာ ကျောင်းနေအရွယ်ကလေးတွေတောင် ကိုယ့်နိုင်ငံကိုယ့်
ပြည်တွင်းမှာပါ နေစရာခိုကိုးရာမဲ့နေပါပြီ။
စာဖတ်သူတို့မြင်ကြမှာပါ။ အခုဆောင်းပါးပါဓာတ်ပုံဟာ အလင်းရှင်
တမင်ဖန်တီးလုပ်ကြံထားတာမဟုတ်ဘူးနော်။ အွန်လိုင်းပေါ်မှာဒီ
ဓာတ်ပုံဟာပလူပျံနေတာပါ။ ဒါကို အလင်းရှင်က passport သုံးခု
ကို ကပ်ပေးလိုက်တာပါ။
ဒါ့ကြောင့် မြန်မာပြည်မှာနေကြတဲ့ . . . .
နိုင်ငံရေးခေါင်းဆောင်များ  . ..
လောကီထဲဝင်ရှုတ်ကြတဲ့ဘာသာရေး
ခေါင်းဆောင်ဆိုသူများ . . . . .
ကြပ်ကြပ်ကြီးစဉ်းစားသင့်နေပါပြီ။ ဒီလိုဖြစ်နေတာ စစ်ခွေးကြံ့ဖွတ်
တို့ရဲ့ ယုတ်မာပတ်စက်မှုဆိုတာကို ထိုဘာသာေ၇းခေါင်းဆောင်များ
သိမှာပါ။ ဒါ့ကြောင့် စစ်ခွေးကြံ့ဖွတ်တို့ရဲ့ ဘာသာရေးမှိုင်းထဲကနေ
ရှုန်းထွက်ကြပါတော့ဟု အသိပေးလိုက်ပါသတည်း . . .။
မှတ်ချက်။
ဓမ္မဒါနကုလိုလ်စိတ်ဖြင့်ရေးသားလိုက်ပါသည်။
များဝေနေတို့သိစေရန် Share ခြင်းဖြင့် မြန်မာ့အလင်းရောင်ကိုထွန်း
ညှိကြပါစို့ဟု အကြံ့ပြုလိုပါတယ်။ Share တာမshareတာကတော့
စာဖတ်သူများ၏ စေတနာအရင်းခံသာဖြစ်ပါကြောင်း . . . . .။
သာဓု  . . ..  သာဓု  . . . သာဓု  . .
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget