.
AlinShin
Wednesday, November 19, 2014
မန္တလေးနန်းတွင်း အရှုပ်တော်ပုံ
ဓာတ်ပုံ - မောင်တာ
‘‘တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်’’ဟူသော အနီရောင်အောက်ခံသွပ်ပြားပေါ်တွင် စာလုံးဖြူများဖြင့် ရေးထိုးထားသည့် 
ဆိုင်းဘုတ်က မန္တလေးနန်းမြို့ရိုးနှင့် ကျုံးရေပြင်အကြားတွင် ထီးထီးကြီး 
စိုက်ထူထားသည်။မန္တလေးနန်းမြို့ရိုးတောင်ဘက်ပေါက်ဖြစ်သည့် မင်္ဂလာ
တံခါးအနီးတွင် အဆိုပါဆိုင်းဘုတ်ကြီးကို ခံ့ညားထည်ဝါသည့် နီညိုရောင် 
အုတ်မြို့ရိုးကြီးနှင့် အပြိုင် စိုက်ထူထားခြင်းဖြစ်သည်။ မင်းတုန်းမင်းက 
တိုင်းသူပြည်သားများ အလွယ်တကူဝင်ထွက်သွားလာနိုင်ရန် စီစဉ်ဆောက်
လုပ်ခဲ့ခြင်း ဖြစ်သော်လည်း ယနေ့အချိန်တွင်တော့ မင်္ဂလာတံခါးသည်
 သာမန်ပြည်သူလူထုဖြတ်သန်းသွားလာခွင့်မရှိပါ။  အကြောင်းမှာ 
တပ်မတော်သားများအတွက် သီးသန့်နန်းတော်ဂိတ်တံခါးတစ်ခုအဖြစ် မောင်ပိုင်စီးခြင်းခံထားရသောကြောင့် ဖြစ်ပါသည်။
ကျုံးမြို့ရိုးကို ဖြတ်ကာ နန်း တွင်းသို့  ၀င်ရောက်နိုင်သည့် နန်းတော်ဂိတ်တံခါး
 လေးခုရှိ သော်လည်း သာမန်ပြည်သူလူထု အနေဖြင့် ဂိတ်တံခါးလေးခုလုံးမှ
သွားဧည့်သည်များနှင့် ပြည်တွင်းမှ လာရောက်လေ့လာ သူများ၊ မော်တော်
ကားများအနေ ဖြင့် ဦးထိပ်ဂိတ်ခေါ် နန်းရှေ့ ၁၉ လမ်းဂိတ်ပေါက်မှသာ 
ဝင်ရောက် ခွင့်ရှိမည် ဖြစ်သည်။ ဦးထိပ်တံခါး မှ ၀င်ရောက်လျှင်လည်း 
လုံခြုံရေး အရ  အစစ်ဆေးခံရမည်ဖြစ်ပြီး နိုင်ငံသားမှတ်ပုံတင်၊ ယာဉ်မောင်း
လိုင်စင်၊  ပတ်စ်ပို့စသော အာမခံကတ်ပြား၊ စာရွက်စာတမ်းတစ်ခုခုကို
 ဂိတ်ပေါက်တွင် ထားခဲ့ရမည် ဖြစ်သည်။
ကိုလိုနီခေတ်မှ စတင်ကာနှစ်ပေါင်းရာနှင့် ချီကာ စစ်ဌာနချုပ်တစ်ခုအဖြစ် 
အသုံးပြုခံခဲ့ရသော မန္တလေးမြနန်းစံကျော်ရွှေနန်း တော်သည် ယနေ့အချိန်ထိ အများပြည်သူအလွယ်တကူဝင်ရောက် လေ့လာလည်ပတ်ခွင့် မရသေး သည့် 
တပ်နယ်မြေတစ်ခုအဖြစ်  ရှိနေဆဲ ဖြစ်သည်။ ၂၀၁၁ ခုနှစ် တွင် အစိုးရအဖွဲ့
သစ်ပြောင်းလဲ ပြီးနောက် မန္တလေးမြနန်းစံကျော် ရွှေနန်းတော်နှင့်ပတ်သက်၍ 
ပိုမို ကောင်းမွန်သည့် စီမံခန့်ခွဲမှုများ ဖြင့် နန်းတော်၏ သမိုင်းအစဉ် အလာနှင့် 
တန်ဖိုးကြီးမှုများကို အလွယ်တကူ ၀င်ရောက်လေ့လာ ခွင့်ရလိမ့်မည်ဟု 
မန္တလေးမြို့ခံ များနှင့် နိုင်ငံတစ်ဝန်းမှ ပြည်သူ များက မျှော်လင့်ခဲ့ကြသော်
လည်း ယနေ့အချိန်ထိ အပြောင်းအလဲ မရှိသေးပေ။
မြနန်းစံကျော် ရွှေနန်းတော်၊ နန်းမြို့ရိုးနှင့် ကျုံးတို့ကို မြန်မာ သက္ကရာဇ် ၁၂၁၈ 
ခုနှစ်တွင် မင်း တုန်းမင်းက စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ၁၂၂၀ ခုနှစ်မှ 
စတင် ကာ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ခဲ့သည့် ၁၂၄၇ ခုနှစ် (ခရစ်နှစ် 
၁၈၈၅) ထိ မြနန်းစံ ကျော်ရွှေနန်းတော်သည် မြန်မာ တို့၏ အထွတ်အထိပ်နေရာ 
တစ်ခု ဖြစ်ခဲ့သည်။ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရားစီရင်ရေးဆိုသည့် မဏ္ဍိုင်ကြီး
သုံးရပ်  တစုတဝေး တည်း တည်ရှိရာနေရာလည်း ဖြစ်ခဲ့သည်။ သို့သော် အင်္ဂလိပ်တို့
 မြန်မာနိုင်ငံကို  သိမ်းပိုက်ခဲ့ပြီး နောက် ကိုလိုနီခေတ်မှ စတင်ကာ မန္တလေးနန်းေ
တ်ာမှာ စစ်ဌာနချုပ် တစ်ခုအဖြစ်  အသွင်ပြောင်းခဲ့ သည်။ အင်္ဂလိပ်တို့က ကျုံး၊
 မြို့ရိုးများဖြင့် အခိုင်အခံ့ တည် ဆောက်ထားသည့် နန်းတော်အ တွင်း စစ်ရေး၊
 လုံခြုံရေးအရ ၀င် ရောက်တပ်စွဲခဲ့ခြင်းဖြစ်သလို နန်း တော်ကို သိမ်းပိုက်ကာ
 မြန်မာတို့ ကို ဦးနှိမ်ခဲ့ခြင်းလည်း ဖြစ်သည် ဟု မန္တလေးမြို့ခံစာပေပညာရှင် 
များက သုံးသပ်သည်။
မြနန်းစံကျော် ရွှေနန်းတော် သည် မြန်မာတို့အတွက် လွန်ခဲ့ သော နှစ်တစ်
ရာကျော်က တန် ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သလို 
ကိုလို နီခေတ်မတိုင်မီ  မြန်မာ့နိုင်ငံရေး အခြေအနေကို လေ့လာနိုင်သည်။ 
ကုန်းဘောင်ခတ်  မြန်မာတို့၏ အုပ်ချုပ်ရေး၊  တရားစီရင်ရေး၊ ဥပဒေပြုရေးတို့ကို
 လေ့လာနိုင်သော သမိုင်းတန်ဖိုးကြီးမားသည့် နေရာတစ်ခုဖြစ်ကြောင်း
 မန္တလေးမြို့ခံစာရေးဆရာ ဆူးငှက်က ပြောသည်။ ရှေးခေတ် ဘုရင်၊ 
မင်းညီမင်းသားများနှင့် မှူးကြီးမတ်ရာများ၏ လွှတ်တော်ကျင်းပပုံကို လေ့လာနိုင်
သလို ဘုရင်နှင့် မိဖုရားတို့ နေထိုင်ပုံ၊ ပဒေသရာဇ်ခေတ် မြန်မာတို့၏ မြို့ပြတ
ည်ဆောက်မှုများကို လေ့လာနိုင်ခွင့်ရမည့် မြနန်းစံကျော်ရွှေနန်းတော်ကို အများပြည်သူအလွယ်တကူဝင်ရောက် လေ့လာခွင့်ရအောင်လုပ်ပေးသင့်
သည်ဟု ဆရာဆူးငှက်က ပြောသည်။
‘‘တကယ့်မြန်မာ့သမိုင်းရဲ့ ပြယုဂ်၊ ယဉ်ကျေးမှု အ၀န်းအ၀ိုင်း ကြီး ဖြစ်တဲ့အတွက်
 နန်းတွင်းထဲ မှာ မဆိုင်တဲ့  ရုံးတွေရှိနေတာ၊ စစ်တပ်တွေရှိနေတာကို  ဖယ်ရှား 
သင့်တယ်။ နန်းတွင်းက သက်ရှိ တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်တွင်းပြည်ပကလူတွေ လာရောက်လေ့လာနိုင်တဲ့ ပြတိုက်ကြီးသဖွယ်ဖြစ်နေရမယ်။ ဒါက နိုင်ငံတော်မှာ 
တာဝန်ရှိတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့မှာ တာဝန်ရှိတယ်’’ ဟုဆရာဆူးငှက်က
 ပြောသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန် လတွင် မန္တလေးမြနန်းစံကျော် ရွှေနန်းတော်စီမံခန့်ခွဲခွင့်ကို ပြည်ထောင်စုအစိုးရထံမှ မန္တလေးတိုင်းဒေသကြီးအစိုးရက  လွှဲပြောင်းရယူခဲ့သည်။ 
မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က မြနန်းစံကျော် ရွှေနန်းတော်ကို သမိုင်းဝင်ယ
ဉ်ကျေးမှုနယ်မြေ (Historical Park) ဖြစ်လာအောင် လုပ်ဆောင်မည်ဟု ပြောကြားခဲ့ 
သလို နန်းတွင်းသို့ အများပြည်သူ အလွယ်တကူ ၀င်ရောက်လေ့ လာနိုင်ရန်နှင့် နန်းေ
တ်ာဂိတ်တံ ခါး လေးခုလုံးမှ ၀င်ထွက်သွားလာ ခွင့် ရရန် ညှိနှိုင်းဆောင်ရွက်ပေး မည်ဟု ပြောကြားခဲ့ကြသည်။ သို့ သော် တစ်နှစ်ကြာချိန်တွင် နန်း တော်ဝင်ကြေးကောက်ခံရရှိငွေ
 အား ပြည်ထောင်စုအစိုးရ၊ ယဉ် ကျေးမှုဝန်ကြီးဌာနက တိုင်းဒေသ ကြီးအစိုးရအဖွဲ့သို့ 
လွှဲပြောင်း မပေးသည့်အတွက်ဟုဆိုကာ မြနန်းစံကျော် ရွှေနန်းတော်ကို ပြည်ထောင်စု
အစိုးရထံ ပြန်လည် အပ်နှံခဲ့သည်ဟု မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေး ၀န်ကြီးဒေါက်တာမြင့်ကြူကပြော သည်။
   ‘‘စီမံခန့်ခွဲခွင့်ကိုပဲပေးပြီး ဘတ်ဂျက်ကို သူတို့က မပေးဘူးဖြစ်နေတယ်။ အဲဒီတော့ 
ကျွန်တော်တို့က လုပ်လို့မရဘူး။ အဲဒီအတွက် ပြည်ထောင်စုဝန်ကြီးဌာနကိုပဲ ပြန်လွှဲေ
ပးပြီးတော့ သူတို့အစီအ စဉ်အတိုင်း တွဲလုပ်တော့မယ်။ တိုင်းဒေသကြီး အစိုးရက တာ
ဝန်မယူတော့ဘူး’’ဟု မန္တလေးမြနန်းစံကျော် ရွှေနန်းတော်စီမံခန့်ခွဲမှုနှင့်  ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဘဏ္ဍာရေးဝန် ကြီးဒေါက်တာမြင့်ကြူက ပြောသည်။
ထို့အတွက် နန်းတွင်းသို့ အ များပြည်သူ အလွယ်တကူဝင် ထွက် လေ့လာခွင့်ရရန်နှင့် 
သမိုင်း ၀င် နယ်မြေယဉ်ကျေးမှု တစ်ခု ဖြစ်လာစေရန် စီစဉ်ဆောင်ရွက် နေ မှုများလည်း
 ပျက်ပြယ်ခဲ့သည်။
မန္တလေးနန်းတော်စီမံခန့်ခွဲ မှု အလွှဲအပြောင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ မရှင်း
လင်းသော ပြဋ္ဌာန်းချက်များနှင့်လည်း သက် ဆိုင်နေသည်ဟု ပြည်ထောင်စု အစိုးရအဖွဲ့၊ ယဉ်ကျေးမှုဝန်ကြီး ဌာနဒုဝန်ကြီး  ဦးသန်းဆွေက ပြောသည်။  နန်းတော်အပါအ ၀င် မန္တလေးရှေးဟောင်းဇုန်ဝင် ကြေးကို ယဉ်ကျေးမှုဝန်ကြီးဌာနက ငွေကြေးကောက်ခံေ
သ်ာလည်း ရရှိလာသည့် ငွေကြေးကိုပြည် ထောင်စုအစိုးရအဖွဲ့ထံ ပေးသွင်းရသည်။ 
ထို့ကြောင့် တိုင်းဒေသ ကြီးအစိုးရအနေဖြင့် ပြည်ထောင်စုအစိုးရထံမှသာ  ငွေကြေး
 တောင်းခံရမည်ဖြစ်ပြီး ယင်းမှာ ၀န်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကြား 
ကွဲလွဲမှုဖြစ်စေသည်ဟု ဦးသန်းဆွေက ပြောသည်။
‘‘ဖွဲ့စည်းပုံကကို နည်းနည်း မရှင်းမရှင်း ဖြစ်နေတာ။ ဖွဲ့စည်းပုံဥပဒေမှာက ဒီလိုဗျ။ 
ကျွန်တော့် အမြင်ပေါ့လေ။ ၀န်ကြီးဌာနကို လည်း  လုပ်ကိုင်ခွင့်ပေးထား တယ်။
 ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကိုလည်း လုပ် ပိုင်ခွင့်ပေးထားတယ်။
 အဲဒါလေး တွေက မရှင်းမရှင်းဆိုတော့ တစ် ယောက်နဲ့ တစ်ယောက် နည်း နည်းလေး 
ခုနကလိုပေါ့ဗျာ အ မြင်မကြည်ချင်၊ မကြည်ဘဲ ဖြစ် လာတယ်လို့ ကျွန်တော်ထင် တယ်’’
ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီးဦးသန်းဆွေက ပြောသည်။  သမိုင်းဝင်ယဉ်ကျေးမှု
 နယ်မြေအဖြစ် ဖော်ဆောင်ရေး မှာလည်း ပြည်ထောင်စုဝန်ကြီး၏ သဘောဆန္ဒပေါ်
 မူတည်ကာ ဆက်လက်အကောင်အထည် ဖော်မည်ဖြစ်ပြီး ၎င်းအနေဖြင့် ဒုဝန်ကြီးသာ
 ဖြစ်သည့်အတွက် အသေးစိတ်  မပြောနိုင်သေး ကြောင်း ဦးသန်းဆွေက ဆိုသည်။
  ‘‘ဒီနိုင်ငံရဲ့ ပြဿနာကို အခြေခံကြည့်လိုက်ရင် ၀န်ကြီး ဌာနတွေက ပုတ်ချနေကြတာ။ ပြည်ထောင်စုကလည်း သူတို့နဲ့ မဆိုင်ဘူး တိုင်းဒေသကြီးကိစ္စ။ တိုင်းဒေသကြီးကလည်း 
သူတို့ မဆိုင်ဘူးနဲ့ လျှောက်ပြောနေ တာ။ တိုင်းပြည်ချစ်စိတ်နဲ့မှ အလုပ်မလုပ်ချင်ကြဘဲ။
 စုစုစည်း စည်းနဲ့ ပူးပေါင်းပြီး အလုပ်လုပ် ချင်စိတ် မရှိဘူးဖြစ်နေကြတယ်’’ ဟု မန္တလေးမြို့ခံ ဧည့်လမ်းညွှန်တစ်ဦးက မှတ်ချက်ပေးသည်။
မန္တလေးမြနန်းစံကျော် ရွှေ နန်းတော်သည် မန္တလေးမြို့၏ မြောက်ဘက်ခြမ်း မန္တလေးေ
တာင် ခြေတွင် တည်ရှိသည်။ မန္တလေး နန်းတော် အိမ်ခြေရာဂဏန်းရှိ သည့် သာမန်
ရပ်ကွက်တစ်ခုနီးပါး ကျယ်ဝန်းကာ လေးထောင့်စပ်စပ် ဖြင့် မျက်နှာပွင့်တစ်ဖက်လျှင် တစ်မိုင်ခွဲနီးပါးကျယ်ဝန်းသည့် နေရာတစ်ခု ဖြစ်သည်။ မြနန်းစံ ကျော်  ရွှေနန်းတော်ြ
ကီးတစ်ခုလုံးကို ပေ ၃၀ နီးပါးမြင့်ပြီး ထု ၁၀ပေရှိသည့် အုတ်မြို့ရိုးနှင့် ပေ ၂၀၀ နီးပါး
 ကျယ်ဝန်းသည့် ကျုံးတို့ဖြင့် လေးဖက်လေးတန် ကာရံထားသည်။နန်းတွင်းတွင် နန်းေ
ဆာင်များ၊ ပြာသာဒ်အဆောက်အအုံများကဲ့သို့ ရတနာပုံခေတ် လက်ရာသစ်သား
အဆောက်အအုံ ရာဂဏန်းတည်ရှိပြီး ကျောက်စာရုံ၊ ဒင်္ဂါးစက်ရုံ၊  တောင်ဥယျာဉ်တော်၊ မြောက်ဥယျာဉ်တော်၊ ဘုတ်တလုတ်ကန်၊ ဗဟိုစည်၊ နာရီ စင်၊မင်းတုန်းမင်းနှင့် ဆွေတော်
မျိုးတော်များ၏ အုတ်ဂူစသည်များ တည်ရှိသည်။ ထို့ပြင် ဂေါက်ကွင်း နှင့် တပ်မတော်ဝ
န်ထမ်းအိမ်ရာ များ၊ ရုံးအဆောက်အအုံများနှင့် တပ်မတော်စာသင်ကျောင်းများလည်း 
မန္တလေးနန်းတွင်းတွင် တည်ရှိသည်။
မန္တလေးနန်းတော်၏ သမိုင်း တန်ဖိုးရှိမှုနှင့် မြေနေရာကျယ်ဝန်း မှုများသည် ပြည်တွင်း
ဧည့်သည် များသာမက  ကမ္ဘာလှည့်ခရီး သည်များကိုပါ ဆွဲဆောင်နိုင် သည့် အထင်ကရ 
ခရီးသွားနေရာ တစ်ခုအဖြစ် ဖန်တီးနိုင်သော အနေအထားဖြစ်သည်ဟု မန္တလေးမြို့ခံဧည့်
လမ်းညွှန်များက ပြောသည်။ စီမံခန့်ခွဲမှုကောင်းလျှင် ခရီးသွားများကို ဆွဲဆောင်နိုင် မည်ဖြစ်ပြီး စီးပွားရေးအရ ၀င်ငွေအမြောက်အမြားရနိုင်သည့်နေရာတစ်ခုဖြစ်သည်ဟု ဆိုကြသည်။
‘‘ထူးခြားအောင် မလုပ်ဘူး။ တကယ်တမ်းဆိုရင် ဒါက မန္တလေးမြို့ရဲ့ အထင်ကရ တိုးဆိုက်(ခရီးသွားလုပ်ငန်း နယ်မြေ) အကြီးကြီးတစ်ခု  ဖြစ်အောင်လုပ်လို့  ရတယ်။ 
အဲဒါကို ခရီးသွားလုပ်ငန်းများကလည်း တင်ပြခဲ့တာ သုံးလေးကြိမ်ရှိသွားပြီ။ တကယ်တမ်း
 လုပ်မယ်ဆိုရင် လုပ်လို့ရ တာတွေ အများကြီးပဲ။ တိုးဆိုက် အကြီးကြီးတစ်ခု ဖြစ်လာအောင် လုပ်လို့ရတယ်’’ဟု ၀ါရင့်ဧည့်လမ်းညွှန်ဦးဝင်းဇော်ဦးက ပြော သည်။
နန်းတော်တွင်း မြင်းရထား များဖြင့် လှည့်လည်ပြသခြင်း၊ ရုပ် လုံးရုပ်ကြွများဖြင့် ပုံဖော်ခြင်း၊ မင်းခမ်းမင်းနားများ၊ ရိုးရာယဉ်ကျေး မှု သီချင်းဂီတများဖြင့် ဖျော်ဖြေ ပေးခြင်းကဲ့သို့ စန
စ်တကျပြုလုပ် မည်ဆိုလျှင် ကမ္ဘာလှည့်ခရီးသည် များကို ဆွဲဆောင်နိုင်မည်ဖြစ် သလို အလုပ်အကိုင်သစ်များ လည်း ဖန်တီးပေးနိုင်မည်ဟု ဧည့် လမ်းညွှန်များက ပြောသည်။
မြနန်းစံကျော်ရွှေနန်းတော် အတွင်းရှိ မူလလက်ရာ နန်း ဆောင်များအားလုံးမှာ ၁၉၄၅
 ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း စစ် ဘေးဒဏ်သင့်ခဲ့ကာ မီးလောင် ပျက်စီးသွားခဲ့ရာ 
တပ်မတော် အစိုးရလက်ထက် ၁၉၉၀  ပြည့်နှစ် ၀န်းကျင်တွင် နန်းဆောင်များကို အသစ်ပြန်လည်တည်ဆောက်ခဲ့သည်။   လက်ရှိအချိန်တွင် မန္တလေးနန်းတော်အတွင်း 
အကြီး စားပြုပြင်ရန် လိုအပ်နေသည့် နှစ်၂၀ ကျော် သက်တမ်းရှိ သစ် သားဆောင် 
အဆောက်အအုံ ၈၉ လုံးထိ ရှိနေသည်ဟု ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေးဟောင်းသုတေ သန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ သတင်းရရှိသည်။
လက်ရှိအချိန်တွင် မန္တလေး နန်းတော်  ပြုပြင်ထိန်းသိမ်းရန် ဘဏ္ဍာငွေ လိုအပ်နေသည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအ ဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီးဒေါက်တာ မြင့်ကြူက ပြောသည်။
 မန္တလေး တိုင်းဒေသကြီးအစိုးရ တာဝန်ယူ ခဲ့သည့် တစ်နှစ်တာအချိန်တွင် ပြည်တွင်း
လာရောက်လည်ပတ် သူများထံမှ ကောက်ခံရရှိသည့် ၀င်ကြေးငွေဖြင့် လက်ရန်းများ
 ပြုတ်ထွက်နေသော နန်းမြင့်မျှော် စင်ကို ပြုပြင်ခြင်း၊ နန်းဆောင် များအတွင်းရှိ ကြမ်းေ
ပါက်များ ဖာထေးခြင်းနှင့် နန်းဆောင်များ အနီးရှိ တောထနေသော မြက်ပင်များ ရှင်း
လင်းခြင်းကဲ့သို့ အသေးစားပြုပြင်ထိန်းသိမ်းခြင်းများကို သာ လုပ်ကိုင်နိုင်ခဲ့သည်ဟု 
ဆို သည်။
  ပြီးခဲ့သည် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့
 နိုင်ငံခြားသား  ကမ္ဘာလှည့်ခရီး သည် ၁၂၅၉၄၄ ဦးကျော် ၀င်ရောက်ခဲ့ရာ မန္တလေးန
န်းတွင်းသို့ လာ ရောက်လည်ပတ်သူ ၄၄၃၂၀ ဦး ရှိကြောင်း ရှေးဟောင်းသုတေ သန
 အမျိုးသားပြတိုက်နှင့် စာ ကြည့်တိုက်ဦးစီးဌာန (မန္တလေး ဌာနခွဲ) မှ သတင်းရရှိသည်။ မန္တလေးရှေးဟောင်းယဉ်ကျေးမှုနယ်မြေလေ့လာသူသုံးဦးလျှင် အကြမ်းဖျင်းတစ်ဦးနှုန်းက 
နန်းတော်အတွင်းသို့ လာရောက်လေ့လာခြင်း ဖြစ်သည်။
 မန္တလေးရှေးဟောင်းယဉ် ကျေးမှုဇုန်သို့ ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာလှည့်ခရီးသည် 
၁၄,၇၀၁ ဦးနှင့် ယခုနှစ်တွင် ၅၆,၂၇၆ ဦးလာရောက်လည်ပတ်မှု ရှိခဲ့သည်။ သို့သော် 
ယခုနောက်ပိုင်း ဘဏ္ဍာနှစ် ၂ နှစ်တွင် လာရောက်မှု နည်းသွားသည်။ ထို့ပြင် မန္တေ
လးနန်းတွင်းသို့ လာရောက်လည်ပတ် သည့် ပြည်တွင်းဧည့်သည် တစ်နေ့ပျမ်းမျှ ၃၀၀ 
ခန့်ရှိသည်ဟု ဆိုသည်။
 နန်းတော်အပါအ၀င်အင်းဝမြို့ဟောင်း၊ ရွှေကျောင်းတော်၊ ကုသိုလ်တော်ဘုရားစ
သည့် မန္တလေးရှိ အထင်ကရ ရှေးဟောင်းယဉ်ကျေးမှုနေရာအားလုံးသို့ ၀င်ရောက်နိုင်သော မန္တလေးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ၀င်ကြေးအတွက် ကမ္ဘာလှည့်တစ်ဦးလျှင် ကျပ်
 ၁၀,၀၀၀  ကောက်ခံသည်။ ပြည်တွင်းမှ လာရောက်လည်ပတ်သူများအတွက် နန်းေ
ဆာင်များသို့ဝင်လျှင် လူကြီးကျပ် ၂၀၀၊ ကလေး ကျပ် ၁၀၀  ကောက်ခံသည်။
သို့သော် အနောက်နိုင်ငံများ မှ ကမ္ဘာလှည့်ခရီးသည်များမှာ စစ်တပ်ရှိနေသည့်
 မန္တလေး နန်း တွင်းသို့ ၀င်ရောက်လည်ပတ်မှု နည်းကြောင်း ဧည့်လမ်းညွှန်များ
 က ပြောသည်။ ထိုင်းနှင့် တရုတ် နိုင်ငံသားများ မန္တလေးနန်းတွင်း ကို ၀င်ရောက်
လည်ပတ်မှုရှိသော် လည်း ဥရောပ၊ အမေရိကန်ကဲ့သို့ အနောက်နိုင်ငံသားများက
 စစ် တပ်ရှိနေသည့် မန္တလေးနန်းတွင်း သို့ ၀င်ရောက်လည်ပတ်လိုခြင်း မရှိကြဟု
 ဧည့်လမ်းညွှန်များက ပြောသည်။
  အစိုးရသစ်လက်ထက် မန္တလေး နန်းတော်နှင့်ပတ်သက် ၍ ဖြစ်ပေါ်ခဲ့သော 
အပြောင်းအ လဲများသည်  မြို့လူထု၏ မျှော် လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်
 ခြင်း မရှိခဲ့ပါ။ မန္တလေးမြို့ခံအများ စုက နန်းတွင်းတွင် အခြေစိုက် ထားသည့်
 စစ်ဌာနချုပ်ကို အခြား နေရာတစ်ခုသို့ ပြောင်းရွှေ့ပြီး မန္တလေးနန်းတော်ကို 
အများပြည်သူအလွယ်တကူ  ထွက်၍လေ့လာနိုင်သည့်  ရှေးဟောင်းယဉ်ကျေး
မှုနယ်မြေ ဖြစ်လာစေလိုသည်ဟု ပြောသည်။
 ‘‘တပ်နေရာရွှေတာတို့၊ ဘာတို့က ဆွေးနွေးတာ မရှိပါဘူး။ တပ်ကိစ္စက တပ်ကိစ္စပါပဲ။ 
ကျွန်တော်တို့ ဆွေးနွေးတာ မရှိပါဘူး’’ ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံခန့်ခွဲတာ ၀န်ယူခဲ့သည့် တစ်နှစ်အချိန်တွင်း နန်းတွင်း၌အခြေစိုက်ထားသည့် တပ်မတော်စစ်ဌာနချုပ်နေရာရွှေ့ပြောင်းရန် 
ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့မှု ရှိ၊ မရှိ မေးမြန်းမှုအပေါ် ပြောကြားခြင်း
 ဖြစ်သည်။လက်ရှိအချိန်တွင် မန္တလေး မြနန်းစံကျော် ရွှေနန်းတော်သည် တပ်မတော်၏ ထိန်း
ချုပ်ခံအဖြစ် သာ ဆက်လက်တည်ရှိနေဆဲ ဖြစ် သည်။
No comments :
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget