ဗြိတိန်နိုင်ငံမှ အသက်ငါးနှစ်အရွယ် ကောင်လေးတစ်ဦးသည် မိုက်ခရိုဆော့ဖ်မှ
တရားဝင်ပြုလုပ်သည့် ပရော်ဖက်ရှင်နယ်အဆင့် စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီး
တရားဝင်ပြုလုပ်သည့် ပရော်ဖက်ရှင်နယ်အဆင့် စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီး
၎င်းသည် ယင်းစာမေးပွဲကိုအောင်မြင်သည့် ကမ္ဘာ့ အသက်အငယ်ဆုံးသူတစ်ဦြး
ဖစ်လာသည်ဟု ယူပီအိုင်သတင်းဌာနကနိုဝင်ဘာလ(၁၄)ရက်နေ့က ဖော်ပြခဲ့သည်။
ယခုအသက်(၆)နှစ်ရှိပြီဖြစ်သည့် အေရန်ကွာရှီသည် မိုက်ခရိုဆော့စာမေးပွဲကို ဖြေဆိုသည့်အချိန်
တွင် အသက် ၅ နှစ် ၁၁လ အရွယ်ဖြစ်ပြီး ဘာမင်ဂန်တက္ကသိုလ်၌ ဖြေဆိုခဲ့ခြင်းဖြစ်ကာ ယင်းစာ
မေးကိုကြီးကြပ်သည့် ကျောင်းအုပ်ချုပ်ရေး အဖွဲ့အကြီးအကဲများက ၎င်းသည် အသက်ငယ်ရွယ်
လွန်းသည့်အတွက် သေချာစေရန် မိုက်ခရိုဆော့ကုမ္ပဏီသို့ ကြိုတင်အကြောင်းကြားခဲ့ ကြောင်း
သိရသည်။
၎င်းသည် ယခုအခါ ကမ္ဘာ့အသက်အငယ်ဆုံး မိုက်ခရိုဆော့၏ တရားဝင်ပရော်ဖက်ရှင်နယ်
တစ်ယောက်ဖြစ်လာပြီ ဖြစ်သည်။ " ကျွန်တော်တို့ သူ့အတွက် အရမ်းဂုဏ်ယူပါတယ်။အနာဂတ်မှာ
ဒီထက်တိုးတက်ဖို့ စာမေးပွဲတွေထပ်ဖြေသွားဖို့သူ့မှာ အစီအစဉ်တွေရှိပါတယ်။အခုလက်ရှိမှာတော့
ကျောင်းစာကိုဘဲအာရုံစိုက်နေပါတယ်" ဟု၎င်း၏ ဖခင်က အိတ်ဇ်ပရက်စ်သတင်းစာကို ပြောကြား
ခဲ့သည်။
"သူက အသက်ငယ်ငယ်နဲ့ ကွန်ပျူတာတွေကို အရမ်းစိတ်ဝင်စားပါတယ်။ အဲ့ဒီအတွက် ကျွန်တော်
က သူ့ကို ဟာ့ထ်ဝဲလ်၊ ဆော့ဝဲလ်နဲ့ အင်စတောလင်းပရိုဂရမ်တွေကို စပြီး သင်ပေးခဲ့ပါတယ်"ဟု
၎င်းကဆိုသည်။
ကွာရှီသည် ၎င်းရရှိထားသည့် မိုက်ခရိုဆော့ အောင်လက်မှတ်ကို ၎င်း၏အိပ်ခန်းမှာ ချိတ်ဆွဲပြ
ထားကြောင်းသူ၏ ဖခင်က ဆိုသည်၊
http://myanmar.mmtimes.com/index.php/world-news/12571-2014-11-18-09-13-32.html
No comments :
Post a Comment