.

AlinShin

Wednesday, November 19, 2014

တောကြောင် အံ့မောင် လက်ပမ်းမောင်းခတ်မလား?


နိဂုံးပိုင်း
၁၉၈၈ မြန်မာ့စစ်ဘက်ဆိုင်ရာမှ အကြမ်းဖက် သတ်ဖြတ်ကာ နိုင်ငံတော် အာဏာအရပ်ရပ်အား သိမ်းယူပြီးနောက်တွင် အထူးသဖြင့် ရဟန်းသံဃာများအား ဖမ်းဆီးထောင်ချမှု

 စစ်ကြောသတ်ဖြတ်မှု နှင့် အစဖြောင့် သုတ်သင်ရှင်းလင်းမှုများအား အထူးကြပ်မတ် အကြံပေးဆောင်ရွက်ခဲ့သည့် တဦးတည်းသော သူမှာ ဦးအံ့မောင် ဖြစ်ကြောင်း စားရေးသူတွင် တိကျစွာ သက်သေ အထောက်ထားများ အချက်လက်များ သိမ်းဆည်းထား၏။။။ သိသာထင်ရှားအောင် ထောက်ပြရသော် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးခံရသော ဟာသ လူရွှင်တော် ကိုသူရ (ဇာဂနာ) နှင့် တနေရာတည်း ချုပ်နှောင်ခံရသော အရှင် ဆန္ဒိမာ အား စစ်ထောက်လှမ်းရေး အမှတ်(၆) ရေကြည်အိုင်တွင် မည်သို့ နှိပ်စက်ခဲ့ကြောင်း ၂၀၁၁ ခု အစောပိုင်းတွင် ပြန်လည် လွတ်မြောက်လာသော ကိုသူရ (ဇာဂနာ) ၏ ပထမဆုံး ရင်းတွင်းဖြစ် ဖွင့်ဟမှုများတွင် ဦးစွာ ၄င်း၏ အတွေ့ကြုံအား တင်ပြပြောဆိုခဲ့ဘူးလေသည်။
၁၉၉၀ ခုနှစ်မှ ၁၉၉၆ ခုနှစ် ကျောင်းသားအရေးခင်း ကာလတလျောက်တွင် ဖမ်းဆီးခံရသော သံဃာတော် ၂၆၉ ပါး ရှိပြီး ၊ စစ်ထောက်လှမ်းရေး စခန်းများတွင် ပျံလွန်တော် မူခဲ့လေသော သံဃာတော် ၄၇ ပါး ရှိကြောင်း …ယခု ပြင်ပသို့ရောက်နေသော စစ်ထောက်လှမ်းရေးဆိုင်ရာ သုတေသန နှင့် မှတ်တမ်း ဌာနမှ အမည်မဖေါ်လိုသူ အရာရှိကြီး (ဗိုလ်မှူး) မှ စာရေးသူအား ပြောပြလေသည်။
ဗိုလ်ချုပ်ကြီးဟောင်း (ယခု) ဦးခင်ညွန့်အား ၁၉၉၁ ခုနှစ်တွင် ဦးအံ့မောင်သည် တိုင်းပြည်အ၀ှမ်းနှင့် တိုင်းပြည်ပြင်ပသို့ ရောက်ရှိ သတင်းသုံးနေကြသော သံဃာတော်များအား စည်းရုံးသိမ်းသွင်းသည့်အနေဖြင့် ဘွဲ့တံဆိပ်များ ဆက်ကပ်ရန် အကြံပေးနည်းလမ်းပြခဲ့ပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့်မှ ၄င်း၏ အမိန့်ဖြင့် ဘုန်းတော်ကြီးကျောင်းများအား ဆရာတော်များ ခရီးသွားရန် ကား ၊ အပြင်းပြေကြည့်ရှု့ဇိမ်ခံနိုင်ရန် ဘလက် အန် ၀ှိုက် ၁၈ လက်္မ တယ်လီဗေးရှင်း များအပြင် မြန်မာ့အလင်းသတင်းစာတိုက်တွင်ပင် ဆက်ကပ်၇န် ဘွဲ့တံဆိပ်ပေါင်းများစွာအား ပုံနှိပ်ရိုက်ထုတ် ဘောင်သွင်း၍ နိုင်ငံအနှံ့ သံဃာတော်များ ဘုန်းကြီးကျောင်းများသို့ ပေးပို့ လှူဒါန်းမှုများ ပြုလုပ်ပြခဲ့သည်ကို စာဖတ်သူများ ပြန်လည် တွေးတော စဉ်းစားနိုင်ကြမည် ထင်ပါသည်။
ဗိုလ်ခင်ညွန်၏ ကလိမ်ဆင် ဇာတ်လမ်းရှည်သည် ၂၀၀၄ ခုနှစ် နိုဝင်ဘာတွင် အဆုံးသတ်သွားပြီးနောက် အကြီးမားဆုံးနှင့် ပြောင်မြောက်ဆုံး သံဃာ့ဖိနှိပ် သတ်ဖြတ်ပွဲကြီး ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ စ၍ ဒီရေတက်လာသကဲ့သို့ အရှိန်မြင့်လာသည်ကို တွေ့ခဲ့ကြဘူးလေမည်။ ထိုအချိန်တွင် ၀န်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး စိုးဝင်းမှာ သွေးကင်ဆာရောဂါဖြင့် အိပ်ရာထဲတွင် ဘုံးဘုံးလဲနေခဲ့ပြီး ယာယီ ၀န်ကြီးချုပ်အဖြစ် ညောင်နှစ်ပင် ညီလာခံ ဥက္ကဌ ( ညောင်စောင့် ရုက္ခစိုး) ဗိုလ်ချုပ်ကြီး သိန်းစိန်အား အရေးပေါ် နေပြည်တော်မှ ခေါ်ယူကာ တာဝန်ထမ်းဆောင် စေခဲ့ရာ နေပြည်တော် စစ်မဟာဗျူဟာ ကွပ်ကဲရေးရုံးတွင် ဗိုလ်ချုပ်ကြီး သိန်းစိန် (ယခု) သမ္မတ ဦးသိန်းစိန်သည် ဦးအံ့မောင်နှင့် တွဲဖက်ကာ ၂၀၀၇ ရွှေဝါရောင် ဆရာတော် သံဃာတော်များ ကိစ္စအား ကိုင်တွယ်ဖြေရှင်းရန် မဟာဗျူဟာ ရေးဆွဲချမှတ်ရာတွင် တက်ညီလက်ညီ လုပ်ဆောင်ခဲ့ကြလေသော သွေးသောက်ရဲဘော်များ ဖြစ်ခဲ့ရပြန်လေသည်။
၁၈ ရက် ဒီဇင်ဘာ (၂၀၀ရ) မဂ္ဂင်ကျောင်းကို စစ်အစိုးရက မတရားပိတ်ပစ်ခဲ့သည်ကို ရုပ်သံမှတ်တမ်း ရိုက်ကူးရန် ကြိုးစားသူများ ဖမ်းဆီးခံရသည် ဟု စာဖတ်သူများ ကြားကြဘူးလေမည်။ ထိုသို့ စွပ်စွဲပြီး အဖမ်းခံရသူများမှာ ဦးရေ ၂၀ ရှိပြီး၊ ဆရာတော် ဘုရားကြီး၏ တပည့်ဖြစ်သူ=အောင်ကြီး နှင့် မြတ်စံ ဆိုသူ ၂ ဦး ပါဝင်သည်ဟု မျက်မြင်များက ပြောကြားခဲ့လေသည်။
ကြံ့ဖွံ့ နှင့် စွမ်းအားရှင် စသည့် စစ်တပ် လက်ပါးစေများက ဆရာတော်ကြီးကို ရန်ကုန်နှင့် ၅ မိုင်အကွာ၊ တောင်တွင်းကြီး မြို့သစ်၊ ကျောင်းကုန်းကျောင်း သို့ အငှားယာဉ်ဖြင့် မပို့ပေးမီ အချိန်အထိ၊ မဂ္ဂင်ကျောင်းအနီးရှိ မီးကင်းတဲတွင် ဆရာတော်ကြီးက ၃ ရက် ကျော် သီတင်းသုံးခဲ့ရသည် ဆိုပါသည်။ ကျန်ကိုယ်တော်များကို မိမိတို့ ရပ်ရွာများသို့ အတင်းအကြပ် ပြန်ပို့ ခဲ့လေသည်။
ရပ်ကွက်က လူများက ပစ္စည်း ၄ ပါး ကပ်ကြသော်လည်း ကြံ့ဖွံ့များက ခြိန်းခြောက် တားမြစ် ကြကြောင်း၊ မှတ်ပုံတင် မိတ္တူများ ပေးထားရန် တောင်းကြောင်း၊ ဆရာတော်က ကြံ့ဖွံ့များ ကပ်သည့် ဆွမ်းကို မဘုန်းကြောင်း၊ ထိုသို့ နှိပ်ကွပ်မှုကို အနီးကပ် ညွှန်ကြားသူမှာ - စအဖ (စစ်ဖက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့) နှင့် တိုင်းမှူး လှဌေးဝင်း ဖြစ်ကြောင်း နှင့် ထိုအမိန့်အား ဦးအံ့မောင်မှတဆင့် ဗိုလ်ချုပ်မြင့်ဆွေက ဆက်လက် ညွန်ကြားနေကြောင်း ဖြစ်လေသည်။ ထိုအချိန်တွင် ဆရာတော်ကြီးက ဆေးဝါးများ လိုအပ်နေသည်ဟု မိန့်သဖြင့် ကျန်းမာရေး ထိခိုက်နေပုံရပါသည်။ ထိုအချိန်တွင် ဦးအံ့မောင်၏ စေလွှတ်မှုအရ ဒါရိုက်တာ ဇင်ယော် မောင်မောင်တို့အဖွဲ့ရောက်ရှိလာပြီး မဂ္ဂင်ကျောင်းထဲတွင် သံဃာတော်များ မတော်မလျော် လုပ်ကြောင်း ဇာတ်လမ်းများထွင်ကာ အတုယောင် မှတ်တမ်းများပင် လာရောက်ရိုက်ကူးခဲ့လေသည်။
၂၇ ရက်နေ့ ည ၁၀ နာရီ ၄၀ စက်တင်ဘာလ (၂၀၀၇ ) ခုနှစ်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်အတွင်းမှ ငွေကြာရံကျောင်းတိုက်အား အကြမ်းဖက် အဓမ္မ ၀င်စီးသော ကိစ္စအား ဗျူဟာရေဆွဲချမှတ်သူမှာ ယခု သမ္မတ ဦးသိန်းစိန် ဖြစ်ပြီး ထိုသို့ ၀င်ရောက်စီးနင်းဖမ်းဆီး၍ လုပ်ဆောင်ရန် အဓိက ချပြသူမှာ ဦးအံမောင်ဖြစ်ခဲ့ပြီး အဆိုပါကျောင်းတိုက်အား စီးနင်းမှုတာဝန်အား တလုံးတ၀ အကောင်ထည်ဖေါ်ခဲ့သူမှာ လက်ရှိ ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေ ဖြစ်ခဲ့ပြီး ဘုန်းတော်ကြီးများ သံဃာတော် ငယ်များအား ဆောင့်ချောင့်ထိုင်းခိုင်းကာ ဖိနပ်ဖြင့် ဦးခေါင်းတို့အား ရိုက်နှက်ခဲ့သူမှာ လက်ရှိ ကြံဖွတ် အမတ်မင်းကြီး အောင်သိန်းလင်း(ယခင် ၂၀၀၇တွင်) ရန်ကုန်တိုင်း တိုင်းမှူးကြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းတိုက်မှ သံဃာတော် ၃၂ ပါး ဖမ်ဆီးခံခဲ့ရပြီး သံဃာတော် ၁၁ ပါးသာ အကျဉ်းထောင်သို့ ရောက်ရှိခဲ့သည်။ ကျန်သော သံဃာတော်၂၂ ပါးမှာ ယနေ့ထက်တိုင် ပြောက်ဆုံးနေလေသည်။
ထိုနေ့ ညနေအစေားပိုင်း( ၁၇ စက်တင်ဘာ ၂၀၀၇ ခုနှစ်) တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ပတ်သက်သော အရေးပေါ် သတင်းတပုဒ်အား ယခု ပြည်တွင်းသတင်းဌာနတခုအဖြစ် သွားရောက်လုပ်ကိုင်နေပြီဖြစ်သော မဇ္ဇျိမ သတင်းဌာနတွင် (ယနေ့ညနေ လာအို စံတော်ချိန် ညနေ ၆ နာရီတွင် ဗီယန်ကျင်း လေဆိပ်သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု၏ လူယုံတော် စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင် အဲယားပုဂံ လေယာဉ် ဆိုက်ရောက်ခဲ့ပြီး ခရီးသည် ၈ ဦး ပါရှိသည်ဟု သိရသည်။
စစ်အစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက် တခုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးနှင့် မိသားစုဝင် အရင်းအချာများ ဖြစ်သည်ဟု ဆိုသည်) ဆိုသော သတင်းအား အတိလင်း တင်ပြခဲ့လေသည်။ အကြောင်းမှာ ဦးအံ့မောင် နှင့် ဗိုလ်ချုပ်သိန်းစိန်တို့ ခြေလွန်လက်လွန် လုပ်ကိုင်ရန် အမိန့်ပေးထားခဲ့ပြီး ပြသနာ ကြီးကြီးမားမား ဖြစ်လာလျှင် ၄င်းနှင့် မသက်ဆိုင်ကြောင်း ငြင်းချက်ထုတ်နိုင်ရန် ရှောင်ထွက်သွားသည်ဟု အငြိမ်းစားဗိုလ်မှုကြီး တဦးမှ ၂၀၁၀ ခုနှစ်တွင် စာရေးသူအား ပြောပြခဲ့လေသည်။
ယခုနောက်ဆုံး အကြီးကျယ်ဖြစ်ပွားခဲ့သော လက်ပံတောင်းဒေသအတွင်း မီးလောင်ဗုံးများ ဖြင့် ပစ်ခွင်းခဲ့သော ကိစ္စရပ်တွင်လည်း ဦးအံ့မောင်သည် အဓိက အကြံပေးနေရာမှ ပါဝင်ခဲ့ပြီး ဗမော်ဆရာတော် ဘုရားကြီးမှ ထိုကိစ္စသည် မိမိအနေဖြင့် အလွန် ၀မ်းနည်းရပါကြောင်း ပြောဆိုလေမှ ဦးသိန်းစိန်တို့အစိုးရအဖွဲ့မှ ပြန်လည် တောင်းပန်ရန် ဆရာတော် ၀ီရသူ အား အသုံးချခဲ့ကြောင်း စာရေးသူတွင် ခိုင်မာစွာ အထောက်ထား ရှိပါ၏။
နောက်ဆုံး နေပြည်တော်တွင် လုပ်ငန်း ဦးစီးရေးရုံးဖွင့်လှစ်ထားသော တရုတ်ဝမ်ပေါင်ကုမ္မဏီမှ ဦးအံ့မောင်အား ဒေါ်လာ (ငါးသောင်း)ပေးအပ်၍ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်တော်နှင့် စေတီ နှစ်ဆူအား ထိုးချဖြိုဖျက်နိုင်ရန် လဒ်ထိုးခဲ့ကြောင်း ဦးအံမောင်မှ စစ်ဘက်ဆိုင်ရာ ဒုဗိုလ်ချုပ်ကြီး ဝေလွင်နှင့်တွေ့ဆုံကာ ဦးပိုင်အနေဖြင့် ဗမော်ဆရာတော်ဘုရားကြီးထံသို့ သာသနာရေး ၀န်ကြီးဌာနမှ ချင်းကပ်ကာ ဖြိုချဖျက်ဆီးခဲ့ကြောင်း စာရေးသူ တိတိပပ တင်ပြနိုင်ပါသည်။
နေပြည်တော်တွင် အဓမ္မ ဖျက်ဆီးခြင်းခံရသော ဘုန်းတော်ကြီးကျောင်း (၂၇)ကျောင်းရှိပြီး သာသနာရေးဦးစီးဌာနမှ ဦးအံ့မောင်၏ အကြံဥာဏ်ဖြင့် သံဃာတော် ၇ ပါးအား လူဝတ်လဲကာ ယခု တောင်ငူ အကျဉ်းထောင်ထဲသို့ ပို့ဆောင်ခဲ့လေသည်။
စာရေးသူ မှ ဦးအံ့မောင်၏ ယုတ်မာ ကောက်ကျစ် ဆိုးသွမ်းလွန်းသော အကြံဥာဏ်များအား ယခုကဲ့သို့ ဖေါ်ထုတ်ခဲ့ရခြင်းမှာ ဦးအံ့မောင်အား ပုဂ္ဂိုလ်ရေးအရ မုန်းတီးခြင်း မရှိခဲ့ရပေ လက်ရှိ ဖြစ်ပေါ်လာသော ဦးအံ့မောင်၏ လုပ်ကွက်များအား အများပြည်သူ တရပ်လုံး သိရှိနိုင်အောင် အတိုချုံးတင်ပြခဲ့ခြင်းသာ……
ဦးအံ့မောင်မှ စာရေးသူ တင်ပြခဲ့မှုများအား မကြေနပ်၍ တုံ့ပြန်ခြေပလိုပါလျင် သက်ဆိုင်ရာ တရားရုံးတခုခုတွင် အများပြည်သူ ကြားနာနိုင်သော တရားစစ် တရားစီရင်မှုများဖြင့် အချိန်မရွေုး လက်ပမ်းမောင်းခတ် စိန်ခေါ်နိုင်ကြောင်းပါ………..
မဟာသန္တိ သုခ ကျောင်းတော်၏ နောက်ကွယ်မှာ အသေးစိတ် ဇာတ်လမ်းအမှန်အား လိုအပ်လျင် ဆက်လက် ထုတ်ဖေါ်တင်ပြသွားရန် စိစဉ်ထားကြောင်း ဦးအံ့မောင် သိစေလိုပါသည်။
စာဖတ်သူများအား ကျေးဇူးအထူးတင်စွာဖြင့်
ဂိုလ်ရှယ်လေး facebook မှကူးယူတင်ပြသည်

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget