.

AlinShin

Wednesday, November 19, 2014

တွေးစရာလေးများ . . တွေးကြည့်ပါလား


NLD ထင်လင်းဦး ဂယောသောပါးနဲ့စကားမှားတော့
(မဘသ)တို့တရားတောင်စွဲပါဦးမယ်ဆိုပဲ . . ။


ထင်လင်းဦးက တကယ်ဆိုတော့ ၀စီကံမျက်ရုံမျှသာပါ။
သံဃာကိုတကယ် ကာယကံမြောက်ပစ်သတ်တဲ့
စစ်ခွေးကြံ့ဖွတ်ကိုတော့ လက်ပံတောင်းတောင်မြေမှာ
(မဘသ) (၉၆၉)တို့ အိပ်ပျှော်နေခဲ့ကြတာလား . . ။
ဒါမျိုးတော့  . . အိပ်မောကျလျှက်ရှိတယ်ပေါ့။
ဟုတ်လား  . . မှတ်တောင်ထားရဦးမယ်။
လယ်တီသိမ်စေတီတော်ကို စစ်ခွေးတွေကာယကံမြောက်
BULLDOZE နဲ့ဖျက်ပစ်တာကိုတော့ (မဘသ) (၉၆၉)တို့
အိပ်မော့ကျနေခဲ့တာလား။
ကဲ  ..  ကဲ  .  အိပ်ပျှော်ရင်လည်း အလင်းရှင် ဒီကဗျာဒီလို
စာတွေနဲ့ နှိုးခဲ့ပါတယ် . . .
အို  . . . (မဘသ) (၉၆၉) ကြီးအပေါင်းတို့  ..
စစ်ခွေးသတ်ဖြတ်သမျှကို ညိမ်၍ ခံမနေကြပါနှင့်
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget