~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
သေသည့်အထိ ပြည်သူကို အလင်းရောင်ဝေငှမည်ဟုဆုံးဖြတ်ထား
သည်။ အမတ်ကြီးဦးပေါ်ဦး၏ ထုံးကို နှလုံးမူမိသည်။ သူသေသော
အခါ ခေါင်းတလားတွင် လက်နှစ်ဖက်နေရာကိုအပေါက်ဖေါက်၍
ယင်းလက်အား ခေါင်းအပြင်ဖက်တွင် ထုတ်ပြထားကာ သုဿာန်
သို့ အသုဘချရန်မှားကြားသည်။
ဆိုလိုရင်းကား “ဦးပေါ်ဦးဟူသော လူပညာရှိအမတ်ကြီးသည်
သက်ရှိစဉ်က ဂုဏ်ဒြပ်အရှိန်အဟပ်တွေနှင့်ထင်ရှားသော်လည်း
သေသောအခါ ဘာဂုဏ် ဘာဒြပ်မှမပါ လက်ခြည်းဗလာခြည်း
သက်သက် ပါတကားဟု ” တိုင်းကားပြည်သူတွေကို ဓမ္မသံဝေဃ
အလင်းဝေငှခဲ့ဖူးသည်ဟု ငယ်စဉ်က ကြားဖူးသည်။
အလင်းရှင်သည်လည်း ထိုအမတ်ကြီးဦးပေါ်ဦး၏ ဓမ္မသံဝေဃကို
သဘောကြသည်။ ထို့ကြောင့် သတ်တည်သမျှ တိုင်းကားပြည်သူ
ကမ္ဘာသူကမ္ဘာသားတို့အား ဓမ္မအလင်းဝေငှမည်ဟု သဓိဋ္ဌာန်ချဖူး
ပါသည်။
ကဲ . . အတွေးအလင်းလေး အရေးသွင်းကြည့်ရအောင် ..
မြန်မာပြည်အချုပ်သားများသည် အချုပ်ထောင်အတွင်းတို့မှာ . .
(၁) အတွင်းခံဘောင်းဘီ မ၀တ်ရ ၊
(၂) ခါးပါတ်မပါတ်ရ၊
(၃) အချုပ်ကားဖြင့်သာ တရားရုံထွက်ခွင့်ရှိသည်။
(၄) shoo ဖိနပ်၊သားရေစိမ်းဖိနပ်လုံးဝစီးခွင့်မရှိ။
အခု ဓာတ်ပုံသတင်းပါအချုပ်သားကိုကြည့်ပါ။ ခါးပတ်ပတ်ထား
တယ်။ Shoe ဖိနပ်စီးထားတယ်။ ကားကလည်း အချုပ်သားကား
မဟုတ်။
ဒါကို အများပြည်သူများ သတိထားစေချင်ပါတယ်။ ဆိုလိုတာက
ဘာသာရေးအဓိကရုဏ်းတွေဆိုတာ အစိုးရခေါ်စစ်ခွေးကြံ့ဖွတ်
တို့ကနေပြီး တမင်အကွက်ဆင်ဖန်တီးသောအကွက်တွေလားဆို
တာ စဉ်းစားသုံးသပ်ကြပါ။
ဒီကောင်တွေရဲ့ ဘုရားပုံစော်ကားမှုဟာ ပျောက်ပျက်သွားမှာပါ။
ထောင်ကျမှာမဟုတ်ပါဘူး။ အဲ အခြားသူ တို့ကတော့ သူတို့လို
လုပ်မိတာနဲ့ သေဒဏ်တောင်ပေးချင်ပေးပါလိမ့်မယ်။ ထင်လင်း
ဦးကိစ္စနဲ့ ဒီကောင်တွေကိစ္စယှဉ်ကြည့်ပါ။ ထင်လင်းဦးကလည်း
ဘာသာတရားကိုစော်ကားသည်ဟုဆိုလျှင် ဒီကောင်တွေကရော
စော်ကားသည်မဟုတ်ပါလော့ . .။ စောင့်ကြည့်ပါ။ စစ်ခွေးကြံ့
ဖွတ်တို့ ဘယ်လိုအကွက်ရွှေ့မယ်ဆိုတာကိုပေါ့။
ဘာသာရေးအရစော်ကားတဲ့အချုပ်သားဟာ အင်းစိန်ခေါ်ထောင်
ကြီးချုပ်ထဲတွင် ရုပ်ရှင်ရိုက်ဖို့အတွက်များလား။ မင်းသမီးကဘယ်
သူလယ် မသိန်းစိန်နဲ့လား။ စသည်ဖြင့် စသည်ဖြင့် တွေးတော
သုံးသပ်နိုင်ကြပါစေ .. ။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
အောက်ပါလင့်များကိုလည်း ဆက်လက်လေ့လာသုံးသပ်ပါ။
http://alinshin.blogspot.com/2014/12/blog-post_96.html
http://alinshin.blogspot.com/2014/12/blog-post_35.html
http://alinshin.blogspot.com/2014/12/blog-post_72.html
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
No comments :
Post a Comment