.

AlinShin

Friday, December 12, 2014

ဘုရားခြင်းတော့ . . . ရန်ဖြစ်လေ့မရှိပါ

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


အမှာစကား။  ။ ဆောင်ပါးပါဓာတ်ပုံတွေကို မြင်ရာကနေအတွေးရ
သောကြောင့် အခုလို ရေးဖြစ်သွားပါတယ်။ ဓာတ်ပုံကိုသေချာကြည့်
ပါဦး၊ဘုရားတွေ ဘိုးတော်တွေ သူ့နေရာလေးနဲ့သူနေနေကြတယ်
စကားမများကြဘူး ရန်မဖြစ်ကြဘူးနော်  . .ဒါ့ကြောင့် “ဘုရားခြင်း
တော့ရန်ဖြစ်လေ့မရှိပါ” လို့ဆောင်းပါးလေးရေးမိပါသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
မေးကြည့်မယ်၊ ကမ္ဘာမှာဘုရားတွေပွင့်ခဲ့ဖူးပါတယ်၊ဘယ်ဘုရားများ
ရန်ဖြစ်ဖူးခဲ့ပါသလဲ? ။ ဘုရားခြင်းရန်မဖြစ်ကြဘူးပေမယ့် ဒီနေ့ခေတ်
မှာတော့ ဘာသာတူခြင်း၊ဘာသာမတူခြင်း ရန်တွေ စစ်ပွဲတွေဖြစ်
နေကြတယ်  . .နော်။
တိုတောင်းလှသော လူ့ဘ၀တွင် ကိုးကွယ်ယုံကြည်ရာတစ်ခုကြောင့်
ပြဿနာမဖြစ်သင့်ပေ။ သို့သော်လည်းပဲ ဒီနေ့အထိ ကမ္ဘာမှာစစ်ပွဲ
ပေါင်းများစွာဖြစ်နေကြသည်။ ဘာသာတစ်ခုမှ အခြားဘာသာတစ်ခု
နှင့် ဖြစ်သော စစ်ပွဲများနှင့် ဘာသာတစ်ခုထဲမှာပင် အယူအဆကွဲပြား
ရာကနေ ဖြစ်သောစစ်ပွဲများမှာလည်း မငြိမ်းချမ်းသေးပေ။
ထူးခြားသောပြယုဂ်အဖြစ် မွတ်ဆလင်ဘာသာကိုလေ့လာလျှင်တွေ့
နိုင်ပါသည်။ အလ္လာအရှင်မြတ်ရဲ့သားတော်များဖြစ်တာတောင် ဆူနီ
မွတ်ဆလင်နှင့်ရှိရှိက်မွတ်ဆလင်တို့သည် ညီအစ်ကိုခြင်း စစ်ပွဲတွေ
တစ်ဗြုန်းဗြုန်းဆင်နွဲလျှက်ရှိသည်။
အယူဝါဒမျိုးစုံတို့ကို လေ့လာသုံးသပ်ကြည့်ရင် ဗုဒ္ဓဘာသာတွင်
လည်း ရွှေကျင်၊သုဓမ္မာ၊ဒွါရ၊စသည်ဖြင့် ဂိုဏ်းကွဲတွေရှိပါသည်။ သို့
သော် ထိုဂိုဏ်းသားရဟန်းတော်များသည် အခြင်းခြင်းစစ်ဖြစ်နိုင်
လောက်သော ၀ိဝါဒမျိုးမကွဲပြားကြပေ။ ဖြစ်ပေါ်ခြင်းလည်းမရှိခဲ့သည်
မှာ စတင်ထွန်းကားသည်ကစ၍ ယခုတိုင်အောင်ပင်ဟု ကမ္ဘာသမိုင်း
သုတေသီတို့ကတစ်ညီတစ်ညွတ်တည်း လက်ခံတင်ပြထားကြသည်။
ယင်းတို့ တင်ပြသလိုပင် ဗုဒ္ဓ၀ါဒဂိုဏ်းသားများဖြစ်ကြသော မဟာ-
ယန၊ ဟိနာယနခေါ် ထေရ၀ါဒတို့သည် ဘယ်သောကာလမှ စစ်ဖြစ်
ရန်မဆိုထားနှင့် အုပ်စုဖွဲ့၍ပင် ကမ္ဘာသိလောက်သော အဓိကရုဏ်း
မျိုးမဖြစ်ပွားခဲ့။
ပြောလိုသည်ကား  . . .။ စာဖတ်သူတို့အား ဘာသာဝါဒ မူဘောင်
ဂိုဏ်းဂဃဟူသော အကွပ်ဘောင်တစ်ခုထဲမှဆွဲခေါ်လိုပါသည်။
ဘာသာဝါဒအယူအဆတို့ကို စွဲကိုင်ငြင်းခုံနေမည့်အစား ယင်း၏
အခြားတဘက်ရှိ ငြိမ်းချမ်းသောဘ၀နေထိုင်မှုကို ရရှိစေချင်ပါသည်။
ဗုဒ္ဓ၀ါဒသည် အခြားအယူဝါဒအား ကိုယ်ဖြင့်လက်ရောက်စော်ကား
ရန်မဆိုထားနှင့် စိတ်ဖြင့်ပင် မပြစ်မှားမိစေရန် သွင်သင်ဆုံးမသော
ဝါဒဖြစ်သည်။
သို့သော် ဒီကနေ့ခေတ်တွင် ထိုဗုဒ္ဓ၀ါဒဟုခေါ်သော ဗုဒ္ဓဘာသာဝင်
တို့သည် ဗုဒ္ဓ၏အဆုံးအမအောက်တွင် ရှိသလော မရှိသလော ၊
စဉ်းစားသင့်ပြီ။ ဘ၀ခဏကိုငြိမ်းချမ်းစေလို၍ သကျပုတ္တဘုရားသား
တော်အဖြစ် ရဟန်းပဉ္စင်းခံသည်။ ထိုသို့ ရဟန်းဖြစ်တော့မှပဲ
ကျောင်းတိုက်တာနေရာထိုင်ခင်းလုကြသည်။ သူပိုင်ငါပိုင် တရား
ဆိုင်ကြသည်။ (ကမ္ဘာအေး ၀ိနိစ္ဆယဌာနတွင် အမှုတွဲများလေ့လာ
နိုင်သည်)
ကဲ  . .ဘယ်လိုလဲ။ ငြိမ်းအေးသောဘ၀ပိုင်ရှင်ဖြစ်လိုသောရဟန်း
တော်တို့တွင်ပင် ကျောင်းဝိဟာရလုရင်း မငြိမ်းအေးနိုင်ကြ။ မှတ်
မှတ်ရရပြောရပါလျှင် ၊ မိုးကုတ်ဆရာတော်ဘုရားကြီး၏ “တစ်ဘ
ဝသာသနာကျမ်းပြု” အကျော် ကမ္မဋ္ဌာနစရိယ ဘဒ္ဒန္တဦးဃောသိ
တသည်ပင် ခန္ဓာဝန်ချသည့်အထိ ကျောင်းဝိနိစ္ဆယခေါ် အမှုတွဲ
ကမပြီးငြိမ်းသေးပေ။ ထိုစဉ်က အလင်းရှင်သည် စာသင်သားဘ
ဝပင်ရှိသေးသည်။
ဒီတော့က  . ..
“ဘုရားကိုစွဲ၍ စစ်ပွဲတွေဖြစ်ကြသည်”
“ထိုဘုရားဟောကြားသောတရားကိုစွဲ၍ ရန်ပွဲတွေဖြစ်ကြသည်”
“အာဏာကိုစွဲ၍ ဘုရားသားတော်များကို သတ်ဖြတ်ထောင်ချသည်”
“အို ” . . .
“ငြိမ်းအေးသောဘ၀ဟူသည် ဘာသာတစ်ရားတစ်ခုအပေါ်၌
အခြေမခံ” ပုဂ္ဂိုလ်တစ်ဦးခြင်းစီ၏ အတွင်းစိတ်သန္တာန်ပေါ်တွင်သာ
အကြုံးဝင်သည်။”
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
ထို့ကြောင့် ဘုရားစွဲများကို ချွတ်သင့်ပြီ၊ တရားစွဲများကိုချွတ်သင့်ပြီ
ပုဂ္ဂိုလ်စွဲများကိုချွတ်သင့်ပြီ။ အစွဲနယ်ဥပါဒါန်မှ လွတ်မှသာလျှင်
ဘ၀တွင်ငြိမ်းအေးသောဘ၀ပိုင်ရှင်ဖြစ်နိုင်သည်။
“သံဃာဖြစ်လျှင် ကျောင်းလုမနေနှင့်”
“ရှိသောသင့်တင့်သည့်နေရာတွင်သာနေ”
“ငါ့ဘုရား သူ့ဘုရား စကားမရှာနှင့် ”
“ဘုရားစကားကို နှလုံးသွင်းပြီးတော့သာနေ”
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးတို့ခေတ်က ကျောင်းဘုန်း
ကြီးနှစ်ပါး ဘုရားခြင်းယှဉ်ရာက စကားများကြဖူးသည်။ ညောင်ဗုဒ္ဓ
ဟေ ပင်၏ တောင်ဘက်သို့ထိုးထွက်သော ညောင်ကိုင်းကို ဒက္ခိဏ
သာခ ဘုရားရုပ်ထု၍ ကိုးကွယ်သောခေတ်ဖြစ်သည်။ ထိုဘုန်းကြီး
နှစ်ပါးသည်လည်း ဒက္ခိဏသာခါရူးများရူးကြသည့်အလျှောက် မိမိ
တို့ကျောင်းတွင် ဒက္ခိဏသာခါဘုရားဆင်းတုတော် မို (၉)ချက်ပြည့်
ထု၍ အမွန်အမြတ်ရွှေချကာ ကိုးကွယ်တော်မူခဲ့ကြသည်။
တစ်ခါသော ယင်းဘုန်းကြီးနှစ်ပါးသည် သူ့ဘုရားက တန်ခိုးထွား
တယ် ငါ့ဘုရားကတန်ခိုးထွားတယ် စသည့်ဖြင့် အငြင်းပွားရာမှ
“ကဲ  . .ဒီအတိုင်းဆိုမဖြစ်ဘူး”
“ဘယ်ဘုရား တခိုးကြီးမကြီးကို ဘုရားခြင်းကိုင်ပေါက်ကြမယ်”
“ မကွဲမအက်တဲ့ ဘုရားက တန်ခိုးကြီးတာပေါ့”
ဆိုတဲ့ ဆန္ဒကို နှစ်ပါးသားခံယူကာ ကလေးတွေ ဂျင်ပေါက်သကဲ့
သို့ ဘုရားခြင်းကိုင်ပေါက်ကြ ဖူးသည်။
ဒီတော့က အယူအစွဲများချွတ်သင့်ပြီ  .. ။ ငါ့ဘုန်းကြီးသူ့ဘုန်းကြီး
ဆိုသော ပုဂ္ဂလစွဲများ ချွတ်သင့်ပြီ  .. ။
ကမ္ဘာပေါ်တွင်ပေါ်ပေါက်ခဲ့ဖူးသော ဘုရားများ ရန်မဖြစ်ကြပါ။
ထို့ကြောင့် ထိုဘုရားကိုအမှီအစွဲကိုးကွယ်တော်မူကြသော ဘာသာ
ဝင်များသည်လည်း အခြင်းခြင်းသော်လည်းကောင်း အခြားဘာသာ
ဝင်များနှင့်သော်လည်းကောင်း ရန်ပွဲ စစ်ပွဲ စကားလုပွဲတွေမဖြစ်ကြ
ပါနှင့်ဟု  . . . . .။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)


No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget