.

AlinShin

Friday, December 12, 2014

နံနက်ခင်း . . .တစ်ကျင်းစာ

~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~ 


နေ့စဉ်သတိထားရှောင်ကျဉ်ရမှာက “မကောင်းမှုပဲ” ဒီမကောင်းမှု
အကုသလဟာ လုပ်မိလိုက်ပြီဆိုရင် ထိုဘ၀မှာတင် အသဝေါကင်း
အောင်ကိလေသာကို ဖြုတ်ထုတ်သတ်လုပ်နိုင်မှ ကိုယ့်နောက်ကို
မလိုက်မှာ။ အင်္ဂုလိမာလဖြစ်စဉ်ကိုနမူနာထိုးကြည့်။ လူတွေကို
ထောင်နဲ့ချီပြီးသတ်ခဲ့တယ်။ အဲဒီအကုသိုလ်ကံဟာ ကိလေသာကို
ဖြုတ်ထုတ်သတ်လုပ်နိုင်သွားတဲ့ အင်္ဂုလိမာလနောက်ကို မလိုက်နိုင်
ရှာဘူး။
တို့တွေ အင်္ဂလိမာလရဲ့ Life လေးကိုဖတ်ပြီး မိမိရဲ့ဘ၀မှာ အကု
သိုလ်တွေလုပ်မိပြီဆိုရင် နောင်တရနေမဲ့အစား ယင်းအကုသိုလ်ကို
ဆက်မလုပ်ဖို့နဲ့ ကိလေသာတဏှာတို့ရဲ့ဆာလောင်မွတ်သိပ့်မှုကို
ဖြုတ်ထုတ်သတ်လုပ်ပစ်ဖို့လိုပါတယ်။ အကယ်၍ ကိုကအကုသိုလ်
တွေကိုလုပ်မိပြီး ကိလေသာတဏှာကို မဖြုတ်မသတ်နိုင်ဘူးဆိုရင်
ဒီဘ၀ကစုတေသေလွန်သော် အခြားသောဘ၀တစ်ခုမှာ “ဇာတိ”
ဆိုတာဖြစ်မယ်။ အဲဒီဇာတိဖြစ်တာနဲ့ ကိုယ်လုပ်ခဲ့ဖူးသောအကုသိုလ်
အကျိုးဝိပါကက ကိုယ့်ကိုပေးတော့တာပဲ။
အင်္ဂုလိမာလက လူထောင်ချီသတ်တဲ့အကုသိုလ်ကိုလုပ်မိခဲ့ပေမယ့်
နောက်ဖြစ်လတ္တံ့သော “ဇာတိ” ကိုပယ်နိုင်ခဲ့တယ်။ ဇာတိဖြစ်စေ
မယ့် ကိလေသာကို ဖြုတ်ထုတ်သတ်လုပ်ပစ်နိုင်ခဲ့တယ်။ ဒါ့ကြောင့်
အင်္ဂုလိမာလမှာ “ဇာတိ”မရှိတော့ဘူး ဇာတိမရှိတော့ သူလုပ်ခဲ့တဲ့
လူထောင်ချီသတ်တဲ့အကုသိုလ်က မှီတည်ခွင့်မရတော့ဘူး။
ကဲ  . . ဒီလောက်ဆို ရိပ်မိလောက်ပါပြီနော်  . .
ဒါ့ကြောင့် တို့တွေရဲ့ နံက်ခင်းမှာ (၁) အကုသိုလ်ကိုကင်းအောင်
နေရမယ်။ မကင်းနိုင်ရင်လည်း (၂) ကိလေသာကိုပါးရှားအောင်
ကျင့်ရမယ်။ ဒါဆိုရင် (၃) ဘ၀ဒုက္ခသိမ်းလို့ငြိမ်းမှာပေါ့။
အခု ဓာတ်ပုံကိုကြည့်ပါဦး  . . .
လူဖြစ်ရသောဘ၀မှာ လူ့ဇာတိကိုရတာနဲ့ အနာရောဂါနှိပ်စက်ခံရ
တဲ့ ဒုက္ခတွေ  . .။
ဗုဒ္ဓက ငါနာမည်တောင်မေ့သွားတယ် “ဟို . သူဌေးသားလေးမေး
တာကိုဖြေခဲ့တယ်လေ”
“အချို့က အနာရောဂါများပြီး အချို့ကအနာရောဂါမများဘူး” ဆို
တာကိုပေါ့။
တို့မြန်မာပြည်မှာ အကုသိုလ်အကြီးမားဆုံးသောပုဂ္ဂိုလ်ကိုထောက်ပြ
ပါဆိုရင်  . . . စစ်ခွေးနေ၀င်းနဲ့သန်းရွှေပါပဲ။
ငါတို့မင်းတို့ရဲ့ နေ့စဉ်အကိုသိုလ်လုပ်ရပ်ဟာ ဘယ်တော့မှအဲဒီမိသား
စုကောင်တွေလို မများဘူး။ ပြောမယ်ဆိုရင် ငါတို့ရဲ့သတ်တမ်းတစ်
လျှောက်လုံးလုပ်ဖြစ်ခဲ့တဲ့အကုသိုလ်ဟာ အဲဒီစစ်ခွေးမိသားတစ်စုရဲ့
နံက်ခင်းတစ်ကျင်းစာလောက်ပဲရှိမယ်။
ဥပမာကွာ ငါ နံက်ခင်းတစ်ခုမှာ လူတစ်ယောက်ကို ညှင်းဆဲလိုက်
တယ်။ အဲဒီလူရဲ့ လုပ်ကွက်တစ်ခုကို ငါ အာဏာပါဝါသုံးပြီး ပိတ်
ပင်လိုက်တယ်။
ဒီတော့ အဲဒီလူမှာ စားဝတ်နေရေးကျပ်တည်းသွားမယ်။ ဖုန်းဆက်
ဖို့ အင်တာနက်သုံးဖို့ အသိဉာဏ်ရယူဖို့တွေ ခက်ခဲသွားတယ်။
ဒါ ငါနံက်ခင်းတစ်ခုရဲ့အကုသိုလ်နော်  . . . .
စစ်ခွေးအုပ်စုကြီးကျတော့  .. သန်းပေါင်း(၅၀)ကျော်လေ  .. သူတို့
တွေ သန်းပေါင်းများစွာသောလူထုကြီးကို နားမျက်စေ့ပေါက်တွေ
ဖြစ်တဲ့ ၁၅၀၀ ကျပ်တန်ဆင်းကဒ်ကို (၁၅)သိန်းထုတ်ဈေး ၀ယ်ဈေး
ကသိန်းပေါင်း(၃၀ -ကျော် ၅၀)။ အဲလိုနှစ်ပေါင်းများစွာလူထုရဲ့နား
မျက်စေ့ကိုပိတ်ခဲ့တယ်။ လျှပ်စစ်မီး အခုအထိ မြန်မာနိုင်ငံမှာ(၃၀)ရာ
နှုန်းပဲလင်းသေးတယ်။လင်းတဲ့ရာနှုန်းမှာလည်း နေပြည်တော်ကလွဲ
လို့ ကျန်တဲ့နေရာ မီးမှန်မှန်မပေးဘူး။ လျှပ်စစ်ရနိုင်တဲ့ ဂါစ်နဲ့ရေအား
လျှပ်စစ်ကို တရုတ်နဲ့ထိုင်းကိုရောင်းစားတယ်။ ရောင်းတဲ့ငွေကိုသူတို့
အိပ်ကပ်ထဲထည့်တယ်။ ဒါက သန်းပေါင်း(၅၀)ကျော်ကိုလုပ်လိုက်တဲ့
နံက်ခင်းတစ်ခုပဲနော်  . .။ ဒီကနေ့ မြန်မာနိုင်ငံအတွင်းမှာ များစွာ
သောအတိဒုက္ခရောက်နေတဲ့ပြည်သူတွေရဲအဖြစ်ကို အလင်းရှင်ချ
ရေးလို့ဆုံးမှာမဟုတ်၊ ဒီမိုကရက်တစ်ခေါ် DVB သတင်းတွင်ကြည့်ပါ
သောကဒုက္ခသည်မြန်မာပြည်သူများဟာ စစ်ခွေးနေ၀င်းမှတိုင်သန်း
ရွှေသိန်းစိန်တို့ကြောင့် ပဲမဟုတ်လား။
ကဲ ဒီလောက်ဆိုရင် ပြည်သူအပေါ်ကို ယုတ်မာပက်စက်တဲ့ စစ်ခွေး
အုပ်စုကြီးရဲ့အကုသိုလ်ကို ရိပ်စားမိလောက်ပါပြီနော်  .. ။
ဒါကြောင့်တို့တွေမင်းတို့တွေမှာရှိတဲ့ လုပ်မိတဲ့အကုသိုလ်ဆိုတာ
စစ်ခွေးကြံ့ဖွတ်တို့ရဲ့ နံက်ခင်းတစ်ကျင်းစာကိုမမီပါဘူး။
သို့ပါ၍ မည်သူမဆို အကုသိုလ်ကိုသေးငယ်သည်ဟုမအောင်းမေ့ဘဲ
ရှောင်ကျဉ်နိုင်ကြပါစေ  .. သန်းပေါင်းများစွာသော ရဟန်းရှင်လူပြည်
သူလူထုကြီး ကုသလအလင်းများ ထင်ရှားသိနိုင်ခံစားနိုင်ပါစေဟု ..
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~ 

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget