.

AlinShin

Friday, December 12, 2014

ခုနှစ်သင်္ချေအလွမ်း . . .

 ~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~


အလင်းရှင်သည် ယခင်ထောင်မကျခင်တုန်းက ဂျာနယ်နှင့်
မဂ္ဂဇင်းများမှာ ကဗျာ၊ဆောင်းပါး၊များရေးဖူးသည်။ ဂျာနယ်တစ်
ခုမှာဆိုရင် ပင်တိုင်ဆောင်းပါးရှင်အဖြစ် အခန်းဆက်ဆောင်းပါး
များကို စကားလုံးအရောင်ခပ်တောက်တောက်နဲ့ရေးခဲ့ပါတယ်။
ကဗျာဆိုလည်း ခပ်ရဲရဲကိုတွေးပြီးထည့်ထားပေးခဲ့တယ်။
ကဗျာနာမည်နဲ့တင် တွေးဆစရာပေါင်းများစွာဖြစ်အောင်ကိုဖန်
တီးခဲ့ပါတယ်။ အချို့ကဗျာတွေဆို နှစ်ရက်လောက်တွေးယူရ
တာမျိုးရှိတယ်။ ကိုယ်က စကားလုံး color ကို ခပ်ပါးပါးလေး
သုပ်ပြီး ဖတ်လိုက်တာနဲ့ စကားလုံး color ဟာ ခပ်သွင်သွင်လေး
ဖြစ်နေတာမျိုးကို ကြိုက်တော့ အချိန်ပေးရပါတယ်။
တော်သေးတာက ကိုယ်က ၊ရဟန်းဆိုတော့ သားကျွေးမှုမယား
ကျွေးမှုမရှိဘူးလေ၊ ဒီတော့ တစ်နေကုန်တွေးလို့ရတယ်။ တည
လုံးလည်း ဆွေးလို့ရတယ်။
တစ်ခါက ကျောင်းသားတစ်ယောက် ရည်းစားနဲ့ကွဲပြီး ကျောင်းမှာ
လာနေတော့ သူ့ခံစားချက်ကို အလင်းရှင်အားပြောပြတယ်။ သူ့
စကားလည်းဆုံးရော ကိုယ်က သူ့ကိုယ်စား ကဗျာလေးတစ်ပုဒ်
ရေးလိုက်တယ်  . .။
ဟိုး  . ..
ပင်အမြင့်မှာ အဖေါ်သစ်နဲ့၊ ပျှော်ရစ်ပေတော့ ချစ်သူရေ  . .
ဆိုပြီ့း ရေးမိဖူးတယ်။
တကယ်တော့ ဘ၀ဆိုတာ  . . .
တွေးတက်သူအတွက်တော့
အဓိပ္ပါယ် အနက်တွေက  . . . . အထင်းသား။
ဆွေးတက်သူအဖို့လည်း . . .
မြင်မြင်သမျှတွေက အဆွေးစကား။
ဗုဒ္ဓကိုယ်တော်တိုင်သည်ပင်လျှင် နုစဉ်အခါကာလက နှစ်ပေါင်း
(၇)အင်္သေချေကြာအောင် တွေးခဲ့ဖူးတယ်လို့ စိန္တိတံ သတ္တသင်္ချေယံ
ဆိုသော စကားက ပြပါတယ်။
သတ္တ၀ါတွေဟာ အတွေးကောင်းကောင်းမတွေးတက်တော့ ဘ၀အ
တွက် မငြိမ်းချမ်းနိုင်ကြဘူးဖြစ်နေတယ်။ သိပ္ပံပညာရှင်များအားလုံး
ဟာ အမြင်နဲ့အတွေးကိုပေါင်းစပ်ပြီး တီထွင်လာခဲ့ကြတယ်ဆိုတာ
သူတို့ဖြစ်စဉ်လေးတွေမှာပါပြီးသားပဲမဟုတ်လား  . . .။
ဂျိန်းစ်ဝပ် ဟာ ကျောင်းမှာစာညံ့လို့ဆရာမရဲ့ကျောင်းထုတ်ခြင်းကိုခံ
ခဲ့ရတယ်။ တစ်နေ့သူအိမ်မှာရေနွေးအိုးတယ်နေရင်း ဆူပွတ်လာတဲ့
ရေးနွေးအိုးမှာ ရေနွေးငွေ့ရဲ့တွန်းကန်အားကို သူတွေ့ခဲ့တယ်။
ရေးနွေးငွေ့ဟာ အဲဒီလောက်တောင်တွန်းကန်နိုင်သလားဆိုတဲ့အ
တွေးကိုစတွေးရာကနေ မီးရထားအင်္ဂျင်စက်တစ်လုံးဟာ ဆီမပါ
ဘဲမောင်းနှင်လို့ရသွားတယ်။
ပန်းသီးပင်အောက်မှာထိုင်နေတဲ့ နယူတန်ဟာ မြေခကြွေကျလာ
သော ပန်းသီးတစ်လုံးရဲ့ “ ဖုတ်” ဆိုတဲ့အသံနောက်မှာ သူဆက်
ပြီးတွေးသွားတယ်။ ပန်းသီးလေးကတော့ တဒင်္ဂအသံလေးပဲသူ့
ကိုပေးခဲ့တာပါ။ “ဖုတ်” တဲ့။
ဒါကို နယူတန်က ဆက်တွေးတယ် ။ ပြုတ်ကျလာတဲ့ပန်းသီးလေး
ဟာ ကောင်းကင်ကို ပျံတက်မသွားဘဲနဲ့ မြေပေါ်ကိုပဲကျလာတယ်
ဆိုတဲ့အတွေးဟာ  ..  နယူတန်အတွက် “ကမ္ဘာမြေရဲ့ဆွဲငင်ခြင်းနိ
ယာမ”အသစ်ကိုတွေ့ရှိဖေါ်ထုတ်နိုင်ခဲ့တယ်။
အလင်းရှင်ကိုယ်တိုင်လည်း  . . မှတ်မိတဲ့ အရွယ်ကတည်းက
အတွေးသမားတစ်ယောက်ဖြစ်မှန်းမသိခဲ့ရပါဘူး။
“စားလိုက်တဲ့ထမင်းနဲ့ယိုလိုက်တဲ့ ချေးအတွက်အဓိပ္ပါယ်သရနက်”
ကိုအလင်းရှင် လူမှန်းသိကတည်းက တွက်ခဲ့တာ။ အဲဒီကတည်းက
မမြဲတဲ့လောကကိုသိခဲ့တာ။ ဗုဒ္ဓံသရဏံ ကဘယ် စီနေလိုနေမှန်း
မသိခင်ကတည်းက လူကြီးသူမတွေရဲ့ ရေးနွေးဝိုင်းစကားကိုနားရည်
ဝရင်း “ထမင်းနဲ့မစင်” ဘ၀ကြင်လည်ရာတစ်ခွင်ကို အလင်းရှင်ဘာ
သာပြန်ခဲ့ပါတယ်။ ဘ၀ကို ထိုစဉ်ကတည်းက အတွေးဉာဏ်မှာကျက်
စားလာခဲ့တော့ ကျက်ဉာဏ်က အတော်အားနည်းပါတယ်။ စာကျက်
ရင်မရဘူး စာတွေကိုတော့မှတ်မိနေတယ်။ အလင်းရှင်ငယ်စဉ်က
ကျောင်းမှာအရိုက်အခံရဆုံးကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။
ကိုယ်နဲ့ကျောင်းနေဖက်တွေက ဓမ္မစရိယတန်းတို့ဘာတန်းတို့နဲ့
Phd တွေဘာတွေဖြစ်နေကြပါတယ်။
အလင်းရှင်မှာတော့ ကဗျာတန်း စာတန်းထဲမှာပဲ အခုတိုင်ဝဲလည်
နေဆဲပါ။ ထောက်ပံ့သူလေးများရှိရင် နာလန္ဒသွားပြီး စာသွားဖတ်
ဖို့တော့စီစဉ်ထားပါတယ်။ လစဉ် အောင်ဘာလေထီ နှစ်စောင်တော့
အမြဲထိုးပါတယ်။ ထီပေါက်ရင်လူထွက်မိန်းမယူဖို့မဟုတ်ပါ။ နာလန္ဒ
မှာစာသွားဖတ်ချင်လို့ပါ။ ထောင်မကျခင်က နာလန္ဒသွားဖို့ စုထားတဲ့
ငွေလေးတွေ ထောင်ထဲမှာ ခြေးဖြစ်ကုန်တယ်လေ။အလင်းရှင်
ထောင်ထဲမှာနေစဉ် အသုံးစာရိပ်က တစ်လကို (4)သိန်းလောက်
ကုန်ပါတယ်။ 30 D ခေါ် အာဝါဒီလေးတွေကို သနားတာနဲ့ သူတို့ကို
ပါ ဟင်းပေးရတယ်လေ။ ဒါကြောင့် ထောင်ကျလိုက်တာ စာဖတ်မဲ့
ငွေလေးတွေ ပြောင်သွားတယ်။
သူငယ်ချင်းများကတော့ ပညာတက်ကြီးတွေပေါ့  . .ဗျာ။ သို့သော်
ကိုယ်က အတွေးသမားဆိုတော့က၊ တွေးရတာကိုပဲ ခံတွင်းတွေ့
တယ်။ ကိုယ့်ကဗျာတွေစာတွေမှာ အတွေးတွေပဲပါပါတယ်။
ဖတ်ကြည့်ကြပါ။ alinshin.blogspot.com ရဲ့ “ရင်ဘတ်ကြွေရာမြေ”
ကို ကလစ်ခေါက်ကြည့်ပါ။ အဲဒီမှာ ကဗျာတွေထွက်ကြလာလိမ့်မယ်။
“အရိုးထွင်ကဗျာ” ဆိုတာ တကယ်မိုက်တယ်။ မြန်မာပြည်မှာ
ထမင်းနဲ့ဟင်းစားနေတဲ့သူတွေအတွက် အလင်းရှင်ကအရိုးထွင်
ပေးတဲ့သဘောပေါ့။ “မျက်ကြည်လွှာအသစ်” ဆိုတာကလည်း
ခေါင်းစဉ်နဲ့ကို မိုက်နေတာ။ မျက်လုံးမကောင်းတဲ့ မြန်မာလူထု
အတွက် မိမိရဲ့ မျက်ကြည်လွှာကိုချွတ်လှူသလိုပါပဲ။
“ထမင်းပန်းချီ” အဲဒီကဗျာကလည်း တကယ့်စာဗျ။ ဆင်းရဲမွဲ
တေလှသော၊ (စစ်ခွေးသန်းရွှေဗိုလ်လုပ်လို့ ငတ်ပြတ်သတ်နေ
တဲ့ပြည်သူတွေရဲ့ ဘ၀မှာ ထမင်းကို နပ်မမှန်လို့ ပန်ချီတောင်
ဆွဲထားရတယ်) ဆိုတဲ့ရိုးရှင်းသော ကဗျာလေးပါ။
မမှတ်မိတော့ဘူး။ ရေးမိတာတဲ့ကဗျာတွေက ပုဒ်ရေ ငါးရာကျော်
ခြောက်ရာလောက်ရှိတော့ မမှတ်မိတော့ဘူး။
အဲလိုအတွေးဉာဏ်မှာ သံဝေဃတပ်လိုက်ရင် လူသားတစ်ယောက်
ရဲ့နိဗ္ဗာန်ဆိုတာ ရောက်လုနေပြီ။ သာရိပုတ္တရာတို့ မောဂ္ဂလာန်တို့
လည်းအတွေးသမားတွေပါပဲ။
တောင်ထိပ်နက္ခတ်သဘင်ပွဲမှာကို သူငယ်ချင်းနှစ်ယောက်သွားကြ
တယ်။ ရာထောင်ချီနေတဲ့ လူအုပ်ကြီးကိုကြည့်ပြီး . .
“ သူငယ်ချင်း ”
“ ဒီလူတွေ သေမှာကိုမသိဘူးလား” “ပျှော်နေကြတယ်နော်”
“သူတို့တွေငါတွေအားလုံးဟာ သေကြရမှာ”
“မသေမဲ့သူတွေတစ်ယောက်မှမရှိဘူး”
သူငယ်ချင်းနှစ်ယောက် တွေးမိတဲ့အတွေးတွေကို ပြန်ပြောကြတယ်။
အဲဒီလိုပြောရင်း  ..
“ကဲ ” “သူငယ်ချင်းရေ”
“မသေမဲ့တရား တို့နှစ်ယောက်လမ်းခွဲပြီးရှာကြမယ်”
“မင်းကအရင်တွေ့ရင် ငါ့ကိုလာပြောလှည့်”
“ငါကလည်းအရင်တွေ့ရင် မင်းကိုလာပြောမယ်”
သာရိပုတ္တရာနဲ့မောဂ္ဂလာန်တို့သူငယ်ချင်းနှစ်ယောက် ပျှော်နေတဲ့လူ
အုပ်ကြီးတွေကြားထဲမှာ “သေဖို့ကိုတွေးပြီး အဖြေထုတ်နေကြတယ်”
အဲဒီညမှာပဲ သူငယ်ချင်းနှစ်ယောက် လမ်းခွဲခဲ့ကြတယ်။
သူတို့နှစ်ယောက်က အမုန်းတရားနဲ့လမ်းခွဲခြင်းမဟုတ်ဘဲ အမှန်တ
ရားမသေတရားကိုရှာဖို့ လမ်းခွဲကြတာပါ။
ကြည့်စမ်း  . . ဒီဇာတ်လမ်းမှာ အတွေးဟာ ဘယ်လောက်အရေးပါ
သလဲဆိုတာ စာဖတ်သူတို့ ရိပ်မိလောက်ပါပြီ။
ဒါ့ကြောင့် အလင်းရှင်တွေးမိသမျှကို စာဖတ်သူများအား နေ့စဉ်လို
ဝေငှနေတာပါ။ ဘာတွေကို တွေးမိတာလည်း  . .
(က) ပြည်သူတွေရဲ့ငတ်မွတ်မှု
(ခ) ဗုဒ္ဓဘာသာကိုကိုးကွယ်ပြီး ရဟန်းသံဃာကိုသတ်ဖြတ်မှု
(ဂ) သမိုင်းဝင်ရှေးဟောင်းစေတီသိမ်တွေကိုဖျက်ဆီးမှု
(က) ပြည်သူသန်းများစွာရဲ့ ငတ်မွတ်မှု။
သယံဇတာပေါတဲ့နိုင်ငံမှာ ပြည်သူကငတ်ပြီး စစ်ခွေးဗိုလ်ချုပ်နဲ့ခရိုနီ
တွေက ချမ်းသာနေတယ်။ ဒါကို အချို့သင်္ကန်းဝတ်တွေနဲ့ အချို့လူ
တွေက အဲဒီစစ်ခွေးဗိုလ်ချုပ်ကြံ့ဖွတ်နဲ့ခရိုနီများကို
 “ဘဘကြီး”
“မဟာ ဓနကောင်းမှုရှင်ကြီး”
“ဆေးရုံအလှူရှင်ကြီး ဦးဇော်ဇော ကျမ်းမာပါစေ . .တဲ့”
“မလေးမှာလူသတ်ပွဲကြီးဖြစ်တော့ ခရိုနီတေဇကလေယဉ်
စင်းလုံးနဲ့ကယ်ဆယ်  . .လို့ ၊ ဦးတေဇကြီး ကျန်းမာပါစေ  . တဲ့။”
ပြည်သူပိုင်သယံဇာတတွေနဲ့ ကယ်တင်တာကို တေဇပိုင်ငွေနဲ့
ကယ်တင်တယ်ဆိုတဲ့ အတွေးမျိုးတွေးတက်တဲ့ ခပ်ညံ့ညံ့ကောင်
တွေအတွက် အလင်းရှင် တွေးပေးနေတာရေးပေးနေတာပါ။
အဲလိုကယ်စတန်းဆိုရင် အလင်းရှင် (၁၁)ဘီလျှံပေးပါ။ အဲဒီ
၁၁ -ဘီလျှံထဲက စာဖတ်ဖို့ သိန်း(၁၀၀၀)ပဲယူပါ့မယ်ကျန်တာ
တွေအားလုံး ပြည်သူကိုပေးပါမယ်။
အင်း  . .တွေးကြနော် ။ တွေးတက်ဖို့လိုတယ်  . .။
(ခ) ဗုဒ္ဓဘာသာကိုကိုးကွယ်ပြီး ရဟန်းသံဃာကိုသတ်ဖြတ်မှု
(ဂ) သမိုင်းဝင်ရှေးဟောင်းစေတီသိမ်တွေကိုဖျက်ဆီးမှု
အလင်းရှင် ဒီကိစ္စကို အထူးအထည်ရေးပြနေစရာမလိုဘူးလို့ထင်
တယ်။ စက်တင်ဘာ 2007 မှာ သံဃာတွေကိုအတိအလင်းသတ်
ဖြတ်တယ်၊အခုရှိနေတဲ့ (မဟန)ခေါ်သံဃအဖွဲ့အစည်းကြီးက ခွေး
အလှည်းနင်းခံရသလို ဘာသံမှမထွက်ဘူး။ ပြောတော့ သံဃအဖွဲ့
အစည်းတဲ့။ တကယ့်သံဃာတွေပျံလွန်တော်မူကုန်တာကိုတော့
ရေငုံနှုတ်ပိတ်နေတယ်။ သံဃာကိုကိုယ်စားမပြုဘဲ စစ်ခွေးကိုကိုယ်
စားပြုနေတယ်ဆိုတာ 2007 မှာပြည်သူတွေအားလုံးသိသွားတယ်။
သိတော့ (မဟန)ကနေ (မဘသ)နဲ့ (၉၆၉)အဖြစ် ပြည်သူ့အားကို
ယူဖို့အသွင်ပြောင်းဖွဲ့စည်းလိုက်တယ်။
ဘာသာကိုမထိနဲ့။ သာသနာနာကိုမထိနဲ့။ ဆိုတဲ့ လူပြိန်းကြိုက်စ
ကားတွေနဲ့ စင်မြင့်ပေါ်ပလ္လင်ထက်မှာ စစ်ခွေးကြံ့ဖွတ်နဲ့တရုတ်ကြီး
ခိုးသမျှကို ကာကွယ်ဖို့ ပွဲထုတ်ခဲ့တယ်။ ရှေးဟောင်းလယ်တီသိမ်နဲ့
စေတီကို စစ်ခွေးကြ့ဖွတ်တရုတ်ကြီး bulldoze နဲ့ထိုးကော်ဖျက်ဆီး
ပစ်လိုက်တယ်။ စောစောကပြောတဲ့ အဖွဲ့သုံးဖွဲ့ ဘယ်မှမူးလဲနေလဲ
မသိဘူး။ အိပ်ပျှော်နေတယ်။ စစ်ခွေးကြံ့ဖွတ်ပေးထားတဲ့ ဇိမ်ခံကား
သာနံပါတ်အ၀ါရောင်ကြီးကိုစီးပြီး စည်းစိမ်ရစ်နေကြတယ်။
အလင်းရှင်က ဒါကိုပြောတော့ သာသနာဖျက်တဲ့ကောင်ဆိုပြီး
ထောင်ချပစ်တယ်။ တကယ်ဖျက်နေတာ စစ်ခွေးကြံ့ဖွတ်နဲ့(မဟန)
ကြီးတို့ ။ အလင်းရှင်က ဖျက်တဲ့အထဲမပါဘူး။ မဖျက်ဖို့ကန့်ကွက်
တာ။ သိမ်စေတီတွေကန့်ကွက်တဲ့သူက သာသာနာဖျက်တဲ့ပုဒ်မနဲ့
ငြိတယ် တကယ်ဖျက်ခိုင်းတဲ့ (မဟန)ဥက္ကဌဗန်းမော်ကြီးက
သာသနာပြုတာ  .. တဲ့။
ဟား  . . . တိုက်ကာသာရယ်လိုက်ကြပေတော့  . ..
တွေးကြဟေ့  . .. မင်းတို့ ဗမာတွေ အဲလိုမတွေးနိုင်လို့ စစ်ခွေး
လုပ်သမျှ ခံနေရတာ  . .ကွ။
“ဘဘဗိုလ်ချုပ်မှူးကြီးသန်းရွှေကျေးဇူးကြောင့် မြန်မာပြည်ဟာ
ဒီမိုကရေစီစနစ်ကိုဦးတည်ရောက်ရှိနေတာ  . .တဲ့။
ဒီလိုအတွေးမျိုးတွေဟာ သေသင့်သေထိုက်သောအတွေးတွေပါ။
ဒါကို ဒါမှန်းမသိတဲ့ သင်္ကန်းဝတ်အချို့လူအချို့ကို အလင်းရှင်
တွေးပြရေးပြနေပါတယ်။
ဒါ့ကြောင့် အလင်းရှင်သည် ခုနှစ်သင်္ချေသောအတွေးများကိုတွေး
ရင်း  . . ရင်နာရင်း  ..  ကြေကွဲရင်း  .. လွမ်းမောရင်း . .
ကြိတ်မှိတ်ခံစားမြိုချရင်း  . . . .
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget