.

AlinShin

Friday, December 12, 2014

ထမင်းကြမ်းပဲ စားတော့မယ်..(ဟာဂျူလီ-ကသာ)

~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
အလင်းရှင်သည် စစ်အာဏာရှင်ခေါ် စစ်ခွေးများ၏ယုတ်မာပတ်စက်
ပုံကို ပြည်သူအများသိစေရန်ရေးသည်။ ယင်းတို့၏လက်ပါးစေ ခရိုနီ
မိစ္ဆာများ၏ လောကဇောတိုက်သောက်ကျင့်ယုတ်မာတာတွေကို


တင်ပြသည်။ ဒီစစ်ခွေးကြံ့ဖွတ်တို့ရဲ့ကြောထောက်နောက်ခံ ဘာသာ
ရေးအယောင်ဆောင် (မဟန)မှ ပုံပြောင်း (မဘသ) (၉၆၉) တို့၏
လိုအပ်ချက်မှားယွင်းမှုများကိုထောက်ပြသည်။
ဘာလို့ ဒီလိုရေးနေတာလဲ?
ကိုယ့်ထမင်းကိုယ်စားပြီး ဒါတွေဘာ့ကြောင့်ပြောနေတာလဲ?
အောက်ပါ ဖြစ်ရပ်ဖြစ်စဉ်များသည် မြန်မာနိုင်ငံအနှံ့အပြားရှိ အများ
ပြည်သူများ အတိဒုက္ခရောက်နေသည်ကို  ကြားမြင်သိရ၍ စိတ်လက်
မချမ်းသာသောကြောင့် အာဏာရှင်ကြံ့ဖွတ်စနစ်ဆိုးကြီးအမြန်ဆုံးချုပ်
ငြိမ်းစေရန်အတွက်သာဖြစ်ပါသည်  . .။
ဒါ့ကြောင့် စစ်ခွေးကြံ့ဖွတ်သန်းစိန်တို့ကို ကောင်းပါသည်ဟုထောက်ခံ
နေကြသော သင်္ကန်းဝတ်များနှင့်ခရိုနီကြီးများအား ဒါနကောင်းမှုရှင်ကြီး
များအဖြစ်သာဓုအနုမောဒနာပြုနေကြသော လက်ပါးစေများ အလင်းမှန်
အမြင်မှန်ရစေရန် တင်ပြလိုက်ပါသတည်း  .. ။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
ထမင်းကြမ်းပဲ စားတော့မယ်..(ဟာဂျူလီ-ကသာ)
ဒီကနေ့ ကသာမှာ ဂရိတ်ဝေါဦးတင်မောင်နဲ့ ထူးကုမ္ပဏီဦးတေဇတို့ရဲ့
အာဏာပိုင်နဲ့ ပေါင်းပြီး လယ်သိမ်းခြင်းခံရတဲ့ ထီးချိုင့်မြို့နယ်ထဲက
လယ်သမား(၁၅၀)လောက် ဆန္ဒပြကြပါတယ်၊ သူတို့ကို အင်တာဗျူးး
သွားရင်း သိခဲ့ရတာက လွန်ခဲ့တဲ့၆/ရ/၁၀နှစ်တွေတုန်းက သိမ်းခံခဲ့ရတာတဲ့၊
တစ်ဧကကို တစ်နှစ်ငှားရမ်းခ ၅သိန်းလောက် လယ်ဈေးပေါက်တဲ့အချိန်မှာ
အချို့ကို အလကားသိမ်း၊ အချို့ကို ၆သောင်း ၇သောင်းလောက်သာပေးပြီး
ဝယ်ခဲ့ကြတာပါ၊ ဒီဈေးနဲ့ မရောင်းရင် အလကားသိမ်းမယ်ဆိုလို့ ရောင်းခဲ့ကြ
ရတာပါ၊သူတို့တတွေဟာ လယ်စိုက် ကြံစိုက်လောက်သာ လုပ်တတ်ကြတော့
သူတို့ နှစ်(၂၀)လောက် လုပ်လာတဲ့မြေကို မရောင်းချင်ကြဘူး၊ မရောင်း
မဖြစ်လို့ မတန်မရာဈေးနဲ့ ရောင်းလိုက်လို့ ရလာတဲ့ငွေ ဆိုတာကလည်း
မလုပ်တတ် မကိုင်တတ်နဲ့ တစ်နှစ်အတွင်း ကုန်ကုန်ကြပါလေရော၊
ဒီတော့ အရင်က ဘိုးစဉ်ဘောင်ဆက် ကြံတောင်သူတွေ လယ်ပိုင် ယာပိုင်တွေ
ဟာ အခုလက်ရှိမှာတော့ လယ်ကူလီတို့၊ သူရင်းငှားတို့၊ သက်ကယ်ပျစ်တို့
ဖြစ်ကုန်ကြရရှာပါတယ်၊ အားလုံးမှာ တူညီတဲ့အချက်ကတော့ သူတို့ရဲ့
သာသမီး မြေးမြစ်တွေကိုလယ်သိမ်းခံရကတည်းကကျောင်းတွေက
ထုတ်ပစ်လိုက်ကြရတာပါပဲ၊ (ဒီခရိုနီတွေ ပညာရေးရံပုံငွေဆိုပြီး လူကြား
ကောင်းအော် ငွေလှူပြတာကိုလည်းရယ်ချင်စရာပါ) 
အဲဒီထဲက ဦးမှတ်တင်ဆိုတဲ့သူဟာ အသက်(၆၀)ရှိပြီး ၀န်တင်ကုန်း
ကျေးရွာကပါ၊ အရင်ကတော့ သူလည်းလယ်(၁၈)ဧကပိုင်ခဲ့တဲ့သူဖြစ်
ပါသတဲ့၊ အခုတော့ လယ်မဲ့ ယာမဲ့နဲ့ အိမ်သာကျင်း တူးပြီး ဘ၀ကိုရုန်း
ကန်နေရရှာပါတယ်၊ကျန်းမာရေးကလည်းမကောင်းဦးထုပ်တို့ဖိနပ်တို့
ကလည်းမပါဆိုတော့ စီတန်းလှည့်လည်လို့ (၁၀)မိနစ်လောက်မှာပဲ
ဆက်မလိုက်တော့တဲ့အတွက် စေတနာရှင်လူငယ်လေးကဆိုင်ကယ်
နဲ့ တင်ခေါ်ပေးခဲ့ရရှာပါတယ်၊ အဲဒီဖြစ်စဉ်လေးကိုကြည့်ပြီး
ဦးတင်မောင်တို့ ဦးတေဇတို့တတွေအကြောင်း တွေးဖြစ်သွား
ပါတယ်၊ သူတို့တတွေ ထမင်းကို ဆီဦးထောပတ်နဲ့ စားနိုင်ဖို့
ဆင်ရဲသားတွေရဲ့ ထမင်းလုတ်ကို ပုတ်ချ လုယူရဲတဲ့ သတ္တိကိုလည်း
ချီးကျူးလိုက်မိပါရဲ့၊ဒီလို လုပ်ရဲဖို့ဆိုတာ တော်ရုံသတ္တိနဲ့ မလုပ်ကိုင်
ရဲကြပါဘူး၊ ကျွန်တော်သာဆိုရင် လုပ်ရဲဖို့နေနေသာသာတွေးတောင်
မတွေးရဲလောက်အောင် သတ္တိနည်းပါးလှပါတယ်၊ ဒီတော့ ဂရိတ်
ဝေါဦးတင်မောင်၊ ထူးကုမ္ပဏီဦးတေဇ နဲ့ လယ်သိမ်းယာသိမ်းရေးမှာ
ပါဝင်ပတ်သက်ခဲ့တဲ့ သူတွေကိုအလွန့် အလွန် ချီးကျူးဂုဏ်ပြုပါကြောင်း
မှတ်တမ်းတင်လိုက်ရပါတယ်ခင်ဗျာ...။(ဟာဂျူလီ-ကသာ)
https://www.facebook.com/herjulekatha
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget