.

AlinShin

Friday, December 12, 2014

SPECIAL DONOR


~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
တစ်မူးရှိလို့ တစ်ပဲလှူတာထက် ကိုယ်တမွန်တမြတ်လေးကို
စွန့်လွှတ်လှူဒါန်းတာကပိုပြီးလေးနက်ပါလိမ့်မယ်။ ဘယ်လို
ပဲဖြစ်ဖြစ်ပါ။ ကိုယ့်မှာရှိတာကိုနဲများမဟူပေးပစ်လိုက်တာကို
ကတည်းက ရက်ရောသော Special Donor တစ်ယောက်ပါ။
တိုက်ရိုက်ခံယူငင်သူ Taker သမားတစ်ယောက်လက်ထဲသို့
မရောက်ခင် ထိုပေးဆပ်လိုက်သူ ဒါနရှင် Donor သမားမှာ
၏နှလုံးသားဝယ် အေးချမ်းမှုငြိမ်းအေးမှုသုခကို  ခံစားခွင့်ရ
ပါတယ်။ Taker သမားကတော့ သူ့လက်ထဲကိုရောက်မှပဲ
ရရှိခြင်းပီတိကို ခံစားရတာမျိုးပါ။
ဒါ့ကြောင့် ဗုဒ္ဓ၀ါဒဟာ Taker အယူအဆထက် Donor အယူ
အဆကိုသာ တန်ဘိုးထားကြောင်း အတိအလင်းထုတ်ဖေါ်
ဟောကြားထားပါတယ်။ သို့အတွက်ကြောင့် ဒီကနေ့ကမ္ဘာ့အသိ
ပညာရှင်ကြီးတွေက ဗုဒ္ဓကို မကိုးကွယ်သည့်ဟုတိုင် လေးစား
ကြည်ညိုကြပါသည်။ ဗုဒ္ဓ၏အယူအဆများကို တန်ဘိုးထားကြ
ပါသည်။
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~

~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
ဒါသည်ပင် “ဗုဒ္ဓအား ကြည်ညိုသည်ဟုမသက်ရောက်သလော”
ဟုအမေးဝါကျရှိခဲ့သော်။ ၀က္ကလိရဟန်းကိုဟောကြားသောဒေသ
နာကိုထောက်ရှု့၍ “ကြည်ညိုရာရောက်သည်ဟုဆိုရမည်”
ထို့ကြောင့် အလင်းရှင်သည် ဗုဒ္ဓ၀ါဒကိုကျင့်သုံးယုံကြည်ကိုးကွယ်
ရာ၌ Freedom ကိုဦးစားပေးထားသဖြင့် ပို၍ ဗုဒ္ဓကိုလေးစားသည်။
ဗုဒ္ဓသည် လူသားတစ်ဦး၏ကာယကိုယ်ကိုမဆိုထားနှင့် စိတ်ကိုပါ
ချုပ်ချယ်ခြင်းမပြုလုပ်ခဲ့ပေ။
လူ့အခွင့်အရေးကို လုံးဝဦးစားပေးခဲ့သည်မှာ ဗုဒ္ဓ၀ါပင်ဖြစ်သည်။
သမ္မတကြီးပင်ဖြစ်စေ ၊ ဆိုက်ကားသမားပင်ဖြစ်စေ ၊ ဗုဒ္ဓ၀ါဒထဲသို့
ရောက်လျှင် ထိုနာမ်စားများအားလုံးကို ခွါချပစ်လိုက်ရသည်။
ဟိုတစ်ချိန်ကရွှေထီးဆောင်းခဲ့ခြင်းနှင့် နွမ်းပါးခြင်းတို့သည် ဗုဒ္ဓ၀ါဒ
တွင် အသုံးမ၀င်တော့ပေ။ ဗုဒ္ဓ၀ါဒသည် လူတစ်ယောက်အဖြစ်သာ
အသိအမှတ်ပြုပြီး ယင်းလူ၏ ဂုဏ်ပကာသနအလွှာအထပ်ထပ်ကို
မျက်ကွယ်ပြုလိုက်သည်။
ထိုအခါ လူညံ့ပင်ဖြစ်စေ လူကောင်းပင်ဖြစ်စေ အားလုံးဟာ လူသား
တန်ဘိုးတစ်ခုတည်းသို့သက်ရောက်သွားသည်။ သူခိုးကြီးပင်ဖြစ်စေ
သိပ္ပံပညာရှင်ကြီးပင်ဖြစ်စေ ယင်းတို့၏ အပေါ်ယံအလွှာကိုခွာပစ်
လိုက်ရသည်။ ထိုသို့ခွာလိုက်ခြင်းဖြင့် လူသားတန်ဘိုးကို ပိုမိုထင်
ဟပ်စေသည်။
သူခိုးသည် ယင်း၏ခိုးယူခြင်းကိုစွန့်လွှတ်ရမည်သာပဓာနအဖြစ် ဗုဒ္ဓ
ကဆိုသည်။ ထို့ကြောင့် ဗုဒ္ဓသည် အတ္တအကျိုးထက် ပရအကျိုးကို
သာ လိုလားသည်။ ဗုဒ္ဓက ပေးလိုက်ခြင်းကို သာဓုခေါ်သည်။ ယူ
ငင်ခြင်းကို ဥပေက္ခာရှု့သည်။ Donor ခေါ်ပေးလိုက်ခြင်းမှာကိုပဲ
သုံးမျိုးပြဋ္ဌာန်း ထားပါသေးသည်။
(၁) ဒါန ၊ ပေးခြင်း။
(၂)ဒါနဥပ၊ကိုယ်အင်္ဂါကြီးငယ်တို့ကိုပေးခြင်း။
(၃)ဒါပရမတ္ထ၊မိမိအသက်ကိုပင်ပေးလိုက်ခြင်း တို့ပါပဲ။
ထိုသို့ ပေးခြင်းကိုပင် အပိုင်းအခြားထား၍ ဟောကြားသွင်သင်ဆုံး
မတော်မူခဲ့သောကြောင့် ဗုဒ္ဓ၏သဗ္ဗညုတဉာဏ်တော်သည် ဖတ်ရှု
သိနားလည်သူအတွက် ပိုမိုကြည်ညိုဖွယ်ရာဖြစ်နေသည်။
ဒါကိုဒီလိုနားမလည်သော လူ့အန္ဓများက  . ..
စစ်ခွေးကြံ့ဖွတ်များ၏ စေတီပုထိုးတည်ထားကိုးကွယ်မှုများကို သွား
ရေကျချီးကျူးနေကြသည်။ တေဇ၊ဇော်ဇော၊ဋ္ဌေးမြင့်၊ခင်ရွှေစသော
ပြည်သူပိုင်သူခိုးခရိုနီကြီးများ၏ ပေးစွန့်မှုကို “အံ့ဘနန်း”အထင်ကြီး
နေကြသည်။ ထိုခရိုနီသူဌေးကြီးများလှူဒါန်းသည်ဆိုသော အရာ
ဝတ္ထုကြီးငယ်တို့သည် ဓမ္မိယလာဘ်များမဟုတ်ကြသည်ကိုလည်း
သတိမူရမည်။ donor ပြုရာတွင် သန့်ရှင်းသောဓမ္မိယလာဘ်သည်
သာလျှင် သန့်ရှင်းသောအကျိုးကိုပေးစေပြီး ညောင်စေ့လေးပမာဏ
လှူသော်လည်း ညောင်ပင်ကြီးကဲ့သို့ ရလဒ်ကိုရစေသည်။
ထို့ကြောင့် စာဖတ်ကြပါရန် အလင်းရှင်တိုက်တွန်းပါသည်။ Donor
ပြုရာတွင် ပစ္စည်းခေါ် equipment သည်လည်း ပဓာနကျသည်။
သန်းပေါင်းများတို့၏ မျက်ရေသောက အပူစာများဖြင့် ရင်းနှီးထား
သော ဘီလျံနာအလှူသည် အပူ Heater အလှူသည်သာဖြစ်သည်။
ထိုအလှူတွင်  . . . .
“မျက်ရည်စတွေပါ၏ . . ၊”
အတိဒုက္ခရောက်ခဲ့ကြရသောသန်းများစွာတို့၏  . . .
“အော် ဟစ်ငိုညည်းသံတွေလည်းကြားရ၏ . .”
ထိုအလှူ၌ “ရန်ငြိုးရန်စတွေပါ၏” ဟု ဗုဒ္ဓဒေသနာတော်ကဆိုဆုံးမ
ထားပါသည်။
ကဲ  . . အလှူလှူတက်ရန်နှင့် ဗုဒ္ဓမြတ်စွာချီးမွန်းအပ်သောအလှူ
Special Donor သမားတစ်ယောက်ဖြစ်ဖို့ စာတွေများများဖတ်ကြပါ
ဟုသာ . . . .
ဤဓမ္မအလင်းကုသိုလ်ကို ၃၁ဘုံသားများအားဝေငှမိပါသည်၊
နတ်လူသာဓု Share နိုင်ကြပါစေကုန်သတည်း . . .
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget