-
- By:အလင်းရှင် http://aungminkhoung.blogspot.com
နောက်ကြောင်းလှည့်မှာ တကယ်ကြောက်နေတဲ့သူ
အာဏာရှင်မှာလက်သစ် နဲ့ လက်ဟောင်းဆိုပြီးရှိပါတယ် နမူနာပြရရင် ပြည်ဖျက်နေဝင်း နဲ့ ပြည်ဖျက်သန်းရွှေ ပေါ့
ပြည်ဖျက်နေဝင်းက အာဏာရှင် လက်ဟောင်း ၁၉၆၂ မှာ ဗမာပြည်ကို အာဏာသိမ်း ခဲ့တဲ့ အာဏာရှင် အာဏာသိမ်းကာစကတည်းက ကျောင်းသားတွေကို ရန်သူသဖွယ် သေနတ်နဲ့ပစ်သတ် . . ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကိုလည်း မိုင်းတွေနဲ့ခွဲ . . အဲဒီလုပ်ရပ်တွေ နဲ့ အစပျိုးလို့ အာဏာရှင်တစ်ယောက်ဖြစ်ကြောင်း ဟစ်ကြွေးခဲ့တယ် . . အဲ နောက်ထပ် အာဏာရှင်တစ်ယောက်ကတော့ ပြည်ဖျက်သန်းရွှေပါပဲ သူကို နေဝင်းကိုယ် တိုင် မြှောက်ပေးခဲ့တာဆိုပေမယ့် အာဏာရှင်အဖြစ် မြှောက်ပေးခဲ့တာမဟုတ်ပါဘူး ထားရာနေ စေရာသွား ခိုင်းတာလုပ် ကျွေးတာစား ပေးတာယူ ပုံစံနဲ့ ငယ်ကျွန်တစ်ယောက်လို ထားခဲ့တာပါ . . ပြည်ဖျက်သန်းရွှေကြီး ဘယ်ကစလို့ အာဏာရှင်ဖြစ်ခဲ့သလဲ ဆိုတော့ . . . ၂၀၀၂ နှစ်မှာ ပြည်ဖျက်သန်းရွှေကြီးက သူ့အဘသူ့ကျေးဇူးရင် တချိန်က သူ မော်လို့ပင်မကြည့်ရဲခဲဖူးတဲ့ နေဝင်းကို အမြီးလှန်ချိုး
နေဝင်းတဆွေတမျိုးလုံးကို ထောင်ချ သေဒဏ်ပေး စတဲ့ လက်သံပြောင်တဲ့
လုပ်ရပ်များနဲ့ အာဏာရှင်နောက်တစ်ယောက် လူလားမြောက်ပြီဖြစ်ကြောင်း
ပြသခဲ့တာဖြစ်ပါတယ် ၂၀၀၂ ခုနှစ်ကစလို့ ပြည်ဖျက်သန်းရွှေကြီးဟာ အာဏာရှင်လုံးလုံးဖြစ်ခဲ့ပါတယ် . . အဲဒီကစလို့ ပြည်ဖျက်သန်းရွှေဟာ သူ့အလှည့်မရောက်အောင် သူအာဏာမြဲရေး နဲ့ အာဏာရှင်ထပ်မပေါ်ပေါက်ရေး အစီအမံများချကာဆောင်ရွက်ခဲ့ပါတယ် . . လူသူရှေ့မှာ လှုပ်တုတ်လှုပ်တုတ်နဲ့ နက်ဖန်သေတော့မယ့်ရုပ်လို ဟန်ဆောင်ထားတဲ့ ပြည်ဖျက်သန်းရွှေကြီးဟာ ဘယ်သူ့ကိုမှ မယုံတော့ပါဘူး . . ရာထူးကြီး လုပ်ပိုင်ခွင့်ကြီး နေရာ အားလုံးကို သူ့ရဲ့ ငယ်မွေးခြံပေါက် တွေ နဲ့ အစားထိုးခဲ့ပါတယ် ငယ်မွေးခြံပေါက်တွေ ကိုလည်း အမြဲတမ်း အချင်းချင်းမတည့်ရလေအောင် နောက်ကွယ်က သွေးထိုးစကားများပြောကာ အင်အားချိန်ခွင်လျှာညှိခဲ့ပါတယ် . . မကြာပါဘူး သူ့နေရာလုမယ်ထင်တဲ့ ခင်ညွန့်နဲ့အဖွဲ့ တစ်သိုက်ကိုလည်း ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းခဲ့ပါသေးတယ် . .
စိတ်မကြည်ရင် မကြည်သလို အောက်လက်ငယ်သားတွေကို ဖြုတ်ထုတ်သတ်လုပ်တတ်လို့
နေပြည်တော် သောကြာနေ့ ညဘက် ဆိုရင် စနေနေ့ မနက်အတွက်ပြင်ဆင်ကြတာဟာ
ရုတ်ပျက်ဆင်းပျက် နိုင်လွန်းလှပါတယ် . .
ပြည်ဖျက်သန်းရွှေကြီးဟာ သူ့ကိုဘယ်လောက် သစ္စာရှိတဲ့သူဖြစ်ဖြစ် ဘယ်သူ့ကိုမှ
မယုံပါဘူး . . နေဝင်းမိသားစု အပေါ်သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေက သူ့ကို
အချိန်တိုင်းခြောက်လှန့်လို့နေပါတယ် . .
သူ့နေရာပေးမယ်ဆိုပြီး နှစ်သိမ့်ထားတဲ့ ရွှေမန်းကို သမ္မပေးမယ်ဆိုပြီး
တပ်ကထွက်ခိုင်း ၊ နောက်ဆုံးတော ရွှေမန်းတစ်ယောက် အောက်လွတ်တော် ဥက္ကဌဆိုတဲ့
ရာထူးနဲ့ နှစ်သိမ့်နေရပါပြီ သူရမြင့်အောင်ကိုလည်း တပ်တွင်းအမိန့်နဲ့ သူ့ရာထူးပေးမယ် လုပ်ထားပြီး တကယ်တမ်းကျတော့ မပေးခဲ့ပြန်ပါဘူး . . တကယ်သူ့ရာထူးပေးခဲ့တာက ပေါက်စ မင်းအောင်လှိုင်ပါ . . အဲဒီမင်းအောင်လှိုင်ကို တိုင်းမှူး အချင်းချင်းကတောင် မလေးစားကြပါဘူး . .
အခေါ်အဝေါ်ကိုလည်း ပြောင်းခဲ့ပါတယ် . . သူလက်ထက်က သူ့ရာထူးကို
တပ်ချုပ်လို့ခေါ်ကြပေမယ့် မင်းအောင်လှိုင်လက်ထက်မှာ ကာချုပ်လို့
ပြောင်းလဲခေါ်ဝေါ်စေခဲ့ပါတယ် . . . ပြည်ဖျက်သန်းရွှေဟာ ၂၀၀၈ ဖွဲ့စည်းပုံကို စိတ်ကြိုက်ရေးဆွဲပြီး အာဏာတွေကို တစ်နေရာထဲ စုပုံမနေအောင် ခွဲထားခဲ့ပါတယ် . . . အာဏာတွေ တစ်နေရာထဲ စုပုံလို့ အာဏာရှင်လောင်းလျာတစ်ယောက်ထွက်လာရင် အရင်ဆုံး မာလကီယား မှာက သူကိုယ်တိုင်ဖြစ်တယ်ဆိုတာ ပြည်ဖျက်သန်းရွှေကြီး ကောင်းကောင်းသဘောပေါက်နေပါပြီ . . သူ့လူတွေကို နောက်ဆုံးအချိန်အထိ ဘယ်တာဝန်ယူရမယ်ဆိုတာမပြောခဲ့ပါဘူး . . အလွန်အကွက်စေ့လှတဲ့ ပြည်ဖျက်သန်းရွှေပါ . . အခု ၂၀၁၃ အချိန်မှာ သူက ပေါက်စလို့ ခေါ်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ အရွယ်ရောက်လို့ အစွယ်ပေါက်ကာစဖြစ်နေပါပြီ . . .
မင်းအောင်လှိုင်အနေနဲ့ကလည်း သူ့ရှေ့မှာ ပြည်ဖျက်သန်းရွှေကြီးက
ဧကရာဇ်တစ်ပါးလိုနေခဲ့တာတွေ တွေ့ရခဲ့ ၊ သူတို့ကိုယ်တိုင် အခစားဝင်ခဲ့ရပေမယ့်
လက်ရှိသူ့အလှည့်မှာ သူ့ရာထူးဟာ နံပါတ် ၂ လား ဘာလား မကွဲပြားဖြစ်နေပါတယ် . . .
မင်းအောင်လှိုင်လဲ စိတ်ကူးယဉ်ပေမပေါ့ဗျာ . .
ကြားရတဲ့ အတွင်းသတင်းတွေ အရ ပြည်ဖျက်သန်းရွှေကြီးတစ်ယောက် အခုတစ်လော
အလုပ်များတာအကြောင်းပြပြီး ခေါ်တိုင်းလာမတွေ့တော့တဲ့ မင်းအောင်လှိုင်အပေါ်
စိတ်တိုနေကြောင်း
သိရပါတယ် . . . ကဲ နောက်ကြောင်းပြန်လှည့်ပြီး အာဏာရှင်အသစ်တစ်ယောက်ပေါ်ဖို့ အရမ်းကြောက်နေသူဟာဘယ်သူလဲ . .. သိကြပြီလို့ထင်ပါသဗျာ . . .
No comments :
Post a Comment