Chit Paing shared Ahman Tayar's photo. မှကူးယူဖေါ်ပြသည်
By:အလင်းရှင် http://aungminkhoung.blogspot.com
အဲဒီ ၃ ယောက်ထဲက ဘယ်သူပိုချမ်းသာသွားသလဲ . . ခရစ်နှစ် ၂၀၀၅ ဝန်းကျင်ကာလ ပြည်ဖျက်သန်းရွှေကြီး တစ်ယောက်ကျောက်ဆည်ကို အလည်ရောက်ရင်း ငယ်သူငယ်ချင်း ၃ ယောက်နဲ့ တွေ့ကာ ရှေးဟောင်းနှောင်းဖြစ်များပြောေ
" ကဲ သူငယ်ချင်းတို့ မင်းတို့ အခုပုံစံမျိုး ချို့ချို့တဲ့တဲ့ ဖြစ်နေတာကို မြင်ရတော့ ငါစိတ်မချမ်းသာဘူးကွာ . . ကဲ ဒီမှာ ငါ့ ပီအေ စိုးရှိန်ရှိတယ် လိုတာကို တောင်းကြ . . စိုးရှိန်ကလည်း သူ့တို့ လိုချင်တာကို ရ အောင်လုပ်ပေးလိုက် ကြားလား . . . "
သို့ နှင့် သူငယ်ချင်း ၃ ယောက်က ပီအေစိုးရှိန်ထံမှ သူတို့ လိုချင်သော အခွင့်အရေးတွေ တောင်းကြသည် . . စိုးရှိန်ကလည်း သန်းရွှေကြီးရဲ့ နှုတ်ထွက် အမိန့်အရ တောင်းသမျှရအောင် ဆောင်ရွက်ပေးသည် . . .
" စိုးရှိန်ရေ အဆင်ပြေရဲ့လား သူတို့ ဘာတွေတောင်းကြလဲကွဲ့ " ရက်အတန်ငယ်ကြာသော် သန်းရွှေကြီးက စိုးရှိန်ကိုမေးလေ၏
" အဘရေ . . ဘယ်ဘက်က တစ်ယောက်က ကားပါမစ် တောင်းတယ်ဗျ . . ညာဘက်က တစ်ယောက်ကတော့ မြေကွက်တောင်းတယ်ဗျ "
"ဟုတ်လား . . ဒီကောင်တွေ ဘယ်ဆိုးလို့လဲ . . ပိုက်ဆံရပေါက်တော့ သိ သား ကွ . . ဒါနဲ့ နောက်တစ်ယောက်ကရော ဘာတောင်းလဲကွ"
"အလယ်က တစ်ယောက်ကတော့ အဘရေ ထူးထူးဆန်းဆန်းပဲဗျ . . အဘရဲ့ ဓါတ်ပုံ ဆိုက်ကြီးကြီး တစ်ပုံလောက်သာပေးပါဆိုပြီးတောင်
"ဟာကွာ . . ဒီကောင့်နှယ် . . ငါက ဒီကောင်တွေ ဆင်းဆင်းရဲရဲ ဖြစ်နေလို့ . . အဆင်ပြေသွားအောင် တစ်ခုခုတောင်းပါဆိုတာကွာ . . ဒီကောင်ကလည်း ငါ့ဓါတ်ပုံတောင်းရတယ်လို့ ကွာ . . မင်းဘယ်လိုလုပ်ပေးလိုက်လဲ စိုးရှိန်"
"ဘယ်တတ်နိုင်ပါမလဲ အဘရယ် . . သူ့ကံပဲပေါ့ . . ကျနော် ကတော့ သူတောင်းတဲ့အတိုင်း ဓါတ်ပုံကြီးကြီးကို ရေစိုခံဘောင်တွေဘာတွေ နဲ့ လုပ်ပေးလိုက်တယ် . . သူ့ကိုဒီဓါတ်ပုံကို အဘက ပေးထားတာဖြစ်ကြောင်း အထောက်အထားလိုချင်ပါတယ်ဆိုလို့ ကျနော်
လုပ်ပေးလိုက်သေးတယ်ခင်မျ"
"အေးပါကွာ ဒီကောင် အဲလို လာဘ် မမြင်တတ်လို့ ဆင်းရဲနေတာကွ" "ဟုတ်ကဲ့ အဘ"
- - - - - - - - - - - - -
ဒီလိုနဲ့ တစ်နှစ်လောက်ကြာသွားပြီးနောက်
- - - - - - - - - - - -
"စိုးရှိန်ရေ . . ငါ့သူငယ်ချင်း ၃ ယောက်အခြေအနေ မင်းကို စုံစမ်းခိုင်းထားတာ သိရပြီလားကွဲ့"
"ဟုတ်ကဲ့ အဘ စုံစမ်းပြီးပါပြီ . . ကားပါမစ်တောင်းတဲ့သူကတော့ ပါမစ်ကိုပြန်ရောင်းလိုက်တာ သိန်းထောင်ချီရသွားပြီး အိမ်နဲ့ခြံနဲ့ဖြစ်သွားပြီဗျ . . မြေကွက်တောင်းတဲ့သူလည်း မြေကွက်ပြန်ရောင်းစားလိုက်တာ သိန်းထောင်ချီရသွားတာပဲ . . သူလည်း အိမ်နဲ့ခြံနဲ့
တောင် ဖြစ်နေပြီဗျ"
"အေးကွာ ဝမ်းသာပါတယ် . . ဟို ကျန်တဲ့အကောင်အတွက်တော့ စိတ်မကောင်းဘူးဟေ့ ငါ့ဓါတ်ပုံကြီးတောင်းပြီး သူ့ ခမျာ အရင်လို ချို့ချို့တဲ့တဲ့ ဖြစ်နေရှာမှာပဲ"
" ဟုတ်ဘူး အဘ . . အဲဒီတစ်ယောက်က ဟိုနှစ်ယောက်ထက် ပိုချမ်းသာနေပါတယ် ခင်မျ "
"ဟေ . . ဘယ်လိုဘယ်လို . . ငါ့ကိုရှင်းစမ်းပါအုံး . . သူက ဘာကွက်ပျောက်ဂွင်ကြီးရသွားလို့ ဒီလောက်တောင်ချမ်းသာသွားရတာလဲကွ
သန်းရွှေရဲ့ပီအေ စိုးရှိန် ဖြေလိုက်တဲ့ အဖြေကြောင်း သန်းရွှေတစ်ယောက် ကိုယ့်နှဖူးကိုယ်ရိုက်ကာ ဟိုက်ရှာလပတ်ရည် ဖြစ်သွားပါလေသတည်း . .
စိုးရှိန်ဖြေလိုက်တာကတော့ ဒီလိုဗျ
"သူကမှ ဂွင် အကြီးကြီးရသွားတာအဘရေ . . တစ်သက်စားမကုန်တဲ့ဂွင်ကြီးဗျ . . သူက ဗမာပြေ အနှံ့ မြို့တကာ နယ်တကာ လျှောက်သွားပြီး ရောက်တဲ့မြို့တိုင်းမှာ မနက်မနက်ဆို ဈေးရှေ့လမ်းဆုံမှာ အဘဓါတ်ပုံကြီးကို ထောင်ပြီး ဆဲရင် ၅၀ တံတွေးနဲ့ထွေးရင် ၁၀၀
ဆိုပြီးလုပ်စားနေတာ . . ဝင်လိုက်တဲ့ ပိုက်ဆံတွေ တစ်ရက်တစ်ရက် မနဲရသတဲ့ . . သူကမှ တစ်သက်စားမကုန်တဲ့ ဂွင်ကြီးရသွားတာ . . အဘ ရ" တဲ့ဗျား . . .
No comments :
Post a Comment