.

AlinShin

Sunday, February 10, 2013

ခရီးရှည်ကြီးဆက်လျှောက်ရဦးမယ့် မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု

ခရီးရှည်ကြီးဆက်လျှောက်ရဦးမယ့် မြန်မာ့စီးပွားရေး
ပြုပြင်ပြောင်းလဲမှု

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာမှာ အစပြုခဲ့တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး
ပြုပြင်ပြောင်းလဲမှုတွေဟာ အများကြီးအလေးပေးချင်စရာ
အာရုံစိုက်မှုတွေ ရအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ သဘောထားပြောင်းလဲလာအောင် အလှည့်အပြောင်းလုပ်ရင်း
ယခင်က ကိုယ့်ဘာသာ သီး ခြားတည်ရှိခဲ့တဲ့ အထီးကျန်နိုင်ငံ
တစ်ခုဟာ အခုတော့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်နဲ့အတူ ပိုကောင်းတဲ့ကာလတွေကို ရရှိဖို့မျှော်မှန်းနိုင်ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီမျှော်မှန်းချက်ဟာ ကျေးလက်ဒေသတွေမှာ နေထိုင်
နေရတဲ့ ပြည်သူအများစုအတွက် ဖြစ်စေ၊ တိုင်းပြည်ရဲ့လူနည်းစု တိုင်းရင်းသားများအတွက်ဖြစ်စေ အကျိုးရှိစေရပါမယ်။ ဒီအတွက်
ခိုင်မြဲတဲ့ အဖြေကိုရရှိဖို့ဟာ အချက်အလက်များစွာပေါ် မူတည်
နေပြီး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအပေါ် မူတည်နေတာမျိုး
ချည်းတော့ မဟုတ်ပါဘူး။

မြန်မာမှာ အခုလက်ရှိအချိန်ထိ တကယ်လုပ်ဆောင်နေတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေက ရောထွေးနေဆဲပါပဲ။
အချို့သော သတင်းပေးပို့ ချက်တွေက ဆိုကြတာတွေထက်
နည်းနည်းတော့ ဇာတ်ဆန်နေတဲ့ အနေအထားမျိုးပါ။ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံသုံးကျပ်ငွေကို နှုန်းရှင်မျှောထားဖို့ ဆုံးဖြတ်
ချက်ကိစ္စဟာ အများကြီး မှတ်သားလောက်တဲ့ ကိစ္စဖြစ်ပြီး
ပြုပြင်ပြောင်းလဲရေး ရည်ရွယ်ချက်ကို ပြသတဲ့ ပထမဆုံး
လက္ခဏာလည်း ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံပိုင်လုပ်ငန်းတွေရဲ့
နိုင်ငံခြားငွေကြေး လဲလှယ်မှုတွေထဲကို ပွင့်လင်းမြင်သာမှုတွေ ထည့်သွင်းလိုက်တာဟာ သြ ဇာကြီးမားတဲ့ ပိုင်ဆိုင်မှုအကျိုး
စီးပွားတွေကို ထိပ်တိုက်ရင်ဆိုင်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်
လည်း ဖြစ်ခဲ့ပါတယ်။ ဒီလုပ်ငန်းတွေရဲ့ ဝင်ငွေတွေက အရင်ကဆို ဖုံးကွယ်ထားခဲ့တာဖြစ်ပြီး မြင်သာမှုမရှိခဲ့ပါ။

မြန်မာရဲ့ အခြားပြုပြင်ပြောင်းလဲမှုတွေထဲမှာ ငွေလဲနှုန်းပြောင်းလဲ
မှုလောက် မရဲရင့်ပေမဲ့ တန်ဖိုးရှိတဲ့ ပြောင်းလဲမှုတွေထဲမှာ အချို
့သော သွင်း ကုန်နဲ့ ပို့ကုန်အခွန်တွေကို ဖြေလျှော့ပေးခဲ့တာ၊ ဘဏ်လုပ်ငန်းကဏ္ဍကို လွတ်လပ်မှုအနည်းငယ်ပေးခဲ့တာ၊
မကြာမီမှာလည်း တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍကို ပုဂ္ဂလိက လက်ထဲဖွင့်ပေးတော့မှာ၊ အသေးစားချေးငွေဆိုင်ရာ ဥပဒေသစ်
ချမှတ်မှာ၊ ပြီးတော့ ကျန်းမာရေးနဲ့ပညာရေး ကဏ္ဍတွေမှာ နည်းကောင်းနည်းပေမဲ့ ဟိုယခင်ကထက် ဘဏ္ဍာရေးအသုံး
စရိတ် ပိုသုံးတော့မှာတွေကလည်း ပါဝင်နေတာပါ။ ဒါပေမယ့်
ပြုပြင် ပြောင်းလဲမှုတွေနဲ့  ဥပဒေသစ်ဆီဦးတည်ခြင်းကိစ္စမှာ တိုင်းပြည်ရဲ့စီးပွားရေးကို ယခင်က လွှမ်းမိုးခဲ့တဲ့ ခရိုနီတွေက
ဖေါ်ပြနေတဲ့ ကိုယ်ကျိုးစီး ပွား ကာကွယ်ရေးဝါဒဆန်တဲ့ အစိတ်အပိုင်းတချို့ကိုတော့ မြင်တွေ့ နေရဆဲပါပဲ။ ဒီတော့ အကျိုးဆက်အနေနဲ့ ဒီဥပဒေဟာ ဖြစ်နိုင်သလောက် လစ်ဘရယ်မဖြစ်တော့ဘဲ ဒီခရိုနီတွေရဲ့သြဇာလွှမ်းမိုးမှုကို ပျယ်လွင့်သွားအောင် မလုပ်နိုင်သေးတာကို ပြနေတာတွေ့ 
ရပါတယ်။

မန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အအောင်မြင်ဆုံး
ကိစ္စကတော့ အစိုးရနဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ 
(အိုင်အမ်အက်ဖ်)တို့ အကြား လာမယ့်နှစ်ကစလို့ ငွေကြေးနဲ့ 
စီးပွားရေးဆိုင်ရာ ပေါ်လစီတွေချမှတ်နိုင်ဖို့ သဘောတူညီမှု
ရခဲ့တာပါပဲ။ ဒီလိုသဘောတူထားတဲ့ ပေါ် လစီတွေထဲမှာ
နောက်ထပ်ပြီး ငွေလဲနှုန်းပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်
သွားဖို့၊ မြန်မာရဲ့ဘတ်ဂျတ်လိုငွေပြမှုကို စုစုပေါင်းအမျိုးသား
ထုတ်ကုန် ဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်း လောက်အထိသာရှိအောင်
ထားဖို့၊ အခွန်မှရငွေပိုတိုးဖို့နဲ့ ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ စီမံ
ခန့်ခွဲမှုတွေမှာ တိုးတက်စေ ဖို့ ဥပဒေတွေ ချမှတ်ပြဋ္ဌာန်းရေး
လည်း ပါဝင်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာကြွေးကျန်တွေ ရှင်းလင်းပေးဖို့တွေလည်း ပါဝင်ပါသေးတယ်။ တကယ်တော့ ဒါဟာ နိုင်ငံရဲ့မက်ကရိုအဆင့် စီးပွားရေးတည်ငြိမ်မှုကို တိုး
တက်စေဖို့ ရည်ရွယ်ထားခဲ့တာပါ။ ပေါ်လစီတွေနဲ့ အကောင် အထည် ဖေါ်ဆောင်ရွက်မှုတွေ အကုန်လုံးကိုလည်း အိုင်အမ် အက်ဖ်ရဲ့ စောင့်ကြည့်ရေးအဖွဲ့ က သတ်မှတ်တိုင်းတာ ချက်
တွေနဲ့အညီ စောင့်ကြည့်သွား မှာပါ။

ယခုလို မက်ကရိုစီးပွားရေးအဆင့်မှာ စီမံခန့် ခွဲမှုဆိုင်ရာ
အားသသာချက်တွေ ရရှိသွားပေမဲ့ လက်တွေ့ အခြေအနေ
တွေထဲမှာတော့ ရန်ကုန်နဲ့ နေပြည်တော်လို မြို့ ပြကြီးတွေရဲ့ အပြင်ဘက်နယ်တွေမှာ နေထိုင်နေကြရတဲ့ ပြည်သူတွေရဲ့
ဘဝဟာကျပ်တည်းနေဆဲ ရှိပါသေးတယ်။ မြန်မာ့ ကျေးလက်မှာ
နေထိုင်နေတဲ့လယ်သမားတွေနဲ့ အခြားသူတွေကြားထဲမှာတော့
ဆွေးနွေးကြည့်ရသလောက် စီးပွားရေးအနေအထားတွေက အဆိုးဝါးဆုံးအခြေအနေကို ရောက်ရှိနေတာ တွေ့ ရပါတယ်။

လယ်သမားတွေကြားမှာ ကြွေးမြီတွေမတရားများပြားလာမှု၊ လယ်ယာမဲ့ဘဝနဲ့ နေထိုင်ရမှုတို့ဟာ အဆိုးဆုံးအနေအထားကို
ရောက်ရှိနေပါတော့ပါတယ်။ ဒီထဲမှာ အားနည်းတဲ့ ငွေလဲနှုန်း စီမံခန့်ခွဲမှုကလည်း ပြဿနာဖြစ်နေ ဆဲပါ။ အထက်မှာဖေါ်ပြခဲ့
သလို ကျပ်ငွေလဲလှယ်နှုန်းကို အလွတ်မျှောထားဖို့  ဆုံးဖြတ်
ချက်ဟာ ကောင်းမွန်ပေမဲ့ တိကျတဲ့ငွေစီးဆင်းပုံအဆင့်ကို
ဆုံးဖြတ်နိုင်တဲ့ ယန္တရားမှာ အားနည်းချက် ရှိနေပါတယ်။ ဒါ
ကြောင့်ငွေလဲနှုန်းဟာ သိပ်မြင့်နေပါတော့တယ်။ ဒါက ငွေဖေါင်း
ပွမှုကိုဖြစ်စေပြီး လက်လုပ်လက်စားလယ်သမားတွေ၊ တံငါ
သည်တွေ ၊အသေးစားလုပ်ငန်းရှင်လေးတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို ဒေသတွင်း ဈေး ကွက်မှာရော၊ ပြည်ပ
ဈေးကွက်မှာပါ ပြိုင်ဆိုင်နိုင်စွမ်း မရှိစေတော့ဘဲ ကျပ်ငွေနဲ
့ရတဲ့ ဝင်ငွေတွေကိုလည်း နည်းသွားစေပါတော့တယ်။

မြန်မာမှာ ပေါ်လစီရေးရာပိုင်းမှာ ရှိလာနေတဲ့ ကြေငြာချက်
တွေနဲ့ ပြည်သူတွေရဲ့တကယ့်ဘဝအတွင်းက စီးပွားရေး အတွေ့ အကြုံတွေကြားမှာ ကွာဟချက်တွေရှိနေတာကို တခြားသောအချက်တွေကလည်း ရှင်းပြနိုင်ပါသေးတယ်။
ဒီကိစ္စမှာတော့ အထက်က ပေါ်လစီချမှတ်မှုတွေကို လုပ်
ဆောင်ရမယ့် အောက်ခြေဗျူရိုကရေစီ ယန္တရားအတွင်းက အပြောင်းအလဲလုပ်ရမှာကြောက်တဲ့ ပြဿနာတွေကိုလည်း
ထည့်သွင်းတွက် ချက်ရမှာပါ ။

ခြုံငုံကြည့်ရရင်တော့ မြန်မာမှာ ပြုပြင်ပြောင်းလဲရေးတွေ
လုပ်ဆောင်ရာမှာ အခြေခံကျတဲ့ အပြောင်းအလဲကတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဖြစ်ပြီး ဒါကိုဖေါ်ဆောင်ရေးမှာ အသေးစိတ်အချက်တွေကို ထည့်သွင်းစဉ်းစားနိုင်ကြဖို့ လို
ပါတယ်။ စိုက်ပျိုးကဏ္ဍမှာ အလွဲကြီးလွဲနေတဲ့ တချက်ကတော့ လယ်သမားတွေမှာ စိုက်ပျိုးထုတ်လုပ်ပိုင်ခွင့်ခေါ် production rights တွေမရှိတာပါ။ ဒါက လယ်သမားတွေအနေနဲ့ ဘယ်သီးနှံ
ကို ဘယ်လို၊ ဘယ်အချိန်မှာ ထုတ်လုပ်ရောင်းချမယ်ဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်တာပါ။ စိုက်ပျိုးရေးအတွက် အခြေခံအကျ
ဆုံးဖြစ်တဲ့ ကျေးလက်လမ်းတွေ တည်ဆောက်ပေးခြင်းလို အခြေခံအဆောက်အအုံ infrastructure ဆိုင်ရာပိုင်းတွေ လို
အပ်နေပါတယ်။ ဒီနေရာ ကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံရတာတွေဟာ သိပ်ပြီးတန်ဖိုးကြီးမှာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်အပါအဝင် ကုတ်ထုတ်လုပ်မှုမရှိတဲ့ နေရာတွေမှာသုံးနေတဲ့ အသုံးစရိတ်
တွေကို လျှော့ချခြင်းဖြင့် ကုန်ကျစရိတ်တွေကို ထိန်းညှိနိုင်ပါ တယ်။ မြန်မာရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာနိုင်ငံရေးပြုပြင်
ပြောင်းလဲမှုက လည်း အဓိကကျနေပါသေးတယ်။ ကချင်နဲ့ 
ရခိုင်လို ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ အခြေခံစီးပွားရေး အချက်တွေဟာလည်း ပျောက်ဆုံး နေမှာပါ။ စီးပွားရေးပညာ
ရှင်တွေဟာ တစ်ခါတလေမှာတော့ မြေယာပိုင်ဆိုင်ခွင့်ရဲ့ 
အရေးပါပုံအကြောင်းပြောလေ့ရှိပါတယ်။ဒါပေမဲ့ အခြေခံ အကျဆုံးအချက်တစ်ခုဖြစ်တဲ့ လူ့လုံခြုံမှုအခြေအနေကို မပြ
ဋ္ဌာန်းနိုင်ရင်တော့ စီးပွားရေးတိုးတက်မှုနဲ့ လူမှုဘဝဖွံ့ ဖြိုးရေး တို့ဟာလည်း ပျောက် ဆုံးနေမှာ ဖြစ်ပါတယ်။

မြန်မာမှာ ဖြစ်ပေါ်ခဲ့တဲ့ မကြာမီက ပြုပြင်ပြောင်းလဲမှုတွေဟာ အံ့သြမင်သက်စရာ အများကြီးကို ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ ဒီအပြောင်းအလဲ တွေဟာ အခုထိတိုင် မပြည့်စုံနိုင်သေးပါဘူး။
ပြုပြင်ပြောင်းလဲရေးကို အရှိန်မြှင့်ခြင်းဟာ မြန်မာအစိုးရသစ်ရဲ့
ကြေငြာထားခဲ့တဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ နည်းပညာ ပိုင်းအရ ဖြေရှင်းမှုတွေဟာလည်း လက်တကမ်းမှာ ရောက်ရှိ
နေခဲ့ပါပြီ ။ဒီဖြစ်စဉ်ကို ရှေ့ ဆက်တိုးဖို့ ဆန္ဒပြင်းပြ ခြင်း ၊ပို၍
ပို၍ပြည့်စုံစွာ၊ အကုန်အကျခံကာ ပြုလုပ်ခြင်းဟာလည်း လက်
တစ်ကမ်းမှာ လုပ်နေရမယ့် အလုပ်ဖြစ်ကြောင်းပါ။

ကိုသွင်

Ref: Economic Reform in Myanmar: The Long Road Ahead
by Sean Turnell

မူရင်းဆောင်းပါးရှင်ရှောင်တန်နယ်သည် ကမ္ဘာ့ဘဏ်၏ စီးပွားရေး ပညာရှင်ဟောင်းတစ်ဦးဖြစ်ပြီး မြန်မာ့စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ
လေ့လာမှု များစွာ ရေးသား၊သုတေသနပြုခဲ့သူတစ်ဦး ဖြစ်သည်။
ACM Re-post Time: 2013 Feb 10 
News from: The Myanma Age

အေးချမ်းမွန်

ကိစ္စကတော့ အစိုးရနဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ

Zawmyo Aung shared Aye Chan Mon's photo.မှကူးယူဖေါ်ပြပါသည်
By:အလင်းရှင် http://aungminkhoung.blogspot.com

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget