.

AlinShin

Thursday, May 7, 2015

အနှစ်လေးဆယ်ခရီး



(မဆလ) (န၀တ) (နအဖ) စသည်ဖြင့် နာမည်တွေသာအမျိုးမျိုး
ပြောင်းလည်းသွားခဲ့တယ်  ..  ကျွန်ုပ်တို့၏အသက်တွေသာ ကြီးရင့်
လာခဲ့တယ်  . ..  သို့သော်  . .
မြန်မာနိုင်ငံသည်ကား အာဏာရူးနှင့်ခရိုနီတို့၏လက်ပါးစေဘ၀မှ
မလွတ်မြောက်နိုင်သေးပေ  . .  ဤသို့ဖြင့် ကျွန်ုပ်သည် သက်တော်
လေးဆယ်ကျော်အရွယ်သို့ ရောက်ခဲ့လေပြီတကား  . . .
ပြည်သူတွေကလည်း ဝမ်းစာရေးအတွက် စာမဖတ်ဖြစ်ခဲ့ကြတော့ပေ။
ဤသည့်အကျိုးရလာဒ်ကား အခု ပစ္စုပ္ပန်ကာလနဲ့ အနာဂါတ်ကာလ
တွေမှာ မြန်မာ့နိုင်ငံရေးဟာ အာဏာရူးနဲ့ ခရိုနီတွေရဲ့လက်ထဲမှာပဲ
ရှိနေရတော့မည်ဖြစ်ပါသည်။
ပြည်သူတွေအတွက် အခွင့်အရေးတစ်ခုတော့ရှိပါသေးတယ် ၊ အကယ်
၍ တရုတ်နိုင်ငံဟာ ဟောင်ကောင်နဲ့ပတ်သတ်ပြီး ဒီမိုကရေစီစနစ်ပုံစံ
ပြောင်းသွားမယ်ဆိုရင်တော့ အာဏာရူးနဲ့ခရိုနီတွေအတွက် အိမ်မက်
ကောင်းမဖြစ်နိုင်တော့ဘူးပေါ့။
ဒါကိုလည်း သူတို့ကသိတယ်။ သိတဲ့အတွက် တရုတ်ကို ပထွေးခေါ်
လိုက်တယ်။ တရားဝင် ကမ္ဘာသိထင်ရှား ̏ ဆွေမျိုးပေါက်ဖေါ်ကြီး˝
 ̏ ကျေးဇူးရှင်ကြီး˝ လို့ ဟစ်ကြွေးခဲ့တာပါပဲ။
 သဗ္ဗေ သတ္တာ ကမ္မဿကာဆိုတဲ့အတိုင်း သန်းငါးဆယ်ချမ်းသာဖို့ကံပါရင်
တော့  . . . အာဏာရူးနဲ့ခရိုနီတို့အဖွဲ့က ̏ ကဒါဖီ˝လမ်းစဉ်အတိုင်းသွားရပါ
လိမ့်မယ်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget