.

AlinShin

Thursday, May 7, 2015

ရုရှားအာကာသယာဉ်နေပြည်တော်ပေါ်သို့ တည့်မတ်စွာကျမည်


၂၀၁၅ ဧပြီလ ၂၈ ရက်နေ့က ရုရှားမှ နိုင်ငံတကာအာကာသစခန်းသို့
လွှတ်တင်ခဲ့သော Progress 59 ကုန်တင် အာကာသယာဉ်သည်
ထိန်းချုပ်မှုစနစ် ယိုယွင်းခဲ့ပြီး အာကာသ (အမြင့်ဆုံး လေထုအလွှာ) မှ
ကမ္ဘာမြေပြင်ပေါ်သို့ ကျလာနေပြီ ဖြစ်ပါတယ်။
ရုရှားကတော့ သောကြာနေ့ (မေလ ၈ ရက်) နေ့ကျမယ်လို့ ခန့်မှန်းထားပြီး..
တချို့ကတော့ ခန့်မှန်းချေ မေလ ၇ ရက် (ကြာသပတေးနေ့) မြန်မာစံတော်ချိန်
ညနေ ၄ နာရီ နဲ့ ၆ နာရီ ကြားမှာ ကျလာမယ်လို့ ရေးသားထားကြပါတယ်။
မြန်မာနိုင်ငံက ပြည်သူအချို့ဆုတောင်းနေမည်ဟုထင်ပါသည်။
ဟုတ်ပါတယ်  . .  သန်းငါးဆယ်ကျော်ဒုက္ခအတိဘေးကြမ်းမှလွတ်မြောက်
စေရန် ဒီတစ်နည်းသာရှိတော့မည်ထင်သည်။
စစ်ခွေးကြံ့ဖွတ်တို့ 2015 မှ 2016တိုင်ဆက်လက်တည်တံ့နေဦးမည်ဆိုပါ
က သန်းငါးဆယ်အတွက် ဆင်းရဲတွင်းသည် သည့်ထက်ပို၍နက်တော့မည်
ဖြစ်သည်။
မုံရွာလက်ပံတောင်းတောင်မှ သတ္ထုအဆိပ်တို့သည် ချင်းတွင်းမြစ်ထဲသို့
ဆီးဆင်းနေသည် ။ ယင်းချင်းတွင်းမြစ်မှာ ဧရာဝတီမြစ်ထဲသို့ဆက်လက်
ဆီးဆင်းနေပြန်ပါသည်။
ထို့ကြေင့် ဧရာဝတီမြစ်ထဲတွင် ရေညှိရေမှော်များ ပျောက်ကွယ်ကုန်သကဲ့သို့
ယင်းကိုအမှီသဟဲပြုနေကြသော ငါးမျိုးစိတ်တို့ သေကုန်ကြပြီ။ ဒါ့အပြင်
ဧရာဝတီလပိုင်များသည် သာ၍ပင်မျိုးတုန်းပျောက်ကွယ်တော့မည်ဖြစ်သည်။
ယင်းကိစ္စကို စစ်ခွေးကြံ့ဖွတ်တို့မှာ မသိကျိုးကျွံပြု၍နေကြသည်။
စီမံကိန်းလုပ်နေသောတရုတ်ကြီးတို့သည် မိမိနိုင်ငံမိမိပြည်သူများမဟုတ်သော
ကြောင့် ယင်းအဆိပ်ကိစ္စကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင်မထင်။
ထို့ကြောင့် သန်းငါးဆယ်ထက်  .. .  နေပြည်တော်ရှိ သူယုတ်မာကြီးများဖြစ်
ကြသော သန်းရွှေ သိန်းစိန် ရွှေမန်းအစရှိသော သူတို့၏အိမ်ပေါ်သို့ ရုရှအာက
သယဉ်ကြီး ပြုတ်ကျမည်ဆိုပါက ပြည်သူအပေါင်းတို့ ချမ်းသာကျန်းမာကြမည်
သာဖြစ်သည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)


No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget