သို့ /
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေ သိစေရန်အကြောင်းကြားခြင်း။
အကြောင်းအရာ။ ။ ပူးတွဲဓာတ်ပုံ
ဖေါ်ပြပါဓာတ်ပုံနှင့်တကွ ဝန်ကြီးဦးမြင့်ဆွေသည် ဓာတ်ပုံအရိုက်ခံလို၍
Show ပြအမှိုက်လောက်ကောက်နေမည့်အစား တကယ်လုပ်သင့်လုပ်
ထိုက်သော အမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်သောလူထုအတွက်အကျိုး
ရှိစေမည့်ကိစ္စတို့ကိုသာ အရေးတယူဆောင်ရွက်စေချင်ပါသည်။
အမှိုက်ကောက်မည်ဆိုလျှင်လည်း ̏ ငန်းတိုက်˝ကောက်သင့်သည်။ ဂျာ
နယ်မှာလူအထင်အမြင်မှားစေရန် For Show မလုပ်သင့်ပေ။
ကဲ . . ဓာတ်ပုံအကြောင်းဆက်ကြစို့ . .
ရန်ကုန်မြို့၏အဓိကရအချက်အခြာဖြစ်သော ဤဆူးလေးမီးပွိုင်းကုန်း
ကျော်တံတားကို စက်လှေကားအမြန်ဆုံးတက်သင့်ပါသည်။ တစ်နေ
ကုန်တစ်နေ့ကန်း အလုပ်လုပ်နေရသောလူတို့သည် ပေ 20 မကမြင့်
သော ကုန်းတံတားပေါ်သို့ တက်၍ လျှောက်ရမည်ဆိုသည်မှာ ပို၍
ပင်ပန်းလှသည်။
ထို့ကြောင့် ယင်းတံတားပေါ်မှဖြတ်မကူးတော့ဘဲ မီးပွိုင်လမ်းမထက်မှ
သာကူးကြတော့သည်။ ထိုအခါ ကားများသွားလာရမလွယ်ကူတော့ပါ
ဓာတ်ပုံတွင်မြင်ရသည်မဟုတ်ပါလော။ (သက်သေခံဓာတ်ပုံ)
တစ်နေကုန်အပူကြီးပူထားသောသူရိန်နေမင်းအရှိုန်က ညနေအထိအ
ပူရှိုန်မကျသေးပေ။ သို့သည်ကတစ်ကြောင်း လူတို့သည် တစ်နေကုန်
အလုပ်လုပ်ထားကြသောကြောင့် အားကုန်နေကြသည်ကတစ်ကြောင်း
ဆူးလေကုန်းကျော်တံတားကြီးသည် အသုံးမဝင်တော့သည်ကို ဝန်ကြီး
ဦးမြင့်ဆွေသိဖို့ကောင်းသည်။ စာနာဖို့ကောင်းသည်။
ယင်းမီးပွိုင်တွင်တာဝန်ကျသော ရဲဝန်ထမ်းတို့သည်တာဝန်ကျေပွန်ကြ
ပါသည်။ လူများကို မီးပွိုင်စိမ်းနေလျှင် မကူးကြဖို့ လက်ကိုင်ဟွန်းဖြင့်
အမြဲအသိပေးနေပါသည်။
သို့သော်လည်း လူတို့သည် ညနေအချိန်ကောင်းအမှီအိမ်သို့ရောက်ခြင်
ကြသည်။ အနားယူခြင်ကြသည်။ ထို့ကြောင့် မီးပွိုင့်စိမ်းနေပါကလည်း
သေရေးကို ဂရုမထားမိ ကူးနေကြသည်ကို အလင်းရှင်၏ကိုယ်တွေ့
မျက်မြင်ပင်ဖြစ်ပါသည်။
̏ ဟေ့ . . .˝ ̏ဒကာမကြီး ဟိုမှာကားလာနေပြီ˝
ဒီလိုသတိပေးလိုက်တော့မှ . ..
̏ မှန်ပါ့ . . ဦးဇင်းရေ ˝
̏ တပည့်တော်မလည်း သတိမထားမိလိုက်ဘူး˝
ကဲ .. ဝန်ကြီးချုပ်ဦးမြင့်ဆွေ ၊ ဒါဟာ အလင်းရှင်ရဲ့ကိုယ်တွေပါပဲ။
မီးပွိုင်းစိမ်းနေသောကြောင့် ကားတို့သည် အလျင်စလို မောင်းနေ
သည်မှာ သဘာဝပင်ဖြစ်သည်။ ဒါကိုလည်းပဲ အမှုမဲ့ ဖြတ်ကူးမိ
သော ဒကာမကြီးသည်လည်း ပဓာနပင်ဖြစ်သည်။
သူ့အတွက် .. . သားရေး သမီးရေး လင်ရေး မိဘရေး စသောအ
ရေးများတွေး၍ လမ်းလျှောက်နေမိသည်မဟုတ်ပါလော။ ̏ လူတစ်ခု
ပူမှုရယ်တဲ့ ဆယ်ကုဋေ˝ ဆိုသည့်စကားအတိုင်း . . . .
(၁) လမ်းဖြတ်ကူးသောသူသည်လည်းကောင်း
(၂) ကားသမားတို့သည်လည်းကောင်း . . .
ကိုယ်စီ ကိုယ်စီသောကအတွေးကိုယ်စီဖြင့် သွားလာလှုပ်ရှားနေရ
သည်။
သို့ဖြစ်ပါ၍ အများသူငှာအလွယ်တကူသွားလာနိုင်စေရန် ရန်ကုန်မြို့
ဆူးလေကုန်းကျော်တံတားအား စက်လှေကားအသွင်ပြောင်းပေးပါ
ရန် မေတ္တာဖြင့်အသိပေးတိုက်တွန်းအပ်ပါသည်။
အလင်းရှင်မှ . . .
ယခုလို ရိုက်ကူးတင်ပြခြင်းသည် မြန်မာနိုင်ငံနှင့်မြန်မာနိုင်ငံသားတို့
၏ အကျိုးကိုရှေ့ရှု့လိုလားသောအားဖြင့်လည်ကောင်း . .
ဇီဝိတဒါနံ လူ့အသက်ကို မသေသင့်ဘဲ မသေစေလို၍လည်းကောင်း
စသည်ဖြင့် ကုသလံ ကုသိုလ်အလို့ငှာ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
̏ သင်သည်
ဤစာအား Share ခြင်းဖြင့် လူမှုအကျိုးကိုသည်ပိုးနိုင်
ပါသည်။˝
သဗ္ဗေ သတ္တာ ကမ္မဿကာဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်၊
ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်
ရန်ကုန်တိုင်း
No comments :
Post a Comment