ပုဂ္ဂလကိုယ်သော်လည်းကောင်း၊ အယူအဆအပြုအမူကို
သော်လည်းကောင်း
မည်သည်ကိုယ်ပင်ဖြစ်စေ စီစစ်ဝေဖန်ပိုင်းခြား ခြင်းသည် ဗုဒ္ဓဝါဒပင်ဖြစ်သည်။
ကမ္ဘာပေါ်ရှိပေါ်ပေါက်ခဲ့ဖူးသော ပဏ္ဍိတ်ကြီးများသည်လည်း
ဗုဒ္ဓ၏ယင်းအယူ
အဆကို ကြေနပ်တော်မူကြ၍ ယခုတိုင်အောင်
ထိုပဏ္ဍိတ်ကြီးများ၏ ထောက်
ခံမှုများသည် မပျောက်ပျက်ရှိနေကြသည်မဟုတ်ပါလော . .။
ထို့သည်ကို နားလည်သော အလင်းရှင်သည်
မိမိကိုယ်သော်လည်းကောင်း
မိမိအယူအဆကိုသော်လည်းကောင်း သူတစ်ပါး/အယူအဆ
များကို လက်
လှမ်းမီသရွေ့ လေ့လာဆန်းစစ်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်သက်၍ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင်
ကောင်းတာတွေမြောက်များစွာရှိကောင်းရှိနိုင်မည်ဖြစ်သလို
အလင်းရှင်တစ်ဦး
တစ်ယောက်အနေဖြင့် စိတ်သဘောမတွေ့သောအချက်
(၂)ချက်တော့ရှိပါ
သည်။ ယင်းတို့မှာ . . .
(၁) ရခိုင်ကိစ္စ
(၂)လက်ပတောင်းတောင်ကိစ္စ . . တို့ပင်ဖြစ်သည်။
အလင်းရှင်သည် အထူးသောနိုင်ငံရေးသုတ၊
အထူးသော လောကီပညာရေး
သုတများ များစွာအားနည်းသည့်အလျှောက် . . လက်ပံတောင်းကိစ္စနှင့်ပတ်
သက်၍ ရုပ်/သံဖိုင်များကိုကြည့်ရသည်။
ယင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းချက်ကိုတွေ့လိုက်ရသည်။
ဓားခုတ်ရာလက်ဝင်လျှို ၊ ကြီးတော်နွားကျောင်း၍
ခါးနာသလို၊ တရုတ်ဝမ်ပေါင်
၊ဦးပိုင်၊သိန်းစိန် သုံးဦးပေါင်း၏
စစ်ပရိယာယ် ဗျူဟာမြောက် ထိုးကျွေးလိုက်
သည်ကို အဟုတ်ထင် အမှန်ထင်ကာ . . .
̏ တရားဥပဒေစိုးမိုးရေး ဘာညာသာဓကာ ဥက္ကဋ္ဌရာထူးကို ယူလိုက်ခြင်းပင်
ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယင်း၏ တာဝန်ကျေမကျေတော့မသိ . . .
ဒေါ်အောင်ဆန်းစုကြည်အားကိုးပါသည်ဆိုသော
လူထုထဲကတစ်ယောက်
ဖြစ်သော နိုင်ငံဂုဏ်ဆောင် တောင်သူကြီး
ဒေါ်ခင်ဝင်းအား နှာဖူးတည့်တည့်
ကို သေနပ်ဖြစ်ပစ်သတ်လိုက်သည့်အထိကိုပင်
တရုတ်စစ်ခွေးကြံ့ဖွတ်တို့
ယုတ်မာခဲ့ကြသည်။
ထိုမျှလောက် လက်ပံတောင်းတောင်တွင် ဒေါ်အောင်ဆန်းစုကြည်၏
တရားဥ
ပဒေစိုးမိုးရေးမှာ ပွင့်လင်းမြင်သာရှိနေသည်ကို
အလင်းရှင်တွေ့မြင်ရပါသည်။
လက်ပံတောင်းတောင်တွင် . . . .
ပြည်သူ့ဘက်က ပြတ်သားစွာကိုင်တွယ်ရမည့်အရေးကိစ္စအား
ဒေါ်အောင်ဆန်း
စုကြည်သည် တရုတ်ဘက်လိုလို စစ်ခွေးကြံ့ဖွတ်ဘက်လိုလို
ပြည်သူ့ဘက်လို
လို . . လိုလိုလိုနှင့်
လိုခဲ့ရသည်။
ခေါင်ဆောင်တစ်ယောက်၏ အရည်အချင်းမှာ
ထိုနေရာတွင် သက်သေခံနေ
သည်။ ကြံ့ဖွတ်စစ်ခွေး+တရုတ်တို့က ဗျူဟာကြွယ်သလောက်
ယင်းဗျူဟာအ
ကွက်ကို ဒေါ်အောင်ဆန်းစုကြည် မသိခဲ့ရပေ . .. တည်း။
အကယ်၍ လက်ပံတောင်းတောင်ကတည်းက စစ်ခွေးကြံ့ဖွတ်တရုတ်တို့ကို
ပွဲပျက်အောင် လုပ်နိုင်ခဲ့ပါက . . အခုလိုဒေါ်အောင်ဆန်းစုကြည်
ထုတ်ပြော
ဖို့မလိုတော့ပေ . . .။
̏ ခွင့်သာခိုက်မှာ . . . မလိုက်နာသော် . . .˝
̏ ခွင့်သာတုန်းမှာ . . မရုန်းရှာသော် . . .˝
အခွင့်အရေးဟူသည် နှစ်ကြိမ်မရဟူသောစကားသည်
လူတို့ပါးစပ်တွင်စွဲနေပြီ။
အခုတော့ . .. ဒေါ်အောင်ဆန်းစုကြည်အရေးသည် . .
̏ မြွေပါလည်းဆုံး သားလည်းဆုံး˝ ဖြစ်ပြီ . .
ဆိုလိုသည်ကား . . စစ်ခွေးကြံ့ဖွတ်က ဗျူဟာမြောက်အကွက်တွေကြောင့် . .
(၁) ပြည်သူတွေလည်း အထိနာနေပြီ ၊
(၂)ကျောင်းသားတွေလည်း ဂိနေကြပြီ။
(၃) အလုပ်သမားလယ်သမားတွေ ပန်းနေကြပြီ
(၄) နောက်ဆုံး သံဃာတွေလည်း .. ဝိရသူအုပ်စု၊
ရွှေညဝါအုပ်စု စသည်ဖြင့်
အုပ်စုတွေကွဲနေကြပြီ။
ဤမျှလောက် ဗျူဟာမြောက်သော စစ်ခွေးကြံ့ဖွတ်တို့ပင်တည်း . .။
အလင်းရှင်၏အမြင်သုံးသပ်ချက်ကို လိုရင်းနိဂုံးချုပ်ရသော် . ..
ဒေါ်အောင်းဆန်းစုကြသည် ဘုရားရဟန္တာမဟုတ်၍
အမှားမကင်းနိုင်သည်ကို
သတိမူရမည်။ ဒေါ်အောင်ဆန်းစုကြည်သည်အထက်ကအလင်းရှင်ဝေဖန်ခဲ့သ
လို မှားခဲ့သည်ဟုဆိုသော်လည်း ယင်းတို့သည်
ပြင်မရတော့ပေ။
မည်သို့ပင်ဆိုစေကာမူ .. ဒေါ်အောင်ဆန်းစုကြည်သည် . . .
(၁) စေတီပုထိုး၊ရဟန်းသံဃာတော်တို့အား
မသတ်မဖြတ်ခဲ့ထောင်သွင်းအ
ကျဉ်းမချခဲ့။
(၂) သံယံဇာတကို မြက်တစ်မျှင်မျှ ရောင်းစားသည်မရှိခဲ့။
(၃) လယ်သိမ်းမြေခိုး ဘဏ္ဍာစိုးလည်းမလုပ်ခဲ့
စသည်ဖြင့် . . စသည်ဖြင့်
ကောင်းကွက်များကြောင့်လည်း 2015တွင်
မြန်မာနိုင်ငံ၌ သမ္မတဖြစ်သင့်ဖြစ်ထိုက်သည်ဟု
ဧကဝစနံ မုချ ဖွင်ဟလိုက်
ရပါသည်။
No comments :
Post a Comment