Thursday, May 7, 2015
နာမည်သာခြား ၊ ဓာတ်မပြားဘု
အလင်းရှင်သည် ထောင်မှလွတ်ကတည်းက ပြည်သူကို
ဗာဟုသိပ္ပဉ္စမင်္ဂလာအဖြစ် ဓမ္မရသတို့ကို ဝေငှလာခဲ့သည်မှာ
လေးနှစ်တောင်ရှိတော့မည်။
ဗုဒ္ဓမြတ်စွာ၏ ပိဋကတ်ဒေသနာတော်များနှင့်ယဉ်ထိုးကာ .. .
ခရိုနီ၊အာဏာရှင်တို့၏ ထုံးနည်းအဖြာဖြာ ယုတ်မာလှပုံများကို
သံဝေဃဓမ္မရ
သဖေါ်ကျူးပေးခဲ့သည်။
အခုလည်း စိတ်ကူးပေါ်လာခဲ့သည်မှာ . . ..
̏ ပညာနှင့် ဉာဏ်˝ တို့၏ အတ္ထော အနက်ပင်ဖြစ်သည်။
ပညာနှင်ဉာဏ်တို့
ဟူသည် ခရိုနီနှင့်အာဏာရှင်တို့၏ နာမပညတ်ဆင်သည်။
မှတ်ချက်။ ။ အနက်ဗျုပ္ပတ္တိ ကိုရည်ညွှန်းသည်မဟုတ်။
ဥပမာ . . ခရိုနီသည် အာဏာရှင်ကိုမှီရသည်။ အာဏာရှင်သည်
လည်းယင်းအာဏာတောင့်တင်းခိုင်မာလာဖို့အတွက် ခရိုနီအား
ငွေမည်းများကိုငွေဖြူလုပ်ခိုင်းရသည်။ ဒါ့ကြောင့် ခရိုနီပြိုလှဲရင်
အာဏာရှင်လည်းတစ်စက္ကန့်မခြားပြိုလဲသည်သာတည်း။
ထို့ကြောင့် အာဏာရှင်နှင့်ခရိုနီတို့သည် နာမည်သာမတူကွဲပြားကြ
သော်လည်း
ဓာတ်အားဖြင့်တော့ အတူတူသာဖြစ်သည်။
သို့တူ . .. ̏ ပညာနှင့် ဉာဏ်˝ တို့သည်လည်း နာမည်တာ
ကွဲပြားခြားနားခြင်းဖြစ်သည်။
အကိုးအကား ပါဠိကိုထောက်ရခြေသော် . ..
̏ ယာစ ဘယတုပဋ္ဌာနေ ပညာ။ ယဉ္စ အာဒိနဝေ ဉာဏံ၊
ယာစ နိဗ္ဗိဒါ ဣမေဓမ္မာ ဧကတ္တာ နာနာဗျဉ္ဇနမေဝ။˝
ပင်ဖြစ်သည်။ ယင်း၏ အနက်သဘောသည်ကား . ..
̏ ရုပ်နာမ်ဓမ္မကို ဘေးအဖြစ်နဲ့ မြင်သိတဲ့ ပညာရယ်၊
ယင်းတို့ကိုပင် အပြစ်အနာအဆာတွေ ငြီးငွေ့စရာတွေလို့
သိတဲ့ ဉာဏ်ရယ်၊ ဒီသဘောတရားတွေဟာတူသော
အနက်သဘောရှိတာချည်းပါပဲ။ ဉာဏ်တို့ ٫ ပညာတို့ ٫
ဘယတို့ ٫အာဒိန၀တို့ ٫ နိဗ္ဗိဒတို့ ဟာ အခေါ်အဝေါ်တွေသာ
ထူးနေကြတယ်။˝
သို့ပါ၍ ပညာနှင့်ဉာဏ်တို့သည် နာမည်သာကွဲပြားခြား
နားကြသည်။ အနက်သဘောကတော့ တူမျှသည်။
ယင်းပါဠိတော်တွင်လည်း . . .
̏ ပစ္စပ္ပန္နာနံ ဓမ္မာနံ ဝိပရိဏာမာနုပဿနေ ပညာ။˝
̏ ပစ္စုပ္ပန် ဖြစ်ဆဲ ရုပ်နာမ်တို့၏ ဖေါက်ပြန် ပြောင်းလဲမှုသဘောကို
ရှုမြင်သိမှု ကို . .. ပညာ ။˝ ဟုခေါ်သလို . ..
̏ ဥဒယဗ္ဗယာနုပဿနေ ဉာဏံ။˝
̏ပစ္စုပ္ပန် ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုကို ကြည့်ရှု သိမြင်မှုသဘောကို . .
ဉာဏ်˝။ဟူ၍ ဆိုပါသည်။
ထို့ကြောင့် အလင်းရှင်မှ ဤသို့မှတ်ချက်ပြုလိုက်ပါသည်။
̏ အကြင်သူုသည် ပညာရှိ၏ ၊ ထိုသူသည် ဉာဏ်ရှိသူဖြစ်သည်˝
̏ ထိုသူသည် ခရိုနီဖြစ်၏ ၊ အနှီသူသည်ကား အာဏာရှင်
ပင်ဖြစ်တော့သည်။˝
Reference
ပဋိသမ္ဘိဒါ မဂ် ပါဠိတော် ၊ နှာ ၂၅၉ .
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
Labels:
ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment