ငါတို့ ရဟန်းပျိုလေးတွေ လိမ္မာသလောက် ..
ရဟန်းအိုကြီးတွေဖြစ်တဲ့ (မဟန)ကဘာလို့အခုအထိကျောင်းလုလိုက်
သိမ်ဖျက်လိုက် ၊ စေတီဖျက်လိုက်နဲ့ မကောင်းတဲ့ ဒုစရိုက်အမှုကြီတွေကို
လုပ်နေကြတာလဲ ?
သေရင်ကိုယ့်နောက်ပါမယ့် ဒီလိုသာသနာဖျက်အကုသိုလ်ကြီးတွေကို
ဘာလို့များ ခါးပန်းကြိုးနဲ့ချည်ပြီးသယ်သွားချင်ရတာတုန်း ?
တကယ်ပြောတာပါ ..
မင်းတို့ ကြည်ညိုတက်မယ်ဆိုရင် ..
ကိုရင်လေးတွေ . . . ရဟန်းပျိုလေးတွေဟာ သနားစရာပါကွာ။
ရင်နာစရာပါ .. ကွာ။
မင်းတို့ပြည်သူတွေအတွက် လမ်းပေါ်ထွက် ပရိတ်ရွတ်ခဲ့တာ .
ရဟန်းအိုကြီးတွေမပါသလောက်ရှားပါတယ်
ရဟန်းပျိုလေးတွေပါ . .ကွာ။
ဒါကြောင့် အချို့အမြင်မတော်တာလေးများရှိရင် ပုထုဇဉ်ရဟန်းပျိုလေးများ
မို့ . စာနာစိတ်နဲ့နားလည်ပေးစေချင်ပါတယ်။
မင်းတို့ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာကိုဖျက်ဆီးတာ ရဟန်းပျိုလေးတွေမဟုတ်
ပါဘူးကွာ။ ရဟန်းအိုကြီး (မဟန)ပါ.။
မင်းတို့အားထားကိုးကွယ်ခဲ့တဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ အာဏာစက်
အာဏာရိပ်ဖြစ်တဲ့ လယ်တီသိမ်ကိုဖျက်တာ လယ်တီစေတီကိုဖျက်တာတွေ
ဟာ .. သနားစရာ ရဟန်းပျိုလေးတွေ တစ်ပါးတစ်လေမှမပါပါဘူးကွယ် .. ။
သေခါနီးမသာရဟန်းအိုကြီး (မဟန)တွေပါ။
ဒီလိုခွဲခြားနားလည်ပြီး သံဃာကိုကြည့်ညိုတက်ပါစေ ..
မည်သူမဆို ကုသိုလ်စိတ်ဖြင့် Share နိုင်ပါသည်။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment