နင်တို့နော် . ..
ငါပြောရင်မကောင်းရှိတော့မယ် . .
ဒီအဘကြီးနေဆေးရုံတက်တာကိုတော့ ဆုတောင်းတယ်
စစ်ခွေးကြီးငသန်းရွှေသေတော့မယ့်သတင်းကြားတော့ ၀မ်းသာတယ်။
နင်တို့နော် ..
ငါပြောရင်မကောင်းရှိတော့မယ် . .
ဒီအဘကြီးက ထောင်ထွက်ကြီး . . ဟဲ့။
နောက်ပြီး ငမွဲကြီး။
စစ်ခွေးကြီးသန်းရွှေက ကမ္ဘာ့ဘဏ်မှာ (၁၁)ဘီလျှံနာတောင်ရှိတာ။
စုတောင်းရင်းတောင်း စစ်ခွေးကြီးငသန်းရွှေအတွက်တော့ ဆုမတောင်းဘူး။
နင်တို့နော် . . .
ငါပြောရင်မကောင်းရှိတော့မယ် . .
ဒီအဘကြီးက ပြည်သူအတွက် စကားတွေပဲဟောနေတာ
စစ်ခွေးကြီးငသန်းရွှေက . . .
ကြေးစင်တောင် စပယ်တောင် အစရှိတဲ့တောင်တွေကို မြေပြင်ဖြစ်အောင်လုပ်ပေးတယ်။
စိမ်းစိုညိုမှောင်းနေတဲ့သစ်တောကြီးတွေကို မြက်တစ်ပင်မရှိအောင် ခုတ်ပေးတယ်။
နှစ်သိန်းလေးသောင်းအထုရှိတဲ့ မဟာပထ၀ီမြေကြီးထဲက သာဘာဝအငွေ့တွေကို
တရုတ်နဲ့ယိုးဒယားကို အလကားပဲတင်းဈေးနဲ့ရောင်းစားတယ်။
ကျောက်စိမ်းဆို တရုတ်မလိုချင်မှအဆုံးပဲ။
ကဲ . . ကဲ ..
ဒီလောက်အပြောင်ရှင်းကာ လက်တွေ့လုပ်ဆောင်ပေးတဲ့ စစ်ခွေးဆိုးကြီးငသန်းရွှေကို
သန့်ရှင်းရေးလုပ်သားအဖြစ် နင်တို့ဆုတောင်းပေးသင့်တယ်။
နင်တို့နော် . .
ငါပြောရင် မကောင်းရှိတော့မယ် ။
ဒီအဘကြီးက ဘာလုပ်ပေးနိုင်တာရှိလို့လဲ .. ။
ဟိုမှာကြည့်စမ်း လယ်တီစေတီတော်နဲ့ လယ်တီသိမ် မိုင်းခွဲကာဖျက်ဆီးပေးတာ
စစ်ခွေးကြီးငသန်းရွှေပဲမဟုတ်လား
နင်တို့ ဒီဘကြီး အဲလို လုပ်နိုင်လို့လား . ။
နင်တို့နော် ..
ငါပြောရင်မကောင်းရှိတော့မယ် ..
ဟင်း .. နောက်မှဆက်ပြောမယ်
█ ░ အလင်းရှင် ░ █

No comments :
Post a Comment