◄►✂•••× ✂•••× ◄►✂•••×✂•••×◄►
သက်မဲ့သက်ရှိအားလုံးဟာ ကိုယ်ပိုင်လမ်းတစ်ခုစီကနေ ရွေ့ရှားနေကြရတာ
မျိုး။ကိုယ့်ရွေ့ရှားမယ့်လမ်းမှာ မလဲကျမတိမ်းမှောက်ရလေအောင်ထိမ်းသိမ်း
ရမှာက ကိုယ့်တာဝန်။ သက်မဲ့ကိုမောင်နှင်သူကလည်းပဲ ယင်းသက်မဲ့ယဉ်
ရထားကားကို မလှဲကျမတိမ်းမှောက်ရအောင်တာဝန်ယူရသည်။
မကြာသေးမီက မြန်မာနိုင်ငံကို ဂုတ်သွေးစုတ်ကာပြည်သူပိုင်သယံဇာတများ
ကို မောင်ပိုင်စီးသွားကြသော စစ်ခွေးဆိုးကြီးသန်းရွှေရဲ့အပေါင်းအပါတရုတ်
လူမျိုးများအများစုပါသော HM 370 ကြီးကိုမောင်းနှင်တာဝန်ယူသော လေ
ယဉ်မှုးများရဲ့ အားနည်းချက်ကြောင်းရယ်လိုလားမသိရဘဲ အာကာသလမ်း
မထက်မှာချော်ကျခဲ့ရပါသည်။
ထို့ကြောင့် ဒကာဒကာမအပေါင်းတို့အနေဖြင့် ဘ၀လမ်းကိုလည်း မချော်လဲ
စေရန် သတိကပ်သင့်သည်။ ချော်လဲ တိမ်းမှောက်တိုင်းတော့ ဘ၀ကိုလက်
လွှတ်လိုက်ရသည်တော့မဟုတ် ရံခါတွင်ပြန်ထ၍ရသော အခွင့်အရေးမျိုးရှိ
တက်ပါသေးသည်။
ယခုစားရေးသည်ရဟန်းဘ၀ဖြစ်အပြစ်ကင်းမဲ့စွာနေထိုင်သီတင်းသုံးခဲ့သော်
လည်း စစ်ခွေးလက်ပါးစေ(မဟန)လက်အောက်ခံသံဃနာယကအဖွဲ့တို့မှ
စစ်ခွေးတို့ရဲ့အလိုကျ ထောင်ထဲထည့်ခဲ့ပါသည်။ ဒါဟာလည်းပဲ ဘ၀ကိုတိမ်း
မှောက်သွားခြင်းတစ်မျိုးပါပဲ။
ထောင်ကထွက်တာနှင့် မြတ်သောရဟန်းဘ၀ကိုမစွန့်ဘဲ ဘ၀ကိုပြန်လည်
ထူထနိုင်ခွင့်ရခဲ့ပြန်ပါသည်။ ဒီတော့ ဆောင်းပါးရဲ့လိုရင်းကိုအနှစ်ချုပ်ရချေ
သော် လူချော်လဲခြင်းနှင့်အသိတရားချော်လည်းခြင်းဆိုတဲ့ Thinking လေး
ကို စာဖတ်သူများအား ပေးချင်တာပါ။
ဒါ့ကြောင့် ဘ၀မှာမတက်သာလို့ လူ၊ယဉ်ကားရထား စသည့်တို့ချော်လဲတိမ်း
မှောက်ရင်မှောက်စမ်းပါစေ . . . ပြန်ထလို့ရအောင် ထနိုင်ခွင့်ကိုတို့ကျိုးစား
ကြရမယ်။ ထိုနည်းတူစွာ အသိတရားများကိုလည်း ချော်လဲတိမ်းမှောက်မခံ
ပါစေနှင့် အကယ်၍များ မမျှော်လင့်ပဲ အသိတရားများ Accident ဖြစ်ခဲ့မယ်
ဆိုရင်လည်းယင်းအသိတရားများကို ပြန်ထူထနိုင်အောင် ကျိုးစားရပေမယ်။
နိုင်ငံရေးအရသုံးသပ်ရမည်ဆိုရင် မြန်မာပြည်ဟာခေတ်အဆက်ဆက် အာ
ဏာရှင်နေ၀င်းကစလို့ ဒီနေ့သိန်းစိန်တိုင်အောင် ခေါင်းဆောင်တွေဟာအသိ
တရားကို ချော်လဲအကျခံနေကြတယ်။ ဒါ့ကြောင့် ပြည်သူတွေအတိဒုက္ခ
ရောက်ခဲ့ကြရသလို နိုင်ငံရဲ့ သယံဇာတတွေဟာလည်းပဲ တရုတ်ကြီးအိပ်
ကပ်ထဲကိုအလိုလိုရောက်သွားတယ်။
ဘာမဟုတ်တဲ့ လက်တစ်ဆုတ်စာသော လူတစ်စုရဲ့အသိတရားလမ်းချော်
ကြခြင်းဟာ သန်းပေါင်းများစွာသောလူထုကြီးအတွက် မျက်ရည်တွေသွေး
ချောင်းစီးခဲ့ရသည်ကို နိုင်ငံအ၀ှမ်းသပိတ်စခန်းများက သက်သေခံလျှက်ရှိ
ပါတယ်။ ဟို . . စစ်ခွေးလော်ဘီခရိုနီလော်ဘီများကတော့ ဒီလိုပြောရင်
ကြိုက်မည်မထင်ပေ။
ဒါ့ကြောင့် တိုတောင်းလှသောလူဘ၀လေးမှာ အသိတရားများကိုလမ်းချော်
မကျမိစေနှင့် ကိုယ်စံစားခွင့်က ဆယ်စုနှစ်သက်တမ်းမျှသာဖြစ်သော်လည်း
ပြည်သူလူထုကို ကြီးနိုင်ငယ်ညှင်းနှိပ်စက်ခဲ့တဲ့ အကုသိုလ်ကံကျွေးကိုပေး
ဆပ်ရမည့်ခံစားခွင့်က နှစ်ကုဋေကုဋာနဲ့ချီအောင်ကြာပါတယ်။
အဲလိုဈေးတွက်လေးတွက်ပြီး ဘ၀ကိုသော်လည်းကောင်းအသိတရားများကို
သော်လည်းကောင်း လမ်းမချော်ကြမိပါစေနှင့်ဟု . .
အပ္ပမာဒ ဓမ္မဒါနကောင်းမှုတစ်ခု မျှဝေလိုက်ပါသည်။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment