ငါ ငယ်ငယ်က
အဖေအမြဲလိုလိုဖွင့်နားထောင်တဲ့
နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓတရားထဲမှာ
ဘုရားပရိနိဗ္ဗာန်စံတော့ အာနန္ဒာက ငို တယ်ဆိုပဲ။
ဟင် . .
ဘာလို့ငိုရတာတုန်း အာနန္ဒာရယ် .. . .
ကလေးဆိုတော့
အာနန္ဒာရဲ့ မျက်ရည်ကိုငါဘာသာမပြန်နိုင်ခဲ့ဘူးလေ။
ကဲ .. ကြည့်ပါဦး . . .
မနက်ဆို လယ်တီစေတီတော်မြတ်တို့ကို တရုတ်နဲ့စစ်ခွေးမသာ
တွေသတ်လို့ .. ပရိနိဗ္ဗာန်စံရတော့မယ်ဆိုတဲ့သတင်း Kyaw Aung
ပြောလို့ ကြားလိုက်ရပါရဲ့ ။
သြော် .. .
ပိဋကတ်ထဲက လူမိုက်ကြီးအဇာတသတ်တောင်
ဘုရားရှင်ကိုမသတ်ခဲ့ပါဘူးကွယ် . . .။
ဒီနေ့ခေတ်တော့ . . .
ဘာလို့များ တရုတ်နဲ့စစ်ခွေးတွေကသတ်ရတာတုန်း . . ။
အင်း .. ငမိုက်သားတွေ ကောင်းစားတော့
လယ်တီစေတီဘုရားများ ပရိဗ္ဗာန်စံရပြီပေါ့ . .
သြော် ..
အခုတော့ ငါလည်း
ပိဋကတ်ထဲကညီတော်အာနန္ဒာလို ငိုတက်ခဲ့ပြီပေါ့ . . ။
ကုသလနှင့်အကုသလကိုသိသောသူများ Share နိုင်ပါသည်။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment