(၃)တွေးတက်ပါစေ . . လူငယ်တွေ စကားဝိုင်း
<<<<<<<<
(၂) မင်းက ဘာတွေကို ဘယ်လောက်လုပ်ခဲ့ပြီးလို့
ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်နေရတာလဲ?
…………………….
ဒါကြောင့် ဗုဒ္ဓသည်ပင်လျှင် လူသားတွေကို လွတ်လပ်စွာဝေ
ဖန်ခွင့်ပြုထားတာကို ဒီနေ့လူငယ်တွေသိစေ ချင်လို့ စောစောက
ပါဠိတော်လာ သဂါထာဝဂ္ဂသံယုတ်၊ ၀င်္ဂလသံယုတ်၊ ပ၀ါရဏာသုတ်ကို
references ထုတ်ပြလိုက်လို့သိလောက်ပါပြီ။ မင်းက ဘာတွေကို
ဘယ်လောက်လုပ်ခဲ့ပြီးလို့ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်နေရတာလဲ?
ဆိုတဲ့ sentence လေးကိုပဲ ပြန်တွေးရဦးမှာပါ။ ဒီ sentence လေးမှာ
တွေးစရာတွေကကျန်နေသေးတာကို။နံပါတ်(၂) အလုပ် ဆိုတာလေးကို
meaning ထုတ်ကြရအောင်။ အလုပ်ဆိုတာ မိခင်ဝမ်းထဲက စထွက်က
တည်းကိုယ်က ကာယကံအလုပ်ဝစီကံအလုပ်မနောကံအလုပ်တွေ ကို
“ အူဝဲ” ဆိုတဲ့ အသံကို ၀မ်းခေါင်းထဲ ကနေ အာခေါင် အာခေါင်ကနေ
လျှာဖျား ၊ လျှာဖျားကနေ နှုတ်ခမ်းဝအထိ မောင်းထုတ်လိုက်ရတယ်။
လူသားဘ၀အစမို့ ဒီလိုအသံကိုတစ်ခါမှလည်းမအော်ဘူးသလို ပြင်ပလေ
ပြင်ပအလင်းရောင်ဟာ ကလေး ငယ်အတွက် များစွာထိတ်လန့်စရာ။
အဲလိုထိတ်လှန်မီလိုလဲ “ အူဝဲ ” ဆိုတဲ့အသံက ထွက်လာရတာ။ ဘာဖြစ်
လို့လည်းဆိုတော့ သူဟာမိခင်ဝမ်းထဲမှာ တစ်ခါမှ မငိုခဲ့ရဘူးဘူးလေ။
အခုတော့ လူသားကမ္ဘာထဲက အလင်းရောင်တွေ အပူလှိုင်းတွေဟာ
သူ့ရဲ့အသားအရေကို လှုပ်ခပ်သွားတဲ့ ဒါဏ်ရာကြေင့်သူ အော် လိုက်ရာ။
အေး . . အလုပ်ဆိုတာ အဲဒီအခါစာတာကွ။ ဒီတော့က လူသားမှန်ရင်

ဘ၀ကပေးတဲ့အလုပ်တွေကိုလုပ် ကြရတာပါပဲ။ အလုပ်မလုပ်တဲ့သူရယ်လို
့ ကမ္ဘာမှာမရှိနိုင်ပါဘူး ။ အတိတ်အကြောင်းတစ်လွှာက ပုတ်ထုတ်

လိုက်တဲ့ ဘ၀ပေးအခြေအနေအရ လူသားတိုင်းဟာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့
လှနေတာမျိုးပါ။
ဒေါသမျက်လုံးနဲ့ လောကကိုကြည့်မယ်ဆိုရင်တော့ . . ဘယ်လှနိုင်ပါ့မလဲဗျာ။
ဒီတော့ ကိုယ်စီကိုယ်ရာ ကိုယ့်ဘ၀ကိုယ့်ကမ္ဘာမှာ နေထိုင်ရင်းစားဝတ်နေရေးဆိုတဲ့
အလုပ်တွေကိုလုပ်ကိုင် နေကြရာမှာ ကိုယ်နေရာနိုင်ငံကမ္ဘာအတွက် ကောင်းကျိုးတွေများ
စွာဖြစ်လာခဲ့သလို ဆိုးကျိုးတွေလည်း ပါ လာတာက်တာပါပဲ။ ဘ၀ပေးကံအရ
ရောက်ရာနေရာမှ ကျရာအလုပ်ကိုလုပ်နေရင်း အချို့ကလည်း သူရဲကောင်းတွေဖြစ်သွား
သလို အချို့ကလည်း သူယုတ်မာတွေအဖြစ် နာမည်ဆိုးရသွားကြတယ်။ဘာပဲဖြစ်ဖြစ်
အလုပ်တော့လုပ်လိုက်ကြတာပါပဲ။
ဒီတော့ အလုပ်တွေလုပ်နေကြတာရင်းအတူတူ ဒေါ်အောင်ဆန်းစုကြည်ထက်
စာရေးသူလုပ်တယ်မလုပ်ဘူး ဆိုတာကို analogy နှိုင်းယှဉ်ဆင်ခြင်ခြင်း လုပ်လို့
မညီမျှနိုင်ပါဘူး။ ဘ၀ပေးကိုကမတူညီတာပဲ။ အလင်းရှင် ကအထီးသူကအမလေ။

အသက်ရွယ်ခြင်းရော သူကအလင်းရှင်ရဲ့အမေထက်အသက်ကြီးနေတယ်။ ကဲ
ဘယ်လို analogy လုပ်ကြမလဲ။ သူ့မှာကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးရတဲ့သားက
နှစ်ယောက်ရှိတယ်။ အလင်း ရှင်မှာ ၀မ်းနဲ့လွယ်မွေးနိုင်စွမ်းမရှိဘူး။ အလင်းရှင်က

မိန်းမပဲယူလိုရသလို သူကလည်း ယောက်ျားပဲယူလို ရတယ်။
အကယ်၍များအလင်းရှင်က မိန်းမဖြစ်ခဲ့မယ်ဆိုရင်တောင် ဒေါ်စုကြည်လို

အင်္ဂလိပ်ကုလားဖြူကိုလင်ယူ မှာမဟုတ်ဘူး။
ဒါ့ကြောင့်အလုပ်တွေတော့ လုပ်နေကြတယ်။ မတူညီတဲ့အလုပ်တွေဖြစ်နေတယ်။

ဒါကို
ဒေါ်စုကြည်လောက် အလုပ်မလုပ်ဘူးလုပ်တယ်လို့ကို ဝေဖန်ဆန်းစစ်လို့ရသလား?
မရဘူးဖြစ်နေတယ်။
ကဲ . .ဟုတ်ပါပြီး ဘုန်းကြီးဖြစ်နေလို့မနှိုင်းနဲ့။ သမ္မတကြီးဦးသိန်းစိန်နဲ့ကော

ဒေါ်စုကြည်နဲ့နှိုင်းယှဉ်မလား မရ ဘူးနော်
မလုပ်နဲ့။ ဦးသိန်းစိန်ဆိုတာ မြန်မာ့တပ်မတော်မှာ
အသက်ပေးအသက်စွန့်ရာကမသေလို့ ဗိုလ်ချုပ် ဖြစ်လာတဲ့သူ့
တစ်နိုင်ငံလုံးရှိတောတွေတောင်တွေတော်တော်များများက သူ့ခြေရာတွေကျန်နေတယ်။
ဒေါ်စုဘာတွေလုပ်နေလဲ အဲဒီအချိန် .. နိုင်ငံခြားမှာ ကျောင်းတက်နေတယ်
လို့ပြောမှာလား . . အင်္ဂလိပ်နဲ့ ကိလေသာပွဲ နွဲနေတယ်လို့ဆိုမှာလား?
အိုး . . ပညာမဲ့သောလူသားတို့ဟာ အဲလို မနှိုင်းအပ်မယှဉ်သာကို
နှိုင်းယှဉ်ပြီးဥပပေးပြောနေတော့တာပါ ပဲလား။
ကဲ . . အလုပ်ဆိုတာကိုပဲ တို့တတွေမှာ နှိုင်းယှဉ်ဖိုခက်နေတယ်ဆိုရင် ဒေါ်အောင်ဆန်း
စုကြည်လောက် မင်းကလုပ်မလုပ်ဆိုတဲ့အဆင့်ကို တို့ဆက်တွေးရင်တို့ပဲ
ပိုရူးသွားနိုင်တယ်။ ဆက်မတွေးနဲ့ သင်္ခါရလောက ရဲ့ပြုပြင်စီရင်မှုဟာ တို့နဲ့မဆိုင်ဘူး။
ဟိုး . . ကောင်ကင်မှာ နေမင်းကြီးလင်းနေတာဟာ အောင်ဆန်းစုကြည်နဲ့မဆိုင်ဘူး .

. အလင်းရှင်နဲ့လဲ မဆိုင်ဘူး . . ဒါသင်္ခါရလောကရဲ့ သွင်ပြင်လက္ခဏာရပ်တွေပါ။
ဒါ့ကြောင့်ကိုယ်နဲ့သူ၊ သူနဲ့ဟိုလူတို့ကို နှိုင်းမနေနဲ့ ယှဉ်မနေနဲ့။ အားလုံးဟာ

သူ့ကမ္မနိယာမအတိုင်းပဲရှိနေ တာမျိုးပါ။
ရေထဲနေတဲ့ ငါးလေး .. ရေထဲမှာ နှစ်နဲ့ချီပြီးနေနိုင်တာ မအံ့သြနဲ့။
လေထဲမှာ အကြာကြီးပျံသန်း နေတဲ့ငှက်ဇင်ယော်လေတွေကိုလည်း လေထဲမှာ
ပျံနိုင်ကောင်းရယ်လို့ မအံ့သြနဲ့။ ဒါတွေက ကမ္မနိယာမဖြစ် စဉ်တွေပါ။
ဒီတော့ လူသားတိုင်းဟာ ကုသိုလ်သတ္တိ၊အကုသိုသတ္တိတွေဟာ ဒီလိုပဲ

တုပလို့မရနိုင်ကြဘူး။ ဒါမကြည့်နဲ့ ကွာ။ ဘုရားအဆူဆူပွင့်ခဲ့တာ အဲဒီဘုရားတွေ
ပါရမီဆယ်ပါး ပေါင်း သုံးဆယ်ကို အားလုံးဖြည့်ကျင့်ကြတာ ပါပဲ။
သို့သော်
ဘုရားဖြစ်လာတော့ အသားအရောင် ပဋိသန္ဓေနေရတဲ့ ဌာနတွေမတူသလို
ကျင့်ရတဲ့အချိန် ကာလတွေလည်းကွဲပြားခြားနားကြပြန်တာပဲ။ နောက်ဆုံး
ပရိနိဗ္ဗာန်စံလွန်တဲ့ကာလတောင် တူကြလို့လား?
ကဲ . .ကဲ . .ကဲ . .
ငါဆက်ပြောရင် ဒီညအိပ်ရာမှာမဟုတ်တော့ဘူး အခုတောင် နံက်၁နာရီခွဲရှိနေပြီ။

Like · · Unfollow Post · Share
- Saikaungkhant Zaw likes this.
No comments :
Post a Comment