ဟိုတစ်လောဆီက . . comment ရေးကာအားပေးနေတဲ့
ကောင်လေးတွေကိုမေတ္တာရပ်ခံလိုက်တယ်။ မင်းတို့ကသာသာကိုထိ
လို့ နာပေမယ့် မင်းတို့ဆဲတဲ့အတွက်တို့တွေရဲ့စာမျက်နှာတွေ
ချင်ဆော်နံပါတယ်ကွာဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ ကိုယ့်ကောင်လေးတွကို
ဆိုဆုံးမခဲ့တယ်။ အလင်းရှင်ကိုဘယ်သူပဲဆဲဆဲ မင်းတို့ပြန်မဆဲရင်
ငါစာရေးရကျိုးနပ်ပါတယ် မင်းတို့လေးတွေပြန်မဆဲပါနဲ့ သူ့တို့ဝစီကံက
သူတို့ထံပြန်ပါလိမ့်မယ်လို့ မဆဲဖို့ပြောဆိုခဲ့တတယ်ဗျာ။ အခုအဲဒီနေ့
ကစပြီး အလင်းရှင်ကိုယ်ဘယ်သူမှဝင်မဆဲကြတော့ဘူးဗျ။ ဒါ့ကြောင့်
comment ရေးနေတဲ့ညီလေးတွေကိုအလင်းရှင်ကျေးဇူးတင်ပါတယ်။
အရင်က ၀င်ရောက်ပြောဆိုနှောက်ယှက်ကြတဲ့သူတွေကိုလည်း
အပြစ်မယူပါဘူး။ အလင်းရှင်က ကိုယ်ဖတ်ရှု့ထားပြီးတဲ့စာတွေနဲ့ကိုယ်
ဖြတ်သန်းလာခဲ့ရတဲ့ အဖြစ်သနစ်တွေကို discuss လုပ်တဲ့သဘောလောက်
ပါပဲရံခါ ဒေါသသံပါလာတက်တာကတော့ ပြည်သူတစ်ယောက်ရဲ့ဒုက္ခတွေ
မည်လာတယ်ဆိုတာပြည်သူတစ်ယောက်ရဲ့ မထင်မှတ်ဘဲ ငိုချလိုက်တဲ့
မျက်ရည်သံတွေပါ။နောက် အလင်းရှင်ရဲ့ပိုစ့်တွေမှာ စာဖတ်သူနဲ့
ဆန်ကျင့်ဘက်ဖြစ်နေမယ်ဆိုရင်ကိုယ့်ခံစားချက်ကို comment အဖြစ်ပုံဖေါ်ပြပါ။
လုံးဝမှားနေရင် ရဲရဲသာထောက်ပြအလင်းရှင် ရင့်ရင့်ပဲပြင်လိုက်မယ်။ လူပဲဗျာ။
ဘုရားမှမဟုတ်တာမှားမှာပေါ့။လောကမှာလုံးဝအမှားကင်းတာအားလုံးစုံ
သိတာ ဗုဒ္ဓတစ်ဆူတည်းပဲရှိတာပါ။ဒါ့ကြောင့် အလင်းရှင်ဆိုတဲ့ကောင်လဲ
မဟာအမှားတွေကိုလုပ်မိမှာပါပဲပြင်နိုင်ဖို့အခွင့်အရေးရရန်နဲ့
ပြင်ဆင်ရဲတဲ့သတ္တိရှိဖိုပဲလိုတာပါ။

No comments :
Post a Comment