လောကီအလုပ်တွေများများလုပ်တဲ့သူဟာ သတ်သတ်လွတ်ပိုစားရတယ်။
အရိုးပါတဲ့စာတွေဖတ်မိရင် သံသရာအတွက် ဒုက္ခများမယ်နော်။
(သုကရမဒ္ဒ၀)ကို ၀တ်ပျို သားတစ်မျိုးတည်းရယ်လို့ဘာသာပြန်လို့မရသလိုပါပဲ။
ဒီလောက်သတ္တ၀ါတွေကိုသတ်ဖြတ်နေတဲ့ခေတ်ကြီးမှာသတ်သတ်လွတ်စားသူဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကိုဖန်တည်းသူပါ။
နိဗ္ဗာန်ရချင်လို့မဟုတ်ဘူး . . နိဗ္ဗာန်သွားတဲ့လမ်းကိုဖြောင့်ချင်လို့။
…………………………………………………………..
ကောင်လေးတို့ . . ငါခံစားမိတာကိုပြောမယ်။ ဒီကနေ့ လူတွေဟာ
သတ်သတ်လွတ်စားတာဟာ ဗုဒ္ဓ၀ါဒမဟုတ် ဘူးရယ်လို့ ပါဠိတော်များကိုစီတန်းရွတ်ပြပြောဆိုနေတာကိုတွေ့ရလို့ အလွန်ပဲ
ဝမ်းနည်းမိပါတယ်။ တို့ကိုလည်း (ရွှေပါရမီတောရဆရာတော်)
အရှင်ဆန္ဒဒိကကတောင် သတ်သတ်လွတ်စားဖို့မစားဖို့ ဘုရားမဟောဘူးဆိုကာ ဘာ့ကြောင့်စားတာလဲလို့လည်း အမေးခံရပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး လယ်တီဆရာတော်ကိုအားကိုးရမှာ ပါ။ လယ်တီဆရာတော်ဟာ
သတ်သတ်လွတ်စားဖို့ကို အားပေးခဲ့ပါတယ်။ သက်သေအနေနဲ့ပြဖို့ရာ
အဲဒီကျမ်းစာ အုပ်က ငါထောင်ကျသွားပြီး ပြန်လွတ်လာတော့ ဘယ်တွေရောက်ကုန်မှန်းမသိဖြစ်နေတယ်။
အွန်လိုင်းပေါ်ရှိ လယ်ဆီဝက်ဆိုဒ်မှာရှာပြန်တော့လည်း အဲဒီစာအုပ်ကို
မတွေ့ရဘူးဖြစ်နေတယ်။ ငါကလည်း ထောင်ကျပြီးအတွေးများလာတော့ အတွေးဉဏ်သာထက်လာတယ.် မှတ်စွဲဉာဏ်က ထိုင်းသွားတယ်။
စာအုပ်ခေါင်းစဉ်ကိုမေ့နေပြီ သို့သော်အဲဒီစာအုပ်လေးက ငါ့မျက်စေ့ထဲမှာ
တော့ရှိ နေတယ်။ သတိရရင်တော့တင် ပြရမှာပေါ့လေ။
မာသေ မာသေ ကုသဂ္ဂေန၊
ဗာလေ ဘုဉ္စေယျ ဘောဇနံ၊
န သော သင်္ခတဓမ္မာနံ၊
ကလံ နဂ္ဃတိ သောဠသိံ။
လို့ဘုရားကဟောတယ်။
“အကြောင်းအကျိုး အကောင်းအဆိုးကို မသိ တတ်တဲ့လူမိုက်ဟာ
နိဗ္ဗာန်ရဖို့ ရည်ရွယ်ပြီး အစာ မစားဘဲ ကျင့်သည်ဖြစ်စေ၊ သမန်းမြတ်များနှင့်
တစ်လမှ တစ်ကြိမ် တို့စားပြီး ကျင့်သည်ဖြစ်စေ၊ သိအပ်သော တရားကိုသိတဲ့
ပုဂ္ဂိုလ်တို့ရဲ့အကျင့်ကို ၁၆-စိတ်၊ စိတ်ပြီး တစ်စိတ်မျှပင် မမီနိုင်ဘူးလို့ ဆိုလိုတယ်”
ဒီပါဠိကို သူတို့လိုတဲ့နေရာကိုဆွဲပြောနေကြတယ်။ မြန်မာမှုပြုတဲ့နေရာမှာ
(သုကရမဒ္ဒ၀)ကို ၀တ်ပျို သားတစ်မျိုးတည်းရယ်လို့ဘာသာပြန်လို့မရသ
လိုပါပဲ။ ဒီတော့က . .
အကြောင်းအကျိုးအကောင်းအဆိုးဆိုတဲ့ မဂ္ဂင်တရားကိုနားလည်ပြီး
သတ္တ၀ါတွေကို ငါ့တည်းဟူ သောအကြောင်းကြေင့်မသေစေရဘူးရယ်လို့
သမ္မဆန္ဒ..ဇီဝိတဒါနဲ့.အဖြစ်စားမယ်ဆိုရင်အဲလိုစားတဲ့အတွက်သတ္တ၀ါပေါင်း
များစွာရဲ့အသက်ကကယ်တင်ရာရောက်ပါတယ်။ဒါ့ကြေင့်သူပြောငါပြော
လေးတွေကိုရမ်းပြီးမယုံနဲ့။ ဒီနေ့ခေတ်က အိုးကြီးထဲကရေအိုးသေးထဲပြောင်း
တဲ့စာတွေ ဖတ်နေရတဲ့အတွက် အိုးကြီးနဲ့တူတဲ့ပါဠိစာကို အိုးသေးနဲ့တူတဲ့
မြန်မာစာအဖြစ် conversion လုပ်ရတဲ့အခါမှာ meaning တွေကများသွားတယ်
ဥပမာ(သုကရမဒ္ဒ၀)ဆိုတဲ့ပါဠိကိုပဲ မြန်မာလိုပြန်ကြည့်ရင်အဓိပ္ပါယ်အနက်က
ခြောက်မျိုးလောက်ဖွင့်နေတယ်။ ဒါ့ကြောင့် တစ်သတ်မှတ်တည်းမှတ်ထား
သူတွေမှာ စာဖတ်ရင်း ဉာဏ်မထက်လာပဲ ဉာဏ်ထိုင်းသွားတက်တယ်။
တို့ကတော့ လယ်တီဆရာတော်ရဲ့ တပည့်ဖြစ်ခွင့်ရလို့ ကံကောင်းသွားတယ်။
နောက်တစ်ခုပြော ဦးမယ် လောကီအလုပ်တွေများများလုပ်တဲ့သူဟာ

သတ်သတ်လွတ်ပိုစားရတယ်။ သာဓကအနေနဲ့ တို့ရဟန်းတွေတောင်
သုဿာန်ဓူတင်ဆောင်ရင် သတ်တတ်လွတ်ကြိုပြီးစားထားရတယ်။ အဲဒီဓူတင်

ဆောင်နေစဉ်မှာလည်း သတ်သတ်လွတ်ပဲစားရတယ်။
ဒါဝိနည်းတော်မှာ
ကိုပြဋ္ဌာန်းထားတာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ပြိတ္တာတွေက ရဟန်းရဲ့ပါးစပ်က
သားငါးနံ့ရရင် အလေးစားတော့ပဲ ခြောက် လှန့်တက်တဲ့အတွက်လို့ ဆိုပါတယ်။
နောက်တစ်ချက်က ကျမ်းပြုအကျော်တောင်မြို့ဆရာတော်ဘုရားကြီးကိုယ်တိုင်
ခန္ဓာဝန်မချမီ ငါးနှစ် အလိုလောက်ကတည်းက သတ်သတ်လွတ်စားသွားတယ်။

ဆရာတော်ဘုရားကြိးက ဒီအကြောင်းနဲ့ ပတ်သတ်ပြီး
(၁) သားငါးတွေမစားချင်လို့
(၂) နတ်တွေကသားငါးစားတဲ့သူကိုမုန်းတယ်မချစ်ဘူး။(၃) င့ါကျောင်းမှာ

သံဃာတွေကများလာတယ် ဆွမ်းကွမ်းပေါများအောင်နတ်တွေ
ချစ်ဖို့လိုတယ်ဒါကြောင့် ငါစားပါတယ်လို့ . . ဖြေကြားထားတာရှိတယ်။
ဒါ့ကြောင့် ဒီလောက်သတ္တ၀ါတွေကို သတ်ဖြတ်နေတဲ့ခေတ်ကြီးမှာ
သတ်သတ်လွတ်စားသူဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကိုဖန်တည်းသူပါ စာဖတ်သူတွေ

အရိုးပါတဲ့စာတွေဖတ်မိရင် သံသရာအတွက် ဒုက္ခများမယ်နော်။တို့စာရေးတာ
နိဗ္ဗာန်ရချင်လို့မဟုတ်ဘူး . . နိဗ္ဗာန်သွားတဲ့လမ်းကိုဖြောင့်ချင်လို့။
No comments :
Post a Comment