ဟိုး . .လွန်ခဲ့တဲတစ်နှစ်လောက်တုန်း ဆီကကွနပျူတာဘာသာရပ်ကို
ထိထိမိမိနှိုတ်ချင်တာနဲ့ သန်းထိုက် (ရွှေရိပ်)ရဲ့ Honest Hacking စာအုပ်လေးကို ၀ယ်လေ့လာမိတယ်။ ကွန်ပျူတာနဲ့ပတ်သတ်တဲ့ အကြောင်း အရာတွေကို အပိုင်းပိုင်းအထစ်တစ်အပုံပုံခွဲခြားစိတ်ဖြာထိုးဖေါက်ကြည့်တဲ့နည်းပါပဲ။ ဒီလိုသိမြင်
သွားခြင်း သည်ပင် အမြင်မှန်ကိုမြင်ခြင်းပါ။ ဥပမာ ကိုယ့်ကွန်ပျူတာမှာရှိတဲ့
Proscessor (CPU) ကို ခပ်မြင့် မြင့်ကိုယ် ကြိုက်တဲ့ နာမည်တပ်နိုင်တာပါပဲ။
(သန်းထိုက်ရွှေရိပ်ရဲ့ Honest Hacking) စာအုပ်ကို ဆောဝဲလ်မြို့တော် မှာဒေါင်းလုပ်ဆွဲလို့ရပါတယ်။
တကယ်တန်းကိုယ်ကွန်ပျူတာမှာ Running နေတဲ့ CPU က အနိမ့် Pentium
ပဲဆိုကြပါစို့၊ သူများအမြင်မှာ Core(TM)i52450M CPU Dell Latitude E5530 15 6 LED Notebook Intel Core i5 3210M 2 50 GHzလောက်အမြင့်လိုချင်တယ်ဆိုရင် ၀င်ပြင်ရေးလို့ရပါတယ်။ ပြောချင် တာက အဲလိုပြင်ရေးထားတဲ့ CPU အနိမ့်သုံးထားတဲ့ကွန်ပျူတာကို ဒီအကြောင်းနားမလည်သူက တကယ့် Coeri5
လို့ထင်နေမှာပေါ့။ကွန်ပျူတာသုံးစွဲသူဟာ ဒါကိုသိထားသင့်တယ်။
ကိုယ်ကမသိရင် Pentium ကွန်ပျူတာကို i5 ဈေးနဲ့သူများ ကညာရောင်းသွားမှာပေါ့။
ဒါကိုဥပမထားပြီး သံဃာရတနာနဲ့ပတ်သတ်လာရင် အသွင်သဏ္ဍာန်ကိုသာမကြည့်ဘဲ သံဃာရတာနာတို့ရဲ့ နှလုံးသားကိုထိုးဖေါက်ကြည့်ရှု့နိုင်တဲ့Hacking Eye မျက်လုံးရှိ
ဖို့လိုတယ်။ ပဋိဝေဓစက္ခု ရှိဖို့လိုတယ်။ဒီ မျက် လုံးကို ဆန္ဒန်ဆင်းမင်းဇာတ်ကို
နမူနာယူခြင်းဖြင့် ရနိုင်ပါတယ်။ဆန္ဒဆင်မင်းဟာ သူ့ရဲ့အောက်တည့်တည့်မြေဂ
လိုင်အောက်က သောနုတ္ထိုရ်မုဆိုးပစ်လိုက်တဲ့မြှားချက်ဟာအောက်တည့်တည့်
ကပစ်တာမို့ နှလုံးရင်ညွှန့်ကိုစူးစိုက်ဝင်သွားပါတယ်။ ရန်သူဟာ င့ါရဲ့အောက်မှာပဲရှိတယ်
ဆိုတာကိုသိတယ်။ သူ့အောက်မြေဆိုင်ကိုခွာနဲ့ပေါက်လိုက်တယ်။ ရန်သူကိုချုပ်ကိုင်ဖို့
နှာမောင်းနဲ့ထိုးမွှေ လိုက်တယ်။သောနုတ္ထိုရ်မုဆိုးက နှာမောင်းကို
သင်င်္ကန်းပတ်ပေးလိုက်တယ်။ ဆင်မင်းကသူ့နှာမောင်းမှာချိပ်ပါလာတဲ့
သင်္ကန်းကိုမြင်လိုက်တာနဲ့ . . သံဃာရတနာကိုပြေးမြင်မိတယ်။ သံဃာရတာဟာ သူ့အသက်ကိုသတ်မှာမ ဟုတ်ဘူး ဒါမုဆိုးရဲ့ကလိန်ကကျစ်ဉာဏ်ကွက်ဆိုတာကိုလည်းသိတယ်။ ဒီလိုသူ့ရင်ကိုမြားနဲ့ခွင့်းတဲ့မုဆိုးလို့ သိပင်သိငြားသော်လည်း သင်္ကန်းတော်ကိုတွေ့တာနဲ့တစ်ပြိုင် နက်ဆို သလို Hacking Eye သံဃာရတာ ကိုထိုး ဖေါက်သိမြင်လိုက် တယ်။ သူ့အသက်ကိုသေအောင်သတ်တဲ့မု ဆိုးကိုသတ်ဖို့စိတ်ကူးမရှိတော့ဘူး။
တကယ်ကမုဆိုးပါ။ သံဃာမဟုတ်ဘူးနော်။ မုဆိုးကသံယောင်ဆောင်ထားတဆိုတာကိုဆင်မင်းကြီးသိ တယ်။သိသိကြီးနဲ့ပဲ၊ သင်္ကန်းတော်ကိုမြင်မိတာနဲ့ သံဃာရတာကိုပဋိဝေဓစက္ခုလို့ပြောလို့ရတဲ့ ထိုးဖေါက်သိ မြင်နိုင်တဲ့ ဉာဏ်မျက်လုံးက ခံစားလိုက်တယ်။
ဒါ့ကြောင့် ဒီကနေ့လူသားတွေ ဘာကိစ္စအကြောင်းအရာနဲ့ဖြစ်ဖြစ် Hacking Eye ရှိဖို့တော့လိုတယ်။ ဥဒါန်းပါဠိတော်တွေမှာလည်း ဒီလိုအကြောင်းအရာမျိုးတွေရှိတယ်။ ရဟန်းတစ်ပါးကရဟန္တာဖြစ်
သွားတယ်။ သူရဟန္တာဖြစ်တဲ့အချိန်မှာ ဒိဗ္ဗစက္ခုနဲ့ နောက်ဘ၀ပေါင်းများစွာကိုပြန်ကြည်တယ်။ ဘာသွားတွေ့လည်းဆို တော့ ဘ၀တစ်ခုမှာ သူဟာကျေးတောသားအနေနဲ့ တစ်ရွာကနေ
တစ်ရွာကိုသွားတယ်။ တစ်နေရာမှာသစ် ပင်တစ်ပင်ရဲ့ မနိမ့်မမြင့်သစ်ကိုင်းလေးမှာ သင်္ကန်းအနွမ်းအဟောင်းလေးတစ်ခုကိုတွေ့လိုက်တယ်။ အဲဒီ ကျေးတောသားလေးဟာ သစ်ကိုင်းမှာချိတ်နေတဲ့သင်္ကန်းလေးကိုကြည့်ပြီး သံဃာရတာနာအဖြစ် ရိုသေ လေးမြတ်စွာ
ဦးချကန်တော့ခဲ့တယ်။ အဲဒီကုသိုလ်ရဲ့အကျိုးဆက်ဟာနောက်ဘ၀တွေမှာ အပါယ်ငရဲ
ကိုမ ရောက်ဘဲ အခုနောက်ဆုံးပစ္ဆိမဘ၀ တို့ဂေါတမဗုဒ္ဓလက်ထက်မှာ အာသဝေါကင်းကုန်တဲ့ ရဟန္တာမထေရ် မြတ်တစ်ဆူတစ်ပါးဖြစ်သွားတယ်။
ဒါ့ကြောင့် Hacking Eye ဟာ ကွန်ပြူတာသုံးတာတစ်ခုထဲမဟုတ်ဘူး အားလုံးအတွက်လို
အပ်တယ်အသိ ပေးပြောကြားပါရစေ။

No comments :
Post a Comment