ကဲဗျာ မီဒီယာကလည်းအထိုက်အလျှောက်ပွင့်လာတယ်။ သာသနာကိုလည်း
တရားတွေကောင်း စွာဟောကြားခွင့်တွေပေးလာတယ်။ အရင်အစိုးရတုန်းကဆိုဗျာ။ ကျုပ်ကိုယ်တိုင်စာရေးဆရာဘုန်းကြီး ကိုယ်တိုင်စာအုပ်ထုတ်ချင်တယ်။ မီဒီယာ
ကလက်မခံဘူး ။ ကြော်ငြာခွင့်ရေးသားခွင့်တွေကိုစစ်တပ်ကကိုင်ထားတယ်။ကျုပ်က
အာဏာရှင်ကိုတော်လှန်တဲ့အရေးအသားတွေဒီတော့စာပေစီစစ်ရေးနဲ့ငြိတယ်။ နောက်ဆုံးကျုပ်ကိုယ်တိုင်ထောင်ကျခဲ့ရတယ်။
အခုထောင်ကထွက်လာတော့ ကျုပ်ရင်ဘက်ကိုပြည်သူကိုချပြလို့ရသွားတယ်။
ဒါကောင်းကွက်တွေဒါပေမယ့်ကျုပ်မှာအခြေပျက်အနေပြတ်ဖြစ်သွားတယ်။
ဒါနဲ့အခုလိုအွန်လိုင်းမှာစာရေးနေရတယ်။အစိုးရရဲ့ဒီလောက်ကောင်းတဲ့စာပေ
လွတ်လပ်ခွင့်ကိုကျုပ်မခံစားရဘူး။ ကျုပ်ဒီမိုကရေစီကိုငတ်ခဲ့ရတယ်။
ကျုပ်မစားရက်မသောက်ရက်နဲ့ တစ်သတ်တာရှာဖွေစုဆောင်းခဲ့တဲ့ စာအုပ်တွေ
ကုန်ပြီဗျာမရှိတော့ဘူး။ ဘယ်လောက်ရင်နာစရာကောင်းလည်း ဒါအာဏာရှင်ခေတ်
မှာကျန်ခဲ့တဲ့ ရဟန်းရှင်လူတွေရဲ့ဒုက္ခပါ။ဒီနေ့ခေတ်ဘုန်းကြီးတွေ ဟာဗျာ။
ရေးစမ်း . . ပြောစမ်း . . ပြည်သူကို .. ကျုပ်တို့ခေတ်က ထောင်ထဲဝင်ရတဲ့ခေတ်ဗျ။
အတိုက်အခံဖြစ်သူတွေဟာ ဒီလိုရခဲ့တဲ့ အခွင့်အေ၇းကို မီးပုံရို့ခဲ့ကြတယ်ဆိုတာ
ကျုပ်နားလည်လိုက်တယ်။ ကျုပ်တို့ခေတ်က ဘာမှပြောလို့မရဘူး။ အင်တာနက်သုံး
လို့မရဘူးဗျာ။အခုကြည့်စမ်း လုပ်ပိုင်ခွင့်တွေရလာတယ်။ မှတ်ထားဗျ ။ အခွင့်အရေး
ဆိုတာ အလုံးအခဲ့ကြီးအတောင့်လိုက်ကြီးမြင်ရတာမျိုးမဟုတ်ဘူး ခပ်ရေးရေးလေး အဲဒီရေးရေးလေးကို ပုံဖေါ်တက်ပါမှလူထုခေါင်းဆောင်ဖြစ်ထိုက်တာ။ဗုဒ္ဓတောင်ဗျာ
ဘုရားဖြစ်ဖို့ ဆုတောင်းရုံဆုပန်ရုံနဲ့ရတာမှမဟုတ်တာ။အဲလိုရတယ်ဆိုရင်
ကျုပ်တောင်အခုဘုရားလုပ်လိုက်ချင်သေးတယ်။ ဒီသာဓကအတိုင်းပဲပေါ့ဗျာ။
လူထုခေါင်းဆောင်ဆိုတာမျိုးဟာ ဘုရားအလောင်းလိုဉာဏ်မရှိရင် မဖြစ်ထိုက်
ဘူးဗျ။ဘာဖြစ်လို့လည်းဆိုတော့ ကျုပ်တင်ပြခဲ့ပြီးသလို မြန်မာနိုင်ငံကိစ္စဟာ
အတော်ကိုကျယ်ပြန့်နက်ရှိုင်းတယ် . . ဒါ့ကြောင့်ကိုပဲ ဗိုလ်ချုပ်အောင်ဆန်းဟာ
ကျဆုံးခဲ့ရတာပဲ။ဗိုလ်ချုပ်တို့ကျဆုံးခဲ့ရတာဟာ ဒီလိုကျယ်ပြန့်နက်ရှိုင်းမှုတွေကိုမသိလို
လဲတစ်ကြောင်းပဲ။ဒီတော့က ဦးသိန်းစိန်ကြီးက သူ့အသက်နဲ့သူ့အရွယ်လိုက်ပြီး
ဒေါ်စုနဲ့ညှိနှိုင်းလုပ်ကိုင်နေတာကို ဒေါ်စုဘက်က ပညာသားပါပါနဲ့ သူ့လူကိုယ်ကိုယ့်
ဘက်သားဖြစ်အောင် စွဲဆောင်နိုင်ရမယ။်ထောက်လှမ်းရေးဆို ဖင်ပါပေးပစ်တာပဲမဟုတ်လား။
ဒီနေရာမှာ ဖင်ပေးပေါင်းရမယ်လို့တိုက်ရိုက်မယူနဲ့ဗျ။ ကျုပ်က ပေါင်းသင်းနည်းကိုပြောတာ။
ဦးသိန်းစိန်နဲ့ပေါင်း အာလုံးနဲ့ညီနှိုင်းပြီးထောင်ထဲမှာကျန်နေတဲ့အကျဉ်းသားတွေကို လွှတ်။
ပြည်သူနဲ့နိုင်ငံအတွက်အကောင်းဆုံးလမ်းကြောင်းကိုရွှေးရမှာကို . . ဒေါ်စုကြည့်က . .
တိုက်ပဲတိုက်နေတယ်။ သူကလေနဲ့တိုက်တာ . . ခံရတာက ပြည်သူနဲ့နိုင်ငံဗျာ။
ဘင်္ဂါလီကိုအစိုးရက ခလေးနှစ်ယောက်နှုန်းသတ်မှတ်တယ်။ သူက ကန့်ကွက်တယ်။
နေရာတိုင်းဗျာ။ ကန့်ကွက်နေမှာတာ့ ဒီလူကိုဘယ်လိုသုံးမှာလည်း .. . ကန့်ကွက်မှ
ကိုယ်လိုချင်တာရတာမျိုးမဟုတ်ဘူးဆိုတာ ဒေါ်စုမသိဘူး။သူကမငိုတက်ဘူးဗျ။
ငိုတက်တဲ့ခလေးမှနို့စို့၇တာ။ အမှန်က အခုအချိန်ဟာဒေါ်စုကြည်က
ခလေးလုပ်နေရမှာ ခလေးအထာနဲ့ အစိုးရကိုဝင်မွှေရမှာမျိုးကို ကန့်ကွက်
တဲ့လူယုတ်အထာနဲံ့ဝင်မွှေတော့ ကျုပ်တို့ပြည်သူတွေ ခံရတာ့တာပေါ။

No comments :
Post a Comment