ပစ္စုပ္ပန်တည့်တည်ဆိုတဲ့ ဒီကနေ့ (၀ါ) အခုအကြောင်းအခြေအနေအရပ်ရပ်တို့ရဲ အရာတွေ ကို ပြောဆိုသုံးသပ်တော့မယ်ဆိုရင် အတိက်(၀ါ) အရင်အခါဆီက(၀ါ) မနေ့ကဖြစ်ခဲ့ရာရာ
အကြောင်းေ တွ ကိုလုံးဝ မေ့ထားလို့မရနိုင်ပါ။ ယင်းကဲ့သို့ အစအလယ်အဆုံးသုံးပါးလုံးကို စစ်ပြီးကာမှ ဖြူရင်ဖြူတဲ့ အကြောင်း မည်းရင်မည်းတဲ့အကြောင်း
တင်ပြရမှာပါ။ အဲလိုမှမဟုတ်ဘဲ ဖြစ်စဉ် တစ်ခုကို ပြီးစလွယ်သုံး သပ် ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့
. . . . .
အောက်မလေး .. . . .
. .
လန်ဒန်ရောက် ဘုန်းဘုန်းတို့ရယ်
. . .မင်းဘယ်လိုလုပ်လိုက်တာလဲ?
ဆိုတဲ့ ကိန်းဆိုက်မှာသေချာပါတယ်။
ကျွန်တော်ကအညာသားဆိုတော့ အညာဒေ သဟာ ဇာတ်ပွဲအလွန်ပေါပါတယ်။ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့
မမြစိမ်းအမည်ရှိ နောက်ပိုင်းဇာတ် ထုတ်ရဲ့ လွမ်းခန်းတစ်ခုမှာ မင်းသားက ဥစ္စာစောင့်ဖြစ်တဲ့မမြစိမ်းဟာ
လူ့ဘ၀ကနေ သူ့မူရင်း ဥစ္စာစောင့်ဘ ၀ကို ပြန်ရောက်သွားတဲ့အခန်းမှာ ဇာတ်လိုက်ဖြစ်သူလင်က မမြစိမ်းနဲ့ပေါင်းသင်းလို့
ရထားတဲ့သား ငယ် မောင်ရင်လောင်းလေးကိုပွေ့ဖက်ရင်း . . . . တောင်ရှည်ပုဆိုးစလေးကို မျက်ရည်
သုတ်ကာအော်ငိုလိုက်ပုံက . . .
အောက်မလေး . . .
. .မမြစိမ်းရယ် . . . . မင်းဘယ်လိုလုပ်လိုက်တာလဲ? တဲ့။
လန်ဒန်မှာ နှစ်စဉ်ရိုးရာသင်္ကြန်
ဦးဆောင်ကျင်းပနေတဲ့ သာသနာရံသီ ဝီဟာရကျောင်း တိုက်ဆရာတော် ဦးဥတ္တရက
ရဲ့စကားကိုကြားသိလိုက်ရလို့ မမြစိမ်းရဲ့ယောက်ျားငိုသလို ကျွန်တော် ခဗျာ . . . facebook မှာအခုလိုငိုပြလိုက်ရတာပါ။ ကျွန်တော့်အဖြစ်ကတော့
မမြစိမ်းရဲ့နေရာမှာ အခုပြောတဲ့ လန်ဒန်ကဘုန်းဘုန်း ဦးဥတ္တရရဲ့ ဘွဲ့နာမည်ကိုတပ်ကာ ….
အောက်မလေး . . . . .
ဦးဥတ္တရရယ် . . . မင်းဘယ်လို ပြောလိုက်တာလဲ?
(မှတ်ချက်)
နာမ်စားပုဒ်များကို မင်း ဟုသုံးရာတွင် မူရင်းစာပေရသမပျောက်ပျက်ချင် တာမို့ပါ။
မနေ့က ကျင်းပခဲ့တဲ့ လန်ဒန်မြို့က ၁၁
ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ကို
ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ပါတယ်။တဲ့။ ဦးဥတ္တရရဲ့ စကား အ ပြည့်အစုံကတော့
အောက်ပါအတိုင်းပါပဲခင်ဗျာ။
ဒီနှစ်မှာ ထူးခြားတာက မြန်မာပြည်မှာ
ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ လုပ်နေတယ်။ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေး
ဖော်ဆောင်နေတာ၊ လုပ်ဆောင်နေတာကို ကြည့်သောအား ဖြင့် ဘုန်းကြီးတို့ငြိမ်းချမ်းရေးဆုကိုပေးပါတယ်။
မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကလည်း ငြိမ်းချမ်း ချင်ကြ တယ်။ ကမ္ဘာသူ ကမ္ဘာသား
အားလုံးကလည်းပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို မြင်ချင်ကြတဲ့ အတွ က်ကြောင့်
ဘုန်းကြီးတို့က ဒီနှစ်ကိုတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကို မြန်မာနိုင်ငံမှာ
ငြိမ်းချမ်းရေးပို လုပ်လာနိုင်အောင်ဆိုပြီးတော့ငြိမ်းချမ်းရေးဆုကိုချီးမြှင့်ပါတယ်"လန်ဒန်သင်္ကြန်ကနေငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း အကြောင်းကြားစာကို သမ္မတဆီ လိပ်မူပြီး
မြန်မာသံရုံးက တစ်ဆင့် ပေးပို့မယ် လို့သိရပါ တယ်။မနေ့က ကျင်းပတဲ့ လန်ဒန်မြို့
ရိုးရာအတာသင်္ကြန်ပွဲကို နှစ်ပိုင်းခွဲပြီး ကျင်းပ ရာမှာ မနက်ပိုင်း မှာ
ဗြိတိန်နိုင်ငံရောက် ဆရာတော် ၂၅ ပါးအတွက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊
ညနေပိုင်းမှာ ရခိုင်နဲ့ မွန် အပါအ၀င် တိုင်းရင်းသားရိုးရာ သင်္ကြန်ယိမ်းတွေ၊
သင်္ကြန်အဆိုအကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။မနေ့က ကျင်းပတဲ့ သင်္ကြန်ပွဲကို လန်ဒန်ရောက်
မြန်မာနိုင်ငံသား တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းတွေကို . . .
ဒီသတင်းကို RFA သတင်းထောက်
မအေးနှင်းညို လန်ဒန်မြို့ကနေ ပေးပို့ခဲ့တာပါလို့ ဆိုပါတယ်။
ဟုတ်ကဲ့ပါ . . . ကမ္ဘာ့နိုင်ငံအသီးသီးမှာ တာဝန်ယူထမ်းဆောင်နေတဲ့ သံအမတ်တို့ခင်ဗျား အခုလိုမျိုးအာဏာရူးတွေကိုဂုဏ်ပြုတာမျိုးကိုတော့ မပင်မပန်းရွှင်လန်းစွာနဲ့ လုပ်ပေးတယ်နော် . . ကျုပ် တို့ပြည်သူတွေ နိုင်ငံအသီးသီးမှာ အကြောင်းမညီညွတ်လို့ ဒုက္ခရောက်ရင် ခင်ဗျားတို့ လည့်တောင်မ ကြည့်ကြဘူးဆိုတာ သတင်းမီဒီယာတွေမှာ ကြားမြင်ရစမြဲပါလို့ပြောပါရစေ။
လူတစ်ယောက်ကို လူတစ်ယောက်က
ချီးမြှောက်တာကို ကျွန်တော်တို့မကန့်ကွက်လို ပါဘူး။ ကုသိုလ်ဖြစ်စဉ်မျိုးဆိုရင်
သာပြီးတော့တောင်မကန့်ကွက်တဲ့အပြင် ကိုယ်တိုင်ရှေ့ဆုံးကမရပ် တည်နိုင်ရင်တောင်နှုတ်၏ဆောင်မခြင်းမျိုးနဲ့တော့ကူညီရမှာပါပဲ။ အခုလည်းလန်ဒန်သင်္ကြန်ခေါင်းဆောင် ဆိုတဲ့ ဘုန်းကြီးဦးဥတ္တရရဲ့ လိုလားချက်မျှော်မြင်မှုမှာ . . . .
ဟုတ်သလိုလိုနဲ့ . . . .မဟုတ်ခဲ့။
ကောင်းသလိုလိုနဲ့ . . . . မကောင်းခဲ့။
မှန်သလိုလိုနဲ့ . . . . . မမှန်ခဲ့။
ဒါဘာ့ကြောင့်လဲလို့ စီစစ်လိုက်ရင် . .
. . . အဖြေက (၅)မျိုးထွက်သွားတယ်။
(၁)“သူက မြန်မာပြည်တွင်းမှာ နေတာမှမဟုတ်တာ↔
(၂)“သူက
မြန်မာပြည်သူတွေရဲ့ ဒုက္ခကို နှစ်ဖူးတွေ့ဒူးတွေ့ မတွေ့ရတော့ ကိုယ်ချင်းမစာနာတက်၊
(ကိုယ်လက်မပူတော့မပူတက်)
(၃)သူက
အဲလိုပြည်သူ့ဘ၀ကို တကယ့်လက်တွေ့မတွေ့ရတော့ မစာနာတက်၊ မစာနာတက်တော့၊သူကိုယ်တိုင် အာဏာရှင်များကို
ဆန္ဒပြ၀တ်ပြုပရိတ်ရွတ်ပွဲတွေမှာ မပါဝင်ခဲ့။
(၄)
အဲလိုမပါတော့ ဦးဥတ္တရဆိုသူဟာ ဆရာတော်ဦးဝိစိတ္တာဘိဝံသ(၀ီရသူ)နဲ့ ဆရာတော်အရှင်ဂမ္ဘီရအစရှိတဲ့
သံဃာတော်အရှင်သူမြတ်များလို့ ထောင်နန်းမစံမြန်း ရဘဲ၊ လန်ဒန် ကရေပေါ်လွှာများကို
နို့ချိုတရားလေးတိုက်ကျွေးရင်း ပါစိတ်အာပါတ် သင့်တဲ့ငွေတွေကို ကိုင်ရင်း . . .
ဒီငွေဂုဏ်တွေအပေါ်မှာ သာယာရင်း . . . .
အာဏာရှင်ရဲ့ ထောင်ထား ခြားနားမှုကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားများ ဖြစ်ကြတဲ့ဆရာတော်သံဃာတော်၊ကျောင်းသား
အစရှိတဲ့ပြည်သူလူထုတို့ရဲ့ နေ့စဉ် ခံစားနေရတဲ့ ကာယိကဒုက္ခစေ တသိကဒုက္ခကိုမသိခဲ့။
(၅)သူက
နာမည်ကြီးချင်၊ထင်ပေါ်ချင်၊(သို့) ယင်းအာဏာရှင်များနဲ့ ထောင်ပြောပြော ရင် (ပက်သက်ဆက်ယှက်)
ဖြစ်နေတာမို့(သို့)ဖြစ်ချင်လွန်းလို့။
ဆိုတဲ့
ကောက်ချက်တွေကြောင့် လန်ဒန်သင်္ကြန်အမြောက်နဲ့ ကျွန်တော်တို့မြန်မာပြည် သူ
ပြည်သားများကိုပစ်လိုက်တာပါ။
ကျွန်တော်ကတော့ အညာသားလည်းဖြစ်၊စစ်အာဏာရှင်တို့ရဲ့ထောင်ထားခြားနားမှုကို
ခံစားလာခဲ့ရတဲ့ အကောင်ဆိုတော့က ကိုယ့်မျက်စေ့ရှေ့မှာ မဟုတ်တရုပ်တွေတွေ့ရင်
စကားလုံးကို ခပ်ကြမ်းကြမ်းသုံးတက်တယ်။ အဲဒီတော့က “အမိယုတ်သောသား
နှုတ်အမူအရာကြမ်းတယ်↔လို့ မသွပ်သွင်းကြပါနဲ့။
လန်ဒန်ဘုန်းကြီးဦးဥတ္တရရေ. . . .
စစ်ဘောင်းဘီချွတ်သိန်းစိန်ကို လန်ဒန်ကနေ မြောက်မပေးပါနဲ့လို့၊
မြန်မာပြည်သူပြည် သားတွေရဲ့ကိုယ်စား ခြေတော်ဦးခိုက် တောင်းပန်ပါရစေ . . .
အရှင်ဘုရားလည်း ထိုက်သင့်သလော က်တော့ စာပေလေလာမှာပဲလေ အဲဒီတော့ အာဏာရှင်ဆိုတာ ကို
ကြောက်စရာကောင်းကြောင်း ပိဋကတ်စာမျက်နှာမှာ ဖတ်ဖူးမှာပါ။
အရှင်ဘုရား မေးကြည့်မယ်နော်၊
သတ္တ၀ါတွေရဲ့ စရိုက်အကြောင်းကို စာပေမှာလေ့ လာဖူးပါလျှက်နဲ့၊ ဘာ့ကြောင့်
စစ်ဘောင်းဘီချွတ်ယုံတင်မက မြန်မာပြည်သူပြည်သား ဘုရားသားေ တာ် တွေကိုပါ သတ်ဖြတ်နေတဲ့ ဒီအကောင်တွေကို
ဘယ်လိုများ ယုံလိုက်တာပါလဲ? လောဘေ ကြာင့် လား? မောဟကြောင့်လား?
မြန်မာပြည်က
သင်ပုန်းကြီးလောက်သင်ဖူးထားရင် သတ္တ၀ါတို့ရဲ့ စရိုက်ဗီဇကိုေ ကာင်း
ကောင်းနားလည်တက်ပါတယ်။ အရှင်ဘုရား . . .
ဦးပေါ်ဦးပြောတာလေးကြားဖူးမှာပါ။ ဗီဇမစွန့်ဘူး ဆိုတာလေ . . ။ အကျယ်တော့
မရှင်းပြချင်တော့ပါဘူး၊ စာရေးရတာလက်ညောင်းတယ်လေ . . .။ ဘုရင်ရဲ့ရင်ခွင်ထဲကကြောင်လဲ
ကြွက်မြင်ရင်ခုတ်တာပဲဆိုတာကို အမတ်ပညာရှိကြီးဦးပေါ်ဦးက လက်
တွေ့ပြဘုရင်ကိုဆုံးမလိုက်တာကို ဦးပေါ်ဦးလျှောက်ထုံးမှာ ဖတ်ဖူးကြမှာပါ။
ဒါ့ကြောင့်
သတ္တ၀ါအမျိုးအစားထဲမှာပါတဲ့၊ နာမည်ဆိုးနာမည်ပျက်ရုံတင်မက ပြည်သူလူ ထုကြီးကပါ
သောက်မြင်ကပ်နေတဲ့ .. . . ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များကပါ၊ ဘုရားသားတော်
များကိုသေနပ်နဲ့ပစ်သတ်လို့ ရွှံရှာစက်ဆုပ်ပါတယ်ဆိုတဲ့ ဒီစစ်ဘောင်းဘီချွတ်ကို
လန်ဒန်သင်္ကြန်ငြိမ်း ချမ်းရေးဆုပေးရတယ်ဆိုတာကို ဒီသတင်းကြားကြားချင်း မြန်မာပြည်က
စာပေဗဟုသုတရှိသူများက လန်ဒန်သင်္ကြန်ကို ရွှံသွားကြပြီဆိုတာကိုရော
နားလည်သဘောပေါက်မိပါသလား?
ကျွန်တော်ဟာ စစ်အာဏာရှင်တွေရဲ့
မတရားနှိပ်စက်မှုကြောင့် မိုက်ရိုင်းတယ်ဆိုရင် ဆို ပါစေတော့၊ ကျွန်တော့်အမေကိုတော့
ဆွဲမထည့်ကြပါနဲ့။ နောက်တစ်ခုက ခင်ဗျားတို့ကြားဖူးကြ မယ် တော့မထင်ဘူးအာဏာရှင်နေ၀င်းလက်ထက်ကပေါ့ ။ရွှေတိဂုံဘုရားထီးတော်ကြီးကို
ပြင်မယ် လုပ်တော့ ရွှေတိဂုံဘုရားရင်ပြင်တော်မှာ . . . . .
“ရွှေတိဂုံဘုရား ထီးတော်ကြီးကိုဘယ်သူတင် . .
. မင်းတုန်းမင်းကြီးတင်၊ ထီးတော်ကြီးကို .
. . ဘယ်သူချ . . . မအေလိုးတွေ . . . ချ။
လို့ တရားဟောသွားတဲ့ ခမုံ
ဆရာတော်ဘုရားကြီးဆိုတာ ကျွန်တော့်အဘိုးပါခင်ဗျာ။ ဒါ့ကြောင့် ကျွန်တော့ဇ က နဲနဲတော့
ပြင်းတယ်။
“ဟေ့ . . .
ဂါထာပေါင်းသုံးထောင်ကျော်ကို ဗိုက်ထဲထည့်ထားတဲ့ ခမုံဆရာတော်ကွ၊ ပါဠိတော်၊အထကဋ္ဌာ
ဘယ်ဋီကာနဲ့တိုက်တိုက် ဒီကောင်တွေဟာ မင်းမဟုတ်ဘူး၊ ဓမြတွေ . . .
အဲလို . . . မှန်ရာကို
ခပ်ကြမ်းကြမ်းပြောတက်လေတော့ . . . ဦးဥတ္တရဆိုသူက ဘုန်းကြီးဆိုတော့
ကျွန်တော်ရာနှုန်းပြည့်စကားလုံးတွေသော့ခပ်ထားရပါတယ်။ ဘုရားသားတော်အစစ် ဆိုရင်တော့
ဦးဥတ္တရကို သံဃာ့ဂုဏ်ထိုက်လို့ ပူဇော်လိုက်ပါတယ်။ ဆရာတော်ဦးဗုဒ်ပြောသလို ဘုရား
စကားနားမထောင်ဘဲ၊ မင်းစကားနားထောင်နေတဲ့ မင်းသားဆိုရင်တော့ (သိန်းစိန်စကားနားထောင်ေ နတဲ့ သိန်းစိန်သားဆိုရင်တော့) သနားလေစွ။
မာန်လည်ပြောပြောရင် ပိဋကတ်ခေါင်ထိ
ရှင်ကပိလတောင် အ၀ီစိသွားရှာရလေသူမို့ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားများဟာ ၀ါဝါမြင်တိုင်း
ရွှေအစစ်လို့ မထင်တက်ကြောင်းကိုလည်း ဦးဥတ္တရ သိဖို့ကောင်းပါတယ်။ အဲ . . .
သိစရာလေးထပ်ပြောလိုက်ဦးမယ်။ ဒီနေ့ခေတ်က ပိဋကတ် တော်တွေကို ဘီဒိုထဲကနေ
ဆွဲထုတ်ပြီးမှ ဖတ်လို့ရတဲ့ခေတ်မဟုတ်တော့က ဦးဥတ္တရ ဆိုသူ လည်း
ကိုးချင်တဲ့ကျမ်းကိုဆွဲထုတ်ကာ ကိုးလိုက်စမ်းပါ။ ကျွန်တော်ကတော့ ခမုံမြေးမို့ . . .
. ဇနဲ့အကောင်မို့ ဒီမိုကရေစီခေတ်မို့ ကိုးလိုက်စမ်းပါစေတော့ . . . . .
ဒါ့ကြောင့်
ဘုန်းဘုန်းဦးဥတ္တရယ် . . .
မင်းဘယ်လိုလုပ်လိုက်တာတုန်း . .
.ရယ်လို့ ရင်နှစ်လွှာပေါ်လက်ဝါးတင်. . .
ပါးပြင်မှမျက်ရေတွေလည်းတို့ပြည်သူတွေအတွက်
မြစ်မင်းဧရာထဲ စီးဝင်နေပါပြီ။
အာဏာရှင်စစ်ဘောင်းဘီချွတ်၊
ငယ်စင်ကာကို တိုက်ပုံအင်္ကျီပေးဝတ်၊
ဘင်လာဒင်ကို သင်္ကန်းချုံ ပေးသလိုပ . .
.
သံဃာသတ်တကယ့်လူမိုက်များခေါင်းဆောင်
သိန်းစိန်ဆိုသူကို
ငြိမ်းချမ်းရေးအစဉ်လိုလားစေဖို့ . . .
ဉာဏ်ကြီးရှင် ပုစွန်ဆိတ်ခေါင်းလိုပ .
. .
တွေးမှ . . . တွေး . . .
.
ပြောမှ . . . . ပြောတက်ပါလေတယ်။
ဒို့
. . . . သာသနာ
ဒို့ . . . . . ဘာသာ
ဒို့ . . . . . လူမျိုး
ကျွန်ဇာတ်ကိုသွင်း . . . .
တရုပ်ဆီကို . . . ဖင်ခံ . . .
ကုလားဆီကို . . . ဖင်ပေး . . .
.
တို့မြန်မာသမီးပျိုတွေ . . .
ခေါင်းမီးတွေချုံ . . . .
တစ်ရုပ်လိုနှစ်ကူးလို့
လူမျိုလို့
ပြုတ်ပြုတ်ပြုံန်းပြုန်းနေပြီ . . . ကိုဥတ္တရရေ . . . .
ဒင်း
. . . .က အင်္ဂလန်မှာနေ . . .
အင်္ဂလန်ရေကိုသောက်
. . .
အင်္ဂလန်မှာ
ဘယ်လိုမှောက်မှား၍ . . .
သိန်းစိန်ကို
ငြိမ်းချမ်းရေးဆိုတဲ့ လူသတ်တံဆိပ်ပေးလိုက်တာလဲ?
ငါသာ
ဦးဥတ္တရလို
. . . . ဘုန်းကြီးဖြစ်ခဲ့မယ်
သူ့ထက်
. . . . . တစ်နာရီလောက်သာကြီးမယ်
သူ့နဲ့သာ
. . . . . ဆွမ်းစားရင်းဆုံဖြစ်ရင် . . . .
ငါတို့ပြည်သူတွေရဲ့
မစင်ချေးကို . . . ငါကော်ပြလိုက်ချင်တယ်။
အဟာရမဲ့တဲ့
တို့ပြည်သူတွေရဲ့ ချေးကို . . .
ခုခေတ်ခွေးတွေ
. . . . . . မစားချင်တော့ဘူးရယ်တဲ့။ ။
အထူးမှတ်ချက် ။ ။
ဒီစာနဲ့ပတ်သလို့
ဦးဥတ္တရနဲ့တကွ၊
ဘယ်သူမဆို ကျမ်းဂန်အကိုးအကားခိုင်မာစွာနဲ့ ကျွန်တော်မှား ကြောင်း
ကန့်ကွက်ပြောဆိုနိုင်ပါတယ်၊ ထိုသို့ပြောဆိုရာမှာ သာဓကယုတ္တိ၊ ဒေသနာ ယုတ္တိ၊ အစရှိတဲ့
ယုတ္တိတရားအစားအစားတို့နဲလျှော်ညီအောင်သာပြောမယ် ဆိုပါက.. . . . . . .
ကျွန်တော်ဘက်က ပညာအရာမျာ ဧတဒဂ်ရသော မထေရ်မြတ် သာရိပုတ္တ ရာကဲ့သို့
ဦးညွှတ်ရန်ဝန်မလေးကြောင်း အသိပေးရင်း နိဂုံးခါးပတ်အဆုံး သတ်လို က်ပါသည်။
No comments :
Post a Comment