.

AlinShin

Friday, August 17, 2012

နိုင်ငံတော်သမ္မတဆိုတာဘာလဲ?

ကြောချမှဓားပြမှန်းသိ  အပိုင်း(၁) 

နိုင်ငံတော်သမ္မတဆိုတာ သို့တည်းမဟုတ် ဟိုး . .  ဧကရာဇ်တို့ ပဒေသရာဇ် တို့ ခေတ် ကလို ရှင်ဘုရင်ဆိုတာ သူရရှိထားတဲ့ ပဒေသရာဇ်ဧကရာဇ်ဆိုတဲ့အာဏာအပေါ်မှာ ရယူခံစားဖို့လား တိုင်း သူပြည်သား တွေအတွက်အလုပ်တွေလုပ်ပေးဖို့လား? သက္ကရာဇ် ၁၃၇၆-ခုနှစ် ခရစ်၂၀၁၂ -ခုနှစ်လို အချိန် မျိုးမှာမန်မာနိုင်ငံမှာ သမ္မတဆိုတဲ့စနစ်မျိုးတွေပေါ်ပေါက်လာခဲ့တယ်။ အဲဒီသမ္မတဆိုသူကရော မြန်မာနိုင်ငြံ  ပည်သူပြည်သားတွေ နာက်မြန်မာနိုင်ငံကြီးအတွက် သက်စွန့်ဆံဖြားဦးဆွေးဆံမြေ့ ပုခုံးထမ်းဆောင်ရွက် ဖို့လား? သန်းချီပြီးကုန် ထားတဲ့အဆောက်အဦထဲမှာ ဇိမ်ကျနေဖို့လား? ဒီလိုမျိုးမေးခွန်းတွေကို ဒီနေ့အချိန် အခါမျိုးမှာ မြန်မာနိုင်ငံအတွက် စဉ်းစားဖို့လိုအပ်ပါတယ်။ သမ္မတအစရှိတဲ့ လွှတ်တော်ဝန်ကြီးများ အမတ် များ အပြင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေလည်း တွေးသင့်မေးသင့်ပါတယ်။
ကျိုတင်သိထားသင့်တဲ့တစ်ချက်ကဒီစနစ်ကလည်း ဒီလိုအချိန်မျိုးမှာ ပေါ်ပေါက် လာဖို့ မြန် မာနိုင်ငံရဲ့ မြေမျက်နှာ ရေမျက်နှာသွင်ပြင်တို့ပေါ်မှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူပြည် သားတွေရဲ့ သွေးတွေအသားတွေအရိုးတွေ ရှင်းရှင်းပြောရင် အသက်တွေပေါ့ဗျာ . . . အဲဒါတွေစတေးခဲ့ ရတယ် ဒါ့အပြင် အဲဒီလိုအရေးတော်ပုံများကာလမှာ မကျိုးမကြေမသေမကန်းမကွဲခဲ့တဲ့ စာရေးသူစာဖတ် သူစတဲ့ပြည်သူ ပြည်သားများကြတော့ ဘ၀တွေစတေးခံခဲ့ရတယ်။
သူများနိုင်ငံကပြည်သူပြည်သားတွေမှာ လူတိုင်းလူတိုင်းတန်းတူညီမျှလူ့အခွင့်အရေးဥ ပဒေ အခွင့်အရေးတွေကို ခံစားခွင့်ရသော်လည်း အရေးတော်ပုံကာလတွေမှာ လူမဖြစ်သေးလို့ လူဖြစ်နေသော်လည်း အရေးတော်ပုံထဲမှာမပါခဲ့လို့ ပါပြန်တော့လည်း မကျိုးမကြေမသမကန်းခဲ့လို့ အဲလို စသည်ဖြင့် အသက်ရှင်ခွင့်ရ ရှာကြသော်လည်း အောက်ခြေ၀န်ထမ်းများအားလုံးပါမကျန် အခြားနိုင်ငံကြီး များရဲ့ တိရိစ္ဆာန်များသာသာအခွင့် အရေးနဲ့နေခဲ့ကြရတယ်။
စေ့စေ့တွေးရင် ရေးရေးပေါ် ဆိုတဲ့ မြန်မာစကားပုံအတိုင်း စေ့စေ့တွေးမိတဲ့ ကျွန်တော့ မှာ တွေးရေးရေးရင်းကနေ ထင်ထင်လင်းလင်းကြီးပေါ်တော့တာပါပဲ။ ဒါကိုပဲ အခုလိုကျွန်တော် ချရေးပြမှာ ပါ ကျေးဇူးပြုပြီးတော့သာ ဖတ်ကြည့်ပေတော့။ ဖြစ်နေတဲ့ပျက်ပုံက တခြားအကြောင်းအရာတွေကို မဝေ ဖန်ပြသေး ပါဘူး။ အခုစားရေးသူနဲ့ စာဖတ်သူဘ၀ကိုပဲ သုံးသပ်ကြည့်ပါဦး။ စာတစ်ကြောင်းရေးဖို့ အခုလိုမျိုး Blog မှာ စာတွေရေးတင်နိုင်ဖို့ အသင့်အတင့်ကွန်ပြူတာတစ်လုံးရှိမှ နောက်  အင်တာနက်ဆိုင်မှာ ပိုက် ဆံပေး သုံးလို့ရပေမယ့်လည်း ညကြီးသန်းခေါင် လိုင်းကောင်းတဲ့ အချိန်မအိပ်ဘဲ ဇွဲကောင်းကောင်းနဲ့ ဒီ Post တွေကိုတင်ရတဲ့ဒုက္ခ စတဲ့ဒုက္ခတွေအပြင် စာဖတ်သူဘက်ကိုပြန်စဉ်းစားရင်လည်း ဒီလိုဒုက္ခတွေနဲ့ပါပဲ။
ဒါကအပေါ်ယံသဘောပြောတာနော် ထမင်းတစ်နပ်အတွက် ကုတ်ကတ်နေရတဲ့ သူတွေရဲ့ ဒုက္ခတွေကလည်း တစ်ပုံတစ်ပင်ကြီးပါ။ ကဲ . . အဲဒီတော့က မြန်မာနိုင်ငံသူနိုင်ငံသားတွေခမျာ ဗိုက်ပြဿနာ နဲ့ ပဲလုံးပန်းနေရရှာတော့ ဦးနှောက်ပိုင်းဆိုင်ရာအတွေးခေါ်တွေ ချို့ငဲ့လာရတယ်။ အဲဒါဘယ်သူ့ကြောင့်လဲ ဆိုတာ ကို နောက်ပိုင်းမှာ ဆက်ပြောသွားပါမယ်။ အခုသမ္မတဆိုတာ ဘာလဲ? ဆိုတဲ့မေးခွန်းကိုပဲ တွေးကြ ရအောင်။  ပြောရာမှာလည်းပဲ ကျွန်တော်သိထားနှင့်သလောက်ပဲပေါ့ဗျာ။
အမေရိကန်တို့လို ဒီမိုကရေစီစနစ်ကောင်းတွေပေါ်ပေါက်ထွန်းကားနေတဲ့ နိုင်ငံတွေမှာက သမ္မတဆိုတာ ပြည်သူတွေအတွက် အလုပ်အကျွေးပြုဖို့ ပြည်သူတွေကောင်းစားဖို့ပေါ့ဗျာ။ မြန်မာနိုင်ငံနဲ့ အချို့ နိုင်ငံတွေကသမ္မတတွေကြတော့ ပြည်သူတွေအတွက် အလုပ်ကျွေးပြုဖို့ ပြည်သူကောင်းစားဖို့ လုပ်နေ တာမျိုး တွေ မတွေ့ရဘူး။
သာဓကအနေနဲ့ပြောရရင် အောက်ခြေလူတန်းစားများဖြစ်တဲ့ မြန်မာပြည်သူလူထုတွေ မျှော် လင့်နေတဲ့ ဆက်သွယ်ရေးစနစ်မှာ (၅၀၀၀)ကျပ်တန်တယ်လီဖုန်းစနစ်ကို ကုပ္ပဏီတစ်ခုက လုပ်ပိုင်ခွင့်ေ တာင်း ခံသော်လည်းပဲ သမ္မတက တုတ်တုတ်မျှမလှုပ်ဘဲ ဆက်သွယ်ရေးဥပဒေတွေမရေးဆွဲရသေးလို့ဆိုပြီး အဓိပ္ပါယ် မဲ့အကြောင်းပြကာ အခုစာရေးနေချိန် (၁၇-၈-၂၀၁၂) ရက်အထိကို ပေါ်မလာဇတ်ကားရိုက်ပြီး လွှတ်တော်နှစ် ရပ်စလုံးဟာ အိပ်တော်ဖြစ်နေတယ်။ အဲဒီလွှတ်တော်ကပြန်လာကြတဲ့အမတ်တွေ ထူး ထူးခြားခြားတိုးတက်လာ မှာကတော့ အိပ်ပျှော်စားပျှော်နေပျှော်ဖြစ်ခဲ့တဲ့အတွက် မျက်လုံးအားကောင်း လာမှာတော့ သေချာပါတယ်။
ကဲအဲဒီတော့ ခင်ဗျားတို့စဉ်းစားသာကြည့်ကြပေတော့ သမ္မတဆိုတာ ခရိုနီရဲ့လက်ဝေခံ ပါပဲ သမ္မတဆိုသူကို ခရိုနီသမားတွေကပြန်အုပ်ချုပ်နေတယ်ဆိုတာ ထင်ထင်ရှားရှားပါပဲ။ နံက်စာနဲ့ညစာကို အလျှဉ် မီအောင် ရှာဖွေနေရတဲ့ ပြည်သူပြည်သားတွေရဲ့ဘ၀ကိုမကြည့်တဲ့ သမ္မတဦးသိန်းစိန်ဆိုတဲ့သူနဲ့ ၀န်ကြီးများ။ သူတို့ကိုဘာအားကိုးလို့ရမှာလဲ? ဘာတွေအားကိုးရမှာလဲ? သူတို့ကရော ဘာတွေလုပ်ပေးနိုင် လို့လဲ? ရန်ကုန်မြို့ အပြင် မြန်မာနိုင်ငံအ၀ှမ်းလုံး လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်မီးများထွန်းပြီး ကိုယ့်မြို့နယ်အသီးသီးရှိ ဘုရားစေတီပုထိုးတွေမှာ ဆုတောင်းပွဲတွေလုပ်တယ်။ ဒါကို သိန်းစိန်ဆိုတဲ့ အကောင် ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး ကြပါတဲ့ ။ ဘယ်နေရာမှာညှိနှိုင်းရမှာလဲ ပြည်သူအတွက် အခွင့်အရေး မပေးသေးတဲ့ မြန်မာနိုင်ငံလွှတ်တော်နှစ် ရပ်မှာ ညှိနှိုင်းတိုင်ပင်ဆွေးနွေးသင့်တဲ့ သမ္မတနဲ့ဝန်ကြီးအဆင့် ဆင့်ရောရှိကြလို့လား။
အထက်ပါကြော်ငြာချက်ကိုကိုဆိုင်းငံထားလိုက်ကြောင်းသတင်းကို ကျွန်တော်တို့ အောက်ပါ အတိုင်းဖတ်ရပြန်ပါပြီ။
ကဲ့ဟုတ်မဟုတ်အောက်ကကြော်ငြာချက်လေးကိုဖတ်ကြည့်ပါဦး။ကောင်းလိုက်တဲ့ကြော်ငြာ ချက် (၇)ရက်တောင်လည်ပါ့မလားမသိပါဘူး၊ ခင်ဗျားတို့သာဖတ်ကြည့်ပေတော့။

နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ်များ၏ စီးပွားရေး 
လုပ်ငန်းနှင့် ပိုင်ဆိုင်မှု တင်ပြရန် ညွှန်ကြားချက် ဆိုင်းငံ့ထား
မြန်မာ့သတင်း »
နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို နိုင်ငံတော်သမ္မတထံ
သြဂုတ် ၁ ရက် နောက်ဆုံးထား ပေးပို့တင်ပြရန် သမ္မတရုံးမှ ညွှန်ကြားစာပို့ခဲ့သော်လည်း 
ယခုအခါ အဆို ပါညွှန် ကြားချက်အား ဆိုင်းငံ့ထားကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုး
ရအဖွဲ့များမှ ၀န်ကြီးများ ကပြောသည်။
“ပိုင်ဆိုင်မှုတွေ တင်ပြဖို့ နိုင်ငံတော်သမ္မတရုံးက စာလာတယ်ဆိုတာလည်း မှန်ပါတယ်။ 
အခုအဲဒီကိစ္စကို ဆိုင်းငံ့ထားဖို့လည်း စာဝင်ပါတယ်။ နောက်မှ ညွှန်ကြားမှုတွေ ထပ်လာနိုင်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦးကပြောသည်။ အဆိုပါ ညွှန်ကြားချက်များသည် မိမိထံသို့လည်း ရောက်ရှိကြောင်း ၎င်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် မရှိကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲက 7Day News ၏ ဆက်သွယ်မေးမြန်းမှု ကို ပြန်လည်ဖြေကြား သည်။
“ဒီလိုပိုင်ဆိုင်မှုတွေ တင်ပြဖို့ဆိုတာ ကောင်းပါတယ်။ ပိုင်ဆိုင်မှုတွေ တင်ပြလို့ရှိသင့် ရှိထိုက် တာထက် များနေရင်တော့ မဟုတ်ဘူးပေါ့။ သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးစ နစ် ဖြစ်လာဖို့ အတွက် ဒါကအရေးကြီးပါတယ်”ဟု တိုင်းဒေသကြီး ၀န်ကြီးတစ်ဦးက ပြောသည်။
ဇူလိုင် ၂၅ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းေ ဒသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုတင်သွင်းခဲ့သည်။
၎င်းအဆိုတင်သွင်းပြီး ဇူလိုင် ၂၆ ရက်တွင် နိုင်ငံတော်သမ္မတရုံးမှ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ စာရင်းပြုစုတင်ပြရန် အကြောင်းကြားစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
ကြာင်းကြားစာတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော် ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဥပဒေချုပ်များ၊ တရားသူကြီး ချုပ်များ၊ တရားသူကြီးများသည် စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို သတ်မှတ်ထားသည့် ပုံစံများတွင် လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတထံ သြဂုတ် ၁ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။
by 7Day News Journal
ကဲ ကျွန်တော်ပြောတဲ့အတိုင်းပါပဲ ခုနှစ်ရက်လည်တဲ့ လွှတ်တော်ပါပဲ။ နေပြည်တော်ရှိ လွှတ် တော်နှစ်ရပ်စလုံးဟာ ရက်လည်ဆွမ်းကပ်ဖို့ပဲကောင်းပါတော့တယ်။ လွှတ်တော်ဘေးနား မှာ မြန်မာ ဘုန်းကြီး ကျောင်းတစ်ကျောင်းလောက်ထားပြီး သူတို့ထုတ်ပြန်တဲ့သတင်းတွေကို ရက်လည်ဆွမ်းကပ်ပြီးမှာ ထုတ်ပြန် ပေးဖို့ကောင်းကြောင်း ကျွန်တော်သတင်းကောင်းပါးပါရစေခင်ဗျာ။
ကျွန်တော့စကားလွန်တယ်လို့ခင်ဗျားထင်မိရင် ကျွန်တော်ကူးယူတင်ပြထား တဲ့ အောက်ေ ဖါ် ပြပါ အခုလွှတ်တော်ကထုတ်ပြန်တဲ့သတင်းကို ဖတ်ကြည့်ပါဦးလားခင်ဗျာ။
အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှု အများပြည်သူသိအောင် ကြေညာရန်အဆို ပယ်ချခံရ
အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို အများပြည်သူသိရှိအောင် ထုတ်ပြန်အသိပေးဖို့ အဆို ကို ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်က ပယ်ချလိုက်ပါတယ်။အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ ပုသိမ်ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းတဲ့အဆိုကို ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲ၊ ကြားနေ နေ ၁၅ မဲနဲ့ လွှတ်တော်မှာ ဆက်မဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြတာပါ။
ဦးဝင်းမြင့် တင်သွင်းတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့ အစိုး ရ ဖြစ်စေ ဖို့ ပြည်ေ ထာင်စု အစိုးရအဖွဲ့နဲ့ တိုင်းနဲ့ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေရဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်း နိုင်ေ သာပစ္စည်းနဲ့ အကျိုးစီးပွားတွေကို ပြည်သူတွေသိအောင် ထုတ်ဖော်ကြေညာဖို့အဆိုကို လွှတ်တော် ကိုယ်စား လှယ် ၁၃ ဦးက ပါဝင်ဆွေးနွေးကြပါတယ်။
အဲ့ဒီနောက် ပြည်ထောင်စုရှေ့နေချုပ်က ဦးဝင်းမြင့်ရဲ့အဆိုဟာ အခြေခံဥပဒေနဲ့ ကွဲလွဲနေ တဲ့ အတွက် အဆိုကောင်းဖြစ်ပေမယ့် မှတ်တမ်းတင်ထားဖို့ပဲ အကြံပြုခဲ့တယ်လို့ အဆိုရှင် ဦးဝင်းမြင့် က ပြောပါ တယ်။
ဦးဝင်းမြင့်ကလည်း မှတ်တမ်းတင်ဖို့ လက်မခံဘဲ ဆက်ဆွေးနွေးဖို့ ပြန်လည်တင်ပြတဲ့အခါ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ပြီး ရှူံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒီအဆိုရှုံးနိမ့်တာနဲ့ ပတ်သက်ပြီး ပုသိမ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် က အခုလို သုံးသပ်ပြောကြားပါတယ်။
“ဖွဲ့စည်းပုံ ၆၈ မှာက သမ္မတနဲ့ ဒု သမ္မတရဲ့ ပိုင်ဆိုင်တဲ့ စာရင်းတွေ၊ ပစ္စည်းတွေ က ပြည်ထောင်စုလွှတ်တော်နာယကမှာပဲ တင်ရမှာ။ အစိုးရအဖွဲ့ရဲ့ ဥပဒေပုဒ်မ ၁၀၁ မှာကျတော့ အစိုးရအ ဖွဲ့တွေက သမ္မတဆီတင်ရမှာ။ ကျနော်ပြောတာက ဒါမဟုတ်ဘူး။ ကျနော်က ပြည်ထောင်စုအစိုးရအဖွဲ့ရော၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ရော၊ ပြည်နယ်အစိုးရအဖွဲ့ရော အစိုးရအဖွဲ့မှာ ပါတဲ့လူတွေ အကုန် လုံး ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းနဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ သူတို့အကျိုးစီးပွားအကုန်လုံးကို ထုတ်ဖော်ေ ကြညာပြီးတော့ ပြည်သူကို ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ပေါ့။ ပြည်သူကို ထုတ်ဖော်ကြေညာခိုင်း တာ၊ ဒါဟာ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင် တာမဟုတ်ဘူး။ ဖွဲ့စည်းပုံမှာပါပြီးသားလည်း မဟုတ်ဘူး။ လွဲတယ်။ ဒါပေမယ့် မဲခွဲဆုံးဖြတ်တဲ့အခါကျတော့ ရှုံးတာပေါ့။”
မကြာသေးမီကပဲ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပြည်နယ်တိုင်းအစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင် မှုတွေ သမ္မတထံတင်ပြဖို့ သမ္မတရုံးညွှန်ကြားချက် ထွက်ခဲ့ပါသေးတယ်။
 by ရွှေအောင်   (ဒီဗွီဘီ)
ကဲ . . . ဘယ့်နှယ့်လဲ ကိုအ၀ှာတို့ရေ . . .  မြန်မာနိုင်ငံရဲ့ စုတ်ပြတ်သတ်နေတဲ့ လွှတ်တော် ကို ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါနတို့လည်း မတည့်မတ်နိုင်တော့ဘူးလားမသိ။
ကဘောက်တိကဘောက်ချာဖြစ်တဲ့ လွှတ်တော်ပါ။ ဟိုတစ်လောက ကျွန်တော့မိတ်ဆွေ တစ် ယောက်ရဲ့ သမ္မတနဲ့ အင်တာဗျူးတစ်ခုကို သူ့ထံကတောင်းပြီးနားထောင်ကြည့်ပါ။ အဲဒီတော့မှာပဲ ကျွန်တော်ပါ သွပ်ချာချာတစ်ယောက်ဖြစ်မှန်းမသိဖြစ်သွားတော့တယ်။
သမ္မကြီးခင်ဗျာ။ သမ္မတကြီးနဲ့အင်တာဗျူးခဲ့တာတွေကို တစ်လုံးတစ်ပါဒမှမကျန် ကျွန်တော် တို့ ဂျာနယ်မှာပြန်ထည့်ရေးတာကို စာပေစီစစ်ရေးက ဘာဖြစ်လို့ ဖြတ်တောက်ပစ်တာပါလဲခင်ဗျာ?
အဲလိုမေးတာကို သမ္မတခမျာ၊ ဘာဖြေရမှန်းမသိဖြစ်နေတာကြောင့် ထုံးစံအတိုင်း အင်း . . အဲ . .  ချောင်းလေးတစ်ဟွတ်ဆိုးပြီး . . . ဒါကိုတော့ ခင်ဗျားတို့လည်း ပညာတက်တွေမို့ ကျွန်တော် ရှင်းပြနေစ ရာမလိုလောက်ပါဘူးခင်ဗျာ. . လို့လဲသမ္မတနှုတ်ကပြောလိုက်ရော အောက်ကဂျာနယ်လစ်ေ တွရဲ့ တစ်ဖျောင်း ဖျောင်းတီးလိုက်တဲ့ လက်ခုပ်သံကိုသာ ကျွန်တော်နားထောင်လိုက်ရပါတယ်။
ကဲ . . ဘယ်လိုပြောကြမှာလဲ? သမ္မတထက် လုပ်ပိုင်ခွင့်အာဏာကြီးသူတွေဟာ အဖွဲ့ အစည်းထဲမှာ ရှိနေတယ်ဆိုတာ မထင်သာမမြင်သာဘူးလား?
ဒါ့ကြောင့်ဒီသမ္မတပါအဖွဲ့အစည်းကြီးဟာ ပြည်သူကောင်းစားရေးကို ရှေးရှုလုပ်ဆောင်နေ တာမျိုးမဟုတ်ဘဲ သူတို့စစ်ဘောင်ဘီးဝတ်တွေ/ချွတ်တွေနဲ့ သူတို့အပေါင်းအပါ ခရိုနီစီးပွားရေးသမားများအ တွက်သာအလုပ်လုပ်နေတာဖြစ်ကြောင်း လယ်ပြင်မှာ ခွေးဝဲစားတစ်ကောင် ဒယီးဒယိုင်နဲ့လမ်းလျှောက်နေ သလို ထင်သာမြင်သာနေပါတယ်။
ပြည်သူအတွက်ကောင်းစားရေး/ သက်သာချောင်ချီရေး/ စတဲ့ကောင်းမှုကုသိုလ်အရေး ကကိစ္စ တွေမှာ သူတို့ကြောင့်ကျမစိုက်ကြပါဘူး။ ပြည်သူတွေသွားလာရေးအတွက် အစဉ်ပြေချောမွေ့ဖို့ သူတို့မစဉ်းစား ဘဲ ခရိုနီအုပ်စုရဲ့ iPay ကပ်အတွက်ပြည့်သူပြည်သားဆင်းရဲသားများထံက ငွေကို သူတို့ အိပ်ကပ်ထဲ အမြန်ထည့်နိုင်ရေးအတွက်ပဲ လုပ်နေကြတာပါ။ ဘတ်စ်ကားတွေဟာ အထူးဆိုတဲ့စကားလုံးစ တစ်ကာတွေ ကပ်ပြီး ပြည်သူ့ထံကနေ ငွေကိုအထူးပြုယူနေကြတာပါ။ ပြည်သူအတွက် အထူးသက်သာမှုမ ရခဲ့ပါဘူး။ သူတို့ဆောင် ရွက်နေတဲ့ ကိစ္စရပ်တိုင်းဟာ သူတို့အတွက်ပဲ အထူးကောင်းစားပြီး ဆင်းရဲသား လူလတ်တန်းစားနဲ့အောက်ခြေ လူတန်းစားများအတွက်တော့ အထူးဒုက္ခရောက်ခဲ့ရပါတယ်။
ဖုန်းတွေကို တစ်ရစ်ပြီးတစ်ဆင့် အထူးပြုသိန်းချီရောင်းချပြီး လိုင်းတွေကတော့ အထူး မ ကောင်းခဲ့ပါဘူး။ နေ့စဉ် စာပေသုတရယူရမယ့် အင်တာနက်စာမျက်နှာဖွင့်ကြည့်ဖို့အတွက် အင်တာနက် လိုင်း တွေဟာ လူငယ်လူရွယ်တွေအတွက် ချက်တင်ဝင်/ဂိန်းဆော့စရာ ပစ္စည်းတစ်ခုအဖြစ်သာရှိခဲ့ပါတယ်။ ဒါတွေကို ပြုပြင်နိုင်ဖို့ ကျွန်တော်တို့ပြည်သူတွေ ဘယ်နေ့အထိစောင့်ရမှာတုန်း.  . . . တစ်ချို့ပြောတာ ကို ပြန်ဖေါက်သည်ချရရင် . . .  သန်းရွှေနဲ့အကြိုင်တို့သေသွား ရင်တော့ မြန်မာနိုင်ငံကြီးကောင်း လာမှာပါတဲ့။
ဒီစကားကို ကျွန်တော်နဲနဲတွေးမိတယ်။အာဏာရှင်နေ၀င်းသေသွားတာကြာခဲ့ပါပြီ ဘာဖြစ် လို့မြန်န်မာနိုင်ငံဟာ အကောင်းဆုံးတွေဖြစ်မလာသေးတာလဲ? အဖြေကတော့ရှင်းပါတယ်။ နေ၀င်းချမှတ်ခဲ့ တဲ့ Plam ကို သန်းရွှေက ခင်ညွှန့်နဲ့ပူးတွဲပြီး အကောင်အထည်ဖေါ်ဆောင်တာကောင်းခဲ့တဲ့ ကျွန်တော် တို့ပြည်သူ တွေအခုအထိ ဒုက္ခခံနေရတာပါပဲ။
ဒါ့ကြောင့် ပြည်သူလူထုကတရားဝင်တင်မြောက်ထားတာမဟုတ်တဲ့ ဒီသိန်းစိန်ခေါင်းေ ဆာင်တဲ့ သမ္မတအဖွဲ့ကို ကျွန်တော်တို့ ယုံကြည်ကိုးစားလိုက်ပါက “ကြောချမှဓားပြမှန်းသိ” ဆိုတဲ့စကား ပုံလိုပါပဲ။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget