.

AlinShin

Friday, August 17, 2012

ကျွန့်တော့ရင်ဘတ်လမ်း ခင်ဗျားတို့ နင်းသွားကြစမ်းပါ။

ကျွန်တောနဲ့ဆုံခဲ့မလေသမျှဆိုတဲ့ နာမည်လေးနဲ့ ဓာတ်ပုံဆောင်းပါတွေရေးနေဦးမှာပါ။ အဲလိုအာမခံခပ်ရဲရဲပေး ရတာကတော့ ကိုယ့်အနာဂါတ်ကို အရမ်းကြိုသိနေလို့မဟုတ်ပါဘူး။ ကျွန်တော်အ သည်းက ထိလွယ်ရှလွယ်တက်သလို ထိမိရှမိပြန်ရင်လည်း အနာကကျက်ခဲ့ပါရဲ့။ ဒါ့ကြောင့် ဘယ် လိုလောကဓံနဲ့ပဲ ကျွန်တောကို ပွတ်တိုက်ထိခိုက်ပါစေ လောကအတွက် ကျွန်တော်ပိုင် အချိန်တွေ ကို ပေးဆပ်သွားမှာပါ။ အမေစု ကတော့ “ပြည်သူလူထုအတွက် ကျွန်မအသက်စတေးဝံ့ပါတယ်↔တဲ့။
ကျွန်တော်ကိုတိုင်လည်းထောင်ထဲမှာပြည်သူအတွက်ပေးဆပ်ခဲ့ရပြီးပါပြီ။ဒါကြောင့်နောက် ထပ်တစ်ခါ ထောင်ထဲပြန်မနေရရင်၊ကျွန်တော့်လက်ချောင်းတွေ ကီးဘုတ်ပေါ်ကစားနိုင်သေးရင် ကျွန်ေ တာ် စာပဲရေးနေမှာပါ။ ကျွန်တော့ခန္ဓာဗေဒကတော့ ဒေါင်ဒေါင်မြည်မို့ အင်းစိန်ထောင်ဗူးဝကိုပဲ စိတ်ပူရမှာ။ ဒါ့ကြောင့် အင်းစိန်ထောင်ဘူးဝထဲ ပြန်မ၀င်ရသေးသရွှေ့ ကျွန်တော့ရင်ဘတ်ဟာ ပြည်သူေ တွနင်းလို့ရ မယ့် ပြည်ပကနိုင် လွန်ကတ္တရာလမ်းကောင်းကောင်းအဖြစ်ရှိနေမှာပါ။
(၂၁-၃-၂၀၁၂)ဒီနေ့ကျွန်တောနဲ့ဆုံခဲ့တာကNLDဆိုတဲ့အမေစုရဲ့ အင်အားစုပါ ။ကြားဖြ တ်ရွေးကောက်ပွဲအတွက် မင်္ဂလာတောင်ညွှန့်မြို့နယ်မဲဆန္ဒမှာ အမကြီးမဖြူဖြူသင်း ၀င်ရောက်ရှင်ပြိုင်မ ယ်ေ လ၊ ကျွန်တော် မင်္ဂလာဈေးကနေ(၁၀၅)လိုင်းကားစီး လာရင်း မြန်မာ့ဂုဏ်ရည်လမ်းမ ထက်မှာဆုံ ခဲ့တာပါ။ ဒါနဲ့အသင့် ပါလာတဲ့ ကင်မရာနဲ့ အခုလိုဓာတ်ပုံရိုက်ပြီးဂုဏ်ယူလိုက်တာပါ။
ဟိုး ..  အရင်တုန်းကဆို ကျွန်တော်တို့ပြည်သူတွေဟာ NLD အတွက် ရဲရဲဝံ့ဝံ့မလုပ် ရဲခဲ့ရဘူး။ လုပ်ရင်မပြောနဲ့ အရိပ်အယောင်တွေ့တာနဲ့ ဖမ်းစရာပုဒ်မတပ်ပြီး အင်းစိန်ထောင်ထဲပို့ လိုက်တာပဲ။ ကျွန်တော် လည်း အဲဒီလမ်းအတိုင်း ထောင်ဘူးဝထဲရောက်ခဲ့ရတာပါပဲ။ ကျွန်တော်တိုပြည် သူတွေဟာ အာဏာရှင်တွေရဲ့ နည်းမျိုးစုံနဲ့ ထောင်သွင်းအကျဉ်းချခြင်းကိုခံခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော် သံတိုင်ကြားထဲမှာ ရှိနေစ တရားရုံးမှာ အမှုရင်ဆိုင်နေရစဉ် မခံစားနိုင်လွန်းလို့ NLD ထဲက ရှေ့နေလေးတစ်ယောက်ကို လူ့ငရဲ ဆိုတဲ့ခေါင်း စဉ်နဲ့ ပြည်ပမီဒီယာဆီပို့ပေးပါဆိုပြီး . . . . . .
လူ့ငရဲ
ငါ့အရင် . . .
ထုဆစ်ခံခဲ့ကြတဲ့ လူရုပ်တွေ
မြန်မာနိုင်ငံကို
ကိုက်ဖဲ့စားသောက်လိုက်ကြပုံက
ခွေးဘီးလူးကြီးတွေအတိုင်းပဲ။    ။ 
လို့ ကျွန်တော်ရေးခဲ့ဖူးပါတယ်။

ဘာပဲဖြစ်ဖြစ်သောကြာကြယ်ကြီးကို လဖေါက်ခဲ့ပြီးက တည်းကကျွန်တော်တို့ပြည် သူ တွေရဲ့ ဘ၀ဟာ လင်းလုစပြုခဲ့ရပါပြီ။ သောကြာကြယ်ကြီးလကိုစီး ပြည်ကြီးပျက်လတ္တံ့။ လို့ ရှေး သူတော်ကောင်းကြီး များကအဆိုရှိခဲ့တာကို၊ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်၏ မာယာဆို တဲ့ ခေါင်းစဉ်အောက်ကနေ့ မြန်မာ့အရေးအခင်းနှင့်တဘောင် ဆိုပြီးရေးထားပါတယ်။ အခန်းဆ က်ဆောင်းပါးလေးတွေ ဆက်ဖြည့်ရေးသွား မှာပါ။ အခုကတော့ အရေးပေါ်ခံစားချက်လေးတွေကို အမြန် Post လုပ်လိုက်တာမို့ . . . .
အို . . .  ပြည်သူတို့ ကျွန်တော့ရင်ဘတ်ပေါ်က ဆက်သာနင်းသွားကြပါ ကျွန်တော် Facebook လမ်းမကြီးထက်မှာ ရှိနေပါတယ်ခင်ဗျာ။
ရိုသေလေးစားစွာဖြင့်

အောင်မင်းခေါင်




No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget