ကြာခဲ့ပါပြီ၊ ကြာခဲ့ပါပြီလို့ ပြောလို့မရနိုင်တဲ့
. . .မေ့ပျောက်ခဲ့ ပါပြီ၊ မေ့ပျောက်ခဲ့ ပါပြီလို့ ပြောလို့မရနိုင်တဲ့ . . . . .။ကျွန်တော်တို့ြ မန် မာနိုင်ငံသူနိုင် ငံသားတွေရဲ့ အနာတွေ သွေး စိမ်းတို့ကဒီနေ့တိုင် လမ်းေ လျှာက်နေဆဲ။
(၂၀၀၇)ခုနှစ် စက်တင်ဘာ၊ရွှေဝါရောင်အပြီး တစ်ခုသောနေ့ညမှာ ကျွန်တော်အဖမ်း ခံခဲ့ရ ပါတယ်။
ကျွန်တော့လှုပ်ရှားမှု့မပီပြင်လို့မဟုတ်ပါဘူး။ နီးရာဓားရဲ့ အတွက်မှာ ကျွန်တော်မရှု့ မလှနဲ့ လက်ထိပ်
ခပ်ခံလိုက်ရတာပါ။ ရဲဖမ်းတဲ့အချိန်မှာ ကျွန်တော့မှာ လက်ပူးလပ်ကျပ်မိတာဆိုတာဆိုလို့ ဘာတစ်ခုမှ
မယ်မယ် ရရမမိပါဘူး။ ကျွန်တော်သံတိုင်ကြားထဲရောက်မှ နီးရာဓားတွေက ကျွန်တော့ရဲ့ လက်ရာလက်ချက်တွေကို
ရှာ တွေ့သွားကြပြီး ရဲကိုအပ်တယ်လေ။
ရဲဖမ်းစဉ်ရှာဖွေပုံစံမှာ အဲဒီစာရွက်စာတမ်းဓာတ်ပုံတွေမပါတဲ့အတွက်
ဥပဒေအရ ကျွန်ေ တာ့ ဘက်ကလွတ်သွားပေမယ့် ထိုအချိန်(မယက) ယခုမြို့နယ်အုပ်ချုပ်ရေးမှူးက
မြို့နယ်အစည်း အဝေးမှာ ထောင်သုံးနှစ်ချရန် (အန်ဂျင်နာ)တားကအမိန့်ထုတ်ခဲ့တယ်လို့ မြို့နယ်တရားရုံးကပြောေ ရးဆို ခွင့်ရှိသူထံမှ
ကျွန်တော် သိရပါတယ်။
ဒီလိုနဲ့နောက်ဆုံးတော့လည်း ကျွန်တော်ဟာ
အာဏာရှင်တို့ရဲ့ ဥပဒေအောက်မှာထောင် ကျခဲ့ရတော့တာပါပဲ။ထောင်ထဲရောက်တော့ထောင်ရဲ့ကြမ်းတမ်းတဲ့လောကဓံကို
ရင်ဆိုင်ရင်း မြန်မာနိုင် ငံအတွက် စိတ်ဆင်းရဲစရာ၊မြန်မာနိုင်ငံသူနိုင်ငံသားတို့ရဲ့
အဓိကဘိုးစဉ်ဘောင်ဆက်ကိုး ကွယ်ကြတယ် ဆိုတဲ့ ဗုဒ္ဓဘာသာ အတွက်ရတက်မအေးစရာတွေကို နေ့စဉ်မြင်တွေ့ရပါတော့တယ်။
ကျွန်တော်ထောင် မကျခင်ကတော့ နိုင်ငံရေးဆိုတဲ့ စစ်အာဏာရှင်တွေကို အမြစ်မကျန်တွန်းလှန်ချေမှုန်းဖို့ဆိုတဲ့
ရည်ရွယ် ချက်ဟာ ထောင်ကျလို့ ထောင်ထဲ မှာ ဗုဒ္ဓဘာသာဘုန်းကြီးဆိုသူတွေကို ကတုံးတွေနဲ့ တွေ့လိုက် ရတော့မှ
̏ သြော် . . . ဗုဒ္ဓဘာသာသာတောင်ထောင်ထဲရောက်နေပါရောလား˝ ဆိုတဲ့ သတိသံဝေဃ တစ်ခုထပ်ရလိုက်တာနဲ့
အာဏာရှင်ဆန့်ကျင်ရေးဆိုတဲ့ နိုင်ငံရေးကနေ အာဏာရှင်တွေ အလိုတော် ကျလုပ်နေရတဲ့ မြန်မာနိုင်ငံကအာဏာရှင်သာသနာဆန့်ကျင်ရေးဆို
တဲ့ သာသနာပြုစိတ်ဟာ ကျွန်တော့် ရင်ဘတ်ကို ဆောင့်ကန်ဝင်လာပါတယ်။
စစ်အာဏာရူးများရဲ့ မိုက်ကန်းချက်က ဂေါတမဗုဒ္ဓမရှိလို့သာတော်တော့တယ်။ အကယ် ၍များ ဂေါတမသာရှိလို့ကတော့ စိန္ဇမာနကသူနဲ့ကိုယ်ဝန်ရကြောင်းစွပ်စွဲတုန်းကသာဆိုရင် အခုခေတ် စစ်အာ ဏာရူးသန်းရွှေတို့အဖွဲက သာသနာတော်ညှိုးနွမ်းမှုပုဒ်မ(၂၉၅) နဲ့ဖမ်းပြီး အင်းစိန်ထောင်ကို ပိုပမှာသေချာတယ်နော်၊ အခုထောင်ထဲကလွတ်လာတာတောင်
အာဏာရှင် သာသနာပြု ဘုန်းကြီးတွေ ကျွန်တော့မျက်စေ့ရှေ့ရောက်လာရင် ̏ထောင်းကနဲဆို . .
. ဒေါသမီးတောက်မီးလျှံ ကြီး လောင် မြိုက်ေ စပါတယ်။ ဆရာသိန်းဖေမြင့်ရေးတဲ့ ̏တက်ဘုန်းကြီး˝၀တ္ထုကို
မိတ်ဆွေတ စ်ယောက်ရဲ့ အကူအညီနဲ့ ဖတ် ဖြစ်မိပြန်တော့ . . . . .။
မြန်မာနိုင်ငံမှာ ̏ဗုဒ္ဓသာသနာတော်အစစ်ဆိုတာ ဟုတ်မှဟုတ် ပါရဲ့လား ?˝
̏ နိုင် ငံတော် သံဃ မဟာနာယကဘုန်းကြီးတွေကရော ဗုဒ္ဓသာသနာတော်တစ်ရပ်လုံးအတွက် ဘာတွေလုပ်ေ နတာ လဲ?˝
̏ပြည်သူတွေ ဆင်းရဲဒုက္ခရောက်လို့ (ဗုဒ္ဓခေတ်ကဝေသာလီပြည်မှာ အစာရေစာငတ်မွတ်ခေါင်းပါးပြီး ၊ ရောဂါဘယတွေထူပြော၊
စစ် ဘေးဆိုတဲ့ လက်နက်ဒါဏ်သင့်ခြင်းစတဲ့ ဆင်းရဲဒုက္ခပေါင်းစုံေ ကြာင့် မြတ် ဗုဒ္ဓဟာ အရှင်အာနန္ဒာကိုခေါင်းဆောင်ပြီး လမ်းမထက်ပ၇ိတ်ရွတ်ခိုင်းခဲ့သလို) မြန်မာနိုင်ငံရှိ ရဟန်း သံဃာငယ်လေးများက ငယ်ရွယ်သူပီပီဖျက်ဖျက်
လတ်လတ်နဲ့ ရန်ကုန်မြို့ကိုပတ်ကာ ပရိတ်ရွတ် ခဲ့တာကို စစ်အာဏာရှင်သန်းရွှေက ဒုတ်နဲ့ရိုက်သေနပ်နဲ့ပစ်
သတ်ခဲ့တယ်။ မသေမရှင်တွေကို မီးသဂြိုလ် စက်ထဲထည့်မီးရှို့ပစ်လိုက်တယ်။ ရှင်လျှက် ထွက်ပြေးသွားတဲ့
ရဟန်းတွေကိုတော့ လိုက်လံဖမ်းဆီး ပြီး ထောင်ချလိုက်တယ်။
ဝေသာလီမှာ လမ်းထွက်ပ၇ိတ်ရွတ်ခဲ့တဲ့ ညီတော်အာနန္ဒာတို့ အဖွဲ့ သန်းရွှေနဲ့မတွေ့လိုက် တာကာ ကံကောင်းသွားတာပေါ့။ နောက်မို့ဆို အာနန္ဒာခမျာ ရဟန္တာတောင်ဖြစ်သွားရှာမှာမဟုတ်တော့ ဘူး၊ထောင်ထဲမှာ အလုပ်လက်မဲ့ကျွန်တော်ဟာ
ဒီဖြစ်စဉ်တွေကို ကောက်ကြောင်းလိုက်ကြည့်ရင်း ဗုဒ္ဓသာ သနာတော်အတွက် ရင်နာခဲ့ရပါတယ်။ ပိဋကတ်တော်လာ
ဗုဒ္ဓသာသနာကို ဖျက်ဆီးခဲ့သော (အက္ကာဘာ ဘုရင်)အစရှိတဲ့
မိစ္ဆာရှင်ဘုရင်တွေရဲ့အကြောင်းကို ကျွန်တော်သမိုင်းဘာသာရပ်မှာသင်ဖူးပါတယ်။ အဲဒီ တုန်းကတော့ သင်တာသင်တယ်ကျက်တာကျက်တယ် အဓိပ္ပါယ်နားမလည်ခဲ့ပါဘူး (၂၀၀၇)စက်တင် ဘာကြမှ ဘုရားနှုတ်ထွက်
ဓမ္မစက်ပရိတ်များကို ရွတ်ဖတ်ကြတဲ့ ဘုန်းကြီးတွေကို သေနပ် နဲ့အပစ် ခံရေ တာ့မှပဲ တစ်ချိန်က
အိန္ဒိယနိုင်ငံတော်ကြီးမှာ ဘုန်းမီးနေလတောက်ခဲ့သော အက္ကဘာဘုရင်တို့ ဗုဒ္ဓသားေ တ်ာများကိုသတ်ဖြတ်
ကျောင်းများကိုမီးရှို့တဲ့ အကြောင်းအရာတွေကို နားလည်ခဲ့ရပါတော့တယ်။
ဒါ့ကြောင့် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်သူတော်စဉ်များကိုပြောပါရစေ။
မြန်မာနိုင်ငံမှာ ဗုဒ္ဓပ ရိတ် များရွတ်ရန်မသင့်တော့ပါဘူး အကယ်၍ရွတ်မယ်ဆိုရင် . . သို့တည်းမဟုတ်
ပရိတ်ကအစွမ်း ထက် မယ်ဆိုရင် . . သို့တည်းမဟုတ် မြန်မာပြည်မှာ ဗုဒ္ဓသာသနာထွန်းကားနေတယ်ဆိုရင်
(၂၀၀၇)စက်တင် ဘာတုန်းကပရိတ်ရွတ် တဲ့ဘုန်းကြီးတွေ ဘာဖြစ်လို့အသတ်ခံရတာလဲ?
ကျွန်တော်ရိုးရိုးလေးမေးတာပါနော်၊ ဘာသာရေးကိုထိခိုက်တာမျိုးမဟုတ်ပါ။
ဗုဒ္ဓကိုယ်တော် တိုင်သည်ပင်လျှင် မသိနားမလည်ရင်မေးကောင်းမေးသင့်ကြောင်းကို ပရိနိဗ္ဗာနသုတ်တော်မှာ
သုဘဒ္ဒကို မိန့် ကြားတဲ့ စကားဟာ ထင်ရှားလှတာမို့ ကျွန်တော့အမေး သံသယများကိုလည်း မေးခွင့်ရှိပါတယ်။
စက်တင်ဘာတုန်းက ဘုန်းကြီးတွေရွတ်တဲ့ပ၇ိတ်ကမှားလို့လား? ရွတ်တဲ့ဘုန်းကြီးတွေမှာ သီလတွေငြိုးနွမ်းနေလို့လား? သို့တည်းမဟုတ် သန်းရွှေအပါအ၀င်သိန်းစိန်သို့တိုင်အောင် အခုစစ်ဘောင်း ဘီချွတ်များက ဗုဒ္ဓဘာသာဝင်မဟုတ်လို့လား? ဗုဒ္ဓဘာသာဝင်အမည်ခံဗမာပြည်သူပြည်သားတွေကပဲ ဗုဒ္ဓဘာ သာ ၀င်မဟုတ်ကြလို့လား? ဗမာပြည်မှာ ဗုဒ္ဓဘာသာမထွန်းကားတော့ဘူးဆိုတဲ့ အတိတ်နိမိတ်အဓိ ပ္ပါယ်များလား? စသည်ဖြင့် စက်တင်ဘာအရေးအခင်းအပြီးမှာ ကျွန်တော်ခေါင်းချာချာလည်အောင် စဉ်းစား ရပါသော်လည်း . . . ယနေ့တိုင်အောင် . . . . . .ပင် . . . . တည်း ။
No comments :
Post a Comment