.

AlinShin

Friday, August 17, 2012

အဆိုတော်ရဲလေးနဲ့ ရန်ကုန်မြို့လည်ခေါင်ကလမ်းဘေးဈေးသည်တွေအဖြစ်က (၂)နာရီပဲခြားပါတယ်။

                    ပြောလည်းမပြောချင်ပါဘူး . . . .
နားလည်းမထောင်ချင်တော့ဘူး . . . . .
နေလည်မနေချင်တော့ဘူး . . . . .
ကဲ့ . . . .  မိတ်ဆွေတို့ရေ . . . . ဒီစကားတွေဟာ မြန်မာနိုင်ငံ သူနိုင်ငံသားတွေ ရဲ့ နေ့စဉ်ငြည်းတွားနေကြတဲ့ စကားလုံးတွေပါပဲ။ အဲဒီလို မတစ်လုံးဆောင်ကြပေသော်လည်း မြန်မာနိုင်ငံ သူနိုင်ငံသားတွေခမျာ လူခြင်းတွေ့အကြောင်းဆုံလာပြီရင် မပြောချင်တာတွေကိုပဲ ထပ်ခါတစ်လဲ လဲ ပြောရတာပါပဲ။ နားမထောင်ချင်ပါသော်လည်း အကြိမ်ကြိမ်နားထောင်နေမိတာပါပဲ။ ကမ္ဘာမှာမြန် မာနိုင်ငံဆိုတဲ့မြေပုံလေးကလှသယောင်ယောင်ရှိပေမယ့်မြန်မာနိုင်ငံသူနိုင်ငံသားတွေခမျာမြန်မာနိုင်ငံကြီး မှာ မနေချင်ကြတော့ဘူး။
ဒါ ဘာဖြစ်လို့လဲ . . . .  ဘာ့ကြောင့်လဲ . . . .
မြန်မာနိုင်ငံကို ခေတ်အဆက်ဆက် တာဝန်ယူအုပ်ချုပ်လာခဲ့ကြတဲ့သူတွေ အရည်အချင်း မရှိလိုပဲပေါ့။ ဒီလောက်ပဲဝေဖန်တာကောင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့က အဲလိုအုပ်ချုပ် လာသူတွေကလည်း ကိုယ့်မြန်မာနိုင်ငံသားဆွေမျိုးများပဲမဟုတ်ပါလား။ ဒါ့ကြောင့် ဘယ်သူမကောင်း ဘူး . . . ဘယ်ဝါမကောင်းဘူး . . . လို့ ပြောမနေချင်တော့ပါဘူး။
အဲ . . .  ဒါပေမယ့် မပြောလို့မဖြစ်တော့တာက စားဝတ်နေရေးဒုက္ခဘေးဖြစ်တဲ့ ရန် ကုန်မြို့လည်ခေါင်ကအကြောင်းပါပဲ။ဖတ်ကြည့်ပါ။နားထောင်ကြည့်ပါ။မယုံရင်ကိုယ်တိုင်လာရောက်လေ့ လာကြည့်ပါ။ အခုပြောသလိုတကယ့်လက်တွေ့မှာ မဟုတ်ဘူးဆိုရင် ပါးသာလာရိုက်လိုက်၊ လက် နဲ့မရိုက်နဲ့ ခင်ဗျားတို့လက်ညောင်းလိမ့်မယ်။ စီးထားတဲ့ ဖိနပ်နဲ့သာဘယ်ပြန်ညာပြန်ရိုက်လိုက်ပါတော့။
ဖြစ်ပျက်ပုံက အဆိုတော်ရဲလေးနဲ့ ရန်ကုန်မြို့လည်ခေါင်ကလမ်းဘေးဈေးသည်တွေရဲက ဘ၀ဖြစ်ပုံက နှစ်နာရီပဲခြားပါတယ်။ ̏အဖေ . . . . ခြောက်နာရီဆို အိမ်ပြန်လာခဲ့ပါ˝ ဆိုတဲ့ စာသားလေးကို ရဲလေးက ̏အိမ်˝ သူ့စီးရီးမှာဆိုတယ် အခုရန်ကုန်မြို့လည်ခေါင်လမ်းဘေးဈေးသည်များကတော့ ညရဲ့ ဒုက္ခစီးရီးခွေသီးချင်းရဲ့စာသားကတော့  ̏ စည်ပင်ရဲတွေ  . . . . .  ကိုးနာရီမှ ဒီကိုလာခဲ့ပါ˝ တဲ့ခင်ဗျာ။
သြော် . . .  မြန်မာပြည်သူရှိ ဆင်းရဲနွမ်းပါးကြတဲ့ လူကောင်းသူကောင်းများဟာ ဘ၀ ၀မ်းစာရေးအတွက် ရိုးသားတဲ့နည်းလမ်း ဈေးပန်းများချက လမ်းဘေးမှာ ၀ယ်သူမျှော်ရောင်းရသော် လည်း၊ စည်ပင်ဆိုတဲ့ရဲ့က ညရှစ်နာရီကျော်ကျော်ဆိုရင်(Te) ကားတစ်စီးအပြည့်ရှိုယူနီဖောင်းဝတ်ကာ လမ်းနဘေးမှာ အင်အားပြကြပါပြီ။ ဒါမှ ညကိုးနာရီဆိုတာနဲ့ လမ်းဘေးဈေးသည်တွေတစ်ယောက်မှမ ရှိတော့မှာကို။
ကဲ . .  ဒီလောက်တောင်ဖမ်းချင်နေတဲ့စည်ပင်ရဲတွေ မင်းတို့ပထွေး တေဇတို့တတွေ မြန် မာ့ပြည်သူပိုင်ကျွန်းသစ်တွေ ခုတ်နေတာ သွားဖမ်းပါလား။ ရန်ကုန်ဆိပ် ကမ်းပင်လယ်ဝမှာ နိုင်ငံခြား သင်္ဘောပေါ်ကသစ်လုံးတွေထဲမှာ ဘိန်းဖြူတွေပါနေတာကြတော့ မသိကြဘူး ဘ၀အကျိုးပေးမကောင်းလို့ /အာဏာရှင်စနစ်ကြောင့် လူတွေအလုပ်လက်မဲ့ဖြစ်မှု/ ကောင်းမွန်စွာပညာ သင်ကြားနိုင်မှုမရခဲ့လို့/စတဲ့ ချိုငဲ့မှုတွေကြောင့် ဖြစ်လာတဲ့ ဆင်းရဲနွမ်းပါးသူများ သမ္မာအာဇီဝနဲ့ ဈေးရောင်းစာတာကိုတော့ လိုက်ဖမ်းကြတာ သူတို့ကိုယ်သူတို့ သူရဲကောင်းတွေအတိုင်းပါပဲ . . . ကမ္ဘာသူတော်ကောင်းသမ္မတများ ခင်ဗျာ ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကို ကယ်တင်စောင့်ရှောက်တော့မူပါခင်ဗျာ။ ဘိုးဘိုးအောင်နဲ့ရှင်အဇ္ဖေ၈ါနတို့ကလည်း တေဇတို့ ခင်ရွှေတို့ ဇောဇော်တို့ စတဲ့ ခရိုနီတွေကိုပဲ မစနေရော့ လားမသိပါဘူး ခင်ဗျာ။
ဈေးရောင်းစားတာ ဒီလိုနည်းနဲ့ ၀မ်းစာရှာတာကို စည်ပင်ရဲတွေက ဖမ်းလို့ရလား? ကျွ န်တော်ဟာ ဥပဒေပညာရှင်မဟုတ်လို့ မသိသော်လည်း  ညကိုးနာရီတိတိဈေးဗန်းတွေ သိမ်းလို့ မပြီး သေးတဲ့ ဈေးသူဈေးသား လူ့နွမ်းပါးများကို မဖမ်းသင့်ပါဘူး။ ဒီလိုဖမ်းလို့ရတယ်ဆိုတဲ့ စည်ပင်ဥပဒေရှိ တယ်ဆိုရင်လည်း ပြင်ပေးပါလားခင်ဗျာ။
ကဲ . . . . ရဲလေးရေ . . . . ညဆယ်နာရီမှပဲ မင်းအဖေကို အိမ်ပြန်လာခိုင်းလိုက်ပါ လားကွာ။

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget