.

AlinShin

Friday, August 29, 2014

မက်ဆီကို(သို့)သာကေတရဲ့ လူသတ်ဂိုဏ်း

ဂိုဏ်ဃဏဆန်ဆန် မင်းမဲ့စရိုက် သာကေတရန်ပွဲ သေနတ် ၂ ချက် ပစ်ဖောက်ခဲ့ဟု ရပ်ကွက်နေ ပြည်သူများ ပြောကြား

29 August 2014 02:42(+0630) (လွန်ခဲ့သော 13 နာရီ ခန့်က)

သြဂုတ်လ ၂၈ ရက်နေ့ နေ့လည် (၁၂) နာရီခန့်အချိန်က သာကေတမြို့နယ် (၁၀) တောင် (၁၃) ရပ်ကွက် ခိုင်ရွှေဝါ လမ်းမကြီးပေါ်တွင် မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စု ၂ စုအကြား ခိုက်ရန်ဖြစ်ပွားခဲ့ ကြရာတွင် အဖွဲ့တစ်ဖွဲ့မှ သေနတ် ၂ ချက် မိုးပေါ်ထောင်၍ ပစ်ဖောက်ခဲ့သည်ဟု ရန်ပွဲ ဖြစ်ပွားရာအနီးရှိ ပြည်သူများက News Watch ဂျာနယ်သို့ ပြောသည်။

သာကေတမြို့နယ် ၁၀ တောင် (၁၃) ရပ်ကွက်နေ နေမျိုးအောင်ဆိုသူ ခေါင်းဆောင်သောအဖွဲ့နှင့် ထူပါရုံရပ်ကွက်နေ မြင့်အောင်ဆိုသူ ဦးဆောင်သော အဖွဲ့နှစ်ဖွဲ့တို့ ရန်ငြိုးရှိခဲ့ရာမှ နှစ်ဖွဲ့ပေါင်း လူအယောက် (၅၀) နီးပါး ဓားများ၊ တုတ်များနှင့် ရန်စောင်နေသည့်အချိန်တွင် မြင့်အောင် က သေနတ် (၂) ချက်ဖောက်၍ ခြိမ်းခြောက် ခဲ့ခြင်းဖြစ်နိုင်သည်ဟု အဆိုပါရပ်ကွက်နေ ပြည်သူများက ပြောသည်။
“အဖြစ်အပျက်တွေက အရမ်းမြန်တယ်။ လမ်းထဲကို ကားတစ်စီးဝင်လာတယ်။ နေမျိုးအောင်တို့ကို ပထမကားနဲ့ လိုက်တိုက်တယ်။ ပြီးတော့ နှစ်ဖက်အပြန် အလှန် အုတ်နီခဲတွေနဲ့ ထုတယ်။
ကားလည်း ထိသွားတယ်။ ပြီးတော့ နှစ်ဖွဲ့စလုံး ငှက်ကြီးတောင် ဓားကိုယ်စီနဲ့
ပြဿနာဖြစ်တော့မယ့်အချိန်မှာ သေနတ်ဖောက်သံလို ပစ်ဖောက်သံ နှစ်ချက် ကြားလိုက်တယ်။
နှစ်ဖွဲ့ပေါင်းကို ဓားကိုင်ထားတဲ့ လူ (၅၀) နီးပါးရှိတယ်။ အကုန်နီးပါးပဲ။ တချို့က တုတ်တွေနဲ့။
အဲဒီလို အသံနှစ် ချက်ကြားပြီးတော့ နှစ်ဖွဲ့အကြီးအကျယ် အချင်းများချိန်မှာ ရဲတွေရောက်

လာတယ်။ နှစ်ဖွဲ့စလုံးကလည်း သာကေတမြို့နယ်မှာ နာမည်ကြီးပါတယ်” ဟု
ရန်ပွဲကို အစ အဆုံးမြင်တွေ့ခဲ့သည့် ခိုင်ရွှေဝါလမ်းတွင် နေထိုင်သူ အသက် (၂၃)
နှစ်အရွယ် လူငယ်တစ်ဦးက ပြန်လည်ပြောပြသည်။

အဆိုပါ အဖွဲ့ ၂ ဖွဲ့အနက်မှ ၁ဖွဲ့သည် လက်နက်ကိုင်အဖွဲ့အစည်းတခုနှင့် ဆက်စပ်မှုရှိသည်ဟုလည်း သာကေတမြို့နယ်နေ ပြည်သူအချို့၏ပြောကြားချက်အရ သိရသည်။ ရန်ပွဲ၌ ပါဝင်သူတဦးလည်း ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

ရန်ပွဲဖြစ်ပွားစဉ်အတွင်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သော ပြည်သူအားလုံး ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပြီး အိမ်တံခါးများ ပိတ်ထားကာ ရဲတပ်ဖွဲ့ရောက်ရှိလာမှသာ အခြေအနေ ပြန်လည် တည်ငြိမ်သွားကြောင်း ယင်းလူငယ်က ဆက်လက်ရှင်းပြသည်။

ရပ်ကွက်နေပြည်သူများက ဖော်ပြပါ ပစ်ဖောက်သံ ၂ ချက်အား သေနတ်ပစ်ဖောက်သံဟု ယူဆကြသော်လည်း သာကေတမြို့နယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူကမူ ဗျောက်အိုးဖောက်သံဟု ကြားသိရသည်ဟု ဆိုသည်။

“လက်ရှိအချိန်ထိတော့ အမှုမဖွင့် ထားပါဘူး။ နှစ်ဖက်စလုံးလည်း မတိုင်ကြားထားသေးဘူး။ မိုးပေါ်ထောင်ပစ်တာလည်း သေနတ်သံမဟုတ်ဘဲ ဗျောက်အိုး သံဆိုပြီး ပြောကြတယ်။ ဖြစ်စဉ်နဲ့ပတ်သက် ပြီး စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ အဖွဲ့အစည်းနှစ်ဖွဲ့ ပုံစံရန်ပွဲဖြစ်ခဲ့တာကြောင့် ပြည်သူတွေလည်း ထိတ်လန့်ခဲ့တယ်။ ဒါကြောင့် အထက်ကချပေးတဲ့အတိုင်း ဒီအမှုကို ဆက်လက်ကိုင်တွယ်သွားမယ်” ဟု သာကေတမြို့နယ် နယ်မြေ (၁) ရဲစ ခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့က မလာသေဘူးဗျ၊ အမှုဖွင့်တာတွေ ဘာတွေတော့မရှိသေးဘူး၊ ဘာကြောင့် မဖွင့်သလဲဆိုတာတော့ ကာယကံရှင်တွေပဲ သိမှာပါ၊ သူဆို့ကိုတော့ ခေါ်ထားတာပဲ၊ နှစ်ဦးနှစ်ဖက် နှစ်နာရင်အမှုဖွင့်ဖို့ ဘာဖို့ပေါ့၊ ကျနော်တို့သွားတော့ အကုန်လုံးလုစုကွဲသွားပါပြီ၊ ဒဏ်ရာရတာ မရှိဘူး”ဟု အဆိုပါရဲစခန်းမှ အမည်မဖော်လိုသူ တာဝန်ကျ ဒုရဲအုပ်တဦးက ပြောကြားခဲ့သည်။

သာကေတမြို့နယ်အတွင်း ယခုကဲ့ဖြစ်စဉ်ကဲ့သို့ ဂိုဏ်းဃဏဆန်ဆန်ရန်ပွဲများ၊ ရပ်ကွက်ခြား ရန်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ ပြဿနာကို ငွေကြေးဖြင့် ရှင်းနိုင်သူအချို့က ဦးဆောင်လေ့ရှိကြောင်း သာ ကေတမြို့နယ် ပြည်သူများက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနောက်ပိုင်း မင်းမဲ့စရိုက်ဆန်သည့် ရန်ပွဲများ၊ လူသတ်မှုများ အဖြစ်များလာပြီး လူငယ်များ၏ လက်ရဲဇက်ရဲမှုများနှင့် တရားဥပဒေစိုးမိုးမှုအားနည်းခြင်းအပေါ် ပြည်သူများက အပြင်းအထန် ဝေဖန်နေကြသည်။
NW
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
http://www.thithtoolwin.com/2014/08/blog-post_3566.html

ဓမ္မစေတီခေါင်းလောင်းကြီးတွေ့နေပြီ . . တဲ့။

Yangon Media Group added 2 new photos.
ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေတွေ့ရှိပြီဟု ဦးစံလင်း သတင်းထုတ်ပြန်

                                    ရန်ကုန်၊
မြန်မာ ပြည်သူအများ စိတ်ဝင်တစားစောင့် ကြည့်နေကြလျက်ရှိသည့် ဓမ္မစေတီ
ခေါင်းလောင်းကြီးအားတွေ့ရှိထား ပြီဖြစ်သည်ဟူသည့်သတင်းက လူ
အများ၏စိတ်ဝင်စားမှုကို မီးထိုး ပေးလိုက်သည့်နှယ်။

Yangon Media Group's photo.

ဓမ္မစေတီခေါင်းလောင်းကြီး အား သြဂုတ် ၂၆ ရက်တွင် စတင် ဆယ်ယူနိုင်လိမ့်မည်ဟု
 ရက်ချိန်း ပေးထား ကာ ခေါင်းလောင်းကြီးတွေ့ ရှိပြီဖြစ်ကြောင်း ဆယ်ယူရေးလုပ်ငန်း များဦးဆောင်လုပ်ကိုင်လျက်ရှိသည့် သုဓမ္မမဏိဇောတ ဓရဦးစံလင်းက သြဂုတ် ၂၆
 ရက်တွင် သတင်းထုတ် ပြန်လိုက်ခြင်းဖြစ်သည်။
၁၃၇၆ ခုနှစ်၊ တော်သတင်း လဆန်း ၂ ရက်၊ အင်္ဂါနေ့ရက်စွဲဖြင့် အဆိုပါထုတ်ပြန်ချက်အရ ဓမ္မစေတီခေါင်းလောင်းတော်ကြီးအား ဦးစံ လင်း(မြေပုံ) ကော့သောင်းအဖွဲ့မှ တွေ့ရှိ
ထားပြီးဖြစ်ကြောင်း၊ နဂါးများမှာ အကြီးဆုံး ရွှေရောင်နဂါးမင်းကြီးနှင့်တကွ နဂါးအပေါင်း
တို့က ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို အကြီးကျယ်ဆုံး ခမ်းခမ်းနားနား ဆီမီးပူဇော်နေ
သည့်အတွက်ကြောင့် သတ်မှတ်ရက်နေ့ကို သတင်းထုတ်ပြန်ရန် နောက်ကျနေခြင်းဖြစ်
ကြောင်း၊ မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာ့ အဆင့်နည်းပညာသည် လျှို့ဝှက်ချက်များ ရှိနေခြင်းကြောင့် နှုတ်မှဖွင့်ဟ၍မပြောရပါ။ အရိယာဝိဇ္ဇာအပေါင်းကို ခွင့်ပြုချက်တောင်း
 ခံပြီးမှ ဓမ္မစေတီခေါင်းလောင်းကြီးတွေ့ရှိပြီဖြစ် ကြောင်း အတိအလင်းကြေညာခြင်းဖြစ်ပါ
 ကြောင်း ဖော်ပြထားသည်။
ယင်းအပြင် မကြာမီရက်အတွင်းဓမ္မစေ တီခေါင်းလောင်းကြီးကို ကုန်းပေါ်သို့အရောက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ခေါင်းလောင်းကြီး ဆယ်ယူမှုလုပ်ငန်း များကို သြဂုတ် ၉ ရက်က စတင်လုပ်ဆောင်
ခဲ့ပြီး သြဂုတ် ၂၆ ရက် အပြီးရှာဖွေမည်ဟု ဦးစံလင်းက ဆိုထားသည်။
အဆိုပါခေါင်းလောင်းကြီးကို မြန်မာ့ နည်း၊ မြန်မာ့ဟန်၊ မြန်မာ့အဆင့်နည်းပညာများဖြင့်ဆယ်

ယူသွားမည်ဖြစ်ကာ ယခုနှစ် သြဂုတ်လအတွင်းအပြီး ဆယ်ယူပြီး ရွှေတိဂုံ စေတီတော်သို့
ပြန်လည်လှူဒါန်းမည်ဟုလည်း ခေါင်းလောင်းတူးဖော်ရေးကို ဦးစီးဆောင်ရွက် နေသူ ဦးစံလင်းကပြောကြားထားခဲ့သည်။

Yangon Media Group's photo.
အဆိုပါသတင်းကြောင့် အေးရှားပွိုင့် ဘိုးလိန်းစင်တာကမ်းသို့ လာရောက်ကြည့် ရှုကြသည့် ရဟန်းရှင်လူပြည်သူအများက ဝင်လာမစဲ တစ်သဲသဲဖြင့် အလွန်စည်ကား လျက်ရှိနေသည်။
''အဲဒီ ၂၆ ရက်နေ့ ၂နာရီလောက်မှာ မိုးသဲသဲမဲမဲရွာတယ်။ အဲဒါလဲ လူကမပြတ်ဘူး။ ထီးတွေနဲ့ကိုလာကြည့်ကြတာ။ ဘုန်းကြီးတွေ၊ လူကြီးတွေ၊ ကျောင်းသားတွေ သုံးထောင်
လောက်ရှိမယ်''ဟု ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့သူ မဇင်မေကပြောသည်။
အဆိုပါ ခေါင်းလောင်းကြီးတွေ့ရှိမှုနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသန ပညာ ရှင်၊
စာရေးဆရာချစ်စံဝင်းက ''တွေ့တယ် ဆိုရင်တော့ကောင်းတာပေါ့။ တွေ့တယ်ပြောရုံနဲ့တော့မရဘူး။
ဘယ်မှာတွေ့တယ်။ ဘယ် လိုတွေ့တယ်ဆိုတဲ့ အကြောင်းပြချက်တော့ ပြည်သူတွေကိုပေးရမယ်။
အရင်တုန်းကလဲ တွေ့ပြီလို့ပြောတဲ့သူတွေ အများကြီးရှိတယ်။ ပြီးတော့ဘာမှမဟုတ်ဘဲ
ဒီအတိုင်းပြီးသွား ကြတယ်။ တကယ်တွေ့ခဲ့တယ်ဆိုရင် ရေအ နက်ဘယ်လောက်မှာရှိလဲ။
ရပေါ်ပေါ်နေ လား။ ရေအောက်မှာ ဘယ်လောက်ရှိနေလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး
သတင်းစာရှင်း လင်းပွဲလုပ်ပေးရမယ်။ မီဒီယာတွေကတစ် ဆင့် ပြည်သူတွေကိုသတင်း
မှန်ပြန်ပေးရမယ်။ တကယ်တွေ့တာဖြစ်ပါစေလို့ ဆုတောင်း ပါတယ်''ဟု ပြောကြားခဲ့သည်။

ယနေ့ သြဂုတ် ၂၆ ရက် နံနက်ပိုင်း ခန့်ကတည်းက အေးရှားပွိုင့်ဘိုးလိန်းစင်တာ
ဝင်းအနောက်ဖက်ကမ်းသို့ လာရောက်ကြည့် ရှုကြသူမှာ သုံးထောင်ခန့်ပင် ရှိနေကြောင်း
သိရသည်။
''ဒီနေ့က ခေါင်းလောင်းဆယ်တာ နောက် ဆုံးရက်မို့လို့ လာကြည့်တာ။ တွေ့ပြီဆိုတော့
ဝမ်းသာတယ်''ဟု သာကေတမြို့နယ်တွင် နေထိုင်သူ ဦးမင်းမျိုးက ဆိုသည်။အဆိုပါ
 ခေါင်းလောင်းကြီးအား သြဂုတ် ၂၅ ရက် ည ၁၂နာရီတွင် ဆယ်ယူမည်ဟူ သည့် သတင်းများကအင်တာနက်တွင် ပျံ့နှံ့ နေခြင်းကြောင့် ယင်းအချိန်ကတည်းက စိတ်ဝင်တစားလာရောက်ကြည့်ရှုနေသူ များ မှာ အယောက်တစ်ရာခန့်ပင်ရှိသည်ဟုသွား
ရောက်ကြည့်ရှုခဲ့သူ ကိုသက်နိုင်က ဆိုသည်။
''အင်တာနက်မှာ ခေါင်းလောင်းကို ည ၁၂ နာရီဆယ်မယ်ဆိုတာ တွေ့ရလို့လာကြည့်တာ။
မီးရောင်ပျပျပဲမြင်ရတယ်။ ဘာမှ ထူးခြားတာတော့မတွေ့ရဘူး။ ကျွန်တော်ကတော့စိတ်ဝင်စားလို့လာကြည့်ဖြစ်တာပါ'' ဟု ယင်းက ပြောသည်။
အဆိုပါ ခေါင်းလောင်းကြီးကိုတွေ့ရှိ ပြီးဖြစ်ကာ ဆယ်ယူရေးလုပ်ငန်းများ လုပ်ကိုင်
ရန်အတွက် အစိုးရသို့ တင်ပြသွားမည်ဖြစ် ကြောင်းလည်း ခေါင်းလောင်း ဆယ်ယူရေး
အဖွဲ့မှတာဝန်ရှိသူ ဦးကြည်ဝင်းကပြောသည်။
''အစိုးရကို တင်ပြမှာ ဖြစ်တဲ့အတွက် ဘယ်အချိန်ဆယ်ဖြစ်မယ်ဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ တွေ့ရှိခြင်းနဲ့ပတ် သက်တဲ့ သတင်းစာရှင်းလင်းပွဲကိုလဲဘယ်တော့
လုပ်မယ်ဆိုတာမပြောနိုင်သေးပါဘူး'' ဟု ယင်းက ထပ်မံပြောသည်။
အဆိုပါခေါင်းလောင်းကြီး ဆယ်ယူမှု လုပ်ငန်းအတွက် ခန့်မှန်းကုန်ကျစရိတ်အနေဖင့် သိန်းပေါင်းတစ်ထောင့်ရှစ်ရာခန့်ရှိမည် ဟု ခန့်မှန်းထားသော်လည်း အမှန်တကယ်
ကုန်ကျခဲ့သည့်စရိတ်ကို မထုတ်ပြန်နိုင်သေး ကြောင်း ဦးကြည်ဝင်းက ထပ်မံပြောသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်း ဆွေက ''တွေ့ပြီဆိုရင်တော့ ဝမ်းသာပါတယ်။
ဦးစံလင်းက လောဘစိတ်နဲ့တူးတာမဟုတ်ပါ ဘူး။ တွေ့ရင်လဲ ယဉ်ကျေးမှုဌာနကိုပဲအပ်မှာပါ။
ဌာနအနေနဲ့ကလဲ ဒီခေါင်းလောင်းကြီး ကိုနဂိုမူလနေရာမှာပဲပြန်ထားမှာပါ။ ရှေးဟောင်းယဉ်ကျေးမှု

အမွေအနှစ် ဖြစ်တဲ့အ တွက်သိမ်းထားလို့လဲမရပါဘူး''ဟု ပြောကြား ခဲ့သည်။
ဓမ္မစေတီခေါင်းလောင်းကြီးနှင့် အတူ ဥာဏ်တော်ခုနစ်တောင် ရွှေသားအစစ် ရပ်တော်မူ
မြတ်စွာဘုရားနှစ်ဆူ၊ တန်ခြောက် ဆယ်ခန့်ရှိ အခြားခေါင်းလောင်းကြီးတစ်လုံးကိုဆယ်
ယူရန်အတွက် ဦးစံလင်းက ၁၉၉၇ တွင် ကြိုးစားခဲ့သော်လည်း မအောင်မြင် ခဲ့ဘဲ
သက်ဆိုင်ရာဌာနများသို့ တင်ပြခဲ့ပြီး ခွင့်ပြုချက် အကြိမ်ကြိမ်တောင်းခံခဲ့ကာ ခွင့်ပြု
ချက်မရခဲ့ဘဲ ၂ဝ၁၄ ခုနှစ် ဇူလိုင် ၁၄ ရက် တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ
ခွင့်ပြု ခဲ့ခြင်းဖြစ်သည်။
ယင်းနေ့တွင် ဓမ္မစေတီခေါင်းလောင်း တော်ကြီးဆယ်ယူမှုကို လာရောက်ကြည့်ရှုသူ ဧည့်ပရိသတ်များအား တောင်ဒဂုံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ခုနစ်ကျောင်းနှင့်
အလှူရှင်များကလည်း ပူးပေါင်းကာ မုန့်ဟင်း ခါးများ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။
''ခေါင်းလောင်းကြီးဆယ်တာကို ပီတိ ဖြစ်တဲ့အနေနဲ့ အခုလိုလှူဒါန်းတာပါ။ ဒါ့ ကြောင့်
တာင်ဒဂုံရွာ ဦးဓနသိဒ္ဓိကျောင်း က ဆရာတော်ကဦးစီးပြီး အလှူရှင်တွေနဲ့ မုန့်ဟင်းခါးက
အချိန် ၁၅ဝလာလှူတာပါ။ တခြားလူတွေလိုစားဖို့သောက်ဖို့၊ ကိုယ်ရေး ကိုယ်တာအတွက်
ဦးစံလင်းက ဒီခေါင်းလောင်း ကိုဆယ်တာမဟုတ်ဘဲ နိုင်ငံတော်ကို လှူဖို့ အတွက်ရည်ရွယ်ပြီး
တူးခဲ့တာဖြစ်လို့ ဘုန်း ဘုန်းတို့ကလဲ ခုလိုလှူဖြစ်တာပါ'' ဟု ဗောဓိ မဏ္ဍိုင်ကျောင်းမှ
ဆရာတော်ဦးစန္ဒိမာက မိန့် သည်။
အဆိုပါခေါင်းလောင်းကြီး ဆယ်ယူ ရန်အတွက် ရေငုပ်သမားဆယ်ဦးအပါအဝင်
အဖွဲ့ဝင်၈ဝဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

''တွေ့ပြီဆိုတာကို ၁၉ ရက်နေ့လောက် ကတည်းက နတ်စင်တစ်ရာဆရာတော်ကြီးမိန့်
လို့ကြားတယ်။ခုတွေ့ပြီဆိုတော့ ဝမ်း သာတယ်။ ကိုယ့်ရဲ့ရှေးဟောင်းအမွေအနှစ် လဲဖြစ်တယ်။
တူးဖော်နေတဲ့သူတွေကိုလဲ ကျန်းမာပါစေဆိုပြီးဆုတောင်းပေးနေတယ်။ ဘာပဲဖြစ်ဖြစ်ဒီနေ့ကတော့
ထူးခြားမယ်ဆို လို့လာကြည့်ဖြစ်တာပါ''ဟု ဒေါပုံမြို့နယ်မှ ဒေါ်လဲ့လဲ့ဝင်းက ဆိုသည်။
ခေါင်းလောင်းတော်ကို အစဉ်အဆက် ဆယ်ယူခဲ့သူများစွာရှိသော်လည်း ယနေ့တိုင် ထူးခြားမှုမရှိဘဲ မြန်မာနိုင်ငံတွင်းရှိ ပညာရှင်များ သာမက အခြားသောနိုင်ငံများမှလည်း
လာ ရောက်ကာ စမ်းသပ်ဆယ်ယူခြင်းများဆောင် ရွက်ခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။
သိပ္ပံနည်းဖြင့် စမ်းသပ်တူးဖော်၍မရဘဲ လောကုတ္တရာနည်း၊ ဝိဇ္ဇာနည်းဖြင့် ဆယ်ယူမှ
သာရမည်ဖြစ်ပြီး ၄င်းကိုယ်တိုင် ခေါင်း လောင်းကြီးကိုတွေ့ရှိ ထားကြောင်းလည်း
ဦးစံ လင်းက ယခုလဆန်းပိုင်းတွင် ပြောကြားခဲ့သည်။
ဓမ္မစေတီခေါင်းလောင်းတော်ကြီးမှာ ကြေးပိဿာ ချိန် ၁၈ဝဝဝဝခန့်ရှိပြီး ဟံသာဝတီ ဘုရင်ဓမ္မစေတီ

မင်းကြီးမှ ရွှေတိဂုံစေတီတော် တွင် တင်လှူရန်အတွက် ရွှေ၊ ငွေ၊ ကြေး၊ ဘော်သတ္တုလေးမျိုးဖြင့်
သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိရေအောက်ထဲတွင် အောက်သို့ ၄၅ ဒီဂရီစောင်းနေပြီးအဝမှာ
အပေါ်တွင် ရှိနေ သော်လည်း နှစ်ပေါင်းလေးရာကျော် နစ်မြုပ် နေ၍ ပါဝင်သည့်သတ္တုတို့
ဓာတ်ပြုမှုကြောင့် ကြိုးတပ်ရန် ခေါင်းလောင်းတော်ကြီးတွင် ကွင်း ပင်မရှိတော့ဟု
ဦးစံလင်းထံမှ သိရသည်။
''တွေ့ပြီဆိုလို့ကျွန်တော်တို့ သမ္ဗန်နဲ့သွား ကြည့်တော့ ဘာမှတော့ ထူးခြားတာမတွေ့
ရဘူး။ သောင်တူးစက်နဲ့ တူးနေတယ်။ ရေငုပ် နေတာကို တွေ့ရတယ်'' ဟုသွားရောက်ကြည့်ရှု ခဲ့သူတစ်ဦးက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို အမှန်တကယ်ဆယ်ယူရရှိနိုင်မည်ဆိုပါက ကမ္ဘာ့အကြီးဆုံး
ခေါင်းလောင်းကြီးအဖြစ် သတ်မှတ် နိုင်မည်ဖြစ်သည်။

''ခေါင်းလောင်းရှာဖွေတဲ့နေရာမှာ သိပ္ပံ နည်းရော၊ ဝိဇ္ဇာနည်းရော ပါမယ်လိုထင်တယ်။
ပရလောကဆိုတာလဲ ရှိမရှိကို မပြောနိုင်ဘူး။ပြီးတော့ ခေါင်းလောင်းက ရှေးကျပေမယ့် သွန်းလုပ်တုန်းက ကြေးအနည်းငယ်ပဲပါတဲ့ အတွက် ခေတ်မီပစ္စည်းလို့လည်း ပြောလို့ရ
တယ်။ ဘာပဲဖြစ်ဖြစ် အချိန်ကျရင်တော့ ဖြစ် လာမလားမဖြစ်လာဘူးလားဆိုတာကို စောင့် ကြည့်ရမှာပဲ''ဟုဒေါပုံမြို့နယ်မှ ဦးစန်းဝင်းက ဆိုသည်။
ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူ ခြင်းနှင့်ပတ်သက်၍ သမိုင်းပညာရှင်များ၊
ပြည်သူများအကြားတွင် ဝေဖန်ပြောဆိုမှု များ အမျိုးမျိုးထွက်ပေါ်လျက်ရှိနေသည်ကို လည်း
ကြားသိကြရမည်ဖြစ်သည်။ ကောင်း သည့်ဘက်မှ ပြောကြသည်များရှိသလို အဆိုး
ဘက်မှဝေဖန်ကြသည်များလည်း ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ခေါင်းလောင်း တွေ့ရှိရပြီဆိုသည့်သတင်းကပင် ပြည်သူများ အား အံ့သြဝမ်းသာမှုဖြစ်စေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ဆယ်ယူရရှိနိုင်မည်ဆိုလျှင်ကား
ပြောဖွယ် ရာပင်မရှိပေ။
သို့ဖြစ်ရာ လူအများစိတ်ဝင်စားမှုရှိနေ သည့် ဓမ္မစေတီခေါင်းလောင်းကြီး အမှန် တကယ်
ဆယ်ယူရရှိနိုင်မည်လား ဆိုသည်ကို တော့ စောင့်ကြည့်ကြရ မည်ဖြစ်ပါကြောင်း
ရးသားလိုက်ပါသည်။

ဥပါဒါန်သို့ . . . လွမ်းခြင်း (ကိုယ်တွေ့ဇာတ်လမ်း)

ကျနုပ်တို့သည် ဘ၀ကို စွဲလမ်းမှုဖြင့်စသည်ဟုပင် ဆိုစကောင်းသည်ကို
“ဥပါဒါန ပစ္စယာ ဘဝေါ” ကိုထောက်၍ သိနိုင်သည်။ သူသူငှာငှာကို အ
ဘယ်မျှ တရားတွေဟော စာတွေရေးသားဝေငှနေစေကာမူ ထိုသူသည်
တစ်စုံတစ်ခုကို စွဲလမ်းနေခြင်းဖြင့် .. ဥပါဒါန်သို့ လွမ်းနေသူသာဖြစ်
သည်။ ထိုသူ၌ ဘ၀အဆုံးကို မြင်ခွင့်မရသေးသလို ထိုသူ၏ action
တို့သည် အခြားသူအတွက် တစ်စုံတစ်ခုသော ဆိုးကျိုးရလာဒ်ကိုဖြစ်စေ
တက်သည်။
ဥပမာ စစ်ဗိုလ်ချုပ်ကြီးသည် ဥပါဒါန်ကြီး ရမ္မက်စီးသူဖြစ်ပါက ယင်းနိုင်ငံ
တွင် ပြည်သူလိုလားဗဟိုပြုသော အခြေခံဥပဒေခိုင်မာမှုမရှိသော် ထိုနိုင်
ငံသည် ယင်းအဓမ္မစစ်ဗိုလ်ချုပ်ကြီး၏ ယုတ်မာပတ်စက်မှုကိုခံရပေတော့
သည်။ ထိုသည်ကို မျက်မှောက်ခေတ် စာပေလိုက်စားသော လူငယ်များ
သည်နိုင်သည်။
ဥပါဒါန်သည် အလွန်ပင်လျှော်ဖွတ်ရခက်သော အ၀တ်တစ်ထည်နှင့်တူ
သည်။ ရဟန်းဖြစ်စေ ၊ လူဖြစ်စေ သတ္တ၀ါမှန်သမျှသည် ယင်းဥပါဒါန်ကို
ကျော်လွန်နိုင်မှသာလျှင် “ဘ၀ဖြစ်ကျိုးနပ်သည်” “လူဖြစ်ကျိုးနပ်သည်”
ကမ္ဘာကျော်သည်မကျော်သည်က ပဓာနမဟုတ် “ယင်းဥပါဒါန်ကို” အ
ထိုက်အလျှောက် လျှော်ဖွတ်နိုင်မှသာလျှင် သန့်စင်သောဘ၀ကိုဖြတ်
သန်းခွင့်ရသည်။
ဥပါဒါန်သည် သတ္တ၀ါတို့အား အစဉ်တစိုက် ပူးဝင်ပက်သတ်နေတက်
သည်။ ကိုယ်တွေ့မို့ ယင်းဥပါဒါန်ကို မြင်အောင်ကြည့်နိုင်ခဲ့သည်မှာ
ဆယ်စုနှစ်တစ်ခုသာမျှရှိသေးသည်။ ယင်းကိုမြင်ခွင့်ရလိုက်၍ ဘ၀တွင်
အထိုက်အလျှောက်နေသာထိုင်သာရှိသည်။
စစ်အစိုးရက ၀ါဆိုရန်အကျဉ်းထောင်ထဲသို့ (၃)နှစ်လောက်သီတင်းသုံး
ခိုင်း၍ တရားသူကြီးက သုံးနှစ်အမိန့်ချမှတ်ခဲ့သောကြောင့် ကျနုပ်သည်
အကျဉ်းထောင်ထဲတွင် ရေရေလည်လည်ဝါဆိုသီတင်းသုံးဖူးသည်။ ထို
အခါ ကျနုပ်ရဟန်း(၂)၀ါအရတွင် ဥပါဒါန်ကိုသိမြင်နိုင်ခဲ့သောအကျိုး
ကျေးဇူးကြောင့် အကျဉ်းထောင်ထဲတွင် ဖြေဆည်ရာရခဲ့ပါသည်။
ဒါ့ကြောင့် ကျနုပ်သည် ကျန်နေသောအချိန်အား ဥပါဒါန်အစွဲအားကြီး
စေတက်သော အလေ့အကျင့်များကို အများသူငှာသိနိုင်စေရန်ယခုလို
စာများရေးသားဝေငှခြင်းသာဖြစ်သည်။
Photo: ဥပါဒါန်သို့  . . . လွမ်းခြင်း
♥  ♥  ♥  ♥  ♥  ♥  ♥  ♥ (ကိုယ်တွေ့ဇာတ်လမ်း)

စစ်ခွေးကြံ့ဖွတ်တို့အား မုန်းတီး၍ ခရိုနီတို့အားနာကျည်း၍ရေးနေသည်
မဟုတ်၊ အများဝေနေယျတို့အား ဥပါဒါန်အစရှိသော ဒုက္ခဘ၀ဖြစ်ရာ
ဖြစ်ကြောင်းတို့၏ ကုန်ရာခမ်းရာ ချုပ်ရာသို့ နည်းပေးလမ်းညွှန်ခြင်းသာ
ဖြစ်သည်။ 
စစ်ခွေးကြံ့ဖွတ်တို့သည် ရဟန်းသံဃာတော်တို့အားသတ်ဖြတ်၏  .. 
သမိုင်းဝင်စေတီပုထိုးတို့အား ဖျက်ဆီး၏  .. . ပြည်သူပိုင်တို့အား မတရား
ခိုးယူ၏ . . . ဤသို့ရေးသားခြင်းသည်  အနှီစစ်ခွေးကြံ့ဖွတ်တို့အား စိတ်
နာကျည်း၍ ရေးသည်မဟုတ်။  တိုင်းသားပြည်သူတို့အား အနှီစစ်ခွေးကြံ့
ဖွတ်ခရိုနီတို့ကဲ့သို့ ယုတ်မာသောမဟာအကုသိုလ်ကြီးကို မပြုလုပ်မိကြ
စေရန်သာဖြစ်သည်။
တစ်ဖန်  . .   ..  ဒေါ်အောင်ဆန်းစုကြည် ၊ မင်းကိုနိုင် ၊ ဇာဂနာ ၊ ကိုထင်
ကျော်၊ ဒေါ်နော်အုန်းလှ ၊ မသန္တာ ၊အစရှိသော ထိုပုဂ္ဂိုလ်တို့အားလည်း
ချစ်ခင်လေးစား၍ ရေးသားသည်မဟုတ်  . . . တိုင်းသားပြည်သူတို့အား
ထိုဒေါ်အောင်ဆန်းစုကြည်  .. နေမျိုးဇင် အစရှိသောသူများကဲ့သို့ ပေး
ဆပ်ရဲသော ပါရမီမြောက်ကုသိုလ်များကို သိရှိကြစေရန် ကိုယ်လည်းသူ
တို့နည်းတူ စွမ်းနိုင်သလောက်အားထုတ်နှိုင်ကြစေရန်အတွက်သာရေး
သားခြင်းဖြစ်ပါသည်။ 
ဥပါဒါန်လွတ်ရေးသားခြင်းပေါ့လေ။ ထို့ကြောင့် ကျနုပ်သည် ဥပါဒါန်ကို
ကောင်းစွာ အကျွမ်းဝင်ရင်းနှီးချစ်ခင်ခဲ့ဖူးသည်။ ထို့ကြောင့် ယင်းဥပါဒါန်
၏ ယုတ်မာပက်စက်မှုကို သိသည်။ 
တစ်ခါက ညသန်းခေါင်လောက်တွင် ကျနုပ်အား ယင်းဥပါဒါန်သည်လက်
နက်မဲ့ နှိပ်စက်ခဲ့ဖူးသည်။ မှတ်မှတ်ရရ ထိုညတွင် ကျနုပ်ကျောင်းသင်္ခန်း
၌ Air con လေအေးပေးစက်တက်ထားသည်။ ဖြစ်ပုံက ကျနုပ်သည်လူ့
ဘ၀တွင် အစောကတင်ပြခဲ့သလို များစွာသောဥပါဒါန်များရှိသည်။
တစ်ဦးတည်းသောသားမို့ “ဆန်စက်” “လယ်မြေဧကများစွာ” တို့သည်
ကျနုပ်ပိုင်ဖြစ်သကဲ့သို့ ကျနုပ်နှင့် နှစ်ပေါင်းများစွာ ချစ်ခင်စုံမက်လာခဲ့
သည်။ 
ကျနုပ်သည် သူတို့ကို တပ်မက်သည် မစွန့်လွှတ်နိုင်  ..  
တစ်ဖန် ထိုစဉ်က GSM လက်ကိုင်ဖုန်းတစ်လုံးလျှင် သိန်းသုံးဆယ်မက
ပေးရသည် ယင်းနောက် တန်ဘိုးကြီးသော computer များယင်းတို့သည်
လည်း ကျနုပ်ရဟန်းဘ၀သို့ရောက်သောအခါ ရဟန်းသုံးကရိယာတန်
ဆာပလာများဖြစ် ကျနုပ်နှင့် အကျွမ်းဝင်နေကြသည်။
ထိုညသည် ကျနုပ်အား ဥပါဒါန်ကို မုန်းတီးမိသောညပင်တည်း  .. 
ပြောခဲ့ပြီးသော လူ့ဘ၀က ဆန်စက် အစရှိသော ဥပါဒါန်မျာသည် ကျနုပ်
အားလာရောက် နှိပ်စက်ကြလေသည်။ လေအေးပေးစက်ကြောင့် အေးမြ
နေသော ကျနုပ်၏ကိုယ်ကာယတွင် အေးမြနေသော်လည်း ကျနုပ်၏ ရင်
ဝတွင် ၀မ်းဗိုက်မှထိုးတက်လာသော အလုံးကြီးတစ်လုံးက အောင့်နေ
အောင်ကိုပင် ထိုးတက်လာသည်။ 
ကျနုပ်အသက်ရှုကြပ်လာသည်။ “ငါဘာဖြစ်နေတာလည်း” ဟု ကိုယ်ကို
ကိုယ်ဆန်းစစ်သောအခါ ကျနုပ်လူ့ဘ၀က အကြွမ်းဝင်လာခဲ့ကြသော
 “ဆန်စက်” “ဧကများစွာသောလယ်ယာမြေ” နှင့်အခြားလယ်ယာသုံး
ကရိယာများ  ..  သူတို့ကိုကျနုပ် စွန့်ထားခဲ့ရ၍ နှမြောနေသည်။ တပ်
မက်နေသည်။ ရဟန်းဘ၀နှင့်မသက်ဆိုင်သော ထို ဥပါဒါန်များကို ကျ
နုပ် ထိုညမှာ လွမ်းဆွတ်နေသည်။ 
“ဟိုး အရင်က ထိုစက်ကရိယာကြီးများနှင့် ကျနုပ်သည် သူဌေးသားဟူ
သော ဂုဏ်ဒြပ်ဖြင့် နေသားတကျရှိခဲ့ဖူးသည်။ ထိုအဖြစ်ကို ကျနုပ်သည်
ရဟန်းဘ၀ဖြင့်လည်းခဲ့ရသည်။ ကျနုပ်၏မျိုးရိုးဂုဏ်သတ္တိကြောင့် ဆီ
လျှော်သော တင့်ကောင်းတင့်တယ်သည့် မာတုဂါမတို့ကို ကျနုပ်စွန့်
လွှတ်ခဲ့ရသည်။ ထိုညမှာတော့ လေအေးပေးစက်အခန်းထဲမှာ ကျနုပ်
ကို သူတို့က သွေးဆောင်ဖြားယောင်းနေပေတော့သည်။
ဒါတွေကို အပြီးတိုင်စွန့်ခဲ့ရလေပြီတကား  . . ဟု  . . အမှတ်အသား
ရှိသော ကျနုပ်နှလုံးအိမ်သည် အခုလို အသက်ရှုကြပ်အောင်စို့နင့်လာ
ခြင်းသာဖြစ်သည်ဟု ” ကျနုပ် သတိမူနိုင်ခဲ့သည်။
ထို့ကြောင့်ကျနုပ်သည် “ထိုသတိကို ပညာဖြင့်ထိမ်းမှသာ ငါဒီညအသက်
ရှင်ဖွယ်ရာရှိတော့တယ် ဒါမှမဟုတ်ရင် ငါ့ရင်ဘတ်အသတ်ရှုကြပ်ကာ
သေလိမ့်မည်။ ရင်ကွဲနာကျသေတယ်ဆိုတာ အခုငါခံစားနေရသောဝေ
ဒနာကိုဖေါ်ညွှန်းတာပဲ  . . ” လို့ အသိကပ်သတိမှတ်လိုက်သည်။
ကျနုပ်နှစ်ပေါင်းများစွာစွဲလမ်းလာခဲ့သော . .
 “ ဥပါဒါန်ပေါင်းများစွာတို့ထက် ယခုတည်နေသော
အသက်သည်သာ တန်ဘိုးရှိသည်။” 
“ထိုထိုသော ဥပါဒါန်ပေါင်းများစွာတို့သည် ဟိုးဟိုးသော 
ဘ၀ပေါင်းများစွာကငါဆုံးရှုံးခဲ့ရဖူးလေပြီ ”
“ဟိုးယခင်က ပေါက္ကံပြည်ရဲ့ ရုပ်စုံအလွမ်းတွေ ငါ့မှာမရှိတော့ ”  ..
“ချုပ်ငြိမ်းခဲ့လေသော အနတ္တပစ္စည်းများ”
“လောကသည် မတည်မြဲသောသဘောရှိသကဲ့သို့ ငါ့ကိုယ်ခန္ဓာ
အပါ
အ၀င် ရုပ်ဝတ္ထုစွဲလမ်းရာဥပါဒါန်ပေါင်းများစွာတို့သည်လည်း 
ချုပ်ငြိမ်းကွယ်ပရပေဦးတော့မည်”
“ငါသည် ထိုမတည်မြဲသော ဥပါဒါန်တို့အား မစွဲလမ်းသင့် 
ယင်းတို့သည် ယခုတိုင် မီးကဲ့သို့ ငါ့အားပူလောင်နှိပ်စက်ကြလေပြီ”
“ငါတကယ်လိုအပ်တာက အေးမြသောခံစားမှု ”
“ငါတကယ်ရနေတာက ပူလောင်သော ဥပါဒါန်များ”
“ထို့ကြောင့်ငါသည် ယင်းတို့ကို ဒီနေ့ညမှစ၍ စွန့်လွှတ်တော့အံ့”
“အို  . . .”
“စွဲလမ်းရာ ဥပါဒါန်တို့   .. . .  ”
“ငါ့နှလုံးအိမ်မှ ဆင်းသက်ကြကုန်လော . . .”
“ငါသင့်တို့၏ နှိပ်စက်မှုကို မြင်ခဲ့လေပြီ  . . .”
“ သင်တို့သည် ငါ့အား ဘ၀များစွာ နှိပ်စက်ခဲ့ကြဘူးလေပြီ . .. ”
“ဒီဘ၀နှင့် ဒီညတော့ . . .
“နင်တို့ အပြီးတိုင်ငါ့ထံမှ ထွက်ခွါသွားကြပါကုန်လော့”
“ငါ့၌ တပ်မက်ရာ ဥပါဒါန်ဟူသည် အပူဟူ၍သာမှတ်တော့သည်။”
“ထို့ကြောင့်  . .”
“အသင် အပူဥပါဒါန်တို့  .. .  သွားကြပါကုန်လော့  . . . ”
ထိုညသည် ကျနုပ်နှင့် ဘ၀များစွာ နာရီများစွာ ကျနုပ်နှင့်အသား
တကျနေထိုင်လာခဲ့သော . . . 
အပူအလောင်ဒုက္ခတုံး ဒုက္ခခဲကြီးဥပါဒါန်ကို  . . . 
ထိုည၌ လွမ်းမောရင်းနှင့်ပင် . . .
လွမ်းစရာများနှင့်အတူ  . . .
မောင်းထုတ်နိုင်ခဲ့လေတော့သတည်း  . . . ။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

အပြာရောင်ကဗျာ

ဣတ္ထိယပိုတိုတစ်ခုရဲ့
အင်္ဂါရုပ်တစ်ခုအောက်မှာ
Like ခြေရာတွေ ရာနဲ့ချီသလို ..
Comment အစအနတွေလည်းတွေ့ရတယ်။

အင် . ..
ယိုသူမရှက်မြင်သူရှက်
မင်္ဂါလေးကို သနပ်ခါးလိမ်းပြရုံနဲ့ . .
နွားသိုးတွေ ကျိုးပျက်ကြသလို
တော်သလင်းခွေးအူတဲ့အတိုင်းပေါ့ ။
Photo: အပြာရောင်ကဗျာ
☀ ☀ ☀ ☀ ☀ 
ဣတ္ထိယပိုတိုတစ်ခုရဲ့ 
အင်္ဂါရုပ်တစ်ခုအောက်မှာ  
Like ခြေရာတွေ ရာနဲ့ချီသလို  .. 
Comment အစအနတွေလည်းတွေ့ရတယ်။

အင်  . .. 
ယိုသူမရှက်မြင်သူရှက်
မင်္ဂါလေးကို သနပ်ခါးလိမ်းပြရုံနဲ့  . .
နွားသိုးတွေ ကျိုးပျက်ကြသလို 
တော်သလင်းခွေးအူတဲ့အတိုင်းပေါ့ ။

သြော်  . . 
ငါတစ်ယောက်ထဲ  . .
လူတစ်ယောက်နဲ့စကားပြောဖြစ်ပါလားလို့ 
သတိထားမိတယ်  . .။

တွေ့တယ်  ..  တွေ့တယ်  . .
ဘာသာရေးပဋိပက္ခနယ်မှာ
ကျမ်းစာအုပ်တွေက အခိုင်အမာရပ်တည်နေသလို
အရောင်အ၀ါတွေက ကြီးစိုးနေတယ်. . .။

ဒီကြားထဲ  .. . 
စစ်ဖိနပ်သံတွေက တစ်ခွက်ခွက်နဲ့
ခွေးအူသံတွေလည်းကြားတယ်။

မ Like နဲ့ မ Share နဲ့
ငါက အစွန်းရောက်ဘာသာရေးသမားမဟုတ်ဘူး
စကားပြောရင်တောင်
ဖြစ်ပျက်တွေပဲမြင်နေတာမို့လေ။

ဟော  . . 
ပြောရင်းဆိုရင်း  . .
ကောင်မလေးတစ်ယောက်ရဲ့ဓာတ်ပုံအောက်မှာ
တဏှာခြေရာ Like သံတွေကြားရတယ်။

ဟား  .. . ဟား  . . ဟား  . .
ငါရှက်တယ်  . . .
ကဗျာရေးမိတာကိုက ငါ့အတွက် ရှက်စရာပါ
ဒါတောင်ပြောလိုက်သေးတယ် 
ရဟန်းတန်မဲ့နဲ့ ပိုစ့်နဲ့တွဲတင်တဲ့ဓာတ်ပုံတွေက ပြဲကွဲနေတယ်တဲ့။

သြော်  .. .
$ ကောင်လေးတွေ  . .
သူတို့ပဲ အဲဒီ“အပြဲမ” “အကွဲကျ”တာတွေကို 
သွားရေနဲ့နူးနေကြတာပဲလေ။

ဖြစ်မှဖြစ်ရလေ  . .
တစ်နိုင်ငံလုံးဟိုးဟိုးကျော်သွားတဲ့ 
“ရိုမာန်ဘော့စ် ” အပြာစာအုပ်လိုသာရေးမိရင်
ဘယ်လောက်များ $တင်းတုတ်လိုက်ကြမလဲ။

သြော်  . .. 
“သဘာဝဒါဟ ” လို့ သံဝေဃကို နာနာရွတ်ရင်း
မနက်အာရုံဆွမ်းခံကြွရဦးမှာမို့ 
တော်တော့ . .  .. ပြီ။   ။

စကားကြွင်း ။   ။ ဗာဟုသိပဉ္စသမားရဲ့ . . . . 
                       ခါးတူးလံနေတဲ့ဘ၀ကိုနာကျည်းမိလို့
                       ရေးမိပါသည်။ 
█ ░ အလင်းရှင် ░ █

Thursday, August 28, 2014

ဓမ္မိယလာဘ်အပြင်ဘက်က သန်းခြောက်ဆယ်မျက်ရည်

ခရိုနီတို့ အလှူ . . . .
ဒါနတွင် အပူစုသည်မို့ ထိုလူတစ်စုတို့မသိရှာ
လှူတာတော့လှူသည်
ထိုအလှူဓမ္မိယဘာဘ်မဟုတ်တာမို့
သန်းခြောက်ဆယ်မျက်ရည်ပါ။
ခရိုနီတို့အလှူ . . . .
သန့်စဉ်သောလာဘ်မဟုတ်တာမို့ ဖြစ်လေရာဘ၀တွင်
ရန်ပေါတက်ပင်။
ပိဋတက်တွင်အလာရှိသမို့ . . .
လှူလိုလျှင် သန့်စဉ်မှ
နောင်ဖြစ်ရာ ရန်မများတယ် မှတ်သားကွဲ့လေး .. ။
Photo: ဓမ္မိယလာဘ်အပြင်ဘက်က 
♥  ♥  ♥  ♥  ♥  ♥  ♥  ♥   သန်းခြောက်ဆယ်မျက်ရည်

ခရိုနီတို့ အလှူ . . . .
ဒါနတွင် အပူစုသည်မို့ ထိုလူတစ်စုတို့မသိရှာ
လှူတာတော့လှူသည် 
ထိုအလှူဓမ္မိယဘာဘ်မဟုတ်တာမို့ 
သန်းခြောက်ဆယ်မျက်ရည်ပါ။
ခရိုနီတို့အလှူ . . . .
သန့်စဉ်သောလာဘ်မဟုတ်တာမို့ ဖြစ်လေရာဘ၀တွင်
ရန်ပေါတက်ပင်။
ပိဋတက်တွင်အလာရှိသမို့ . . .
လှူလိုလျှင် သန့်စဉ်မှ
နောင်ဖြစ်ရာ ရန်မများတယ် မှတ်သားကွဲ့လေး  .. ။

ဆက်လက်မှတ်သားဖွယ်ရာ လင့်များကလစ်ခေါက်၍ ဖတ်ပါရန်
https://www.facebook.com/aung.khoung/photos/a.345003238985166.1073741825.345003208985169/350382211780602/?type=1&relevant_count=1

https://www.facebook.com/aung.khoung/photos/a.345003238985166.1073741825.345003208985169/350384751780348/?type=1&relevant_count=1

http://aungminkhoung.blogspot.com/2014/08/miss-universe-myanmar-2013.html

https://www.facebook.com/aung.khoung/photos/a.345003238985166.1073741825.345003208985169/348931665258990/?type=1&relevant_count=1
█ ░ အလင်းရှင် ░ █

Monday, August 25, 2014

ဇီဝလွန်ပြဿနာမဟုတ်သော . . အယူတိမ်းမှုများ . . .။

Photo: ဇီဝလွန်ပြဿနာမဟုတ်သော . . 
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ အယူတိမ်းမှုများ
ဟိုတစ်လောဆီကတော့ “ဘုရားဘာ့ကြောင့်ရေလောင်းတယ်” ဆိုတဲ့

ဆောင်းပါးလေးဓမ္မဒါနဝေငှလိုက်ပါတယ် ။ အဲဒီတုန်းကတော့ အလင်း
ရှင်အားမေးလျှောက်သူရှိလို့ပြန်ဖြေကြားလိုက်တာပါ။ အခုကတော့ အွန်
လိုင်းပေါ်မှာတွေ့လို့ အယူမသည်း/အယူမတိမ်းမိကြစေရန်အတွက်ဖြစ်
ပါတယ်။
ပါဠိလိုတော့အယူကို “ဒိဋ္ဌိ”လို့သုံးပါတယ်။ အယူအဆတွေမှားတယ်ဆိုရင်
“မိစ္ဆာ” ဆိုတဲ့ပါဠိလေးတွဲပြီး “မိစ္ဆာဒိဋ္ဌိ”လို့သုံးပါတယ်။ ကိုယ့်အယူအဆ
တွေက မှန်နေတယ်ဆိုရင်တော့ “သမ္မာဒိဋ္ဌိ” လို့သုံးပါတယ်။
ဒီတော့က ဘုရားမှာပျားကောင်တွေဆွဲတယ်ဆိုတာဟာ သဘာဝသ
ဘောတရားတစ်ခုပါ။ ပျားရှိတဲ့နေရာ ဘုရားရှိလို့ ပျားဆွဲတာပဲလေ။ ပျား
သတ္တ၀ါတွေနေလို့မရတဲ့ အောက်ဆီဂျင်မရှိတဲ့နေရာ(သက်ရှိနေလို့မရ
သောနေရာမှာ)ဆိုရင်တော့တစ်မျိုးပေါ့။ဒါဟာလည်းပဲ “ဇီဝလွန်ပြဿနာ”
ပေါ့။ ဥပမာ  . . 
ရေငန်ထဲက ငါးပုစွန်တွေဟာ ရေချိုထဲရောက်တဲ့အခါမှာလည်းအသက်
ရှင်နေကြတယ်။ ရေချိုထဲက ငါးပုစွန်တွေကလည်း ရေငန်ထဲမှာ နေလို့
ရကြတယ်။ ဒါဟာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးလေ။ ရေချိုသတ္တ၀ါဟာ 
ရေငန်ထဲရောက်ရင်သေသလို ရေငန်သတ္တ၀ါများဟာလည်းရေချိုထဲ
ရောက်တဲ့အခါ သေကြတယ်။
မဖြစ်နိုင်တဲ့အရာတွေ ဖြစ်လေ့ဖြစ်ထမရှိတဲ့အရာတွေကဖြစ်နေတယ်ဆို
ရင်တော့ “ဇီဝလွန်တစ်မျိုး” မို့ လက်ခံရပေဦးမယ်။
အခုတော့ ဘုရားပျားဆွဲတာနဲ့ ကံကောင်းတယ်ဘာကောင်းတယ်ညာ
ကောင်းတယ်ဆိုတဲ့အယူအဆတွေဟာ ဟိုး  . ဗြဟ္မဏတွေရဲ့ အတိတ်
တဘောင်အယူအဆတွေပါ။ 
ဗုဒ္ဓ၀ါဒဟာ ဗြဟ္မဏတွေကြားထဲမှာ ထိုးပွင့်လာခဲ့ပြီး ယင်းတို့ရဲ့ဇာတ်နိမ့်
ဇာတ်မြင့် စတဲ့ အတိတ်ဆွဲနိမိတ်ဆွဲဝါဒတွေကို လျှော်ဖွတ်တော်မူခဲ့တဲ့
ဝါဒပါ။ အခုတော့ ထိုဗုဒ္ဓ၀ါဒကို ယင်းဗြဟ္မဏ၀ါဒများက သင်းကွပ်နေကြ
တာတွေဟာ“ရွှေတိဂုံဘုရားကစလို့ ကိုယ့်အိမ်ဘုရားကျောင်းဆောင်ထဲ
အထိရောက်နေကြပါပြီ”
အညစ်အကြေးမရှိတဲ့ ကျောက်ဆင်းတုရုပ်ပွားတော်ကိုလည်း လူတကာ
ရေလောင်းနေကြပြီ  . . .။
ပျားဆွဲ  .. ယားဆွဲ တဲ့အတိတ်အယူအဆတွေကိုလည်း လူတကာဇန
ပုတ်သားတို့ လက်ခံယုံကြည်နေကြပြီ  . . .။
စနေနံ ၊တနင်္ဂနွေထောင့်ဆိုသော အရပ်လေးမျက်နှာအယူအဆတွေကို
လည်း သိဉာဏ်ထုံထိုင်း ဇနပုတ်ဂိုဏ်းသားတို့ လက်ခံနေကြပြီ  . . . ။
ဒါတွေဟာ ဗြဟ္မဏတို့ရဲ့ အယူဝါဒများဆိုတာကို စာပေဗဟုသုတ နည်း
ပါးလေတော့ ဘုရားဝါဒအဖြစ် ပူဇော်နေကြသည်ကား  ..  ရင်ထုမနာ
ဖြစ်လှသည်။
အို  . .  အသင်လောက  .. 
ယခုအခါဗုဒ္ဓဘာသာဝင်ဟုခေါ်ဆိုအပ်သော အယောင်အ၀ါတို့၏ နှလုံး
သားတွင်မူ  . . . . . .
“ကမ္မဿကထာဒဿန” 
ကြောင်းကျိုးဆက်ယှက်တွေးခေါ်နိုင်သောဉာဏ်အမြင်အယူအဆ
ကောင်းတို့ကွယ်ပနေလေပြီ  . . . .
“ကမ္မသကထာသမ္မာဒိဋ္ဌ”
ဘုရားဟောကြားသည့် ကံသာလျှင်မိမိဥစ္စာဖြစ်သောအယူမှန်တို့ 
ချုပ်ငြိမ်းကုန်လေပြီ  . .
စကားကြွင်း  . .. 
ဤဓမ္မအလင်းကုသိုလ်ကို ဖခင်ကြီးဆရာစံနှင့် (၃၁)ဘုံသားများအား
ဝေငှမိပါသည်  . .။
█ ░ အလင်းရှင် ░ █

ဘုရားဘာ့ကြောင့် ရေလောင်းတယ် ?

မေးထားသူက မေးလျှောက်ထားတာလအတော်အတန်ပင်ကြာခဲ့
ပါပြီ သို့သော်လည်း အခြားအကြောင်းအရာတွေရေးနေရတာနဲ့အခုမှ
ပှဲဓမ္မဒါနပြုခွင့်ရပါတော့တယ်။လိုရင်းတိုရှင်းပဲပြောပါမယ်။
ဗုဒ္ဓဘာသာဝင်တွေဟာ လူကြီးမိဘသက်ကြီးရွယ်အိုများကအစထားပြီး
စေတီပုထိုးဂူကျောင်းစတာတွေကို သန့်ရှင်းရေးလုပ်ခြင်းဟာ သေနာသ
န၀တ်အနေနဲ့ အထူးကုသိုလ်ရသည်ဟု ယုံကြည်ကြတယ်။
ပိဋကတ်စာပေမှာလည်းပဲ ကုဋီအိပ်သာတို့ဆေးကြောခြင်းဟာ ဘဝ
သံသရာအတွက် လုပ်သင့်လုပ်ထိုက်သည်ဟုဆိုတယ်။ ပိဋကတ်အ
ကျော်အမော်“မင်းကွန်းဆရာတော်”ကြီးသည်ပင် ကျောင်းမှာ အား
လုံးအသုံးပြုကြသော ကုဋီအိပ်သာများကိုယ်တိုင်ဆေးကြောသောအ
လုပ်ကိုလုပ်ပါတယ်။ “ဤသို့သောအညစ်အကြေးများကိုပြောင်စင်
အောင်ဆေးကြောရသောကြောင့် ငါသည် ဘ၀သံသာရာအဆက်
ဆက်က ပါလာခဲ့သော ကီလေသာအညစ်အကြေးတို့သည်လည်း
ပြောင်စင်ပါစေ” ဆန္ဒပြုခြင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ စစ်မှန်သော
ပုညကုသလဟု ယုံကြည်ကြပါသည်။
ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် အတာကြူးသောလတန်ခူးကာလ
တွင် မိမိတို့ရပ်ရွာဒေရှိသက်ကြီးရွယ်အိုများအား လက်သည်းခြေသည်း
ညှပ်ပေးခြင်း မှအစပြု၍တကိုယ်ရည်သန့်ရှင်းရေးကုသိုလ်ကိုပြုလုပ်ကြ
သကဲ့သို့ ရွာဦးဘုန်းတော်ကြီးကျောင်းသို့စုပေါင်းသွားရောက်ကာကုဋီ
အိပ်သာဆေးသူကဆေး စေတီတော်များရှိအညစ်အကြေးရေညှီရေ
မှော်များကို သံဘရတ်များဖြင့်ပွတ်တိုက်ဆေးကြောကာ ထုံးသင်္ကန်း
များကပ်လှူကြပါသည်။
ဒီလိုကုသိုလ်များကို မိမိတို့ရပ်ရွာရှိ “ကလသားခေါင်းဆောင်” မှဦးစီး
ဦးဆောင်ပြုကာ ရပ်သူရွာသားများကလည်း သန့်ရှင်းရေးသမားများ
အား ကျေးရွာဖြစ် မုန့်များ၊ သာကူ ၊ မုန့်လုံးရေပေါ် ၊ မုန့်လက်ဆောင်း
အစရှိသော စားဖွယ်ရာများဖြင့် အလှူဒါနပြုကြပြန်ပါသည်။
ဒါကို “လောကီဗေဒင်ကျမ်း” များအလိုအရ ယင်းကုသိုလ်ရှင်များသည်
အကုသိုလ်အညံများပျောက်ကင်း၍ စေတီပုထိုးဂူကျောင်းများသန့်ရှင်း
တောက်ပြောင်သကဲ့သို့ ကုသိုလ်ရှင်များသည်လည်း ထိုကုသိုလ်အကျိုး
ကိုပြန်လည်ခံစားရသည်ဟု ဆိုသည်။ ယင်းကိုပင် “ယတြာ” ခြေသည်
ဟုဆိုသည်။ 
Photo: ဘုရားဘာ့ကြောင့် ရေလောင်းတယ် ?
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  

ဒီအခါ ဘောဘသများ လူ့အန္ဓများက စေတီတော်တို့တွင် နေ့နံထောင့်
များတွင်ရှိသော ကျောက်ဆင်းတုတော်များအား သက်စေ့ရေလောင်း
ခြင်း သက်စေ့ထက်တစ်ခွက်ပို၍လောင်းခြင်းစသည့် အယူအစများကို
ပြုလုပ်ကြပါသည်။ 
ထိုအခါ အစကောင်းလာခဲ့သော ပုညကုသလသေနာသန၀တ်တို့ကို
အယူအဆပြောင်းလည်းပုံဖေါ်လိုက်ကြသည်။ ယင်းကျောင်းဆင်းတု
တော်များတွင် အညစ်အကြေးရှိသည်မရှိသည်ထက် ရေလောင်းလိုက်
ရုံမျှပင် ထိုရေလောင်းသူအတွက် ကံဇာတာအညံ့များပျောက်သည်ဟု
အယုံအကြည်လွဲသွားကြသည်။ 
ကုသိုလ်၏သရုပ်သဏ္ဍာန်ကို ပြောင်းလဲပစ်လိုက်ကြသည်။ ထိုသို့ဖြင့်
အချိန်ကာလာကြသည်နှင့်အမျှ ယခုကာလတိုင်အောင် တန်ခိုးကြီး
ဘုရားများရှိ ထောင့်များတွင်ရှိသော ကျောက်ဆင်းတုတော်များအား
အချို့သောဗုဒ္ဓဘာသာဝင်တို့သည် ရေလောင်းသောဓလေ့အား
ကုသိုလ်အဖြစ် ယုံကြည်ကာ ပြုလုပ်နေကြသည်။ 
ဟိုး  .. လွန်ခဲ့သောနှစ်များကဆိုလျှင် ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်
မြတ်ကြီးရှိ နေ့နံထောင့်များတွင်ကိန်းဝပ်စံပါယ်သီတင်းသုံးလျှက်ရှိသော
စကျင်ကျောက်သားဆင်းတုတော်များအား ရေလောင်းသူသည် ပိုက်ဆံ
ပေး၍လောင်းရပါသည်။ (အချို့မှတ်မိကြပါဦးမည်) 
ဒါ့ကြောင့် ဘုရားမှာရေလောင်းခြင်းဟာ  . . .
ဘယ်လိုလောင်းသင့်တယ် ၊ ဘယ်လိုမလောင်းသင့်ဘူး ၊ 
ဘယ်လိုလောင်းထိုက်တယ် ၊ ဘယ်လိုမလောင်းထိုက်ဘူး ၊ဆိုတာမိမိ
တို့ကိုယ်ပိုင်ဉာဏ်ဖြင့်တွေးနိုင်လောက်ပါပြီ။
တကယ်အညစ်အကြေးရှိသော စေတီပုထိုဂူုကျောင်းစသည်များကို
ရေ၊တံမြက်စည်း၊ စသည်တို့ဖြင့်သုတ်သင်ဆေးကြောသင့်သော်လည်း
အညစ်အကြေးမရှိသော ဘုရားထောင့်ရှိကျောက်ဆင်းတုတော်များကို
“ဦးတစ်ကိုယ်” “နေ့စဉ်” ရေလောင်းနေကြခြင်းသည် ကျောက်ဆင်းတု
တော်မို့သာတော်တော့သည် သက်ရှိဘုရားဆိုလျှင် အအေးပတ်၍
ပရိနိဗ္ဗာန်စံလွန်တော့မည်ဟုပင် အခြားသောဘာသာခြားတို့က ကွယ်ရာ
တွင် ပျက်ရယ်ပြုကောင်းပြုနိုင်ပါသေးသည်။ 
သာဓကဆောင်ရခြေသော်  . . 
ပြည့်သောအိုးထဲသို့ ရေများဦးတစ်ကိုယ်လောင်းထည့်နေခြင်းထက် 
တကယ်လိုအပ်သော မပြည့်သေးသောအိုးထဲသို့ ရေလောင်းထည့်
ခြင်းသည်သာ အကျိုးကျေးဇူးများဖွယ်ရာရှိပါသည်။ 
ထိုနည်းတူစွာ တကယ်ပင် သန့်ရှင်းရေးလုပ်သင့်လုပ်ထိုက်သော စေတီ
ပုထိုးဂူကျောင်း ဘုရားတို့အား ဆေး၊ ဆပ်ပြာ၊ရေစသော သန့်ရှင်းဖွယ်
ရာများဖြင့် ပြောင်စင်အောင်ပြုလုပ်ခြင်းသည် စစ်မှန်သောရေလောင်း
ခြင်းဖြစ်သည်။ 
ထိုသို့ဆိုလျှင် မစစ်မှန်သောရေလောင်းခြင်းကိုသိနိုင်ပါသည်။ 
ကဲ  . .ဒီမျှလောက် ရေးပြလျှင်  . .
(၁)ဘယ်လိုဘုရားမျိုးကိုသာရေလောင်းသင့်တယ်  . .
(၂)ဘုရားကိုဘာ့ကြောင့်ရေလောင်းတယ်  .. . 
(၃)ဘယ်လိုစိတ်ဖြင့် ရေလောင်းသင့်တယ်  . . 
ဆိုတာကို သိနိုင်လောက်ပြီဖြစ်၍ “နိဋ္ဌိသိ ၍ နိဋ္ဌာတိ ”လိုက်ပါပြီ။

လွတ်အောင်ပြေးတော့ . . ဓမ္မစေတီ

ဓမ္မစေတီခေါင်းလောင်းရှာဖွေရေးအဖွဲ့ ရေအောက်တွင် ခေါင်းလောင်း နှစ်လုံးရှာဖွေ တွေ့ရှိထား
==========================================
ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၁၀) အမှတ်(၃၂)
သူသူထက်လွင် | ရန်ကုန်၊
ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ဝင်များသည် ရေအောက်တွင် ခေါင်းလောင်းနှစ်လုံး ရှာဖွေတွေ့ရှိထား ပြီး ယင်းခေါင်းလောင်း ဆယ်ယူရေးလုပ် ငန်းများ အောင်မြင်စေရန် မွန်ဘုရင်မ ကြီးရှင်စောပုအား ပွဲပေးဆုတောင်းမည် ဖြစ်ကြောင်း သိရသည်။
နတ်စင်တစ်ရာဆရာတော် မိန့်ကြား မှုဖြင့် ဓမ္မစေတီခေါင်းလောင်းအား နေ ရာပြောင်းရှာရာမှ ခေါင်းလောင်းနှစ်လုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဓမ္မစေတီခေါင်း လောင်း ဟုတ်၊ မဟုတ် အတည်ပြုရန် စောနေသေးကြောင်း ခေါင်းလောင်းဆယ် ယူရေး အထောက်အကူပြု ဆပ်ကော်မ တီမှ သိရသည်။
''ဓမ္မစေတီခေါင်းလောင်း ဆယ်ယူ ရေးအဖွဲ့တွေက နတ်စင်တစ်ရာ ဆရာ တော်ရဲ့ မိန့်ကြားချက်နဲ့ အစကသင်္ဘော အောက်မှာ ခေါင်းလောင်းရှာနေရာက သင်္ဘောဘေးမှာ ရှာကြည့်ပါတယ်။ သြ ဂုတ် ၁၅ ရက်မှာ တွေ့တယ်။ တွေ့တယ် ဆိုတာက ရေငုပ်သမားတွေ ပြောတာပါ။ တို့အဖွဲ့(ခေါင်းလောင်းဆယ်ယူရေး အ ထောက်အကူပြုကော်မတီ)တွေက ဓမ္မ စေတီခေါင်းလောင်းလို့ အတည်ပြုပေး လို့မရသေးဘူး။ ခေါင်းလောင်းက ရေ ငုပ်သမားတွေပြောတဲ့ စကားအရ နှစ်လုံး တွေ့တယ်။ အကြီးတစ်လုံး၊ အသေးတစ် လုံး။ သူတို့ပြောတာကတွေ့ပြီ။
တွေ့တော့ ကြိုးတွေချည်ပြီး ဗောတွေတင်ထားပြီ။ အခု လောလောဆယ် သောင်တူးစက်နဲ့ တူးနေတယ်။ သဲတွေစုပ်နေတုန်းပဲ။ အ တည်ပြုပေးဖို့ အချိန်ယူရမယ်''ဟု ဓမ္မ စေတီခေါင်းလောင်းတော် ဆယ်ယူရေးအ ထောက်အကူပြုဆပ်ကော်မတီမှ ဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ပြောသည်။
နတ်စင်တစ်ရာဆရာတော်ကြီးက ''ခေါင်းလောင်းတွေ တွေ့ထားတယ်။ သြ ဂုတ် ၁၉ ရက် မနက် ၉ နာရီမှာ တူးနေ ကြတယ်။ ဘဘုန်း အဲဒီနေရာမှာ ရှိနေ တယ်။ ပြီးရင် ဘဘုန်းတို့သွားစရာလေး ရှိတယ်။ လုပ်စရာလေးတွေရှိတယ်''ဟု ပြောသည်။

အဆိုပါခေါင်းလောင်းများ အောင်မြင် စွာဆယ်ယူနိုင်ရန် နတ်စင်တစ်ရာ ဆရာတော် နှင့် ဓမ္မစေတီခေါင်းလောင်းတော် ဆယ်ယူရေး အထောက်အကူပြုဆပ်ကော်မတီမှ လပွတ္တာ မြို့နယ်တွင် မွန်ဘုရင်မရှင်စောပုအား ပွဲပေး ၍ ဆုတောင်းသွားမည်ဖြစ်သည်။

''နတ်စင်တစ်ရာဆရာတော်ကြီးက ၁၉ ရက် ၂ နာရီမှာ ခရီးထွက်မယ်။ လပွတ္တာမှာရှိ တဲ့ ဘုရင်မကြီးရှင်စောပုရဲ့ဘုရား ရှင်စောမြတ် စေတီမှာ ပွဲပေးဖို့ ဆရာတော်ကြီးနဲ့အတူ ကျွန် တော်တို့သွားမယ်။ ဓမ္မစေတီခေါင်းလောင်း က ဘုရင်မကြီးရှင်စောပုနဲ့လဲ ပတ်သက်ပါ တယ်။ ဓမ္မစေတီမင်းက ရှင်စောပုရဲ့ သမက်ပါ။ ဘုရင်မကြီးရှင်စောပုက သမက်ကို နန်းလွှဲပြီး ဘုရား၊ တရားပဲလုပ်နေတယ်။ ဦးစံလင်းပြော တာက မြုပ်နေတဲ့ထဲမှာ ဘုရင်မကြီးရှင်စောပု ရုပ်တုနှစ်ခုပါတယ်လို့ ပြောတယ်။ တွေ့ရှိတာ တွေအားလုံး ရွှေတိဂုံဘုရားကို လှူဒါန်းဖို့ရှိပါ တယ်''ဟု ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ဆက် ပြောသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ဦးစံလင်း၊ ဦးဝင်းမြင့်(ရွှေအုန်းပင်)တို့မှ ဆယ် ယူခွင့်ရရှိပြီး သင်္ဘောပျက်အောက်တွင် ရှာဖွေ နေရာမှ နတ်စင်တစ်ရာဆရာတော်၏ မိန့် ကြားချက်ဖြင့် သင်္ဘောနှင့် မိုင် ၂ဝ၊ မိုင် ၃ဝ အကွာတွင် ရှာဖွေရာ ဆယ်ယူရေးအဖွဲ့ဝင် များသည် ခေါင်းလောင်းနှစ်လုံး စတင်ရှာဖွေ တွေ့ရှိခြင်းဖြစ်ပြီး တွေ့ရှိထားသော ခေါင်း လောင်းများသည် ဓမ္မစေတီခေါင်းလောင်း ဟုတ်၊ မဟုတ် ဆယ်ယူလေ့လာရန် အချိန် နှစ်ပတ်၊ သုံးပတ်ခန့်လိုကြောင်း ဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီထံမှ သိရ သည်။
==========================================
#YangonMediaGroup ™ | #MZK | www.yangonmedia.com

https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.334119789940281/827196367299285/?type=1&fref=nf

ညနေစာ

ခရိုနီတွေက မော်ဒယ်မလေးတွေနဲ့ . .
လကမ္ဘာပေါ်ကိုတက်နေချိန်မှာ
ဒေသခံပြည်သူတွေက ..
လယ်ပျောက် ၊ ယာပျောက် ၊ အိမ်ခြံမြေပျောက် ခဲ့ရတယ်ဆိုတာ
မင်းသိလား?

မင်းတို့က အမြုတ်ထနေတဲ့ ဘီယာခွက်ကို
တစ်ခွက်ပြီးတစ်ခွက်သောက်နေချိန်မှာ
လက်ပတောင်းတောင်ဒေသခံပြည်သူတွေခမျာ
ထောင်နန်းစံနေရတယ်ဆိုတာ . .
မင်းသိလား ?
Photo: ညနေစာ
☀ ☀ ☀ 

မသိရင်  . . .
ဒေါ်အောင်ဆန်းစုကြည်ပြောသလို 
ပြည်သူတွေ စာဖတ်ပါ  . .

ရော့  . . ဖတ်လိုက်တော့  . .
http://aungminkhoung.blogspot.com/2014/08/blog-post_23.html
မင်းအတွက်  . ..  ကဗျာ  . .
မင်းအတွက်  . . မဟာ  .. 
မင်းအတွက်  ..  သူရဲကောင်းစစ်စစ်
မင်းအတွက်  . . ရဲရဲင့်တဲံ့ ဓားတစ်ချောင်း
မင်းအတွက်  . . ချိုးဖြူငှက်တစ်ကောင်
မင်းအတွက်  . .. . ရေသန့်တစ်ပုလင်း
မင်းအတွက်  .   ..  ညနေစာတစ်ထုတ်
မင်းအတွက်  . . (၂၀၀၀)တန်တစ်နေ့စာ
မင်းအတွက်  . . .  . . . .  . . . . . .  .။

သူယုတ်တို့ ဗိုလ်လုပ်တဲ့ခေတ်

Photo: သူယုတ်တို့ ဗိုလ်လုပ်တဲ့ခေတ်
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥   
စစ်ဗိုလ်ချုပ်ကြီးတွေက  . . 
သမ္မတဖြစ်ပြီး . . .
ဗိုလ်ချုပ်ကလေးတွေက. . .
လွှတ်တော်အမတ်တို့ဝန်ကြီးတို့ဖြစ်သလို  .
ခရိုနီတွေကတော့  . .. 
“ဘော/ဥက္ကဌ” 
“ယော/ဥက္ကဌ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေတပ်ထားမှတော့
အဲဒီနိုင်ငံ / အဲဒီနိုင်ငံသား / အဲဒီဘာသာဝင်တွေ .  . .
ဆွဲကြိုးချသေရတာထက် ဆိုးသပေါ့။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

သူယုတ်တို့ ဗိုလ်လုပ်တဲ့ခေတ်

စစ်ဗိုလ်ချုပ်ကြီးတွေက . .
သမ္မတဖြစ်ပြီး . . .
ဗိုလ်ချုပ်ကလေးတွေက. . .
လွှတ်တော်အမတ်တို့ဝန်ကြီးတို့ဖြစ်သလို .
ခရိုနီတွေကတော့ . ..
“ဘော/ဥက္ကဌ”
“ယော/ဥက္ကဌ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေတပ်ထားမှတော့
အဲဒီနိုင်ငံ / အဲဒီနိုင်ငံသား / အဲဒီဘာသာဝင်တွေ . . .
ဆွဲကြိုးချသေရတာထက် ဆိုးသပေါ့။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget