ကျနုပ်တို့သည် ဘ၀ကို စွဲလမ်းမှုဖြင့်စသည်ဟုပင် ဆိုစကောင်းသည်ကို
“ဥပါဒါန ပစ္စယာ ဘဝေါ” ကိုထောက်၍ သိနိုင်သည်။ သူသူငှာငှာကို အ
ဘယ်မျှ တရားတွေဟော စာတွေရေးသားဝေငှနေစေကာမူ ထိုသူသည်
တစ်စုံတစ်ခုကို စွဲလမ်းနေခြင်းဖြင့် .. ဥပါဒါန်သို့ လွမ်းနေသူသာဖြစ်
သည်။ ထိုသူ၌ ဘ၀အဆုံးကို မြင်ခွင့်မရသေးသလို ထိုသူ၏ action
တို့သည် အခြားသူအတွက် တစ်စုံတစ်ခုသော ဆိုးကျိုးရလာဒ်ကိုဖြစ်စေ
တက်သည်။
ဥပမာ စစ်ဗိုလ်ချုပ်ကြီးသည် ဥပါဒါန်ကြီး ရမ္မက်စီးသူဖြစ်ပါက ယင်းနိုင်ငံ
တွင် ပြည်သူလိုလားဗဟိုပြုသော အခြေခံဥပဒေခိုင်မာမှုမရှိသော် ထိုနိုင်
ငံသည် ယင်းအဓမ္မစစ်ဗိုလ်ချုပ်ကြီး၏ ယုတ်မာပတ်စက်မှုကိုခံရပေတော့
သည်။ ထိုသည်ကို မျက်မှောက်ခေတ် စာပေလိုက်စားသော လူငယ်များ
သည်နိုင်သည်။
ဥပါဒါန်သည် အလွန်ပင်လျှော်ဖွတ်ရခက်သော အ၀တ်တစ်ထည်နှင့်တူ
သည်။ ရဟန်းဖြစ်စေ ၊ လူဖြစ်စေ သတ္တ၀ါမှန်သမျှသည် ယင်းဥပါဒါန်ကို
ကျော်လွန်နိုင်မှသာလျှင် “ဘ၀ဖြစ်ကျိုးနပ်သည်” “လူဖြစ်ကျိုးနပ်သည်”
ကမ္ဘာကျော်သည်မကျော်သည်က ပဓာနမဟုတ် “ယင်းဥပါဒါန်ကို” အ
ထိုက်အလျှောက် လျှော်ဖွတ်နိုင်မှသာလျှင် သန့်စင်သောဘ၀ကိုဖြတ်
သန်းခွင့်ရသည်။
ဥပါဒါန်သည် သတ္တ၀ါတို့အား အစဉ်တစိုက် ပူးဝင်ပက်သတ်နေတက်
သည်။ ကိုယ်တွေ့မို့ ယင်းဥပါဒါန်ကို မြင်အောင်ကြည့်နိုင်ခဲ့သည်မှာ
ဆယ်စုနှစ်တစ်ခုသာမျှရှိသေးသည်။ ယင်းကိုမြင်ခွင့်ရလိုက်၍ ဘ၀တွင်
အထိုက်အလျှောက်နေသာထိုင်သာရှိသည်။
စစ်အစိုးရက ၀ါဆိုရန်အကျဉ်းထောင်ထဲသို့ (၃)နှစ်လောက်သီတင်းသုံး
ခိုင်း၍ တရားသူကြီးက သုံးနှစ်အမိန့်ချမှတ်ခဲ့သောကြောင့် ကျနုပ်သည်
အကျဉ်းထောင်ထဲတွင် ရေရေလည်လည်ဝါဆိုသီတင်းသုံးဖူးသည်။ ထို
အခါ ကျနုပ်ရဟန်း(၂)၀ါအရတွင် ဥပါဒါန်ကိုသိမြင်နိုင်ခဲ့သောအကျိုး
ကျေးဇူးကြောင့် အကျဉ်းထောင်ထဲတွင် ဖြေဆည်ရာရခဲ့ပါသည်။
ဒါ့ကြောင့် ကျနုပ်သည် ကျန်နေသောအချိန်အား ဥပါဒါန်အစွဲအားကြီး
စေတက်သော အလေ့အကျင့်များကို အများသူငှာသိနိုင်စေရန်ယခုလို
စာများရေးသားဝေငှခြင်းသာဖြစ်သည်။

စစ်ခွေးကြံ့ဖွတ်တို့အား မုန်းတီး၍ ခရိုနီတို့အားနာကျည်း၍ရေးနေသည်
မဟုတ်၊ အများဝေနေယျတို့အား ဥပါဒါန်အစရှိသော ဒုက္ခဘ၀ဖြစ်ရာ
ဖြစ်ကြောင်းတို့၏ ကုန်ရာခမ်းရာ ချုပ်ရာသို့ နည်းပေးလမ်းညွှန်ခြင်းသာ
ဖြစ်သည်။
စစ်ခွေးကြံ့ဖွတ်တို့သည် ရဟန်းသံဃာတော်တို့အားသတ်ဖြတ်၏ ..
သမိုင်းဝင်စေတီပုထိုးတို့အား ဖျက်ဆီး၏ .. . ပြည်သူပိုင်တို့အား မတရား
ခိုးယူ၏ . . . ဤသို့ရေးသားခြင်းသည် အနှီစစ်ခွေးကြံ့ဖွတ်တို့အား စိတ်
နာကျည်း၍ ရေးသည်မဟုတ်။ တိုင်းသားပြည်သူတို့အား အနှီစစ်ခွေးကြံ့
ဖွတ်ခရိုနီတို့ကဲ့သို့ ယုတ်မာသောမဟာအကုသိုလ်ကြီးကို မပြုလုပ်မိကြ
စေရန်သာဖြစ်သည်။
တစ်ဖန် . . .. ဒေါ်အောင်ဆန်းစုကြည် ၊ မင်းကိုနိုင် ၊ ဇာဂနာ ၊ ကိုထင်
ကျော်၊ ဒေါ်နော်အုန်းလှ ၊ မသန္တာ ၊အစရှိသော ထိုပုဂ္ဂိုလ်တို့အားလည်း
ချစ်ခင်လေးစား၍ ရေးသားသည်မဟုတ် . . . တိုင်းသားပြည်သူတို့အား
ထိုဒေါ်အောင်ဆန်းစုကြည် .. နေမျိုးဇင် အစရှိသောသူများကဲ့သို့ ပေး
ဆပ်ရဲသော ပါရမီမြောက်ကုသိုလ်များကို သိရှိကြစေရန် ကိုယ်လည်းသူ
တို့နည်းတူ စွမ်းနိုင်သလောက်အားထုတ်နှိုင်ကြစေရန်အတွက်သာရေး
သားခြင်းဖြစ်ပါသည်။
ဥပါဒါန်လွတ်ရေးသားခြင်းပေါ့လေ။ ထို့ကြောင့် ကျနုပ်သည် ဥပါဒါန်ကို
ကောင်းစွာ အကျွမ်းဝင်ရင်းနှီးချစ်ခင်ခဲ့ဖူးသည်။ ထို့ကြောင့် ယင်းဥပါဒါန်
၏ ယုတ်မာပက်စက်မှုကို သိသည်။
တစ်ခါက ညသန်းခေါင်လောက်တွင် ကျနုပ်အား ယင်းဥပါဒါန်သည်လက်
နက်မဲ့ နှိပ်စက်ခဲ့ဖူးသည်။ မှတ်မှတ်ရရ ထိုညတွင် ကျနုပ်ကျောင်းသင်္ခန်း
၌ Air con လေအေးပေးစက်တက်ထားသည်။ ဖြစ်ပုံက ကျနုပ်သည်လူ့
ဘ၀တွင် အစောကတင်ပြခဲ့သလို များစွာသောဥပါဒါန်များရှိသည်။
တစ်ဦးတည်းသောသားမို့ “ဆန်စက်” “လယ်မြေဧကများစွာ” တို့သည်
ကျနုပ်ပိုင်ဖြစ်သကဲ့သို့ ကျနုပ်နှင့် နှစ်ပေါင်းများစွာ ချစ်ခင်စုံမက်လာခဲ့
သည်။
ကျနုပ်သည် သူတို့ကို တပ်မက်သည် မစွန့်လွှတ်နိုင် ..
တစ်ဖန် ထိုစဉ်က GSM လက်ကိုင်ဖုန်းတစ်လုံးလျှင် သိန်းသုံးဆယ်မက
ပေးရသည် ယင်းနောက် တန်ဘိုးကြီးသော computer များယင်းတို့သည်
လည်း ကျနုပ်ရဟန်းဘ၀သို့ရောက်သောအခါ ရဟန်းသုံးကရိယာတန်
ဆာပလာများဖြစ် ကျနုပ်နှင့် အကျွမ်းဝင်နေကြသည်။
ထိုညသည် ကျနုပ်အား ဥပါဒါန်ကို မုန်းတီးမိသောညပင်တည်း ..
ပြောခဲ့ပြီးသော လူ့ဘ၀က ဆန်စက် အစရှိသော ဥပါဒါန်မျာသည် ကျနုပ်
အားလာရောက် နှိပ်စက်ကြလေသည်။ လေအေးပေးစက်ကြောင့် အေးမြ
နေသော ကျနုပ်၏ကိုယ်ကာယတွင် အေးမြနေသော်လည်း ကျနုပ်၏ ရင်
ဝတွင် ၀မ်းဗိုက်မှထိုးတက်လာသော အလုံးကြီးတစ်လုံးက အောင့်နေ
အောင်ကိုပင် ထိုးတက်လာသည်။
ကျနုပ်အသက်ရှုကြပ်လာသည်။ “ငါဘာဖြစ်နေတာလည်း” ဟု ကိုယ်ကို
ကိုယ်ဆန်းစစ်သောအခါ ကျနုပ်လူ့ဘ၀က အကြွမ်းဝင်လာခဲ့ကြသော
“ဆန်စက်” “ဧကများစွာသောလယ်ယာမြေ” နှင့်အခြားလယ်ယာသုံး
ကရိယာများ .. သူတို့ကိုကျနုပ် စွန့်ထားခဲ့ရ၍ နှမြောနေသည်။ တပ်
မက်နေသည်။ ရဟန်းဘ၀နှင့်မသက်ဆိုင်သော ထို ဥပါဒါန်များကို ကျ
နုပ် ထိုညမှာ လွမ်းဆွတ်နေသည်။
“ဟိုး အရင်က ထိုစက်ကရိယာကြီးများနှင့် ကျနုပ်သည် သူဌေးသားဟူ
သော ဂုဏ်ဒြပ်ဖြင့် နေသားတကျရှိခဲ့ဖူးသည်။ ထိုအဖြစ်ကို ကျနုပ်သည်
ရဟန်းဘ၀ဖြင့်လည်းခဲ့ရသည်။ ကျနုပ်၏မျိုးရိုးဂုဏ်သတ္တိကြောင့် ဆီ
လျှော်သော တင့်ကောင်းတင့်တယ်သည့် မာတုဂါမတို့ကို ကျနုပ်စွန့်
လွှတ်ခဲ့ရသည်။ ထိုညမှာတော့ လေအေးပေးစက်အခန်းထဲမှာ ကျနုပ်
ကို သူတို့က သွေးဆောင်ဖြားယောင်းနေပေတော့သည်။
ဒါတွေကို အပြီးတိုင်စွန့်ခဲ့ရလေပြီတကား . . ဟု . . အမှတ်အသား
ရှိသော ကျနုပ်နှလုံးအိမ်သည် အခုလို အသက်ရှုကြပ်အောင်စို့နင့်လာ
ခြင်းသာဖြစ်သည်ဟု ” ကျနုပ် သတိမူနိုင်ခဲ့သည်။
ထို့ကြောင့်ကျနုပ်သည် “ထိုသတိကို ပညာဖြင့်ထိမ်းမှသာ ငါဒီညအသက်
ရှင်ဖွယ်ရာရှိတော့တယ် ဒါမှမဟုတ်ရင် ငါ့ရင်ဘတ်အသတ်ရှုကြပ်ကာ
သေလိမ့်မည်။ ရင်ကွဲနာကျသေတယ်ဆိုတာ အခုငါခံစားနေရသောဝေ
ဒနာကိုဖေါ်ညွှန်းတာပဲ . . ” လို့ အသိကပ်သတိမှတ်လိုက်သည်။
ကျနုပ်နှစ်ပေါင်းများစွာစွဲလမ်းလာခဲ့သော . .
“ ဥပါဒါန်ပေါင်းများစွာတို့ထက် ယခုတည်နေသော
အသက်သည်သာ တန်ဘိုးရှိသည်။”
“ထိုထိုသော ဥပါဒါန်ပေါင်းများစွာတို့သည် ဟိုးဟိုးသော
ဘ၀ပေါင်းများစွာကငါဆုံးရှုံးခဲ့ရဖူးလေပြီ ”
“ဟိုးယခင်က ပေါက္ကံပြည်ရဲ့ ရုပ်စုံအလွမ်းတွေ ငါ့မှာမရှိတော့ ” ..
“ချုပ်ငြိမ်းခဲ့လေသော အနတ္တပစ္စည်းများ”
“လောကသည် မတည်မြဲသောသဘောရှိသကဲ့သို့ ငါ့ကိုယ်ခန္ဓာ
အပါ
အ၀င် ရုပ်ဝတ္ထုစွဲလမ်းရာဥပါဒါန်ပေါင်းများစွာတို့သည်လည်း
ချုပ်ငြိမ်းကွယ်ပရပေဦးတော့မည်”
“ငါသည် ထိုမတည်မြဲသော ဥပါဒါန်တို့အား မစွဲလမ်းသင့်
ယင်းတို့သည် ယခုတိုင် မီးကဲ့သို့ ငါ့အားပူလောင်နှိပ်စက်ကြလေပြီ”
“ငါတကယ်လိုအပ်တာက အေးမြသောခံစားမှု ”
“ငါတကယ်ရနေတာက ပူလောင်သော ဥပါဒါန်များ”
“ထို့ကြောင့်ငါသည် ယင်းတို့ကို ဒီနေ့ညမှစ၍ စွန့်လွှတ်တော့အံ့”
“အို . . .”
“စွဲလမ်းရာ ဥပါဒါန်တို့ .. . . ”
“ငါ့နှလုံးအိမ်မှ ဆင်းသက်ကြကုန်လော . . .”
“ငါသင့်တို့၏ နှိပ်စက်မှုကို မြင်ခဲ့လေပြီ . . .”
“ သင်တို့သည် ငါ့အား ဘ၀များစွာ နှိပ်စက်ခဲ့ကြဘူးလေပြီ . .. ”
“ဒီဘ၀နှင့် ဒီညတော့ . . .
“နင်တို့ အပြီးတိုင်ငါ့ထံမှ ထွက်ခွါသွားကြပါကုန်လော့”
“ငါ့၌ တပ်မက်ရာ ဥပါဒါန်ဟူသည် အပူဟူ၍သာမှတ်တော့သည်။”
“ထို့ကြောင့် . .”
“အသင် အပူဥပါဒါန်တို့ .. . သွားကြပါကုန်လော့ . . . ”
ထိုညသည် ကျနုပ်နှင့် ဘ၀များစွာ နာရီများစွာ ကျနုပ်နှင့်အသား
တကျနေထိုင်လာခဲ့သော . . .
အပူအလောင်ဒုက္ခတုံး ဒုက္ခခဲကြီးဥပါဒါန်ကို . . .
ထိုည၌ လွမ်းမောရင်းနှင့်ပင် . . .
လွမ်းစရာများနှင့်အတူ . . .
မောင်းထုတ်နိုင်ခဲ့လေတော့သတည်း . . . ။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment