.

AlinShin

Tuesday, December 2, 2014

Father Land ဦးကျော်မြင့်ကို ကျပ်သိန်း(1000)ဖြင့် အာမခံပေးလိုက်ပြီ


Father Land  ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ကျောက်တံတားတရားရုံး၌ ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် စတင်ရုံးထုတ်ခဲ့ပြီး ကျောက်တံတားမြို့နယ် တရားရုံးက ကျပ်သိန်း ၁ဝဝဝ ဖြင့် အာမခံပေးခဲ့ကြောင်း သိရသည်။   “တရားခံရှေ့နေက ဦးကျော်မြင့်မှာ နှလုံးရောဂါရှိတယ်။ 


ကျန်းမာရေးမကောင်းဘူးဆိုပြီး အာမခံလျှောက်ထားမှုကို တရားရုံးက လက်ခံလိုက်တယ်။ အာမခံကြေးအနေနဲ့ ဦးကျော်မြင့်ရဲ့ ယောက်ဖနှစ်ယောက်က ကျပ်သိန်း ၅ဝဝ စီနဲ့ ပေါင်း ကျပ်သိန်း ၁ဝဝဝ ဖြင့် အာမခံပေးရတယ်။ ကျွန်မအမှုသည် တရားလိုဘက်ကတော့ ကျေနပ်မှုမရှိလို့ ခရိုင်တရားရုံးကို တက်မှာပါ” ဟု တရားလို၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဆွေဆွေညိမ်းက ပြောကြားသည်။ ရုံးချိန်းကို ဒီဇင်ဘာ ၁၆ ရက်သို့ ချိန်းဆိုခဲ့ကြောင်း ကျောက်တံတားမြို့နယ်တရားရုံးမှ စုံစမ်းသိရှိရသည်။    ထို့ပြင် ဦးကျော်မြင့်အား ရုံးထုတ်စစ်ဆေးနေစဉ်အတွင်း ၎င်းပိုင်ဆိုင်သည့် ဆောက်လုပ်ရေးကုမ္ပဏီထံသို့ တိုက်ခန်းဝယ်ယူမှုအတွက် ငွေပေးချေထားသူ ပြည်သူအချို့ကလည်း အမှုသွားအမှုလာကို လာရောက်ကြည့်ရှုမှုများ ရှိခဲ့သည်။   ဖြစ်စဉ်မှာ ကျောက်တံတားမြို့နယ် အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်း အလယ်ဘလောက် အမှတ် ၁၈၁/၁၈၇၊ မြေအကျယ် ၁ဝဝ x ၆ဝ ပေပေါ်၌ မြေပိုင်ရှင်ဖြစ်သူ ဦး .... နှင့်   Father Land  ဆောက်လုပ်ရေးကုမ္ပဏီမှ ခေတ်မီ လေးခန်းတွဲ ၁၂ ထပ်ခွဲ တိုက်အား နှစ်နှစ်အတွင်း ဆောက်လုပ်ပေးရန် စာချုပ် ချုပ်ဆိုအပ်နှံခဲ့ကြောင်း သိရသည်။  သို့သော် မြေရှင်သဘောတူညီသည့် ပုံစံအတိုင်းမဟုတ်ဘဲ ဦးကျော်မြင့်မှ ၎င်းစိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ်အတုများဖြင့် စည်ပင်မှ ခွင့်ပြုချက်ရယူ ဆောက်လုပ်ခဲ့ကြောင်း၊ အဆိုပါ ၁၂ ထပ် တိုက်မှာ  ၂ဝ၁၂  ခုနှစ်တွင် လူနေထိုင်ခွင့်ရမည်ဖြစ်သော်လည်း လေးနှစ်ကျော်ကြာမြင့်သည့်တိုင် ပြီးစီးအောင်aဆာက်လုပ်ပေးခြင်း မရှိသဖြင့် အရေးယူပေးရန်အတွက် စက်တင်ဘာ ၉ ရက်တွင်  မြေပိုင်ရှင်က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။   အဆိုပါဖြစ်စဉ်မှ အမှုဖွင့်ခံရသည့် Father Land  ဆောက်လုပ်ရေးကုမ္ပဏပိုင်ရှင် ဦးကျော်မြင့်ကို နိုဝင်ဘာ ၁ဝ ရက်တွင်  ကျောက်တံတားမြို့နယ် တရားရုံးက ၎င်းအား ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး ဝရမ်းထုတ်ပြီး ၁၄ ရက်အကြာတွင် ကျောက်တံတားရဲစခန်းသို့ လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်ကို ကျောက်တံတားမြို့မရဲစခန်းမှ (ပ)၃၆၂/၂ဝ၁၄၊ ပုဒ်မ-၄၂ဝ/၄၆၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။   - See more at: http://news-eleven.com/

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget