.

AlinShin

Tuesday, December 2, 2014

ခွန်းဆင့်နေခြည်နှင့် အတုအစစ်ပြဿနာ



ကျွန်မကို အတုလားတဲ့ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး 
ကာယအလှမယ်ဆု ၈ ဆုတော့ ရခဲ့ဖူးပါတယ် မော်ဒယ်ဆု မဟုတ်ဘူးနော် 
ကာယအလှမယ်ဆု ကိုယ်လုံးအလှကိုပြိုင်ရတဲ့ ကာယအလှမယ်ဆု 
မော်ဒယ်တွေပြိုင်သလိုမျိုးပြိုင်ခဲ့ရတာမဟုတ်ဘူးနော် တစ်ကိုယ်လုံး
ချွတ်ပြီး အနာရွတ်တို့ အကြောပြတ်တာတို့ ရှိမရှိ ဆေးစစ်ရတယ် 

အဲ့ဒါ အမျိုးသမီးဆရာဝန်မတွေစစ်တာပါ တစ်ယောက်ချင်းဆီ ဝင်စစ်ရတယ် 
အဲ့ဒီ့ဆေးမှတ်အောင်ရင် ၁၀ မှတ်ရတယ် စင်ပေါ်မှာ ပြိုင်တာက လမ်းလျောက်
တာရယ် ရုပ်ရည်ပြေပြစ်မှု့ရယ် ကိုယ်လုံးအနေအထားရယ် ကိုယ်ဟန်ပြတဲ့ 
Post ခုနှစ်မျိုး အဆင်ပြေပြစ်မှု့ရှိမရှိရယ် အသံကောင်းမကောင်းလည်း 
စကားပြောခိုင်းသေးတယ် အရပ်အမောင်းနဲ့ ခံနာကိုယ် အချိုးအစားလည်း
ဘောင်ဝင်ရမယ် အဲ့ဒါတွေအားလုံးပေါင်းပြီး ပြိုင်ပွဲဝင်အားလုံးထဲကမှ စကာတင်
၅ ယောက် ရွှေးတယ် ၅ယောက်ထဲကမှ ပထမ ဒုတိယ တတိယ နဲ့ နှစ်သိမ့်ဆု 
ဒါတွေကိုပေးသွားတယ် ချက်ချင်းတက်ပြိုင် ချက်ချင်းရခဲ့တာလည်း မဟုတ်ပါဘူး 
နှစ်ရှည်စီမံကိန်းနဲ့ လေ့ကျင့်ခန်းတွေ အသေအလဲလုပ်ကိုယ့်ကိုယ်ကို ပိုးမွေးသ
လိုမွေးပြီး လေ့ကျင့်ခဲ့ရတာပါ တင်ပါးကြီးဖို့ ပခုံးပေါ် သံတုတ်ထမ်းပြီးဟိုဘက်ဒီ
ဘက် ပေါင် ၆၀ စီထည့် နှစ်ဘက်ထည့်ရတော့ ပေါင် ၁၂၀ သံဒုတ်နဲ့ပါပေါင်း
လိုက်ရင် ၁၃၀ လောက်လေးတဲ့ အလေးတွေကို ပခုံးပေါ်တင်ထမ်းပြီး ထိုင် ထ
တွေ လုပ်ခဲ့ရတာ ကျွန်မဆရာ မောင်ဗမာ ဦးစိန်မောင်ကလည်း အသေအကြေကို
မောင်းခဲ့တာ ဗိုက် မပူအောင် ဗယ်လ်ရီ ရိုက်ရတယ် အိပ်ထမတင် ကိုပြော
တာနော် တစ်နေ့ကိုအကြိမ် ၁၂၀၀ လောက် ရိုက်ရတယ် ဗိုက်အတွက် ဗိုက်အ
ဆီမတက်အောင်လို့လေ ခါးမတုတ်အောင်လည်း သံလုံးတွေ သံဒုတ်တွေနဲ့ 
ကစားနည်းပေါင်းစုံကို အသေအလဲ တစ်နေ့ ၃ နာရီ ၃ ရက်ကစားတစ်ရက်နား 
ဆိုတဲ့နှုန်းနဲ့ ကစားခဲ့ရတာပါ လွယ်လွယ်လေးနဲ့ ရခဲ့တဲ့ဆုတွေလည်း
ဟုတ်ပါဘူး အကြောင်းမသိသူများကတော့ အတုလားလို့ မေးရက်ကြတာ
ပေါ့လေ ဒါကြောင့်အကြောင်းသိအောင်လို့ စာတွေအများကြီးရိုက်ပြီးရှင်းပြ
ထားတာပါ ဒါတောင် ရှင်းပြဖို့ကျန်သေးတယ်စာဖတ်တဲ့သူတွေ မဖတ်နိုင်မှာစိုး
လို့ချုံ့ပြီးရေးထားတာ ဆုတွေရခဲ့တယ် ပြိုင်ပွဲ တွေအများကြီးပြိုင်ခဲ့ဖူးတယ် 
အသေအလဲ exercise တွေလုပ်ခဲ့ရတယ် အလေးတွေနဲ့ အသေအကြေ 
ကစားခဲ့ရတော့ တော်ရုံအဆီမတက်လာတော့ဘူး ခုလည်း နေ့တိုင်း
 EXERCISE လုပ်ဖြစ်ပါတယ် Exercise လုပ်ခြင်းသည် 
ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာများကိုပြောင်းလဲစေပါသည်။





No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget