.

AlinShin

Tuesday, December 9, 2014

ဘုရားဘာ့ကြောင့် ဖျက်ကြတယ်


























ဘုရားဘာ့ကြောင့်  . . ဖျက်ကြတယ်
✩ ♥  ✩ ♥  ✩ ♥  ✩ ♥  ✩ ♥  ✩ ♥  ✩ ♥  ✩ 
မြန်မာနိုင်ငံသည် ဟိုး . . . ရှေးပဝေသဏီကပင် ဗုဒ္ဓဘာသာကို အဓိကရ
ဘာသာအဖြစ် လူအများစုကိုးကွယ်ခဲ့ကြသည်။ ထိုစကားကို အတ္တနောမတိ
ငါတကောကော၍ပြောဆိုခြင်းမဟုတ်သည်မှာလည်း သမိုင်းကျောက်စာ
စသည့် ရုပ်ကျွင်းများက သက်သေခံလျက်ရှိသလိုမျက်မှောက်တွေ့မြင်
နေရသည့် စေတီ၊ပုထိုး၊ဂူ၊ကျောင်းဇရပ်၊မုဒ်ဦးတို့ကလည်း ပစ္စုပ္ပန်အရပ်
မှနေ၍ အတိတ်ကာလဆီသို့ ယုတ္တိဗေဒဆန်ဆန် တင်ပြနေသည်မဟုတ်
ပါလော  ..  ။
ထို့ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင်  . . . . . 
ဗလီတွေ၊ Church ကျောင်းတွေသည် ရေတွက်ပိုင်းခြား၍ ရနိုင်သော်လည်း
ထုံးဖြူဖြူစေတို့အား၎င်း ၊ ရာသီဒဏ်ကိုကြံ့ကြံ့ခံနိုင်ပါသည့် အုတ်ညိုပြိုစေတီ
အိုတို့အား၎င်း ရေတွက်ခြင်းငှာ ခဲယဉ်းလှသည်။ လူသူနည်းပါးသော ကမ္ဘာ
ကျော်ရေအိုင်ကြီးဖြစ်သည့် “အင်းလေးကန်”ကြီးထဲတွင်ပင် ဗုဒ္ဓစေတီတော်
ရုပ်ပွားတော်တို့သည့် ပေါလောပေါ်လျှက် နတ်လူတို့၏အပူဇော်ကိုခံယူတော်
မူနေပြန်သည်ကား ရှေးမြန်မာမင်းများအဆက်ဆက်က အတော်ကို ၊ အလွန်
အမင်းကို၊ ဗုဒ္ဓဘာသာအားသက်ဝင်ယုံကြည်ခဲ့ကြသည်ဟု ကောက်ချက်ချ
နိုင်ပြန်ပါသည်။ 
သို့သော်  . . . . .
ယင်း စေတီ၊ပုထိုး၊ဂူ၊သိမ်၊ကျောင်း၊ဇရပ် စသည်တို့အား ယနေ့ခေတ်ခေါ် 
(န၀တ)(နအဖ)စစ်ခွေးရေခွံကျွတ်ကြံ့ဖွတ်သိန်းစိန်တို့လက်ထက်တွင်မူ 
ဧရာမကြီးမားလှသော BULLDOZE များဖြင့် ထိုးကော်ဖျက်ဆီးပစ်ကြ
သလိုဗုဒ္ဓရှင်တော်မြတ်၏သားတော်များဖြစ်ကြသော ရဟန်းသံဃာတော်
များသီတင်းသုံးရာကျောင်းတိုက်တာကြီးများကို စစ်ပွဲကြီးသဏ္ဍာန်ဝင်ရောက်
စီးနင်းတိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည်။(2007- Septmber-ငွေကြာရံ)
အချုံ့အားဖြင့် တင်ပြရလေသော်  . . .
ယခုဆောင်းပါးပါ သတင်းဓာတ်ပုံများအတိုင်း  . . .
စစ်ခွေးကြံ့ဖွတ်မိစ္ဆာတစ်စုသည် သူတို့၏အကျိုးစီးပွားအတွက်  . . . 
ရဟန်းသံဃာများကိုသတ်မည်၊ထောင်ချမည်၊နှိပ်စက်မည်။
ဘုရားပုထိုးစေတီသိမ်ကျောင်းစသည်တို့ကိုဖျက်မည်သတ်မည်။
အများအကျိုးစီးပွားအတွက်တော့  . .မျက်မှောက်ခေတ်လူသွားလမ်းများ
နှင့်မလွတ်သော စေတီများကိုမူ နေရာပေး၍ မဖျက်ဆီးကြသည်မှာ 
ယခုသတင်းဓာတ်ပုံများက သက်သေပါပဲဟု  . . အလင်းရှင်တင်ပြလိုက်
သည်။
အောက်ပါဆောင်းပါးလင့်ကို ကလစ်ခေါက်၍လည်းဖတ်ရှု့နိုင်ပါသည်
(၂)
http://alinshin.blogspot.com/2014/11/blog-post_395.html
မည်သူမဆိုလွတ်လပ်စွာ (Share) ခြင်းဖြင့်ဓမ္မဒါနပြုနိုင်ပါသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)



No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget